ဖာသာရ် ပါစကား သီကိုရှင်း (SDB) ပါစကား ကာလ ပဉ္စမ ရက်သတ္တပတ် ဩဝါဒ မေလ ၁၂၊ ၂၀၂၀

ဖာသာရ် ပါစကား သီကိုရှင်း (SDB) ပါစကား ကာလ ပဉ္စမ ရက်သတ္တပတ် ဩဝါဒ မေလ ၁၂၊ ၂၀၂၀

ါ၏ ငြိမ်းချမ်းခြင်း

မေလ ၁၂ ရက် ထောက်ရူချက်

ဒီနေ့ ဧဝံဂေလိကျမ်းစာထဲမှာ ဘုရားရှင်က ငါ၏ ငြိမ်းချမ်းခြင်းကို သင်တို့အား ငါပေး၏ လို့ မိန့်မြွက်ထား တော်မူပါတယ်။ ဘုရားရှင်က သူ့ရဲ့ တပည့်တော်ကြီးတွေကို လက်ဆောင်အဖြစ်နဲ့ ငြိမ်းချမ်းခြင်းကို ပေးခဲ့ တယ်။ ကမ္ဘာကြီးက ငြိမ်းချမ်းခြင်းကို တခြားအဓိပ္ပါယ်နဲ့မြင်တယ်။ ဘုရားရှင်ရဲ့ ငြိမ်းချမ်းခြင်းကတော့ လောက ပေးတဲ့ ငြိမ်းချမ်းခြင်းနဲ့ မတူပါဘူး။ ကျွနု်ပ်တို့ အများပိုင်း ထင်ကြတဲ့ ငြိမ်းချမ်းခြင်းက စစ်မက်တွေ မရှိတာ၊ ညှင်းပမ်းခြင်းတွေ မရှိတာ လို့ နားလည်ကြတယ်။ ရန်သူတွေကို ချေမှုန်းတဲ့ ရလဒ်အောင်ပွဲလို့ မှတ်ယူကြတယ်။

ခရစ်တော်ဘုရားရှင်ရဲ့ ငြိမ်းချမ်းရေးကတော့ အဲ့ဒီလို မဟုတ်ပါဘူး။ ဒုက္ခတွေ၊ ဒုစရိုက် မကောင်းမှု ကို ရင်ဆိုင်တိုက်ခိုက်ကျော်လွှားနိုင်ခြင်းအားဖြင့် ဘုရားရှင်ပေးတဲ့ ငြိမ်းချမ်းခြင်းကို ကျွနု်ပ်တို့ ရရှိနိုင်ပါတယ်။ ရဟန္တာ သြဂုတ်စတင်းက ဘုရားရှင်ရဲ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အချက်၃ ချက်နဲ့ မိန့်ကြားထားတာလေး ရှိပါတယ်။ ပထမအချက်အနေနဲ့ ၊ ငြိမ်းချမ်းတယ်ဆိုတာ တည်ငြိမ်တဲ့စိတ်ကို ထားနိုင်ခြင်းဖြစ်ပါတယ်။ ဒုက္ခတွေကြုံမယ်၊ လောကဓံတွေ ရင်ဆိုင်ရမယ်။ ဒီကြားထဲမှာမှ ဘုရားရှင်ကို အယုံကြည်မပျက်ဘဲ ဘဝကို တည်ငြိမ်စွာနဲ့၊ သမာဓိ ရှိရှိနဲ့ ရှင်သန်နိုင်ခြင်းဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့၊ ငြိမ်းချမ်းခြင်းက ရိုးစင်းတဲ့ နှလုံးသားရှိတဲ့သူတွေမှာ တွေ့ရတယ်။ သူများအပေါ်မကောက်ကျစ်ဘူး။ လောဘဇောတွေနဲ့ အသောမသတ် နိုင်တဲ့ ရမက်တွေ မရှိဘဲ မိမိဘဝကို ရောင့်ရဲတင်းတိမ်ပြီး ဘုရားရှင်ကို မှီခိုအားကိုးတတ်ခြင်းဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ ငြိမ်းချမ်းခြင်းက ဘုရားနဲ့ ကိုယ်၊ မိမိနဲ့ တစ်ပါးသူ အချင်းချင်း သဟဇာတကျအောင် နေထိုင်တတ်တဲ့ အတွင်းစိတ်ထဲမှာ ရှိပါတယ်လို့ မိန့်ထားခဲ့ဖူးပါတယ်။

ဟုတ်ပါတယ်။ ငြိမ်သက်ခြင်းဆိုတာ အပြင်မှတင်မဟုတ်ပါဘူး။ မိမိရဲ့ အတွင်း စိတ်နှလုံးသားထဲကနေ စတင်တာပါ။ မိမိရဲ့ စိတ်၊ နှလုံးသား၊ ၀ိညာဉ် အားလုံးဟာ ဟန်ချက်ညီညီ သဟဇာတကျအောင် ရှင်သန်တတ် တယ်ဆိုရင် ကျွနု်ပ်တို့မှာ ငြိမ်းချမ်းခြင်းရှိတယ်လို့ ပြောလို့ရပါတယ်။ စစ်မရှိတာနဲ့ ငြိမ်းချမ်းတာမဟုတ်ပါဘူး။ ဘုရားမရှိရင်လည်း မငြိမ်းချမ်းပါဘူး။ လူအချင်းချင်း အဆင်မပြေရင်လည်း ငြိမ်းချမ်းခြင်းမရှိနိုင်ပါဘူး။ ဘုရားရှိမှသာ အတွင်းစိတ်ရဲ့ ငြိမ်သက်ခြင်းကို ရနိုင်ပါတယ်။ ဒီငြိမ်းချမ်းခြင်းကို ဘုရားရှင်က ကျွနု်ပ်တို့ကို ပေးထားခဲ့ပါတယ်။ ဘုရားရှင်ပေးတဲ့ ငြိမ်သက်ခြင်းဖြင့် ကိုယ်စိတ်နှလုံးသုံးပါး ငြိမ်းချမ်းကြပါစေ။

သီကိုရှင်း

Add new comment

1 + 0 =