Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) အာဒ်ဝင်တူးကာလ ဒုတိယ စနေနေ့ သြဝါဒ ၁၀၊ ၁၂၊ ၂၀၂၂
ဒီနေ့ဧဝံဂေလိကျမ်ို့းသခင်ယေရှုရဲ့တပည့်တော်သုံးပါး ပေတရူး၊ ယောဟန်၊ ယာကုပ်တို့တောင်ပေါ်ကနေ နဲ့စထား
ပါတယ်။ သခင်ယေဇူးအဆင်းသဏ်ဍန်ပြောင်းလဲတာကိုတပည့်တော် ၃-ပါးက သူတို့မျက်စိနဲ့ ကိုယ်တိုင်တွေး၊
မိုးဇယ်နဲ့ဧလိယကိုလည်းတွေ့၊ ခမည်းတော်ဘုရားကဤသူသည်ငါး၏ချစ်သားပါလို့ ပြောတာကိုလည်းကြားရ၊
လူတွေရဲ့ဘာသာစကားတွေနဲ့ယှဉ်ပြ၊ ဖော်ပြလို့မရနိုင်တဲ့အတွေ့အကြုံမျိုးတွေ့ကြုံအပြီး၊ ပေတရူးကထိတောင်
ပေါ်မှာတဲ့သုံးဆောင်ဆောက်ပြီးနေကြပါစို့လို့ပြောတဲ့တောင်ပေါ်ကနေပြန်ဆင်းနေကြတာပါ။ စကားတပြောပြော
ဆင်းနေရင်းသခင်ယေဇူးကသူတို့မြင့်ခဲ့ရတာတွေကိုရှင်ပြန်ထမြောက်ခြင်းမတိုင်ခင်ဘယ်သူ့ကိုမှမပြောကြဖို့ပြော
ချိန်တပည့်တော်တွေကနားမလည်၊ သိချင်တာတွေကိုပြန်မေးကြတယ်။ အဲ့ဒါဆိုရင်ဘာလို့ကျမ်းတတ်ဆရာတွေက
ဧလိယအရင်လာမယ်လို့ပြောကြတာလဲဆိုပြီးတော့ အဖြေကတော့ကျမ်းစာမှာဖတ်ရတဲ့အတိုင်ပဲဧလိယကလာခဲ့
ပြီ ပြီလူတွေကသူတို့လုပ်ခြင်တိုင်းလုပ်ကြတယ်။ သခင်ယေဇူးးကသူ့ကိုလည်းအဲဒီလိုပဲလုပ်ကြမှာပဲလို့ပြောတယ်။
ယေဇူးပြောတဲဧလိယက ယောဟန်(ယောဟန်ဗတ္တိစတာ) ကို ရည်ညွန့်ကြောင်းသူတပည့်တွေကနားလည်ကြတယ်။
လူတွေသာယောဟန်ကိုမက်ဆီးယားသခင်ကြွလာမယ့်လမ်းပေးတဲ့သူဧလိယကိုကိုယ်စားပြုတဲ့သူလို့ မမြင့်၊ လမ်းမ
ခံကြတဲ့အတွက်ခရစ်တော်ယေဇူးးကိုလဲလို့မက်ဆီးယားလို့မမြင်နိုင်၊ လက်မခံနိုင်ကြဘူး။ လူတွေအဒီလိုဖြစ်အောင်
ပြောတဲ့သူတွေရှိတယ်။ သူတို့ကကျမ်းတတ်ဆရာတွေပဲ။ ကျမ်းတတ်ဆရာတွေကမက်ဆီးယားကြွမလာခင်၊ လာ
မယ့်လမ်းကိုပြင်ဆင်ပေးဖို့ ဧလိယကအရင်လာမယ်လို့ဓမ္မဟောင်းကျမ်းမှာရေးထားကြောင်းလူတွေကိုဟောပြော
ကြတယ်။ အခုဧလိယကရောက်မလာသေးဘူးဆိုတော့သခင်ယေဇူးးကမက်ဆီးယားမဟုတ်ဘူးလို့ပြောကြတယ်။
သူတို့ပြောတာကိုနားထောင်ယုံကြည့်တဲ့သူတွေက ယောဟန်ရဲ့ပြင်ဆင်ခြင်းလုပ်ငန်း၊ သခင်ယေဇူးရဲမက်ဆီးယားရှင်
အဖြစ်ကြွလာခြင်းတွေကိုတခုမှအရှိအတိုင်း၊ အဖြစ်အတိုင်းအမြင်တော့ဘူး။ သူတို့ရဲ့မျက်စိတွေကသူတို့ကြားထား
လက်ခံထားတဲ့အရာတွေနဲ့ဖုံးနေတော့အဖြစ်အပျက်အမှန်ကိုမမြင်တော့ဘူး။ မျက်လုံးအစုံအကောင်ကြီးရှိနေပါ
လျက်နဲ့စုံလုံးကန်းသလိုအဖြစ်ကိုရောက်သွားတယ်။ ကျမ်းတက်ဆရာတွေကသူတို့သိ၊ သူတို့တက်တဲ့အတက်ပညာ
တွေနဲ့သခင်ယေဇူးကမက်ဆီးယားမဟုတ်ပါဘူးလို့ဆိုကြတယ်။ ပညာမာနတွေနဲ့ပြည့်နေတော့ဘုရားရဲ့ကြွလာခြင်း
ကိုတောဘူး။ ဒါ့အပြင်သူတို့ရဲ့အဟေားအပြောတွေနဲ့တခြားသူတွေကိုပါဘုရားကိုမြင်ရမသိရအောင်ဟန့်တာတဲ့
တားဆီးတွေဖြစ်သွားတယ်။ ကျွန်ုပ်တို့တတွေရောဘုရားရဲ့ကြွလာခြင်းအတွက်ပြင်ဆင်နေတဲ့ဒီကာလမှာကိုယ့်ကိုယ်
ကိုပြန်မေးကြည့်ကြရအောင်။ ကျွန်ပ်တို့တို့ရဲ့ဘဝမှာဘာတွေကများဘုရားကိုမတွေ့မမြင်အောင်တာဆီးထားပါသလဲ။
တပါးသူတွေဘုရားကိုမမြင်မတွေ့အောင်အတာအဆီးများဖြစ်နေပါသလား။ ကိုယ့်ရဲ့အခြေအနေအမှန်ကိုသိရှိလက်ခံ
နိုင်ဖို့ဘုရားရှင်ထံမှာအလင်းကျေးဇူးနဲ့ နိမ့်ချခြင်းကျေးဇူးတွေကိုတောင်းခံရပါမယ်။ ပြီးရင်တော့ဧဘိယနဲ့
ယောဟန်ဗတ္တိစတာတို့လိုတရားလမ်း၌ဘဝအသက်တာကိုရှင်သန်လျှောက်လှမ်းရင်မိမိနဲ့တွေ့ဆုံရသူတွေကိုပါဘုရားရှင်
ထံလမ်းပြပို့သူ၊ လက်တွဲခေါ်ဆောင်သူတွေဖို့ကြိုးစားအားထုတ်သွားကြပါစို့။
Add new comment