ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) သာမန်ကာလ (၃၂) ကြိမ်မြောက် စနေနေ့ သြဝါဒ ၁၂၊ ၁၁၊ ၂၀၂၂

သာမန်ကာလ(၃၂) ကြိုမ်မြောက် စနေနေ့ (ရှင်လုကာ ၁၈း၁-၈

 ခရစ်တော်၌ချစ်လုစွာသောဓမ္မမိတ်ဆွေအပေါင်းတို့ဒီနေ့ကြားနာရတဲ့ဧဝံဂေလိကျမ်းစာ (ရှင်လုကာ ၁၈း၁-၁၀) ကိုရှင်လုကာ

ရေးနေချိန်မှာှေရှ့ဦးခရစ်ယာန်တွေတွေ့အဓိကတွေ့ကြုံနေရ တဲ့ပြသနာနှစ်ခရှိတယ်။ (၁)သူတို့မကြာခင်ရောက်လာတော့

မယ့်လိုမျှော်လင့်နေခဲ့တဲ့ ခရစ်တော်ရဲ့ဒုတိယအကြိမ်ကြွလာခြင်းဟာသူတို့မျှော်လင့်သလိုဖြစ်မလာသေး၊ (၂)ရှေ့ဦးခရစ်ယာန်

များဟာခရစ်တော်ရဲ့နောက်လိုက်ခြင်းကြောင့် ဂျူးလူမျိုးများနှင့်ရောမလူမျိုးတို့၏ ညှင်းပမ်းနှိပ်စက်ခြင်းကိုခံနေရခြင်းတို့

ဖြစ်တယ်။ ဒါကြောင့်ရှေ့ဦးခရစ်ယာန်များဟာစိတ်ဓါတ်ကျပြီးသူတို့ရဲ့ယုံကြည်ခြင်းတဖြည်းဖြည်‌ပျောက်ဆုံစပြုလာကြတယ်။

ဘဝမှာခက်ခဲမူပြသနာများကြောင့် ယုံကြည်ခြင်းယိုမ်းယိုင်လာတဲ့သူတို့အတွက် ခရစ်တော်ဟာ ဒီနေ့ပုံဥပမာကိုပေးခဲ့ခြင်းဖြစ်

တယ်။ ဥပမာထဲ့မှာအကျင့်ပျက်ချစားနေတဲ့တရားသူကြီးနဲ့ ဇွဲမလျောတဲ့ မုဆိုးမအကြောင်းဖြစ်တယ်။ ထိုခေတ်အချိန်အခါက

တရားသူကြီးများဟာဘက်လိုက်တယ်၊ လဒ်စားတယ် တနည်းအားဖြင့်မတရားတဲ့တရားသူကြီးဖြစ်တယ်။ ဒါအပြင်းဘုရား

ကိုတောင်မကြောက်ဘူးလို့ဆိုတယ်။ ဒီလိုပုဂ္ဂိုလ်ကိုတောင်မှခေါင်းညိမ်သွားအောင်၊ လက်လျော့အောင်လုပ်နိုင်သူဟာ ခေသူ

မဟုတ်လို့ပြောရမယ်။ ဒါပေမယ့်အဲဒီလူဟာဩဇာပါဝါ၊ ဂုဏ်ပကာသနာပြည့်ဝတဲ့ပုဂ္ဂိုလ်မဟုတ်ပဲဆင်းရဲ့သားမုဆိုးမဖြစ်နေ

တာကိုအံ့ဩစွာတွေ့ရတယ်။ ဒီမုဆိုးမအဓိကအသုံးပြုတဲ့လက်နက်ကဇွဲရှိစွာဖြင့်စဉ်ဆက်မပြက်တောင်းခံခြင်း၊ အသနားခံ

ခြင်ဖြစ်တယ်။ ဒီပုံဥပမာအားဖြင့် သွန်သင်နေတာက (၁) ဇွဲမလျော့ပဲတောင်းခံသောဆုတောင်းမေတ္တာရဲ့ရလဒ်ကြီးမားပုံ

(၂) ဆင်းရဲသားများနဲ့အားနည်းသူများအတွက် တရားမျှတမှုကိုဘုရားသခင်ကယူဆောင်ပေလာပုံတို့ကိုတွေ့ရတယ်။

ဒါပေမယ့်ဆုတောင်းမေတ္တာဟာကိုယ်လိုချင်ရဖို့ဘုရားသခင်ရဲ့အလိုကိုပြောင်းလဲဖို့ရန်မဟုတ်ပါဘူး။ ဆုတောင်းခြင်းဟာ

ဘုရားသခင်၌ယုံကြည်ခြင်း၊ ချစ်ခြင်းတိုးပွားလာပြီးဘုရားရဲ့အလိုအတိုင်းအသက်ရှင်နိုင်ရန်တောင်းခံခြင်းဖြစ်တယ်။ ဘုရား

သခင်ကကျွန်ုပ်တို့အားလုံးရဲ့ဆုတောင်းသံကိုကြားပါတယ်။ ဆုတောင်းတိုင်းမပြည့်တဲ့အခါစိတ်ဓါတ်မကျပဲ့ဇွဲရှိရှိတောင်းခံဖို

ရန်အရေးကြီးပါတယ်။ ဘယ်အချိန်မှာဘယ်လိုပုံစံနဲ့ပေးရမလဲဆိုတာ သိတဲ့ဘုရားသခင်ဟာအချိန်တန်ရင်လို့အပ်တဲ့ပုံစံနဲ့ကျွန်ုပ်

တို့ရဲ့ဆုတောင်းခြင်းကိုဖြည့်ပေးမှာဖြစ်တယ်။ ဒါကိုယုံကြည်ခြင်းဖြင့်လက်ခံနိုင်ရအောင်ကြိုးစာကြပါစို့

 

 

Add new comment

6 + 4 =