ဖာသာရ် ပီတာကြည်မောင် (၂၁) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် အဂ်ါနေ့ ဩဝါဒ ဩဂုတ်လ ၂၄ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၂၁) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် အဂ်ါနေ့ ဩဝါဒ ဩဂုတ်လ ၂၄ ၊ ၂၀၂၁ 

 ဓမ္မမိတ်ဆွေတို့ ဒီကနေ့မှာ သာသနာတော်ကြီးက တပည် တော်ကြီး ဘာသောလော်မေဦး ‌(သို့) နာသာနာအဲလ် ရဲ့ပွဲးနေ့ကိုကျင်ပတယ်။

ရှင်မာတေဦး၊ ရှင်လုကား၊ ရှင်မာရကုတို့ရဲ့ ဧဝံဂေလိကျမ်းတွေမှာ ဘာသောလော်မေဦး လို့ဖေါ်ပြပြီး ရှင်ယောဟန် ဧဝံဂေလိကျမ်းမှာတော့ နာသာနာအဲ့လ် လို့ဖေါ်ပြထားတာကို တွေ့ရပါတယ်။

ဒီကနေ့ သခင်ခရစ်တော်ရဲ့ တပည့်တော်ကြီး တစ်ဆယ်နှစ်ပါးထဲးက ပွဲနေ့ရှင် ဘာသောလော်မေဦး ‌(ခေါ်) နာသာနာအဲလ် ရဲ့ ခရစ်တော်နောက်လိုက်ဖြစ်လာပုံ ခေါ်တော်မူခြင်းခံရပုံလေးကို ထောက်ရှုကြည့်ကြပါစို့။

နာသာနာအဲးလ် ရဲ့ သူငယ်ချင်း လဲဖြစ်သူ တပည်တော်ကြီး ဖိလစ်က ငါတို့ မက်စီးယား သခင်ကို တွေ့ရပီ လို့ပြောလိုက်တဲ့အခါ နာသာနာအဲးက ဘယ်မှာလဲ၊ ဘယ်သူလဲ၊ ဘယ်ကလဲ စသဖြင့် မေးခွန်းတွေ မေးတဲ့ အချိန်မှာ သခင်ယေဇူး ကြီးပြင်းရာ နာဇရက်မြို့ကို အ ခြေခံပြီး နာဇရက်မြို့ကလို့ ပြောလိုက်တဲ့အခါ နာသာနာအဲလ် က နာဇရက်မြို့က ကောင်းတဲ့အရာ ထွက်ပေါ်ဖူးလိုလား ဆိုးပြီး သံသရနဲ့ မေးခဲ့တာကို ကြားနာခဲ့ရတယ်။

ဖိလစ်က လာ ငါနဲ့လာကြည့် ဆိုပြီး သူ့ကို သခင်ခရစ်တော်စီကို ခေါ်သွားခဲ့တယ် သခင်ခရစ်တော်က သူကို မြင်တဲ့ အခါ ကောက်ကျစ်စဉ်းလဲးမူ့ကင်သော၊ လိမ်ညာလှဲ့ဖျားမှုကင်သော အီဇရာအဲ လူမျိုးအစစ်ကို ကြည့်ကြ၊ ဆိုပြီးပြောခဲ့သလို၊ ဖိလစ်သင်ကို မခေါ်မှီ သင် သဖန်းပင်အောက်မှာ ရှိနေတာကို ငါမြင်ရတယ် လို့ပြောလိုက်တယ်။ အီးဇရာအဲး လူမျိုးတွေ ဟာ တိုရလို့‌ခေါ်တဲ့ မိုးဇယ်ရဲ့ တရားကျမ်းတွေ၊ ဓမ္မဟောင်းကျမ်းတွေကို သဖန်းပင် အရိပ်အောက်မှာ လေလာလေ့ရှိတဲ့ ထုံးတမ်း အစဉ်အလာရှိတယ်၊

 ဒီအချက်က သခင်ခရစ်တော်က နာသာနာအဲးကို မင်းကို ဖိလစ်မခေါ်ခင် မင်းကျမ်းစာလေ့လာနေတာ ငါတွေ့တယ်သိတယ်၊ ဒီအချက် က သခင်ခရစ်တော်က သူ့ရဲ့ သာသနာတော်ကြီး တည်ဆောက်ရာမှာ အသုံးပြုမည့်ပုဂ္ဂိုလ်၊ ဘယ်လို အမည်နာမ၊ ဘယ်လိုပုဂ္ဂိုလ်၊ ဘာလုပ်နေတယ်၊ ဘယ်လို စိတ်နေစိတ်ထားရှိတယ် ဆိုတာကို သိနေတယ် ဆိုတာဖေါ်ပြလိုကခြင်းပါပဲ။

