ဖာသာရ် Aloysius နေမျိုးဆွေ (၂၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် စိန်မိုင်ကယ်၊ စိန်ဂေဗြရယ်၊ နှင့် စိန်ရာဖာအဲလ် တို့၏ပွဲ ဗုဒ္ဓဟူးနေ့ ဩဝါဒ စက်တင်ဘာလ ၂၉ ၊ ၂၀၂၁

ဖာသာရ် Aloysius နေမျိုးဆွေ (၂၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် စိန်မိုင်ကယ်၊ စိန်ဂေဗြရယ်၊ နှင့် စိန်ရာဖာအဲလ် တို့၏ပွဲ ဗုဒ္ဓဟူးနေ့ ဩဝါဒ စက်တင်ဘာလ ၂၉ ၊ ၂၀၂၁

 

 

စိန်မိုင်ကယ်၊ စိန်ဂေဗြရယ်၊ နှင့် စိန်ရာဖာအဲလ်

---------------------------------စက်တင်ဘာ ၂၉

မိုင်ကယ်ဟူသောအမည်မှာ “ဘုရားနှင့်တူသော"ဟုအဓိပ္ပါယ်ရသည့်အတိုင်း သူဟာ စာတန်မာရ်နတ်နှင့် မကောင်းမှု့ဟူသမျှကို စစ်သေနာပတိကြီးကဲ့သို့တိုက်ခိုက်ပြီး ဘုရားသခင်ပေါ်သစ္စာရှိမှု့၌ချန်ပီယံပါ။ထို့ကြောင့် ကျွန်ုပ်တို့ရဲ့ကောင်းကင်ခရီးစဉ် ဝိညာဉ်ရေးလမ်းစဉ်မှာ တွေ့ကြုံနေရတဲ့မကောင်းမှု့ဟူသမျှနှင့် စာတန်မာရ်နတ်၏နှောက်ယှက်မှု့များမှ အောင်မြင်ကျော်ဖြတ်နိုင်ဖို့အတွက် စိန်မိုင်ကယ်အား အားကိုးတောင်းလျှောက်နိုင်ပါတယ်။

ဂေဗြရယ်ဟူသောအမည်မှာ “ဘုရား၏တန်ခိုး”ဟုအဓိပ္ပါယ်ရသည့်အတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကြေငြာသူ၊ သတင်းကောင်းကြေငြာလည်း ဖြစ်သည့်အတိုင်း ကျွန်ုပ်တို့၏နှလုံးသားထဲထိ ဘုရားသခင်၏နှုတ်တော်ထွက်စကားတော်တွေကို ထိုးဖောက်၀င်ရောက်စေအောင် ကူညီပေးနိုင်ပါတယ်။ဒါကြောင့် ကျွန်ုပ်တို့တတွေလည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကိုကြားနိုင်ရန် သူ့ထံအကူညီတောင်းကြပါစို့။

ရာဖာအဲလ်ဆိုသည်မှာ “ဘုရားက ကုသလိုက်ပြီ”ဟု အဓိပ္ပါယ်ရသည့်အတိုင်း ဘုရားသခင်၏ကုသခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းကို အထူးပေးနေသည့် သိကြားတမန်တော်ကြီးတစ်ပါးပင်ဖြစ်ပါတယ်။ ထို့ကြောင့် သည်။ကျွန်ုပ်တို့တတွေလည်း စိန်ရာဖာအဲလ်ထံတွင် အကာအကွယ်နှင့်အတူ ကုသခြင်းများတောင်းဆိုရင်း အကျင့်ဖျားနာမှု့တွေမှ ကင်းဝေးအောင် ဆုတောင်းကြပါစို့။

စိန်မိုင်ကယ်၊ စိန်ဂေဗြရယ်နဲ့ စိန်ရာဖာအဲယ်တို့ အမည်ခံယူထားတဲ့သူအားလုံးနဲ့ ဘွဲ့နာမယူထားတဲ့ ဘုရားကျောင်းနဲ့ သာသနာအုပ်စုများကို မင်္ဂလာရှိတဲ့ ပွဲနေ့ဖြစ်ကြပါစေလို့ နှုတ်ဆက်ဆုတောင်းပေးပါတယ်။

ဒိုမီနီကန်ကိုရင်

Add new comment

1 + 0 =