ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) သာမန်ကာလ (၃၂) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၁၀၊ ၁၁၊ ၂၀၂၂

သာမန်ကာလ(၃၂) ကြိုမ်မြောက်ကြာသပတေးနေ့ (ရှင်လုကာ ၁၇း၂၀-၂၅)

ခရစ်တော်၌ချစ်လုစွာသောဓမ္မမိတ်ဆွေအပေါင်းတို့မေတ္တာတရားနဲ့မိတ်ဆွေသူငယ်ချင်းများရဲ့သံယောဇဉ်ဟာပညတ်

ဥပဒေတွေထက်သာလွန်တယ်။ ဖီလီမွန်ကရေးတဲ့စာထဲ့မှာပေါလုကဖီလီမွန်ကို အချစ်ရဆုံးသောသူငယ်ချင်းလုပ်ဖော်

ကိုင်ဘက်တယောက်အဖြစ်ခေါ်ပြီး သူဘုရားသခင်ရဲ့လူတွေအပေါ်မှာထားတဲ့မေတ္တာစေတနာတွေဟာသူတို့ရဲ့နှလုံးသား

ကိုလန်းဆန်တက်ကြွစေလို့ ဖီလီမွန်ကိုပေါလုကကျေးဇူးတင်ခဲ့တယ်။ ကျွန်ုပ်တို့လည်းဖီလီမွန်လို့သူတပါးအပေါ်မေတ္တာ

တရားပြဖြင်းအားဖြင့်သူတွုရဲ့နှလုံးသားများကိုအသစ်ပြုပြင်ပြောင်းလဲစေကြရမှာဖြစ်တယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်

နဲ့လူတိုင်းကိုကျွန်ုပ်တို့ရဲ့ ညီအစ်ကိုမောင်နှမများအဖြစ်ယူဆကြရမယ်။ အဲလိုဖြစ်နိုင်ရန်အစပိုင်မှာခက်ခဲ့လိပ်မယ်။ အစေခံ

ကသူရဲ့သခင်စီကနေထွက်ပြေးချင်သလို့ကျွန်တော်တို့လည်းထိုအကျင်အကြံကိုကျင့်ကြဖို့ထွက်ပြေးချင်ကြလိပ်မယ်။

ဒါပေမဲ့ဘုရားရဲ့ကျေးဇူးတော်တောင်းခံပြီးကြိုးစာကျင်ကြံကြရမယ်။ ဧဝံဂေလိကျမ်းစာထဲ့ကလူတွေလိုကျွန်တော်တို့တတွေ

လည်း “ဘုရားခင်ရဲ့နိုင်ငံတော်ကဘယ်အချိန် ရောက်လာမလဲ?”ဆိုတဲ့မေ:ခွန်ကိုမေးချင်ကြမယ်။ လောကမှာကြံတွေရတဲ့ဒုက္

ခအခက်အခဲ၊ မတရာမူတွေကိုရင်ဆိုင်ရချိန်စိတ်မရှည်စွာနဲ့ထိုမေးခွန်းမျိုးမကြာခဏမေးချင်ကြမယ်။ ဒါပေမယ်ခရစ်တော်က

“ဘယ်အချိန်ဆိုတဲ့အဖြေကိုမပေးခဲ့ဘူး” ဘုရားသခင်ရဲ့နိုင်ငံတော်ကိုအချိန်နဲ့တိုင်းတာလို့မရသလို၊ တည်နေရာကိုလည်းပြောလို့

မရနိုင်ဘူး။ ကမ္ဘာကုန်တော့မယ်ဘုရားသခင်နိုင်ငံတော်ရောက်တော့မယ်လို့ဟောပြောနေတဲ့သူတွေဒီနေ့ကျမ်ပုဒ်အားဖြင့်သတိ

ပေးနေတယ်။ သခင်ခရစ်တော်ကိုယ်တိုင်ပြောတာကဘုရားသခင်ရဲ့နိုင်ငံတော်ဟာကျွန်ုပ်တို့ရဲ့အလယ်မှာရှိနေပြီးသားတဲ့

ခရစ်တော်ကိုကျွန်ုပ်တို့ဘဝထဲ့ကျိန်းအောင်းခွင့်၊ စိုးမိုးခွင့်ပေးခြင်းဟာကောင်းကင်နိုင်ငံတော် ကိုပိုင်ဆိုင်ခြင်းဖြစ်တယ်။ ကဗျာ

ဆရာ (ဂျိုးဇက်မေရီပလန်ကပ်) က “သူသွေးကိုနှင်းဆီပန်းများ၌၎င်း၊ သူရဲ့မျက်လုံးများကိုကောင်းကင်ကကြယ်များတွင်၎င်

း ငါမြင်ရ၏” ရေးဖွဲ့ခဲ့တဲ့သဘာဝတရားမှာဘုရားသခင်တည်ရှိခြင်းကိုမြင်တွေနိုင်တယ်ဆိုတာသတိပေးနေတယ်။ ဒါတွေကို

မမြင်နိုင်သ၍ဖါရီဇေဦးတွေလို့ဘုရားသခင်ရဲ့နိုင်ငံတော်ဘယ်အချိန်ရောက်မလဲလို့ထပ်ခါတလဲလဲမေကြလိပ်မယ်။ ဒါကြောင့်

သဘာဝတရား၌သော်၎င်း၊ မိမိနဲ့နီးစပ်သူများတွင်၎င်း၊ မိမိအတွင်နှလုံးသား၌၎င်းဘုရားသခင်၏နိုင်ငံတော်ကိုရှာဖွေနိုင်အောင်

ကြိုးစာကြပါစို့။

Add new comment

14 + 1 =