ဖာသာရ် ပီတာကြည်မောင် (၂၁) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် တနလ်ာနေ့ ဩဝါဒ ဩဂုတ်လ ၂၃ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၂၁) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် တနလ်ာနေ့ ဩဝါဒ ဩဂုတ်လ ၂၃ ၊ ၂၀၂၁ 

ဓမ္မမိတ်ဆွေ ဒိကနေ့ ဧဝံဂေလိကျန်းမှာ သူတော်ကောင်း ယောင်ဆောင်သော ကျမ်းတတ်ဆရာ နှင့် ဖာရီဇေးဦးတို့၊ သင်တို့ သည် အမင်္ဂလာရှိကြ ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။ သင်တို့ သည် ပိုမိုပြင်းထန်သော အပြစ် ဒဏ် စီရင် ခြင်း ကို ခံကြရ လိမ့်မည်။

လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမ အိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။

သူတော်ကောင်း ယောင်ဆောင်သော ကျမ်းတတ်ဆရာ နှင့် ဖာရီဇေးဦးတို့၊ သင်တို့ သည် အမင်္ဂလာရှိကြ ၏။ အကြောင်း မူကား သင်တို့ သည် ဘာသာအယူပြောင်းလဲလာသူ တစ်ဦး ရရှိရေး အတွက် ကုန်းကြောင်း၊ ရေကြောင်း လှည့်လှည်ကြပြီး ဘာသာအယူပြောင်းလဲလာပါ က လည်း ထိုသူကိုသင်တို့ထက် နှစ်ဆပို ၍ ငရဲသား အဖြစ် သို့ ရောက်စေကြ ၏။

ဒုတိယ အပိုင်းအနေနဲ့ မှားယွင်းစွာ နားလည်သပေါပေါက်ကြခြင်း၊ တန်းဖိုးရှိတာကို မသိ၊ တန်ဖို့မရှိတာကို တန်ဖိုးထားပြီး မှားယွင်းစွာကြိမ်ဆိုခြင်ကို ပြုကြခြင်အပေါ် သခင်ခရစ်တော် အပြစ်တင်ကြိမ်းမောင်းခဲ့တာကို ကြားနာခဲ့ရတယ်။

 

ကိုယ်တိုင်ကလဲး တရားရဲ့ အနှစါသာရကိုနားမလည် ၊ ကျင့်လဲ့မကျင့် တပါးသူကျင့်ကြံတာကိုလဲ အမှားဖြစ်အောင်၊ ငရဲးကျအောင် လုပ်တဲ့ သူတော်ကောင်းယောင်ဟန်ဆောင်တဲ့ အမဂ်လာ ရှိတဲ့၊ တရားဟေားဆရာ၊ ဘုန်းကြီး၊ ဦးဆောင်သူအကြီးအကဲ၊ သူ ကိုယ်တိုင်က တရားမရှိတရားမသိ၊

အဲ့လို ဆရာတွေ၊ အဲ့လိုဘုန်းကြီးတွေ အဲ့လိုအကြီးအကဲးတွေကို သင်တို့ဘယ်လိုသိနိုင်မလဲ၊ အများရှေ့ရောက်ရင် သူတော်ကောင်း၊ တကယ်တန်းတော့ သူ့စီမှာ မာနအပြည့်နဲ့၊ ယူထားတဲ့ ရာထူးနေရနဲ့ မတန်အောင် မနာလိုစိတ်ကကြီးသေး၊ ကောက်ကျစ်ယုတ်မာ တာက ပြောမထွက် နိုင်အောင်၊

 သူက သည်းခံခြင်း ဟေားမယ် သူစီမှာ သည်းခံခြင်းမရှိဘူး၊ နားလည်ပေးဖို့ ဟေားမယ် နားလည် ပေးမှု နည်းနည်းမှ မရှိဘူး၊ ခွင့်လွတ်ပါဟောမယ် သူစီမှာ ခွင့်လွတ်ခြင်စမရှိဘူး၊ ယျဉ်ကျေးသိမ့်မွေ့ဖို့ ဟေားမယ် သူကိူ၌က ဆဲးတာ သူဘဝနဲ့တောင်းမတန်ဘူး၊ သူကို၌က သခင်ခရစ်တော် ကို နမူနာယူကြပါပြောတယ် သူက တစက်မှ သခင်ခရစ်တော် ရဲ့ စိတ်ထားမဖိုးမရှိဘူး။

တပါးသူကို လမ်းပြသလိုလို နဲ့ ပျက်စီးအောင် လုပ်တဲ့ ဟန်ဆောင်သူတို့။ မိ

မိကိုယ်မိမိ ခေါင်းဆောင်နေရာ၊ ဆရာနေရာ၊ လမ်းပြသူနေရာ၊ သွန်သင်ပြသပေးသူနေရာ၊ ဟောပြောသွန်သင်သူနေရာ၊ အဲ့လိုနေရာမျိုးမှာ တာဝန်ယူထားတဲ့ ဆရာ၊ ဘုန်းတော်ကြီး၊ တရားဟေားဆရာ၊ မိဘ၊ တပါးသူကို သွန်သင်တော့မည်ဆိုလျှင်မိမိ ကိုယ်၌က ကိုယ် သွန်သင်ပေးတဲ့ အရာ နဲ့ ကိုပြောဆိုဆုံးမတဲ့အရာနဲ့ ကိုယ်တိုင်က အရင် ကျင့် ရဲ့လားဆိုတာ၊ တရား ရော သိရဲ့လား၊ တရာရဲ့အနှစ်သာရ သင့်ဘဝထဲးမှ ရှိနေရဲ့လား။ ။

Add new comment

11 + 2 =