Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် အဂ်ါနေ့ ဩဝါဒ ဇူလိုင်လ ၂၇ ၊ ၂၀၂၁
ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် အဂ်ါနေ့ ဩဝါဒ ဇူလိုင်လ ၂၇ ၊ ၂၀၂၁
July 27 .2021
ဓမ္မမိတ်ဆွေတို့ ဒီကနေကြားနာခဲ့ရတဲ့ ရှင်မာတေဦး ဧဝံဂေလိကျမ်းက ၂၄ ရက်နေကကြားနာခဲ့ရတဲ့ ဂျုံစပါး ခင်းထဲးကို ရန်သူသည်လာ၍ ပေါင်းပင်တို့ကို ကျဲးခဲ့တဲ့အကြောင်း၊ ပေါင်းပင်တွေကို ဂျုံစပါးတွေနဲ့အတူ ရိပ်သိမ်းချိန်အထိ ရှင်သန်စေခဲ့တဲ့အကြောင်း၊ ဂျုံစပါးကို ကြည်ထဲးမှာ စုသိမ်းပြီး ပေါင်းပင်တို့ကို ထာဝရ မီးထဲး ပြစ်ချမည့်အကြောင်း ပုံဥပမာရဲ့ အဓိပ္ပါယ်ကို တပည့်တော်ကြီးတွေက နားမလည်ကြလို့ သခင်ခရစ်တော်ထံ သည်းသန့်မေးမြန်ကြတဲ့အကြောင်း သခင်ခရစ်တော်က ရှင်ပြတဲ့အကြောင်းကိုကြားနာရတယ်၊
ဒီကနေ့ကျမ်းစာရဲ့ အဓိကဆိုလိုရင်းကတော့ နောက်ဆုံးသော အချိန်မှာ ကောင်းတာနဲ့ မကောင်းတာ အပြီးသပ် ခွဲးခြားပြစ်မယ် ဆိုတဲ့အကြောင်းပါပဲ။
ကျွန်တော်တို့ အသက်ရှင်နေထိုင်တဲ့လောကကြီးထဲးမှာတော့ ကောင်းတာနဲ့မကောင်းတာတွေဟာ ရောထွေးရှင်သန်ကြီးထွားနေကြတယ်၊
သင့်ကိုသင်ပဲ အရင် စမ်းစစ်ကြည့် ကောင်းတဲ့အပိုင်တွေ ရိုးသလို ဆိုးရုပ်တဲ့ အပိုင်တွေလဲ ပိုင်ဆိုင်ထားတယ်မို့လား
သင့်မိသားစုကို ပြန်ကြည့် သင့်အသိဆုံးပါ၊ ကောင်းတဲ့ မိဘ၊ ဆိုးတဲ့မိဘ၊ ဘယ်ညီးကိုမောင်နှ ကောင်းတယ်၊ ဘယ်ကောင် ငွေမက်တယ် ကောက်ကျစ်တယ် သိနေတယ်မို့လား၊
လူအဖွဲ့အစည်း အသိုင်းအဝိုင်းတွေမှာလည်း အတူတူပဲ၊ ဘာသာရေး အသိုင်းအဝိုင်း တွေမှာလဲ ကြည့်ကြည့်လိုက် ကျုပ်တို့သိတာပေါ့ဗျာ ၊ခင်များတိုလဲ သိကြမှာပါပဲ အားနဲးချက်တွေ၊ မသင့်တော်မူ့တွေနဲ့ ဒရွတ်တိုက်သွားနေကြတဲ့သူတွေကို၊
အဲ့ဒီတော့ ကျွန်တော်တတွေဟာ အားနည်းသူ အပြစ်ရှိသူတွေကြီးပါပဲ ဘယ်သူမှ၊ ဘယ်မိသားစုမှ၊ ဘယ်အဖွဲ့အစည်းမှ၊ ဘယ်သာရေး အဖွဲ့အစည်းမှ အပြည့်အဝ တစ်ရာ ရာခိုင်နုန်ုး ကောင်းပါတယ်၊ ကောင်းတဲ့လူတွေကြီးပဲ စုစည်းဖွဲ့စည်းထားတာလိုပြောလို့မရသလို ရှိလဲ မရှိပါဘူး၊ဒါဟာ အမှန်တရားပဲ၊ ဒါကို လက်ခံရပါလိမ့်မယ်။
တခါတလေမှာ ကိုယ်က ဂျုံစပါးဖြစ်နေသလို၊ ပေါင်းပင်ဖြစ်နေပြန်ရော၊
အဲ့ဒီတော့ မကောင်းတဲ့အားနဲးချက်တွေ ကိုစီရှိကြသူတွေ အခြင်းခြင်း၊ ဘာလို့ စီရင်ချက်တွေချ၊ ဆုံးဖြတ်ချက်တွေပေးနေကြမှာလဲ၊
ကောင်တာတွေ လုပ်လိုက်၊ တခါ မကောင်းတာတွေ လုပ်လိုက် ဒါနဲ့ပဲ သေသွားကြရတာပါပဲ
အသိ၊ သတိ ရှိတဲ့သူတွေကတော့ ကောင်းတာလေးတွေ များအောင်လုပ်ကြတာပေါ့ ၊ အသိသတိနည်းသူတွေကတော့ ဘဝကအရင်လိုပါပဲ ဆိုပြီး ခရီးဆက်နေကြတာပေါ။
အဆုံးသပ် အပြီးသပ်ခွဲးခြား ခံရချိန်ကြရင်တော့ ကောင်းတဲ့ဖက်မှာ ရောက်နေအောင် သခင်ခရစ်တော်ကဲ့ တရားတော်လေးတွေ နဲ့ ရှင်သန်နေထိုင် သွားကြပါစို့၊
ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှဖျာ ကျန်းမာချမ်းသာတော်မူကြပါစေ။ ။
Add new comment