နောက်ပိုင်း နာသာနာအဲလ် သခင်ခရစ်တော်နဲ့အတူ ရှိနေတြဲ အချိန် သခင်ခရစ်တော်ရဲ့ ဇာတိချက်ကြွေဟာ ဘက်သလင်ဟင်ရွာလေး ဆိုတာ သိလာလိမ့်မယ်၊ သခင်ခရစ်တော် အကြောင်းကိူ ပိုသိလာတဲ့ နာသာနာအဲး က ဆရာသခင် ကိုတော်သည် အီဇရာအဲလ် တို့၏ဘုရင်၊ ဘုရားသခင်၏သားတော်ဖြစ်ပါ၏ လိုဖြေခဲ့တယ်။

 

သခင်ခရစ်တော် နောက်လိုက်သူဟာ သခင်ခရစ်တော်အကြောင်းကို နေ့စဉ်နေ့တိုင်းပိုမိုသိရှိလာနေရမယ်၊ လေ့လာနေရမယ် ဆိုတာ ဖေါ်ပြနေခြင်ပါပဲ။

သခင်ခရစ်တော်နဲ့ အတူရှိနေတဲ့သူ ခရစ်တော်ရဲ့ နိုင်ငံတော် ကို လောကကမှာ တည်ဆောက်နေသူတွေဟာ သခင်ခရစ်တော် နာသာနာအဲလ်ကိုပြောသလို ၊ သင်ဒီထက်ကြီးမားအံ့ဩဖွယ်ရာတွေကို မြင်ရတွေ့ရလိမ့်မယ်၊ ဘုရားရဲ့သာတော်အပေါ်မှာ ကောင်းကင်သိကြားတမာန်တွေ အတက်အဆင်းပြု နေကြတာကို သင်တွေ့ရလိမ့်မယ်။

သခင်ခရစ်တော်နောက်လိုက်သူတွေ သခင်ခရစ်တော်ကို ပိုမို သိလာလေလေ လောကမှာ ထူးဆန်းအံ့ဩဖွယ်ရာတွေကို ပိုမိုခံစားလာရမယ်၊ ကောင်ကင်ဘုံ နဲ့‌‌ လောကကမ္ဘာကြီးဟာ သခင်ခရစ်တော်အားဖြင့် ဆက်နွယ်နေတယ်၊ သူသာလျှင်ကောင်းကင်နိုင်ငံတော် ပို့ပေး နိုင်သူ၊ ထာဝရ အသက်ကို ပေးနိုင်သူ၊ ဖြစ်တယ် ဆိုတာ ကို ဖေါ်ပြလိုက်ခြင်းပါပဲ။

ကျွန်တော်တို့ယုံကြည်သူ ခရစ်ယာန်အယောက်တိုင်းစီသည်လဲ သခင်ခရစ်တော်၏ ချစ်ခြင်းမေတ္တာ နိုင်ငံတော် ကိုတည်ဆောက်ကြဖို့ လောကမှာ ခေါ်တော်မူထားခြင်းခံကြရသူတွေ ဖြစ်တယ် ဆိုတာ မမေ့ပါနဲ့၊

သင့်အကြောင်း၊ သင့်စိတ်နေစိတ်ထား၊ သင့်အမည်နာမ၊ သင်လုပ်ဆောင်မှု့ တိုင်းကို သခင်ခရစ်တော် သိတယ် ဆိုတာ သတိရပါ။

သခင်ခရစ်တော် နဲ့ပေါင်းစပ်ပြီး သူရဲ့ ချစ်ခြင်မေတ္တာ နိုင်ငံကို သင့်မိသားစု အတွင် မှာ တင် အရင်ဆောက်ကြည့်ပါ။

သူကျေးဇူး တော်ကြောင့် သင်မထင်မှတ်ထားတဲ့ တည်ငြိမ်အေးချမ်းသာယာတဲ့ မိသားစုဘ‌ဝလေး ပိုင်ဆိုင်လာရပါလိမ့်မယ်၊ ဒီထက် ထူးခြားဆန်းကြယ်တဲ့ကျေးဇူးတော်တွေ နေ့စဉ်ယောက်လာလိမ့်မယ်။

ဓမ္မမိတ်ဆွေအပေါင်းကိုစိတ် နှစ်ဖျာကျမ်းမာချမ်းသားတော်မူကြပါစေ။ ။

Add new comment

3 + 15 =