ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၁၇) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၂၇၊ ၇၊ ၂၀၂၂

   ချစ်လှစွာသောညီကစ်ကိုမောင်နှမအပေါင်း ဒီကနေ့ဖတ်တဲ့ ရှင်မာတေဦး၁၃း၄၄-၄၆မှာ

 ကောင်းကင်နိုင်ငံတော်ကိုရောက်ဖို့ကြို့စာနေတဲ့လူဟာအောင်မြင်ဖို့လမ်းစာကိုတွေ့လိုက်ရတဲ့အခါဘယ်လောက်ဝမ်းသာ

အားရဖြစ်သွားအလဲဆိုတာဥပမာပုံပြင်နဲ့မိန့်တော်မူထားပါတယ်။ သူများလယ်ကိုအငှားထွန်တဲ့အလုပ်သမားကလယ်မြေ

ထဲ့မှာရတနာအိုးတွေ့တာနဲပြန်ဝုက်ထားပြီးတော့ပြီးတော့မိမိ၌ရှိသမျှကိုရောင်းချထိုလယ်မြေကိုဝယ်ခဲ့တယ်။ ကိုယ်မှာ

ရှိသမျှတစ်ခုမကျန်ရောင်းချတာတောင်ဝမ်းသာအားရနဲ့ရောင်းတာနော်ဘုကိုမြင်ထားလို့အခုလိုဝမ်းသာအားအားရနဲ့

အကုန်ရောင်းရတာလည်းလျှို့ ချက်ပါပဲ။ နောက်ပုံဥပမာကလည်းအလားတူပါပဲ့တန်ဖို့ကြီးလုတဲတဲ့ပုလဲ တစ်လုံးကိုတွေ့

တဲ့ကုန်သည်ကကိုယ်မှာရှိသမျှကိုရောင်းပြီးထိုပုလဲ့ကိုဝယ်သတဲ့။ ကိုယ်မှာရှိသမျှရောင်းလိုက်တော့ ကိုယ်မှာဘယ်နာရာ

မှာနေပြီးဘာသွားစာရတော့မှာလည်း။ ဒါပေမဲ့ကိုယ်မှာတန်ဖို့ကြီးတဲ့ပုလဲတစ်လုံရှိထားတာလေ။ ကိုယ်စွန့်လွတ်လိုက်တဲ့

အိမ်နဲ့ခြံဝန်ထက်အဆတစရာမကတန်ဖို့ရှိတဲ့ပုလဲကိုယ်လက်ထဲ့မှာရှိနေတယ်လေ။ ကိုယ်ရှိသမျှကိုစွန့်လွတ်တာတောင်ဝမ်းသာ

အားရနဲ့စွန့်လွတ်တာနော်။ ယေဇူးဘုရာရှင်မိန့်တော်မူခဲ့တဲ့ဘုရားတရားနောက်လိုက်ခဲ့တဲ့သူတွေအတွက်ဤလောကတွင်အဆ

တရာသောအကျိုးကိုခံစာရပြီးနောက်ဘဝတွင်ထာဝရချမ်းသာရမယ်ဆိုတဲ့ ကတိတော်နဲ့မိန့်တော်မူခဲ့တာကိုပြန်သတိရပါ။

 ဒီဥပမာပုံပြင်ထဲ့ကရတနာကိုရှာဖွေတွေ့ရှိတဲ့သူလို့ကျနော်တိုလည်းဝမ်းသာအားရဖြစ်ခြင်ကြမှာဘဲ။ကျနော်တို့လည်သူတိုလို

ရတနာကိုရှာဖွေတွေ့ရှိတွေ့သူဖြစ်ရင်သိပ်ကောင်းမှာဘဲလို့စိတ်ကူးယဉ်မိကြမှာပါဘဲ။ စိတ်ကူယဉ်ပြီးအချိန်မဖြုန်းပါနဲ့ ရတနာ

ထက်မြင်မြတ်တဲ့ကောင်းကင်နိုင်ငံတော်ကသင်အနားမှာ၊ ာသင့်လက်တစ်ကမ်းမှာရောက်နေပါပြီးသင်ကဘုရားကိုခေါင်းညိမ့်လိုက်

တာနဲ့သင်ကလက်ခံလိုက်တာနဲ့၊ သင်ကယုံကြည်လိုက်တာနဲ့ကောင်းကင်နိုင်ငံတော်ဟာသင်အတွက်ဖြစ်သွားြပြီးပဲ။ ဒါကြောင့်သင်

လည်းရှသေမျှကိုစွန့်လွတ်ရရင်တောင်ဝမ်းသာအားရဖြစ်သွားမှာပါ။ ကောင်းကင်နိုင်ငံတော်ဆိုတာဘုရားနဲ့အတူရှိနေတဲ့နေရာပါ။

ထာဝရအသက်လည်းတည်ရှိတဲ့နေရာပါ၊ ပုံပြင်မဟုတ်ပါဘူး။ ကောင်းကင်နိုင်ငံတော်နဲ့ဖြောင်မတ်ခြင်းတရားတော်ကိုဦးစွာရှာဖွေ

ကြလော့ နားစဉ်သူအားလုံးအပေါဘုရားရှင်ကောင်းချီးမင်္ဂလာများခံစာရပါစေ။

Add new comment

1 + 2 =