ဖာသာရ် Alphonse  အောင်ကိုလတ် (မန္တလေး)သာမန်ကာလ (၁၀) ကြိမ်မြောက် စနေနေ့ သြဝါဒ ၁၁၊ ၆၊ ၂၀၂၂

 

 

      ချစ်လှစွာသော်ညီအစ်ကိုမောင်နှမအပေါင်တို့ ကျွန်တော်တို့ငယ်ငယ်ကလုပ်လေ့လုပ်ထရှိ တဲ့အရာတစ်ခုကတော့ ကတိပေးခြင်း

ကတိတောင်းခြင်းဖြစ်ပါတယ်။ လက်သန်းချင်းချိတ်ပြီး ကတိနော် ဆိုပြီးပြောကြာတယ်။ ကတိ​ဖေါက်ဖျက်ရင် ဘာအကျိုးဆက်

ဖြစ်လာမလဲဆိုတာ အတိအကျ မသိပေမယ့် ကတိပေးခြင်းသစ္စာဆိုခြင်းဟာ အလွန်ခေတ်စားတဲ့ အလေ့အကျင့်တစ်ခာဖြစ်တယ်။

သူငယ်ချင်းတွေရဲ့ ကြား၊ သမီးရည်းစားတွေရဲ့ ရဲ့ ကြားမှာ မကြာခဏကြားရတတ်တဲ့ အလေ့စကားလည်းဖြစ်ပါတယ်။

   ဒါအပြင်စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးတွေမှာလည်း ကျမ်းသစ္စာဆိုခြင်း၊ ကတိသစ္စာပြုခြင်း၊ ကတိခံဝန်ချုပ်ပေးခြင်း

စာချုပ်စာတမ်းများဖြင့်ကတိကဝတ်ပြုခြင်းများကိုလည်းတွေ့ကြရပါတယ်။

      ဘာလို့လူတွေက ကတိ သစ္စာပြုကြသလဲ? ဘာလိုကတိတောင်းကြသလဲ? Daniel Doriani ကလူတွေကသစ္စာပြုကြ၊

တောင်းကြခြင်းဟာလူတွေဟာ မယုံကြည်ရဘူး ဆိုတာကိုဖော်ပြနေ​ြၽင်းဖြစ်တယ် လိုဆိုတယ်။ 

      ကျွန်တော်တို့အားလုံးဟာယုံကြည်စိတ်ချရတဲ့ လူတွေမဟုတ်ကြဘူး။ ဒါကြောင့် ကတိပေးပြီးမိမိရဲ့ကတိတည်အောင်ကြိုးစားကြတယ်။

ရိုးသားလို့ကတိတည်တာထက်လူအများစုဟာကတိဖောက်ဖျက်ရင်ခံရမယ်အကျိုးဆက်ကြောင့်ကတိတည်ကြခြင်းဖြစ်တယ်။ ကျမ်းကြိမ်ခြင်း၊

ကတိသစ္စာပြုခြင်းဆိုတာဘာလဲ? ကိုယ့်ထက်ရာထူး၊ သြဇာအာဏာကြီးသောသူအားတိုင်တည်၍ ကျိမ်ဆိုကြသည်ဟု (ဟေဗြေဦး ၆:၁၆)မှာ တွေ့ရတယ်။

မိုးဇာက်၏ ဥပဒေမှာ ဘုရား သခင်းဟာအီဇရာအဲလ်လူများကို သူ၏နာမ၌ ကျိန်ဆိုကြဖိုရန်ခွင့်ပြုခဲ့တယ်လို(တောလည်ရာ ၃၀:၂, ထွက်မြောက်ရာ ၆:၁၃) မှာတွေ့ရတယ်။

 ဒါပေမယ် (ထွက်မြောက်ရာ ၂၀:၇) မှာဘုရားသခင်ရဲ့ နာမတော်ကိုအလွဲသုံးစာမပြညဖို့မိန်မှာထားတာတွေရတယ်။ ဘုရားသခင်ကကျိန်ဆိုခြင်း၊

ကတိသစ္စာပြုခြင်းကိုသူ၏နာမ၌ပြုလုပ်ခွင့်ပေးထာသော်လည်း သူ၏နာမကိုအလွှဲသုံးစားပြညလုပ်ခြင်ကိုမုန်းတီးတယ်။ 

ဒါဆိုဒီနေ့ကြားရတဲ့ကျမ်းစာထဲမှာသခင်းခရစ်တော်က ကျိန်ဆိုခြင်းကိုလုံးဝမပြုလုပ်ဖို့ရန် (မာတေ ၅:၃၄) မှာဘာကြောင့်မိန်ခဲ့သလဲ? John Mac Artheir ကဒီနေ့ကျမ်းပိုဒ်မှာ

သခင် ရစ်တော်ကအပေါ်ယံ ကတိသစ္စာ၊ ကျမ်ကျမ်ခြင်များပြုလုပ်ပြီးဟန်ဆောင်ပြုမူနေကြသောဖါရာဆီဦးများကိုရည်ညွန်းပြောဆိုခဲ့ခြင်းဖြစ်တယ်လို့ဆိုတယ်။ 

     ဒါကြောင့်ဘုရားသခင်၏နာမတော်၌ကတိသစ္စာပြုခြင်း၊ ကျမ်းသစ္စာဆိုခြင်းများဟာအပြစ်မဟုတ်ပါ။ သူတေယ်စင်ဘောင်သို့ဝင်တဲ့သူတွေလည်းကျမ်းသစ္စာဆိုပြီး

ကတိပြုကြရတယ်။ တရားရုံးမှာ လည်းအမှန်အတိုင်ပြောပါမည်ဟုကျမ်းသစ္စာဆိုကြရတယ်။ ထိုသို့သစ္စာဆိုာပြီးမလိုက်နာလျင်သာဘုရားသခင်ရဲ့နာမတော်ကို

အလွှဲသုံးစားလုပ်ခြင်းအပြစ်ဖြစ်တယ်။ ဒါကြောင့် မိမိတို့ရဲ့ဘဝမှာ ကတိတည်ပြီးအမှန်အတိုင်အသက်ရှင်နိုင်ရအောင်ကြိုးစာကြပါစို့။

Add new comment

2 + 1 =