ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၁၇) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၂၅၊ ၇၊ ၂၀၂၂

 ဇူလိုင်လ (၂၅)ရက်နေ့

    ဒီကနေ့ ဇေဘေဒေးဦးရဲ့ သားနှစ်ယောက်ထဲက သားအကြီး ရှင်ယာကုပ်ရဲ့ပွဲနေ့ကိုကျင်းပကြပါတယ်။

ကျမ်းစာထဲမှာ ဖတ်ရတဲ့အတိုင်း ရှင်ယာကုပ်ဟာကိုယ့်တစ်ကိုယ်ကောင်းအတွက်ပဲ စဉ်းစားတဲ့သူ၊

လောကမှာ ဩဇာအာဏာ ရာထူးရာခံရှိချင်သူဖြစ်ပါတယ်။ ယေဇူးဘုရားရှင်က နှိမ့်ချစွာ အစေခံဖို့ ၊

ပေးဆပ်တဲ့အချစ်နဲ့ ချစ်ဖို့ သူ့ရဲ့တပည့်တော်ကြီးတွေကို သင်ပေးခဲ့တာပါပဲ။ ဒါပေမဲ့ သူတို့ နားလည်

ဟန်မတူပါဘူး။ ယာကုပ်ကသူတို့တရားဟော လာမှာကို လက်မခံကြတဲ့ ဆာမာရီတန်ရွာကိုကောင်းကင်

ကမီးကျပြီးဖျက်ဆီးလိုက်ဖို့ယေဇူးဘုရားကိုတောင်တိုက်တွန်းခဲ့သေးတာပဲ။ အခုလည်း ယာကုပ်တို့အမေ

ကသူ့သားတွေအတွက် ရာထူးရာခံ လာတောင်းတယ်။ ဒီအခွင့်အရေးကိုပဲ တောင်းတနေတဲ့ကျန်တပည့်

တော်ကြီးတွေကလည်း ဒီညီအစ်ကို နှစ်ယောက်ကို စိတ်ဆိုးကြတယ်။ အားလုံးကဒီပုပ်ထဲက ဒီပဲ ပါပဲ။

       အခု အဖြစ်အပျက်မှာ ယေဇူးဘုရားရှင်က အာဏာနဲ့ ရာထူးရာခံဆိုတာ သူတစ်ပါးကိုအစေခံဖို့

ဖြစ်ကြောင်း သင်ပြတော်မူပါတယ်။ “လူမျိုးခြားတို့၏ဘုရင်တို့သည်တိုင်းသူပြည်သားများအပေါ်အနိုင်

အထက်ပြုတတ်ကြသည်ကိုလည်းကောင်း ၊အကြီးအကဲဖြစ်သူတို့သည် မိမိတို့လက်အောက်ခံများအပေါ်

အာဏာဖြင့်ဖိနှိပ်တတ်ကြသည်ကိုလည်းကောင်း သင်တို့ သိကြ၏။ သင်တို့မူကား ထိုသို့ မဖြစ်စေရ။

သင်တို့အထဲတွင် ကြီးမြတ်လိုသောသူသည် သင်တို့၏အစေခံ ဖြစ်ရမည်။ သင်တို့တွင်အကြီးအမှူးဖြစ်လို

သောသူသည်သင်တို့၏ကျွန် ဖြစ်ရမည်” (မာတေဦး ၂၀း ၂၅)ဒါကြောင့်ပြည်သူခေါင်းဆောင်ဒေါ်အောင်စုကြည်

က “တိုင်းပြည်ကိုအုပ်ချုပ်တယ်။အုပ်ချုပ်တယ်ဆိုတာက တကယ်တော့ ပြည်သူလူထုကို အလုပ်အကျွေးပြု

တာပါပဲ” လို့ပြောခဲ့ပါတယ်။ အာဏာပြဖို့ ကိုယ်ကျိုးလုပ်ဖို့ မဟုတ်ပါဘူး။

    ယေဇူးဘုရားရှင်က “သင်တို့သည် ငါသောက်အံ့သောခွက်ကို သင်တို့သောက်နိုင်ကြသလား” လို့ မေးတဲ့

အခါ ယာကုပ်နဲ့ ယောဟန် ညီအစ်ကိုနှစ်ယောက်စလုံးက “သောက်နိုင်ပါတယ်”လို့ ချက်ချင်းလက်ငင်းပြန်

ဖြေကြပါတယ်။ “ငါသောက်မည့်ခွက်ကိုသင်တို့သောက်နိုင်ကြသလား” ဆိုတာ “ငါ ခံထမ်းမည့် ဒုက္ခကို

သင်တို့ရောခံနိုင်ကြသလား”လို့မေးမှန်သူတို့သိကြပါတယ်။ အခုချိန်မှာသူတို့ရဲ့တစ်ကိုယ်ကောင်းဆံတဲ့စိတ်

