ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) သာမန်ကာလ (၃၂) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၁၁၊ ၁၁၊ ၂၀၂၂

သာမန်ကာလ(၃၂) ကြိုမ်မြောက် သောကြာနေ့ (ရှင်လုကာ ၁၇း၂၆-၃၇)

ခရစ်တော်၌ချစ်လုစွာသောဓမ္မမိတ်ဆွေအပေါင်းတို့တခါတရံအင်မတန်လုပတဲ့သဘာဝတရာတစ်ခုကကျွန်ုပ်တို့ကိုဖန်ဆင်း

ရှင်ကိုမေ့လျော့စေတယ်။ အံ့ဩဖွယ်လှပတဲ့သဘာဝမြစ်ချေင်းအင်းအိုင်တောတောင်ပန်းမာ၊ သတ္တဝါတွေကိုကြည့်ပြီးသူတို့ရဲ

အလှတရားမှာနစ်‌မျောရင်း သူတို့ကိုဖန်ဆင်းတဲ့ဘုရားသခင်ကိုသတိမရတတ်ကြတော့ဘူး။ ဒါဟာလည်းနှောက်ယှက်ခြင်း

တစ်မျိုးဖြစ်တယ်။ အလှတရားရဲ့အလွန်တနည်းအားဖြင့်ဒီလောကရဲအလွန်ကိုကြည့်နိုင်ဖို့လိုအပ်ပါတယ်။ ဖန်ဆင်းခံအရာ

တွေထဲ့မှာအကြီးမြတ်ဆုံဖြစ်တဲ့လူသားတွေကိုမြင့်တွေတဲ့အခါအဲဒီလူသားပေါ်ထားတဲ့ချစ်ခြင်း၊ မုန်းခြင်းတွေနဲ့ပြည်ဝပြီးထို့

သူအပေါ်မှာအာရုံစိုက်မိကြတယ်။ ဖြစ်ရမှာကထိုလူသားကိုဖန်ဆင်းတဲ့သူကိုသတိရအောင်းမေ့ရမယ်။ ဒီနေ့ပထမကျမ်းစာထဲ

မှာရှင်ယောဟန်ကခရစ်ယာန်အချို့ဟာတစ်ဦးကိုတစ်ဦးဘုရားမျက်နှာထောက်ထားပြီးရိုးသာစွာချစ်ခင်ကြတာကိုတွေတဲ့အ

တွက်ပျော်ရွင်တယ်လို့ဆိုပါတယ်။ ဒါဟာခရစ်ယာန် အသက်တာရဲ့ဘဝကျင့်စဉ်ဖြစ်တယ်။ အမြဲတမ်းဖန်ဆင်းခံအရာတွေ ရဲ့

နောက်ကွယ်ကဖန်ဆင်းရှင်ကိုသတိမူပြီးပြုမူဆက်ဆံရင် ခရစ်တော်ကြွလာရင်ကျွန်ုပ်တို့အစဉ်သင့်ဖြစ်နေလိပ်မယ်။ ဘဝကိုအ

ပြည့်အဝစိတ်အားထက်သန်စွာအသက်ရှင်ရမယ်။ ထာဝရဘုရားသခင်ကိုအမြဲစိတ်ထဲ့အောင်းမေ့ရမယ်။ သတ္တဝါတိုင်း၊ လူတိုင်း

ကိုတန်ဖိုးထာကြရမယ်။ မိမိလက်ရှိအ‌ခြေအနေအသက်တာ၌သာလျှင်နစ်မွန်းမနေပဲအားလုံးကိုဖန်ဆင်းအုပ်ချုပ်သူကျွန်ုပ်တို့အား

လုံရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်သူထာဝရဘုရားသခင်ကိုအာရုံပြုပြီးရှင်သန်ကြရမယ်။ ဧဝဂေလိကျမ်းထဲ့မှာ နော်ဧလက်ထက်ကလူ

တွေစားသောက်ပျော်ပါးပြီးအပြစ်နဲ့ပြည့်နက်နေတဲ့ ဘဝမှနစ်မွန်းရင်းရေနဲ့ဖျက်စီးခြင်းခံခဲ့ရတယ်။ ဆိုတာကိုခရစ်တော်ကပြန်လည်း

သတိပေးပြောခဲတယ်။ နော်ဧသတိပေးဟောပြောချက်ကိုလျစ်လျူရှုခဲတဲ့အတွက်ကြောင့်ဖြစ်တယ်။ အေဒီ(၇၀)ဂျေရုစလင်မြို့မဖျက်စီ

ခင်ကလည်းကြိုတင်သတိပေးတယ်။ အဆင်သင်ဖြစ်အောင်ကြိုတင်သတိပေးခံရခြင်းဖြစ်တယ်။ နောက်ဆုံသောအချိန်ဆိုတာလည်း

ဘယ်အချိန်ဖြစ်မလဲဆိုတာ အတိအကျမပြောပေမယ့် အဲဒီအချိန်အတွက်အဆင်သင့်ဖြစ်ဖို့ကြိုတင်သတိပေးပြောကြားထားတယ်။

လက်ရှိဘဝမှာနက်မွန်းမနေပဲ အနာဂတ်ကို(သို့မဟုတ်)လောကုတ္တရားကိုအမြဲသတိမူပြီးရှင်သန်ဖိုရန်အတွက်သတိပေးနေတယ်။ ပြင်

ဆင်ထားတဲ့သူတွေကဆုချခံရမယ် မပြင်ဆင်ထားတဲ့သူတွေအပြစ်ပေခံရမယ်။ ယခုကတည်းကကောင်းကင်နိုင်ငံတော်ကိုတွေချင်ရင်

ခရစ်တော်ရဲ့သွန်သင်ချက်အတိုင်းလက်တွေအသက်ရှင်ရမယ်။ ဘုရားရှင်ကိုအစွမ်းရှိသမျှချစ်ပြီးကိုယ်နှင်နီးစပ်သူတို့ကိုနှိမ်ချခြင်း၊

ချစ်ခြင်မေတ္တာဖြင်အစေခံနိုင်ရင်ကြိုမသိနိုင်ပေမယ့်သေချာပေါက်ရောက်ရှိလာမယ့်ဘုရားသခင်ရဲနိုင်ငံတော်အတွက် အဆင်သင့်ဖြစ်မှ

ာဖြစ်တယ်။ ကောင်းကင်နိုင်ငံတော်အတွက်အဆင်သင့်ဖြစ်ဖို့ရန်အချုပ်အားဖြင့်ဆုတောင်းမေတ္တာဖြင့်ရှင်သန်သောဘဝအသက်တာကို

ရှင်သန်ကြရမယ်။ ကျူးလွန်မိသောအပြစ်အမှားများအတွက်ဒဏ်ဆပ်ဖြေရင်းဂရုဏာလုပ်ငန်းများကိုဆောင်ရွက်ကြရမယ်။ ထို့သို့

ပြင်ဆင်ထားနိုင်ရန်ကြိုးစာကြပါစို့။

 

Add new comment

9 + 9 =