ဖာသာရ် Alphonse  အောင်ကိုလတ် (မန္တလေး)သာမန်ကာလ (၁၀) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၁၀၊ ၆၊ ၂၀၂၂

          ခရစ်တော်၌ ချစ်လှစွာသော်ညီအစ်ကိုမောင်နှမအပေါင်တို့ သူတစ်ပါး၏မယာကိုမပြစ်မှားရဟူသောပညတ်ကိုသင်တိုကြားာခဲ့ရလေပြီ။

သိုသော်သင်တို့အား ငါဆိုသည်မှာ အမျိုးသမီးတစ်ီဥးအား ကိလေသာစိတ်နှင့်တပ်မက်စွာကြည့်သောသာဟူသမျှသည် မိမိ၏စိတ်နှလုံးတွင်

ထိုအမျိုးသမီးကိုပြစ်မှာလေးပြီ။  (မာတေ ၅ :  ၂၇ -၂၈) 

              မျက်လုံးမှနှလုံးသား၊ နှလုံးသားမှ လက်တွေ့ဘဝမှ အကောင်အထည်ဖော်လုပ်ဆောင်ကြတယ်။ သခင်ခရစ်တော်ဟာအတွင်းနှလုံးသား

ပြောင်းလဲဖို့ကိုပဲအဓိကထားပြီးဟောပြေားသွန်သင် ခဲ့တယ်။လူတချို့ကအပေါ်ယံကြမ်းတမ်းတယ်၊ ဆဲဆိုတယ်၊ စကားပြေားရိုင်းတယ်၊ ဖြောင်ပြေား

တတ်တယ်။ တချိုလူကျတော့ အပေါ်ယံနုးညံသလို၊ လိမ်မာယဥ်ကျေးသလို့နဲ့၊ ကောက်ကျစ်စဥ်လဲတတ်ကျတယ်။ အတွင်စိတ်နှလုံးမကောင်းတဲ့သူ

တွေဟာပိုပြီးယုတ်မာတက်ကြတယ်။

     ခရစ်တော်ဟာ ကျွန်တော်တို့ကို အပေါ်ယံအပြုအမူတင်မကပဲ့အတွင်းနှလုံးသာပါပြောင်းလဲစေချင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ကျူးလွန်မိတဲ့

ပြစ်မူတိုင်ဟာနှလုံးသားမှစတင်ပြီး၊ အဲဒီအပြစ်ရဲ့ အကျိုးဆက်ကလည်းနှလုံးသားကိုထိခိုက်တယ်။ ဒါကြောင့်အတွင်းနှလုံးသားကိုမထိန်းချုပ်လေ

အပြစ်ကျူးလွန်မိလေဖြစ်မှာဖြစ်ပါတယ်။ နှလုံးသားမှာဖြစ်ပေါ်လာတဲ့ လောဘ၊ ဒေါသ၊ တဏှာရာဂတွေကိုအချိန်မိမထိန်းချုပ်နိုင်ရင် မိမိရဲ့

လုပ်ဆောင်ချက်တိုင်ဟာ နှလုံးသာရဲ့ အလိုဆန္ဒတွေကိုဖြည်ဆည်းဖို့ဖြစ်လာမယ်။ 

     နှလုံးသားမှာဖြစ်ပေါ်လာတဲ့ လိုအင်ဆန္ဒတွေကိုကျွန်တော်တို့ကဘုရားဆီကလာတဲ့ စုံစမ်းခြင်း(သို့)နတ်ဆိုးရဲ့ နှောက်ယှက်ခြင်းဖြစ်တယ်လို့အပြစ်

တင်တတ်ကြတယ်။ (ရှင်ယာကုတ် ၁ :၁၃ - ၁၅)  ကိုယ်တော်သည်မည်သူကိုမျှသွေးဆောင်နှောက်ယှက်ခြင်းပြုတော်မမူပေ သို့သော် လူတဦး ဆီသည်

မိမိ၏ အလိုဆန္ဒ အားဖြင့်သွေးဆောင်ဖြားယောင်းခြင်းခံရချိန်၌ စုံစမ်နှောက်ယှက်ခြင်ခံရခြင်းဖြစ်လေ၏။  နှောက်ယှက်ခြက်က အပြင်ကလာတာမဟုတ်

မိမိတို့ရဲ့ နှာလုံးသားမှလာတယ်ဆိုတာအတည်အလင်းပြေားထာတယ်။ 

 ဒါကြောင့်မိမိတို့အပြစ်ထဲကျရောက်ရတဲ့ အကြောင်းတရားက အပေါ်ယံပိုက်ဆံ၊ ချောမောလှပတဲ့အမျိုးသမီး၊အမျိုးသား၊ အာဏာ သူတပါး၏ တွန်းအားပေးမှု

တွေမှဖြစ်ပေါ်လာတာ မဟုတ်ပါ။ မိမိရဲ့ လိုအင်ဆန္ဒမှဖြစ်ပေါ်လာခြင်းဖြစ်ပါတာ်။  ဆိုရိုးစကားရိုးသည်အတိုင်း အချစ်အစမျက်စိက တဲ့ ဒီအတိုင်ပဲ အပြစ်အစမျက်စိက

လို့ဆိုနိုင်တယ်။ မြင်တာကအပြစ်မဟုတ်ပါ။ မြင်ပြီးလိုချင်တပ်မက်တာလည်းအပြစ်သို့မကျရောက်သေပါ။ ထိုလိုချင်တပ်မက်မှုကို့ မထိန်းချုပ်ပဲ စိတ်ထဲ့က

စတင်ပြစ်မှားရင်အပြစ်စဖြစ်ပြီ။ ဒါကြောင့်မိမိရဲ့ လိုအင်ဆန္ဒ၊ တပ်မက်မှုကိုထိန်ူချုပ်နိုင်အောင်ကြိုးစာညကရမယ်။ မိမိကထိန်းချုပ်နိုင်မှုအားနည်းရင်

ထိုလိုအင်ဆန္ဒကိုဖြစ်ပေါ်စေတဲ့ မျက်စိကိုထိန်းချုပ်ကြရမှာဖြစ်တယ်။ ထိုသို့ထိန်းချုပ်နိုင်ရအောင်ခွန်အားကျေးဇူးတော်များကိုတောင်းခံကြပါဆို့။

Add new comment

3 + 13 =