ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် စနေနေ့ ဩဝါဒ ဇူလိုင်လ ၂၄ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် စနေနေ့ ဩဝါဒ ဇူလိုင်လ ၂၄ ၊ ၂၀၂၁

July 24: 2021

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ဧဝံဂေလိကျမ်းစာမှာ ဂျုံစပါး ခင်းထဲးကို ရန်သူသည်လာ၍ ပေါင်းပင်တို့ကို ကျဲးခဲ့တဲ့အကြောင်း၊ ပေါင်းပင်တွေကို ဂျုံစပါးတွေနဲ့အတူ ရိပ်သိမ်းချိန်အထိ ရှင်သန်စေခဲ့တဲ့အကြောင်း၊ ဂျုံစပါးကို ကြည်ထဲးမှာ စုသိမ်းပြီး ပေါင်းပင်တို့ကို ထာဝရ မီးထဲး ပြစ်ချမည့်အကြောင်း ကြးနားခဲ့ရတယ်။

လောကမှာ အကောင်းနဲ့အစိုးဟာ အမြဲဒွန်တွဲးနေတပ်တယ်၊ လောကလူတွေရဲ့ အတွေအမြင် သည်းခံနိုင်မူ့က၊ ဘုရားရဲ့သည်းခံနိုင်မူနဲ့မတူဘူး၊ လူတွေက မကောင်းတဲ့လူတွေကို ရှင်သန်ခွင့် မပေးဘူး၊ လျှင်မြန်မြန်ဆုံးဖြတ်ချက်ချပြီး ချက်ခြင်းပဲ ဖယ်ရှင်းပြစ်ခြင်ကြတယ်။

ဘုရားကတော့ သူတို့ပြောင်းလဲလာအုံးမလား ဆိုပီး လူဆိုးတွေကို လူကောင်းတွေနဲ့အတူ ရှင်သန်ခွင်ပေးထားတယ်။ ။ လောကမှာ လူဆိုလူကောင်း ခွဲးခြားဖို့ ခက်ခဲးတယ် ဒါကြောင့် သေသေခြာခြာ ကွဲးပြားစွာ သိရတဲ့အချိန်ထိစောင့်ပြီး ဆုံးဖြတ်ချက်ချတာပိုကောင်းတယ်၊ တခါတလေ မှာ မကောင်းတဲ့သူလို့ထင်ရပေမဲ့ လူကောင်းတွေ ဖြစ်နေတပ်တယ်။

လူတစ်ယောက်ကို ကိုယ်တွေကြုံလိုက်ရတဲ့ အချိန် အခိုက်တန့်လေး၊ အတိုင်အတာတခုလေးမှာ ဒီလူတယောက်ကို ဆုံးဖြတ်ချက်မချသင့်ဘူး၊ ဘုရားက တော့ လူဆိုးရော လူကောင်း ရောကို အတူတကွ အချိန်ပေး ရှင်သန်ကြီးထွားစေခဲ့တာပဲ ပြူပြင်ပြောင်းလဲးမူ့မရိုတဲ့သူ၊ အမြဲးပဲ မကောင်းတာ လုပ်နေတဲ့ သူကိုတောင်ဘုရားက သူအသက် ရှင်ခွင့်ရှိသလောက် နေခွင်ပေး သေတာပဲ၊ အချိန်တန်လာရင်တော့ ကိုယ် ရှင်သန်ကြီးထွားလာခဲ့တဲ့အတိုင်း ကောင်းကင် နဲ့ ငရဲ တ‌နေရာကိုတော့ သွားရမှာပဲ။

ကျွန်တော် တို့ တစ်ယောက် စီ တိုင်းမှာလဲ အားနည်းချက် အားသာချက် ၊ စိတ်ကောင်း၊ စိတ်ရုတ်၊ အမျက်ဒေါသ၊ ကျင်နာတပ်စိတ် တွေ ရှိနေတပ်ပါတယ်။ သိုသော်လဲ အမှားကနေ အမှန်ကို ပြုပြင် ပြောင်းလဲ ချိန် တွေကို ရရို့ဖြတ်သန်းခဲ့ကြရတယ်၊ မကောင်းတာတွေကို ကျော်ဖြတ် ပြုပြင်ခဲ့ကြတာပဲ၊ တခါတလေ အပြစ်အမှာလုပ်သူကို အချိန်ပေးပြီး စောင့်ကြည့်ပေး ရမယ်၊ သူကို ပြောင်းလဲလာဖို့အခွင်အရေးပေးရမယ်၊ အပြစ်နဲ့ထိုက်တန်တဲ့သူ လောကအပြစ်ဒဏ်လဲ သူခံရမှာပဲ ထာဝရငရဲ လဲ သူခံရမှာပဲ တချို့ အပြစ်အမှားလေးတွေအပေါ် မှာ ငါလဲ သူလိုအမှာမျိုး လုပ်ခဲ့ဖူးတာပဲ ဆိုတဲ့ စိတ်ကလေးနဲ့ ပြောင်းလဲခွင့် အခွင့်အရေးလေးပေး လိုက်ပါ

ကျွန်တော်တို့ ဆုံးဖြတ်ဆရာမလိုပါဘူး၊ စီရင်ဆုံးဖြတ်ခြင်းအမူ့ကို ဘုရားလက်မှာ အပ်ထားပေးလိုက်ပါ၊ ထာဝရငရဲနဲ့ တန်တဲ့သူက သူအချိန်ကြရင် လောကငရဲ ရော၊ ထာဝရငရဲးရောပါ ခံရမယ်၊ ထာဝရအသက်နဲ့ ထိုက်တန်သူကတော့ လောကချမ်းသာရော ၊ ထာဝရအသက်ရော ရရှိခံစားရမယ်။ ။

ဓမ္မမိတ်ဆွေ အပေါင်း ကိုယ် စိတ်နှစ်ဖျာကျန်းမာ ချမ်းသာတော်မူကြပါစေ။ ။

Add new comment

2 + 8 =