ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် စနေနေ့ ဩဝါဒ ဇူလိုင်လ ၃၁ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၁၇) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် စနေနေ့ ဩဝါဒ ဇူလိုင်လ ၃၁ ၊ ၂၀၂၁

July 31. 2021 ဓမ္မမိတ်ဆွေတို့ ဒီနေဧဝံဂေလိကျမ်းမှာ ယောဟန် ဘတ္တိဇံ ကို ဟေရုတ်မင်းက ခေါင်းဖြတ်သတ်တဲ့အကြောင်းကို ကြားနာခဲ့ရတယ် ဒီကနေ့ကျမ်းစာမှာ လူသုံးဦးရဲ့အကျင့်ဇရိုက်ကလေးတွေကိုထောက်ရှု လေ့လာကြည့်ကြပါစို့ အဲ့ပုဂ္ဂိုလ် သုံးဦးက တော့ အဆင်ခြင်မဲ့ ကြိုဆွဲးရာကရသော ဟေရုတ်မင်း၊ သူ တရားမဝင်သိမ်းယူထားတဲ့ ခဲမ တော်စပ်သူ ဟေရုတ်ဒီယ နဲ့ ရဲးရင့်ပြတ်သာ တဲ့ တမာန်တော် ယောဟန် ဘတ္တိဇံ တို့ပဲ ဖြစ်တယ်။ ဟေရုတ်မင်း က တဏှာရာဂ တပ်မက်မှုများတယ်၊ ဘာအကြောင်းပြချက်မှမရှိပဲ လက်ရှိမယားကို ကွာပြီး သမီးတယောက် ရှိတဲ့ သူ့နဲ့ ခယ်မ‌ တော်စပ်သူကိုယူတဲ့သူ၊ မနာလိုမုန်းထားစိတ်ရိုတယ်၊ အပြစ်ပြုထားသူ အဖြစ်သိမ်ငယ်နေသူ၊ မိမိကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းအားနည်းသူ၊ စကား၊ ကတိ တိုကို ပြီးစလွယ်ပြောတပ်ပေးတပ်သူ၊ အားဏာ အလွဲးသုံးစား လုပ်တပ်သူဖြစ်တယ်။ ဟေရုတ်ဒီယ ကတော့ ကိုယ်ကျင့်တရားပျက်စီးနေသူ၊ သူများလင်ကိုမြူဆွယ်ရယူသူ၊ လောဘရမက်ကြီးသူ၊ ရာထူးအာဏာမက်မောသူ၊ အညိုးထားသူ၊ သစ္စမဲ့သူ၊ ကတိမတည်ဖေါက်ဖျက်သူ၊ ကိုကျင်တရားပျောက်ဆုံးနေသူ၊ မကောင်းမူ့အတွက် မိမိသားသမီးကိုပင်အသုံးခြသူ၊ မိမိအပြစ်အမှာ ကိုလက်မခံ ၊ထောက်ပြဝေဖန်သူကို အသေသတ်ရန် အမြဲကြံစည်နေသူ နတ်ဆိုးနတ်မိတ်ဆာ မိခင်ဖြစ်တယ်။ ။ ယောဟန် ဘတ္တိဇံကတော့ ဒီကနေ့ကျန်းစာမှာ ဘုရာရဲ့ပညာတ်တော်ကို ချိုးဖောက်သူ၊ ကိုယ်ကျင့်တရားပျက်ပြားသူ၊ လူ့ကျင့်ဝတ်၊ ဘာသာတရားကျင့်ဝတ် မစောင့်ထိမ်းသူ မည်သူမဆို ဘယ်သူမျက်နှာမှမထောက်ကြောက်ရွံ့မှု့မရို ရဲးရင်စွာ အပြစ်ကို ထောက်ပြပြောဆိုတပ်သူ၊ ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ မိဘုရားပဲးဖြစ်ဖြစ် ၊ ဆင်းရဲးချမ်းသာရာထူအာဏာမရွေး ‌တဲ့ပြောဆိုဝေဖန်တဲ့ အကြီးဆုံးသော ပရောဖက် လူတွေကို နောင်တတရားရဖို့ဟောကြားသော ပရောဖက်ဖြစ်တယ် ။။ သူများကြိုးဆွဲးရာကရတဲ့ ဟေရုတ်မင်းနဲ့ သူ ယူလိုက်တဲ့ အကျင်ပျက်သူ့ခယ်မ ဟေရုတ်ဒီယ တို့ကို လူထုပရိတ်သတ်ရှေ့မှာ ပေါ်တင်ပြစ်တင်ဝေဖန်ခဲ့တယ်၊ မကောင်းတာကို မကောင်းဘူး ပြောခဲ့လို ဟေရုတ်ဒီယ ကို အညိုးထားပြီး သတ်ဖို့အခွင်အရေး ချောင်နေခဲ့တယ် ၊ ဟေရုတ်မွေးနေ့ သမီးကို အသုံးချ မူးနေတဲ့ ဟေရုတ်ရဲ့ ပြီးစလွယ် ကတိစကားကြောင့် အပြစ်မဲ့ပရောဖက်တပါး အသတ်ခံခဲ့ရတယ်။ ဒါပေမဲ့လဲ မတရားပြုမူသူတွေ ဘုရားရဲ့အပြစ်ဒဏ်က မလွတ်ကြပါဘူး၊ ရောဟန်ကိုသတ်ပြီး မကြာမှီမှာပဲ သူမယားကြီးရဲ့ အဖေက စစ်ပြုတိုက်ခိုက်ခံရပြီး ဟေရုတ်ရော မယာငယ်ရော ထွက်ပြေးပြီး အသေဆိုးနဲ့သေကြရတယ်။ ဒီကနေကျမ်းစာက စိတ်ဓါတ်ကောက်ကျစ် ညံ့ဖြင်းသူ၊ ကိုကျင်တရားမကောင်းသူ၊ လောဘယမက်ကြီးသူ၊ ပညာမဲ့သူတွေရဲ့ လက်ထဲး အာဏာ ရောက်သွားရင် အပြစ်မဲသူတွေ သေကြေပျက်စီးကြရတယ်၊ နောက်တချက်အနေနဲ့ ခင်များရော ဘယ်လိုစိတ်ာတ်မျိုးတွေ ပိုင်ဆိုင်ထားလဲ ဟေရုတ်မင်းတို့ လင်မယား လို စိတ်မျိုးတွေလား၊ ယောဟန်ကဲ့သို့ အမှန်တရားသိသူပြောဆိုရဲသူ လား။။ ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ် နှဖျာကျန်းမာချမ်းသာတော်မူကြပါစေ။ ။

Add new comment

3 + 2 =