ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) ဝါတွင်းကာလစတုတ္ထသီတင်းပတ် ဗုဒ္ဓဟူးနေ့ သြဝါဒ ၂၂၊ ၃၊ ၂၀၂၃

ဝါတွင်းကာလစတုတ္ထသီတင်းပတ် ဗုဒ္ဓဟူးနေ့ (ရှင်ယောဟန် ၅း ၁၇- ၃၀)

 ရစ်တော်၌ချစ်လုစွာသောညီကိုမောင်နှမအပေါင်းတို့ ဒီနေ့ကြားနာရတဲ့ဧဝံဂေလိကျမ်းစာမှာ သခင်ခရစ်တော်ဟာ

ထာဝရခမည်းတော်ဘုရားနဲ့ တန်းတူတန်ခိုးအာဏာရှိကြောင်း မိမိအားစွပ်စွဲပြောဆိုသူများကိုချေပပြောဆိုတဲ့အ

ကြောင်းကြာရတယ်။ သခင်ခရစ်တော်ဟာ ဥပုသ်နေ့၌ကုသခြက်းတွေပြုလုပ်တဲ့အတွက် အပြစ်ရှိသူ၊ ဘုရားသခင်ရဲ့

သန့်ရှင်းတဲ့နေ့ကိုချိုးဖေါက်သူအဖြစ်စွပ်စွဲခံခဲ့ရတယ်။ 

 ယနေ့အချိန်မှာလည်း သခင်ခရစ်တော်ဟာ ဘုရားမဟုတ် ဘုရားသခင်စေလွှတ်လိုက်တဲ့ပရောဖတ်တပါးသာဖြစ်တယ်

လို့ပြောဆိုနေကြတယ်။ ယေဘူယျအားဖြင့်သခင်ခရစ်တော်ရဲ့ ခုခံပြောဆိုမှုက သဟာဘုရားသခင်နဲ့ လူအကြားက ကြား

ဝင်ဖြန်ဖြေသူအဖြစ်၎င်း၊ သူနဲ့ခမည်းတော်ဘုရားရဲ့ကြားမှာနားလည်မှုအပြည့်အဝရှိကြောင်းဖြစ်တယ်။ ဒါပေမယ့်သူဟာ

ခမည်းတော်ဘုရားကိုအပြည့်အဝနာခံသူဖြစ်ကြောင်း၊ ခမည်းတော်ဘုရားရဲ့အလိုဆန္ဒနဲ့ဆန့်ကျင်ပြီးမည်သည့်အရာကိုမှ

မလုပ်ဆောင်နိုင်ကြောင်းကိုလည်းပြောဆိုခဲ့တယ်။ 

 ခရစ်တော်ဟာ ခမည်းတော်ဘုရားနဲ့တူညီစွာဘုရားဖြစ်တယ်ဆိုတာကို တနည်းအားဖြင့် သူရဲ့ဘုရားဇာတိအဖြစ်တော်ကို

သက်သေပြခဲ့တယ်။  ဥပမာအားဖြင့် အပြစ်ခွင့်လွတ်ခြင်း၊ သေတဲ့သူကိုပြန်ရှင်စေခြင်း၊ အသက်အသစ်ကိုပြန်ပေးခြင်းစတဲ့

အရားတွေဟာ ဘုရားသခင်ပဲလုပ်နိုင်တဲ့အရာ​တွေဖြစ်တယ်။ ခရစ်တော်ဟာ အသက်နဲ့သေခြင်းအပေါ်အုပ်စိုးပိုင်ခွင့်

အာဏာကိုခမည်းတော်ဘုရားဆီကရရှိထားတယ်။ ရစ်တော်ကိုစေလွတ်သူခမည်းတော်တော်ဘုရားအားယုံကြည့်သူ

(သို့မဟုတ်) ခရစ်တော်ဟာခမည်းတော်ဘုရားထံမှလာတယ် ဆိုတာယုံကြည်လက်ခံသူတိုအားထာဝရအသက်ကိုပေပြီး၊

လက်မခံသောသူများအားတရားစီရင်လိမ့်မယ်လို့ပြောကြားခဲတယ်။ 

 ခရစ်တော်ဟာဘုရားဖြစ်တယ်ဆိုတဲ့အချက်ဟာနက်နဲဖွယ်ရာယုံကြည်ရာအချက်တစ်ခုဖြစ်တယ်။ ဒါပေမယ့်ခရစ်တော်ဟာ

အသက်နဲ့သေခြင်းကိုစိုးပိုင်နိုင်သူဘုရားဖြစ်တယ်ဆိုတဲ့အချက်ကိုလက်ခံနိုင်ရင် ကျွန်ုပ်တို့ဘဝဟာပိုပြီးရှင်သန်ဖို့လွယ်ကူသွား

မယ်ထိုယုံကြည်ခြင်းကိုရရှိနိုင်ရန်ဆုတောင်းကြပါစို့။

Add new comment

9 + 8 =