Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် တနလ်ာနေ့ မိဘများပွဲနေ့ ဩဝါဒ ဇူလိုင်လ ၂၆ ၊ ၂၀၂၁
ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် တနလ်ာနေ့ မိဘများပွဲနေ့ ဩဝါဒ ဇူလိုင်လ ၂၆ ၊ ၂၀၂၁
July 26.2021
ဓမ္မမိတ်ဆွေတို့ သာသနာတော်ကြီးက ဒီကနေ့မှာ အမိမယ်တော်မာရီယား၏ မိဘ များ ဖြစ်ကြသည့် စိန့် ဂျော်ကင်း နဲ့ စိန့် အာနား တိုရဲ့ပွဲ ကိုကျင်းပတယ် ဒီပွဲ နေ့ကိုအကြောင်းပြုပြီး ကျွန်တော်အားလုံးရဲ့ မိဘတွေကို ဂုဏ်ပြုသော နေ့ မိဘများပွဲနေကို အမှတ်တရ ကျင်းပစေတာဖြစ်တယ်။
မိဘတို့အား ရိုသေခြင်းကိုပြုလော၊ ဘုရားစကားကို နား ထောင်တဲ့ သားသမီးတိုင်း၊ မိဘကို ချစ်ခင်ရိုသေလေးစားတဲ့ သားသမီးတိုင်း၊ မိဘ ကျေးဇူး ကို သိတပ်တဲ့သားသမီး တိုင်း မိမိတို့ရဲ့ မိဘ ကို ရိုသေလေးစားကြတယ်၊ ချစ်ခင်ကြတယ်၊ သက်ကြီးရွယ်အို မိဘတွေကို ပြုစုစောင့်ရှောက်ကြတယ်။ ဒါကတော့ လူသားတိုင်း ပြုမူလုပ်ဆောင်နေကြတဲ့ ယေဘူယ အချက်တွေပဲ။
မိဘတွေ နဲ့ နီးစပ်စွာ နေထိုင်မှု တွေမှာတော့ နေရာဒေသ၊ ယဉ်ကျေးမှုအခြေအနေ၊ ပတ်ဝန်ကျင်ရဲ့ လက်ခံကျင့်သုံးမှု့ပေါ်မူတည်ပြီး ကွဲးပြားတာတွေလဲ ရှိပါတယ်။
မိဘတွေကို ဘယ်လိုဂုဏ်ပြုကြမလဲ ၊ ဂုဏ်ပြုတဲ့နေရာမှ ရင်ထဲးက လှိုက်၂လှဲး၂ ဂုဏ်ပြုရမှာ တာဝန်ကျေရုံလေး မဟုတ်ဘူး၊ အဲ့လိုဂုဏ်ပြုနိုင်ဖို့ မိဘတွေရဲ့ကျေးဇူးကို ပြန် မြင်ယောင်ကြည့်ကြရမယ် မိဘဆိုတာ ၁။ သင့်ရဲ့ အသက်သခင်ကျေးဇူးရှင် ၂။ ပထမဦးဆုံး လောကမှာ သင့်ကို နွေးထွေးစွာ ကြိုဆိုခဲ့ကြသူ ၃။ ချစ်ခြင်းမေတ္တာကို ပထမဦးဆုံး သင်ကို သင်ပြပေးသူ ကောင်းတာနဲ့ မကောင်းတာ၊ လိမ္မာရေးချာရှိဖို့ ၊ မိဘကျေးဇူးတွေ ပြောနေရင် ကုန်မှာ မဟုတ်တော့ဘူ ဒါကြောင့် အတိုချုပ်ပြီး ဒီလိုပြောရအောင်။ ဒီနေ ဒီအချိန် ထိ အသပ်ရှင်နေရတာ၊ ကောင်းမကောင်း ခွဲးခြားတပ်နေတာ၊ လူတယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ အပြည့်အဝ ရှင်သန်ရပ်တည်ခွင်ရနေတာဟာ ခင်များရဲ့ မိဘတွေကြောင့်ဆိုတာ မမေ့ပါနဲ့။ ။ ဒါကြောင့် ဒိနေ့ထူးနေ့မြတ်လေးမှာ ကိုယ် လုပ်ပေးနိုင်တာလေးနဲ့ မိဘတွေကို ဂုဏ်ပြုကြပါစို့၊ မိဘတွေကို ထူးခြားတဲ့ ဂုဏ်ပြုနည်းလေးတစ်ခု ဝေမျှ ပေးမယ် သိပ်ကို ရိုးရှင်းတဲ့ ဂုဏ်ပြုနည်းလေးပါ။ ငါကြောင့်ငါ့မိဘ ဘယ်တော့ မှ စိတ်မဆင်းရဲးစေရ၊ ဒုက္ခမရောက်စေရ၊ ဝမ်းမနည်းစေရ၊ စိတ်ပျက်အားငယ်ခြင်းမဖြစ်စေရ၊ အရှက်တကွဲးအကျိုးနဲး မဖြစ်စေရ၊ လူပုံအလယ် မျက်နှာမငယ်စေရ၊ ငါကြောင့် ငါမိဘတွေ ဂုဏ်သိက္ခာ တိုးတက်နေစေရမယ်။ ။
ငါ့ရဲ့ အပြုအမူအပြောအဆိုတိုင်းသည် ငါမိဘ၏ ဂုဏ်သိက္ခာ ကို ထိခိုက်စေသည်။ ထို့ကြောင့် ငါ့ရဲ့အပြာအမူအပြောအဆိုတိုင်းသည် မိဘဂုဏ်ယူစရာ ဖြစ်နေစေရမည်။ သင့်ရဲ့ ရိုင်းဆိုင်း ရုတ်ရင်ကြမ်းတာစွာ ပြုမူပြောဆို နေထိုင် လိုက်ခြင်းက သင်မိဘရဲ့ ပြောဆိုသွန်သင်ဆုံးမ မှု့ အဆင့် အတန်းကို ဖေါ်ပြတယ်။ အခြားတဖက်မှာ သင့်ရဲ့ ရိုးသားဖြူစဉ်မူ့ နုညံ့သိမ်မွေ့မူ့၊ စိတ်စေတနာ ကောင်းခြင်းတွေဟာလဲ သင့်မိဘရဲ့ အဆင့်အတန်း ကိုဖေါ်ပြနေပါတယ်။
မိဘဂုဏ်ဆောင်နိုင်သော၊ ကျေးဇူးသိတပ်သော၊ ချစ်ခင်ရိုသေလေးစာတပ်သော သားသမီးကောင်းများ ဖြစ်ကြပါစေ၊ မိဘ တိုင်ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ဓမ္မမိတ်ဆွေအပေါင်း ကိုယ် စိတ်နှစ်ဖျာ ကျန်းမာ ချမ်းသာတော်မူကြပါစေ။ ။
Add new comment