ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် သောကြာနေ့ ဩဝါဒ ဇူလိုင်လ ၃၀ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် သောကြာနေ့ ဩဝါဒ ဇူလိုင်လ ၃၀ ၊ ၂၀၂၁

July 30. 2021

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ဧဝံဂေလိကျမ်းမှာ သခင်ခရစ်တော် သူ့နေရင်းမြို့ဖြစ်တဲ့ နာဇရက်မြို့ကို ပြန်လာတယ်၊ ဥပုဒ်နေ့မှာ တရားဇရပ် ကို သွားတယ် သူ့မြို့သူမြို့သားတွေက သူကို တရားဝေမျှစေခဲ့တယ်၊ သူ့တရားကိုကြားနာရပေမဲ့လဲ ယုံကြည်ခြင်းမရှိတဲ့အတွက်ကြောင့် ကြီးမားတဲ့တံခိုးလက္ခဏာတွေ မမြင်ကြ မခံစားကြရတဲ့ အကြောင်း၊ သခင်ခရစ်တော် က သူတို့ရဲ့ ယုံကြည်ခြင်းကင်းမဲ့မှု့အပေါ် အံ့ဩခဲ့ရကြောင်းကို ကြားခဲ့ရတယ်။

ယုံကြည်ခြင်းမရှိသူအတွက် ဘုရားတောင် ဘာမှ လုပ်ပေးလို့မရဘူး။ ။ သခင်ခရစ်တော် ကို မက်ဆီးယာသခင်အဖြစ် လက်မခံနိုင်ခဲ့ကြဘူး ဘယ်လိုဖြစ်နိုင်မှာလဲ ဆင်းရဲးသားမိသားစာကလာတဲ့ လက်သမားတယောက်၊ မိုးဇယ်ရဲ့တရားကျမ်းတွေကို လဲး စနစ်တကျ မသင်ကြားခဲ့ရတဲ့သူက ဘယ်လိုလုပ်ပရောဖက်ဖြစ်မှာလဲ၊ စတဲ့အကြောင်းပြချက်တွေနဲ့ လက်မခံနိုင်ကြဘူး။ သူတို့နားလည်တဲ့ အရာလောက်နဲ့ပဲ လူတ ယောက်ကို စီရင်ဆုံးဖြတ်ကြတာ ၊ သူတို့စီရင်လိုက်တဲ့သူ သူတို့လက်မခံတဲ့သူက တပါးတည်းသော ဘုရား၏သား တော်ဆိုတာ သူတို့မသိခဲ့ကြဘူး။

သင်တို့ကျွနုပ်တို့ပတ်ဝန်းကျင်းမှာ အဲ့လိုလူတွေအများကြီးပါပဲ၊ လူတယောက်တိုးတက်ပြောင်းလဲးသွားတာ၊ သူများထက်ထူးခြားသွားတာကို လက်မခံနိုင်ကြဘူး၊ ဆင်းရဲးသားဆိုအမြဲဆင်းရဲးနေရမယ်၊ ပညာနိမ့်ပါသူဆို အမြဲးပညာနိမ့်ပါးနေရမယ်၊ ငါတို့ထက် ညံ့တဲ့သူဆိုအမြဲညံ့နေရမယ် အဲ့လိုသပ်မှတ်ခြင်ကြတဲ့သူတွေအများကြီးပဲ။ တခါတလေ အဲ့လိုလူတွေက အဝေးမှာ မဟုတ်ဘူး ကိုမြို့သူမြိုသား၊ ရပ်ကွက်သား အိမ်နီးနာခြင်း ဆွေမျိုးမကင်တွေဖြစ်နေကြတာရင်နာစရာပဲ။

