ဖာသာရ် ပီတာကြည်မောင် (၂၀) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် စနေနေ့ ဩဝါဒ ဩဂုတ်လ ၂၁ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၂၀) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် စနေနေ့ ဩဝါဒ ဩဂုတ်လ ၂၁ ၊ ၂၀၂၁ 

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ရှင်မာတေဦး ဧဝံဂေလိကျမ်း ပထမ အပိုင်းမှာ ကျမ်းတပ်ဆရာတွေ ဖာရီဆေဦးတွေက အပြောနဲ့ အလုပ်မညီကြတဲ့အကြောင်း မိမိဟောသောတရားကို မိမိမကျင့်၊ သူများတွေအပေါ်မှာ ဘာသာတရားပညာတ်တွေကို အသုံးချပြီး လူတွေကို ဝန်ထုပ်ဝန်ပိုးပိစေတဲ့အကြောင်း၊ နေရာကောင်းယူခြင်ကြတယ်၊ လူအထင်းကြီးခံခြင်ကြတယ်၊ ဆရာခေါ်ခံခြင်ကြတယ် ဆိုတဲ့‌အကြောင်း တွေကြာခဲ့ရတယ်၊

ဒုတိယအပိုဒ်မှာ ဆရာ နဲ့ပတ်သက်ပြီး သခင်ခရစ်တော် သင့်တို့၌ ဆရားတဦးသာရှိတဲ့အကြောင်း၊ ကောင်းကင်ဘုံ၌ အဖ တစ်ဦးတည်းသာရှိသည့်အကြောင်း နဲ့ မိမိကိုကို အထင်းကြီး ချီးမြှောက်သူတွေဟာ နိမ်ချ ခံရမည့်အကြောင်းနဲ့ နိမ့်ချသူတွေဟာ ချီးမြှောက်ခံရမည့် အကြောင်း တို့ကို ကြားနာခဲ့ရတယ်၊။

ကျွန်တော် ပတ်ဝန်းကျင်မှာ ဖာရီဆေဦးတွေလို ပုဂ္ဂိုလ်မျိုးတွေကို တွေ့ဖူးကြမှာပါ၊ ပညာတွေအများကြီးလေ့လာခဲ့ကြတယ် တပ်တယ် သိတယ်၊ ဒါပေမဲ့ သူတို့တပ်တာ သူတို့သိထားတာတွေကို သူတို့ရဲ့လက်တွေဘဝထဲးမှာ မတွေရဘူး၊ မရှင်သန်ကြဘူး၊ သင်ကြားလာတာတွေက လူတွေကို ငြိမ်းချမ်းမှုတွေ၊ အသိတရာတွေ၊ တရားမျှတမှု့တွေ ကိုယ်ခြင်းစာတရားတွေ၊ နှိမ်ချသည်းခံခြင်းအကြောင်းတွေ၊ ဒါတွေသင်ပြပေးဖို့သင်လာတယ်၊

သင်တော့ သင်းပေးနေတယ်၊ သင်ပေးသူကိုတိုင်က ဘာတခုမှ သူသင်တဲ့အတိုင်း မကျင့်ဘူး သူစီမှာ နှိမ်ချခြင်းလဲးမတွေရ၊ သည်းခံခြင်းလဲးမတွေ့ရ၊ နားလည်ပေးခြင်း၊ ကိုခြင်းစာတရား ဘာတခုမှမတွေ့ရရင်တော့ သေခြာတယ် အဲ့တာ ဟန်ဆောင်နေတဲ့ တရားရှင်တွေ၊ ထုံးသုပ်ထားတဲ့ အုပ်ဂူတွေပဲ။ အဲ့

လိုလူတွေက သူများကို တော့ ထောက်ပြ ဝေဖန်ပြစ်တင်တပ်ကြတယ်၊ သူတို့က ပိုသိတယ် ပိုတပ်တယ်ဆိုပြီး ဆရာလုပ်ကြတယ်။ သူတို့အမှားကို ထောက်ပြရင် သည်းမခံနိုင်ကြဘူး။ ။ သူတို့ရဲ့ပညာတွေ၊ ရာထူးတွေ နဲ့ လူတွေကို အနိုင်ကျင့်တာ၊ ဝန်ပိစေတာ၊ ချိုးနှိမ်တာ၊ ဒုက္ခရောက်စေတာ ဒါမျိုးတွေကို ပြုမှုကြတယ်။ ဆရားလို့မခေါ်ထိုက်တဲ့ ဆရာတယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ အနှစ်သာရ မဲ့နေသူတွေသာဖြစ်တယ်။ ။

သမ္မာကျမ်းစာရဲဒုတိယ အပိုဒ်မှာ သခင်ခရစ်တောက ဆရာတဦးပဲ ရိုတယ် လိုပြောထားတယ်၊

ရှင်ယောဟန် ၁၄:၆ မှာ သခင်းခရစ်တော်က ငါသည်လမ်းခရီးဖြစ်သည်၊ အမှန်တရားလည်ဖြစ်သည် ၊ အသက်လည်းဖြစ်သည်လိုပြောထားတယ်။

တခါ ရှင်မာတေဦး ၁၁:၂၉ မှာ ငါ၌နုညံ့သိမ်မွေသော နှလုံးသားရှိသည်ကို ငါ့ထံမှ သင်ယူကြ

ဒိကျန်းပုဒ် နှစ်ခုက သူသည်သာ လျှင် ဆရာတဦးတည်းဖြစ်သည်ကို ဖေါ်ပြနေခြင်းဖြစ်တယ်၊

ငါဟာ အမှန်တရားဖြစ်တယ် လိုပြေားခြင်းက ငါဟာ ဘုးရားဖြစ်တယ် အရာရာ အားလုံးက ဘုရားစီက လာတယ် အဲ့တာကြောင့် ငါသာလျှင်တို့၏ စစ်မှန်သောဆရာတဦးတည်းဖြစ်တယ်၊

ငါ့ထံမှ သင်ယူကြ ဆိုတာက လောကမှာ အပြည့်အဝ ရှာ လိုမရနိုင်တဲ့ တရားဘာဝနာတွေ၊ နူညံ့သိမ့်မွေ့မှုတရားတွေဟာ သူစီမှာသာလျှင်ရှိတယ် သူစီက သင်ယူကြရမယ်၊

သူက ကျွန်တော်တို့ရှာဖွေနေတဲ့ စစ်မှန်တဲ့ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု့၊ စစ်မှန်သော လွတ်လပ်မှု့၊ ဘဝမှာ ငြိမ်းချမ်းစွာ ရှင်သန်ခွင်ရဖို့၊ နောင်ဘဝမှာ ကျွန်တော် တို့ယုံကြည်သူတွေရဲ့ အဓိက မျော်လင့်ချက်ဖြစ်တဲ့ ထာဝရအသက် ရရှိဖို့ သင်ကြားပေး နိုင်သူ တဦးတည်းသော ဆရားသခင်ဖြစ်တယ် ။။

မိမိသိသောပညာများ အကျိုးရှိသော အရားကို မိမိကိုယ်တိုင်ကျင့်နိုင်သော ခေါင်းဆောင်များ၊ အများအကျိုးကို ရှေးရှု့သော သူများဖြစ်ကြပါစေ၊ သခင်ခရစ်တော်ထံမှ သိသင့်သော အရာများ ကို သင်ယူ အပ်သော အရာများ ကို လေးနက်စွာ သင်ယူ နိုင်သူများ ဖြစ်ကြပါစေ။ ။

Add new comment

2 + 5 =