ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၁၇) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၂၆၊ ၇၊ ၂၀၂၂

   ချစ်လှစွာသောညီကိုယ်မောင်နှမအပေါင်းတို့ဒီကနေ့ဟာ မယ်တော်မာရိယား၏မိဘများဖြစ်ကြတဲ့ စိန့်ဂျော်ကင်းနဲ့စိန့်အန်နား

တို့၏ပွဲနေမှာဖတ်ရတဲ့ရှင် (မာတေဦး၁၃း၁၆-၁၇)
   မယ်တော်မာရိယားအခုလိုရိုးသားဖြူစင်တဲ့အမျိုးသမီး၊ ဘုရားတရားကိုကြည်ညိုလေးစားတဲ့သူဖြစ်ဖို့အတွက်မိဘ များဖြစ်

ကြတဲ့စိန့်ဂျောကင်းနဲ့စိန့်အန်နားတ်ု့ရဲ့စံနာမူနာကောင်းပြပြီးသွန်သင်ဆုံးမခဲ့ကြလို့ဖြစ်ပါတယ်။ နီတိဒေသနာကျမ်းအခန်းကြီ၃

ထဲ့မှာဖခင်ကိုရိုသေသောသူသည်ကိုယ်အပြစ်အတွက်ပြန်လည်ပေးဆပ်ရာရောက်တယ်။ မိခင်ကိုရိုသေးသောသူသည်များစွာသော

စည်းစိမ်ဥစ္စာကိုစုဆောင်းရာရောက်တယ်။ ဖခင်ကိုရိုသေးသောသား သမီးကိုယ်သားသမီးတွေကြောင့်ဝမ်းသာရတဲ့အခွင့်ကို

ဘုရားကပေးလိပ်မယ်။ သူဆုတောင်းကိုလည်းဘုရားပေးတော်မူလိုပ်မယ်။ ဖခင်ကိုရိုသေသောသူသည်အသက်ရှည်လိပ်မည်။

မိခင်ကိုလေးစားသောသူသည်ဘုရားကိုနာခံသူဖြစ်သည်။ဆိုပြီတော့ဘုရားကကတိပေးထားပါတယ်။ အဲဒီကတိတွေတခုမကျန်

အမှန်ကျရောက်တယ်ဆိုတာ ကျနော်တို့နေ့စဉ်အတွေ့အကြံတွေအားဖြင့်လက်တွေသိမြင်ကြတယ်မဟုတ်ဘူးလား။
   ယနေ့ဘုန်းကြီဖတ်တဲ့ဧဝံဂေလိကျမ်းစာထဲ့မှာရှိခဲ့တဲ့သူတွေသိပ်ကံကောင်ပါတယ်လို့ဆိုလိုပါသေတဲ့သူပြန်ရှင်လာအောင်တန်ခိုး

နဲ့လုပ်တာကိုသူတိုကမြင်ရတယ်။ အာဗြဲဟံတို့၊ မိုးဇက်တိုကမမြင်ရဘူး။ သခင်ယေဇူးရဲ့တရားတော် ကိုသူတို့နားနဲ့ကြားရတယ်

မိုးဇက်တို့။ အာဗြဲဟံတို့မကြားခဲ့ကြရဘူး။ ဒါကြောင့်သခင်ယေဇူးလက်ထက်မှာအသက်ရှင်ခဲ့တဲ့သူတွေကဘုရားရဲ့သားတော်ဟော

ပြောတာ၊ တန်ခိုးလုပ်တာတွေကိုမြင်ရကြားရလို့ကံကောင်းကြပါတယ်။
    ယနေ့ကျနော်တို့ခေတ်မှာအသက်ရှင်နေတဲ့ကျနော်တို့တတွေဟာသခင်ယေဇူခေတ်ကလူတွေထက်ပိုကံကောင်းကြပါတယ်။

ဘာလို့လည်းဆိုတော့လုဒ်မယ်တော်ကအထင်အရှားပြခဲ့တဲ့စိန့်ဘာနဒက်ရဲ့အလောင်းဟာနှစ်ပေါင်းများစွာကြပေမဲ့ပုပ်မသွားတာ

ကိုတို့မြင့်ရတယ်။သခင်ယေဇူးခေတ်ကလူတွေကမမြင်လိုက်ရပါဘူး။ ဖာသာပီးအိုရဲ့ကိုယ်ခန္ဓာမှာဒဏ်ရာတော်၅ချက်ဖြစ်လာတာ၊

ပျံလွန်တော်မူသွားတာနှစ်ပေါင်းများစွာကြာခဲ့ပေမဲ့ယနေ့အထိမပုပ်ပျက်သွားတဲ့ဖာသာပီးအိုရဲ့အလောင်းကိုကျနော်တို့ကမြင်ရတယ်။

သူတို့ကမမြင်လိုက်ရဘူး။ သခင်ယေဇူခေတ်လူတွေကတရားနာချင်ရင်တရားဟောတဲ့သူဆီအရောက်သွားပြီးနားထောင်ရတယ်။

ကျနော်ခေတ်မှာတော့ Hand Phone တလုံးရှိရင်နေ့တိုင်ဩဝါုတရားတွေကိုနေရာတကာမှာနားထောင်လို့ရတယ်။

ဒါကြောင့်ကျနော်တို့ခေတ်ကလူတွေကပို့ကံကောင်းတယ်လို့ပြောတာပေါ့။ ဒါဆိုင်ကျနော်တို့ခေတ်ကလူတွေကရှေ့တုံးကလူကြီးသူ

မတွေလောက် မယဉ်ကျေးကြတာလည်း။ ကိုယ်နေထိုင်တဲ့ကမ္ဘာကြီးကိုဖျက်ဆီးနိုင်တဲ့လက်နက်တွေလုပ်ဖို့ပဲ့စဉ်းစာနေကြတာလည်း။

အဲဒါကတော့ လူကြီသူမတွေ၊ မိဘတွေကနေတဆင့်ကြားရတဲ့ဘုရားသခင်ရဲ့စကားကိုအရေးတယူနားမထောင်လို့ပါပဲ့ဆိုတာရှင်

နေတာပါပဲ။ နားစဉ်သူအားလုံးအပေါ်ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာများခံစားကြရပါစေ။

Add new comment

15 + 5 =