အဲ့လိုလူတွေဘာအကြိုးခံစားရလဲ ကြည့်ကြည့်ရအောင် လောကမှာ စစ်မှန်အေးချမ်တဲ့အရာကိုပေးနိုင်သူ၊ နတ်ဆိုးကိုအောင်နိုင်သူ၊ ထာဝရအသက်ကိုပေး နိုင်သူ၊ လိုခြင်တာအားလုံး လုပ်ပေးနိုင်တဲ့ပုဂ္ဂိုလ် ကိုဒီမှာရောက်နေတယ်၊ ကိုနဲ့ အတူရှိနေတယ်၊ ဒါပေမဲ့ အထင်မကြီးကြဘူး၊ မယုံကြဘူး လက်မခံကြဘူး၊ ဘုရားကိုတိုင်ကြွလာတာတောင်လက်မခံကြဘူး ဒါကြောင့် ကယ်တင်ခြင်မရတဲ့သူတွေ၊ ဘုရားကိုတိုင်တရားလာပေးတာတောင် တရားမရတဲ့သူတွေ၊ နောင်တမရကြသူတွေ၊ မိမိထင်မြင်ရာကို အသေစွဲးမှတ်ထားခြင်ကြသူတွေ။ ဘာအကြိုးကျေးဇူးမှ မခံစားကြရဘူး၊ နောက်ဆုံးမှာ သူတို့ရဲ့ ယုံကြည်ခြင်းကင်မဲ့မူ့ကြောင့် ဘုရားတောင် စိတ်ပျက်သွားရတယ်။ ဒီနေကျမ်းစာက နှစ်ချက်သတိပေးနေတယ် သင့်ဘဝ တိုးတက်ပြောင်လဲးလာပြီး၊ ထူးခြားလာပြီဆိုသတိထားပါ၊ သင်ကို လက်ခံသူတွေ ရှိသလို သင်ကို လက်မခံသူတွေလဲရှိနေတယ် ဆိုတာပါပဲ။ နောက်တချက်ကတော့ သခင်ယေဇူးက သူ့မြိုကို သူပြန်လာသလို သခင်ယေဇူးခင်များအိမ်ကိုလာခဲ့ရင်ရော ဘယ်လိုယုံကြည်ခြင်းမျိုးနဲ့ သူတွေကြုံခံစားရမလဲး၊ ကြီးမားတဲ့ ယုံကြည်ခြင်းနဲ့ကြိုမလား၊ ယုံကြည်ခြင်းကင်းမဲ့လွန်းလို ခင်များမိသားစုကို ဘု‌ရားတောင်းစိတ်ပျက်သွားမလား စဉ်စားဆင်ခြင်ကြပါစို့ ။ ။

ဓမ္မမိတ်ဆွေအပေါင်း ကိုယ် စိတ်နှဖျာ ကျန်းမာ ချမ်းသာတေယ်မူကြပါစေ။ ။

 

 

((တရားဇရတ်မှာ သခင်ခရစ်တော်က သူအကြောင်းကိုကြိုတင်ဟေားကြားခဲ့တဲ့ ပရောဖက် အိုက်ဇေးယ ရဲ့ကျမ်းစာဖြစ်တဲ့ ဆင်းရဲးသားတို့အား ဝမ်းမြောက်ရာ သတင်းကောင်းကိုကြေငြာရန်၊ ဖမ်းစီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ရန်၊ မျက်စိကန်းသောသူတို့အားအလင်းရစေရန်၊ ဖိနိပ်ခံရသးတို့အဖို့လွတ်မြောက်ခြင်းငှာငါလာသည် ဆိုတာကိုဖတ်တယ်၊ ပြီးတော့ နေ့သင်တို့ကြားရသောကျမ်းချက်သည်ပြည့်စုံခြင်းသို့ရောက်လေပြီ လို့ သူကိုသူရည်ညွန်းပြီး၊ ငါဟာ သင်တို့အားလုံးမျော်လင့်စောင့်စားနေသူ မက်ဆီးယာ အရှင်သခင်ဖြစ်တယ် လိုပြောလိုက်တဲ့ အခါ မှာ သူတို့တွေလက်မခံနိုင်ခဲ့ကြဘူး၊ ဘယ်လိုဖြစ်နိုင်မှာလဲ ဆင်းရဲးသားမိသားစာကလာတဲ့ လက်သမားတယောက်၊ မိုးဇယ်ရဲ့တရားကျမ်းတွေကို လဲး စနစ်တကျ မသင်ကြားခဲ့ရတဲ့သူက ဘယ်လိုလုပ်ပရောဖက်ဖြစ်မှာလဲ၊ လက်မခံနိုင်ကြဘူး။ ))

Add new comment

4 + 2 =