ထဲမှာတော့ “အာဏာရမယ်ဆိုလို့ကတော့တော့ ဘယ်လိုဒုက္ခပဲကြုံကြုံ ခံထမ်းမယ်”ဆိုတဲ့ဘောထားမျိုးရှိ

တယ်။ ဒါပေမဲ့ယေဇူး ဘုရားရှင်ဆိုလိုတဲ့ ဒုက္ခက ကိုယ်ကျိုးအတွက် တစ်ပြားတစ်ချပ်မှမပါမပါတဲ့ပေး

ဆပ်အနစ်နာခံခြင်းပဲဖြစ်ပါတယ်။ အာဏာရမယ်ဆိုရင် ငါ မလုပ်ရဲတာ ဘာ မှမရှိဘူးဆိုတာမျိုးဖြစ်နေ

တယ်။ ငါ မလုပ်ရဲတာဘာမှ မရှိဘူးဆိုတဲ့စိတ်ထားမျိုး မရှိသင်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့လူဆိုတာ

မလုပ်သင်မလုပ်ထိုက်တာကိုမလုပ်ရဘူး။ ယေဇူး ဘုရားရှင်သင်ပေးတဲ့ဒုက္ခဆိုတာ ကိုယ့်ကိုယ်ကို

ချစ်သလို သူတစ်ပါးတွေကိုချစ်ရာမှာ ကြုံတွေ့ ဒုက္ခတွေကိုဆိုလိုပါတယ်။ ရာထူးရာခံနေရာ

လုနေတဲ့တပည့်တော်ကြီးတွေကိုအပြစ်မတင်ခင်မှာ ကျွန်တော်တို့ကိုယ်ကိုလည်း ပြင်စစ်ကြည့်ပါ။

ဘုရားကို အစေခံရာမှာ ၊ အများကောင်းကျိုးကိုသယ်ပိုး ဆောင်ရွက်ရာမှာ ကျွန်တော်တု့လည်း အသိ

အမှတ်ပြုခံချင်ကြတယ်၊  ကြွားခြင်ကြတယ်၊ အရေးပါချင်ကြတတယ်။ အက်ဒီလိုစိတ်ထ,တွေဟာမ

သန့်ကြပါဘူး။

    ယေဇူးဘုရားရှင် သေရာမှပြန်ရှင်ပြီး (၁၄)နှစ်လောက်ကြာတဲ့အခါတပည့်တော်ကြီးတွေအထဲမှာ

ရှင်ယာကုပ်ဟာ ပထမဦးဆုံး ခေါင်းဖြတ်အသတ်ခံခဲ့ပါတယ်။ တမန်တော်ကြီး ရှင်ယာကုပ်က

ဘယ်လိုလုပ် စိတ်သန့်သွားတာလဲ။ ဘယ်လိုလုပ်ပြောင်းလဲသွားလည်း ယေဇူးဘုရားရှင်နဲ့အတူ

သုံးနှစ်သုံးမိုးတရားလှည်လည်ဟောပြောစဉ်က ယေဇူး ဘုရားရှင်ဘယ်လိုချစ်သလဲ၊ ဘယ်လို အစေခံ

သလဲဆိုတာတွေကိုယ်တွေ့ တွေ့ကြုံခံစာရလို့ပြောင်းလဲသွားကြတာဖြစ်ပါတယ်။ ။ ကြောင်လည်းရှင်

ယာကုပ်ရေးတဲ့ဩဝါဒစာထဲ့မှာဘုရားကိုယုံကြည်နေရုံတင် မပြီးသေးဘူး၊ ယုံကြည်တဲ့အတိုင်း လက်တွေ့

ကျင့်ကြံဖို့ နှိုးဆော်ရေးသားထားခဲပါတယ်။

   ဘာသာသူအပေါင်းတို့လည်းတမန်တော်ကြီးရှင်ယာကုပ်လိုစိတ်ကောင်းနှလုံးကောင်းဝင်လာစေခြင်

ပါသလား။ ဘုရားရှင်ကိုချစ်တဲ့စိတ်တိုးပွားလာစေခြင်ပါသလား။ ဒါဆိုယေဇူးဘုရားရှင်နဲ့အတူရှိပါ။

ဘုရားရှင်ရဲ့စကားကိုကျမ်းစာဖတ်ခြင်းအားဖြင့်နားထောင်းပါ လိုက်နာပါ။ သင့်ကိုဘုရားရှင်လမ်းပြတော်မူ

ပါလိပ်မယ်။ နားစဉ်သူအားလုံးအပေါ်ဘုရားရှင်ရဲ့ကောင်းချီးမင်္ဂလာများခံစားရပါစေ။

Add new comment

1 + 0 =