ဖာသာရ် ပါစကား သီကိုရှင်း (SDB) ပါစကား ကာလ ပဉ္စမ ရက်သတ္တပတ် ဩဝါဒ မေလ ၁၃၊ ၂၀၂၀

ဖာသာရ် ပါစကား သီကိုရှင်း (SDB) ပါစကား ကာလ ပဉ္စမ ရက်သတ္တပတ် ဩဝါဒ မေလ ၁၃၊ ၂၀၂၀

 

မေလ ၁၃ရက်

အချိတ်အဆက်

ဒီကနေ့ ဧ၀ံဂေလိကျမ်းစာတော်မြတ်ထဲမှာ ခရစ်တော်ဘုရားရှင်က "ငါသည်စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အကိုင်းအခက်များ ဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်နေလျှင် သူသည် အသီးများစွာ သီးလိမ့်မည်။ အကြောင်းမူကား သင်တို့သည် ငါနှင့်ကင်းကွာလျှင် မည်သည့်အရာကိုမျှ မတတ်နိုင် ကြ"လို့ မိန့်တော်မူထားပါတယ်။

ယနေ့ခေတ်မှာ ကျွန်ုပ်တို့ Connection ဆိုတဲ့အကြောင်းကို ပိုပြီးပြောလာကြတယ်။ ဖုန်း connection မကောင်းရင် သုံးရတာ အဆင်မပြေဘူး။ အလုပ်မဖြစ်ဘူး။ Wifi တို့ အင်တာနက်တို့မှာလည်း Connection ကောင်းမှ ။ connection မကောင်းရင် အဆင်မပြေပါဘူး။ connection ဆိုတာ ချိတ်ဆက်မှု၊ ဆက်နွယ်မှုကို ပြောတာ။ အလုပ်တွေ၊ ကုမ္ပဏီတွေကလည်း ချိတ်ဆက်ဖို့ ဖိတ်ခေါ်တာတွေရှိတယ်။ မိတ်ဆွေအပေါင်း အသင်းတွေမှာလည်း အဆက်အသွယ်မပြတ်ရအောင် ချိတ်ဆက်ကြတာတွေ ရှိပါတယ်။ ချိတ်ဆက်ဖို့ဆိုတာ ကျွန်ုပ်တို့နေ့စဉ်ဘ၀မှာ အရေးကြီးတယ်။ အချိတ်အဆက်ကောင်းရင် အလုပ်တွင်တယ်။ အချိတ်အဆက် မကောင်းရင် အဆင်မပြေနိုင်ဘူး။ အလုပ်မဖြစ်ပါဘူး။

ထိုနည်းတူပဲ ကျွန်ုပ်တို့ဝိညာဉ်ရေးဘ၀မှာလည်း လူနဲ့ ဘုရားဟာ ချိတ်ဆက်မှုရှိဖို့၊ ဆက်နွယ်ပတ်သက် မှုရှိဖို့ လိုအပ်ပါတယ်။ ခရစ်တော်ဘုရားက စပျစ်နွယ်ပင်၊ ကျွန်ုပ်တို့က အကိုင်းအခက်တွေဖြစ်ပါတယ်။ အကိုင်း အခက်က ပင်စည်နဲ့ မချိတ်ဆက်ထားဘူးဆိုရင် အသက်ရှင်ဖို့ ခက်ပါတယ်။ အသီးသီးဖို့လည်း မဖြစ်နိုင်ပါဘူး။ ခရစ်တော်ဘုရား ကိုယ်၌က ဒါကို လက်တွေ့ပြပြီး နေထိုင်ပြသတော်မူခဲ့ပါတယ်။ သားတော်ဘုရားက အဖခမည်းတော်ဘုရားနဲ့ တစ်လုံးတစ်ဝတည်း ပေါင်းစည်းရှင်သန်ပြခဲ့ပါတယ်။ ကျွန်ုပ်တို့ကိုလည်း ဒီယနေ့ ဘုရားရှင်က ဖိတ်ခေါ်နေတယ်။ ဘုရားနဲ့ ချိတ်ဆက်ကြဖို့၊ တစ်နည်းပြောရရင် ဘုရားရှင်နဲ့ အတူတည်ရှိဖို့ ဖြစ်ပါတယ်။ ဘုရားရှင်နဲ့ ကင်းကွာနေရင် ကျွန်ုပ်တို့ ဘာမှ တတ်စွမ်းနိုင်ခြင်း မရှိပါဘူး။ ဘုရားနဲ့ တည်ရှိမှသာ လျှင် ကျွန်ုပ်တို့ဘ၀တွေဟာ ကောင်းတဲ့အသီးတွေသီးပြီး ကောင်းတဲ့ လုပ်ရပ်တွေနဲ့ ဘုရားရှင်ကို သက်သေခံတဲ့ သူတွေ ဖြစ်လာကြပါလိမ့်မယ်။ ဘုရားရှင်၌ တည်သော ဘ၀တွေကို လျှောက်လှမ်းနိုင်ပြီး ကောင်းတဲ့ အသီးတွေ သီးနိုင်ကြပါစေ။

သီကိုရှင်း

Add new comment

18 + 2 =