ဖာသာရ် Augustine တင်မောင်ထွန်း(မန္တလေး) သာမန်ကာလ (၁၂) ကြိမ်မြောက် စနေးနေ့ သြဝါဒ ၂၅၊ ၆၊ ၂၀၂၂

     ချစ်လှစွာသော ညီအစ်ကိုယ်မောင်နှမအပေါင်းတို့  ဒီကနေ့ဟာ မယ်တော်ရဲ့ သန့်ရှင်းဖြူစင်လှသောနှလုံးတော်

ပွဲနေ့ဖြစ်ပါတယ်။ ယေဇူးဘုရားရှင်လူအဖြစ်နဲ့မွေးဖွားလာချိန်မှ အသေခံချိန်၊ သေရာမှရပြန်ရှင်ချိန်၊ ကောင်းကင်

ဘုံသို့တက်ကြွသွားချိန်အထိ ယေဇူဘုရားရှင်နဲ့အတူတူ အစအဆုံးအတူရှိနေခဲ့တဲ့တစ်ယောက်တည်းသောလူသား

တစ်ယောက်ကတော့မယ်တော်မာရိယားပင်ဖြစ်ပါတယ်။

        လူတိုင်းစီကထာဝရဘုရားရှင်ကြားချင်နေတဲ့စကားကတော့ “ကျွန်ုပ်သည်ဘုရားသခင်၏အစေခံဖြစ်ပါ၏။  

သင်၏စားအတိုင်ကျွန်ုပ်၌ဖြစ်ပါစေ” ဆိုတဲ့မယ်တော်မာရိယားပြောတဲ့စာကားလေးပါ။ လူတိုင်းလူတိုင်းကသာ

ကိုယ်ကိုယ်ဘုရားသခင်ရှေ့မှာ မယ်တော်လိုနှိမ့်ချရင် ဘုရားသခင်ရဲ့စကားကိုနားထောင်ရင် ကောင်းကြီးမင်္ဂလာ

ခံစားရပြီပဲ ကယ်တင်ခြင်ခံရပြီပဲ။

         ဘုရားရဲ့မယ်တော်ဖြစ်ခွင့်ရပေမဲ့ မယ်တော်ရဲ့ဘဝမှာဒုက္ခဝေဒနာတွေ တော်တော်များမျာခံစားရမယ်ဆိုတဲ့

အကြောင်း စီမေအုံသူတော်မြတ်ကကြိုတင်ဟောခဲ့ပါတယ်။ မယ်တော်ရဲ့ နှလုံးသားဟာလည်းသံလျက်နဲ့ထိုးဖောက်

ခံရသလိုနာကျင်ရပါလိပ်မယ်။ (လုကား၂း၃၅)

         မယ်တော်ရဲ့ နှလုံးသားမှာ ခံစားရတဲ့ဝေဒနာတွေထဲ့မှာ သားတော်ယေဇူးရဲ့ လက်ကားတိုင်ခံထမ်းခြင်းဟာအ

ကြီးမားဆုံးသော်ဒုက္ခဝေဒနာပါပဲ။ ယနေ့ဖတ်ရတဲ့ဧဝံဂေလိကျမ််းစာထဲ့မှာ မယ်တော်ကဘုရားရှင်ရဲ့ စကားကိုနား

မလည်ပေမဲ့နှလုံးသားထဲ့မှာ ဆင်ခြင်ပြီးမှတ်သားထားခဲ့တယ်။  သာတော်ဘုရားယေဇူး(၁၂)နှစ်အရွယ်ဂျေရုစလင်

မြို့ဗိမာန်တော်ထဲ့မှာပြန်တွေ့ရတဲ့အခါ သားတော်ယေဇူးကပြန်မိန့်တော်မူတဲ့စကား “ကျွန်ုပ်သည်ခမည်းတော်၏

အိမ်တော်တွင်ရှိနေရမည်ကို မသိကြသလော့” အက်ဒီစကားကိုနားမလည်ကြသေးပါဘူ။

         ဒါပေမဲ့မယ်တော်က သူနှလုံးသားထဲ့မှာစဉ်းစား ဆင်ခြင်မှတ်သားထားပါတယ်။ ကျနော်တို့လည်းမယ်တော်

နှလုံးသားလို့ ဘုရားရှင်ရဲ့ စကားကိုစဉ်းစား ဆင်ခြင်မှတ်သားထားဖို့လိုအပ်ပါတယ်။ အက်ဒီလိုပဲ သူငယ်တော်

ယေဇူးလေး မွေးဖွားစဉ်တုံးက သိုးထိမ်းတွေ ကသူတို့မြင့်တွေ့ရတဲ့ သိကြားတမန်တော်တွေအကြောင်းကိုမယ်တော်

ထံပြောပြကြတဲ့အခါ မယ်တော်ကနှလုံးသားထဲ့မှာ မှတ်သားထားတဲ့အကြောင်း (လုကာ ၂း ၁၉) မှာတွေ့ရပါ

တယ်။ ကျနော်တို့လည်း မယ်တော်ရဲ့စိတ်နုလုံးသားလိုဖြစ်စေဖို့ မယ်တော်လိုဘုရားနဲ့အစ အဆုံအတူရှိ့နေပါ။

နှုတ်တော်ထွက်စားနဲ့ရင်းနှီးပါ၊ နေ့တိုင်ဖတ်ပါ။ နှုတ်တော်ထွက်စကားတွေကိုနားမလည်ရင်တောင် ကိုယ့်ရဲ့ စိတ်နှလုံး

သားထဲ့မှာ စဉ်းစာဆင်ခြင်မှတ်သားထားပါ။ နားစဉ်သူအားလုံးအပေါ်ဘုရားသခင်ကောင်းကြီးမင်္ဂလာအပေါင်းခံစားကြရပါစေ

 

Add new comment

12 + 2 =