ဖာသာရ် Peter ကြည်မောင်  (မန္တလေး) သာမန်ကာလအဌမသီတင်းပတ် သောကြာနေ့ ဩဝါဒ ၃၁၊ ၅၊ ၂၀၂၄

RVA 31 May 2024

ဓမ္မိတ်ဆွေတို့ ဒီကနေ့မှာ ကျွန်တော် ကက်သလစ် ခရစ်ယာန်တွေအတွက် ဝမ်မြောက်ဖွယ်ရာ နက်နဲးရာအချက်ထဲးက ဒုတိယ အချက်ဖြစ်တဲ့ Visitation လို့ခေါ်တဲ့ ဘုရား၏မယ်တော် အမိမယ်တော်သခင်မ သူ၏ အမ ဝမ်းကွဲးတော်စပ်သူ အသက်အရွယ်ကြီးရင်မှ ဘုရားရဲ့ကျေးဇူးတော်ကြောင့် သားရတနာ ကိုယ်ဝန်ကို လွယ်ထားရသူ ဧလိဇဘက် ထံသွားရောက် လည်ပတ်ကူညီ ပေးတဲ့ အကြောင်းအရာကို ရှင်လုကားဧဝံဂေလိကျမ်းမှာ ကြားနာခဲ့ရတယ်။ အမိမယ်တော်ရဲ့နှိမ်ချခြင်းကိုထောက်ရှုကြည်ကြရအောင် ကျွန်တော်တို့လောက လူတွေ ပညာလေးနဲးနဲးတပ်လာရင်၊ ဥစာပစ္စည်းလေး နဲးနဲရှိလာရင်၊ နေရာကောင်းလေးရနေရင်၊ ရာထူးလေးများရနေရင် ကိုယ့်ထက်နိမ့်ပါသူးတွေကို အသိစိတ်နဲ့ပဲဖြစ်ဖြစ် မသိစိတ်နဲ့ပဲ ဖြစ်ဖြစ် ကိုယ်က သူတို့ထက်သာတယ် စိုတဲ့စိတ်မျိုးဝင်တပ်ကြတယ်၊ နောက်ပြီးတော့ ကြွား ခြင်စိတ်ကလေးကလည်း အလိုလို ဝင်လာတပ်တယ်။ ဥပမာ ကို့သား၊ သမီးက ရာထူးဂုဏ်ထူးလေးများ ရှိထားရင် မိခင် ဖခင်တွေအနေနဲ့ ကျွန်မသားက ၊ သမီးက ဆရာဝန် ၊ အရာရှိ၊ ဗိုလ်မူး၊ အဲ့ထက်ပို မြင့်သွားရင်အခု သမ္မတ က ကျွန်မသားလေ၊ ဘုရင်မှာဖြစ်နေရင် ငါ့သာကရှင်ဘုရင်လေ ဆိုပြီး ဘယ်လောက် တော်တာ ဘယ်လောက် ရာထူးကြီးတာ ဘယ်လောက် ဝင်ငွေရှိတာ၊ သားသမီးက ဘယ်လို လုပ်ပေးတာ စသဖြင် ကြွားခြင်ကြွားကြမှာ၊ ကျွန်တော့အမေဆိုလဲးကြွားခြင်ကြွားနေအုံးမှာ ကျွန်မသား နှစ်ယောက်က ဘုန်းကြီးတွေလေ ဆိုပြီးတော့ အမိမယ်တော်သာကြွားမယ်ဆို ငါ့သားက ဘုရား ဆိုပြီးပြောလို့ရတာပေါ့ ဒါပေမဲ့ ဒီနေရာမှာ အမိမယ်တော်ရဲ့စံပြ နှိမ့်ချခြင်းကို တွေ့ရတယ် ဘုရားရဲ့မခင် ဖြစ်နေပါလျှက် လူသား တစ်ယောက်ရဲ့မိခင်စီမှာသွားပြီး အောက်ခြေသိမ်း အလုပ်လုပ်ပေးတာကို တွေ့ရတယ်။ ရေဟာ မြင့်ရာကနေ နိမ့်ရာကို စီးဆင်းသလို နှိမ်ချသူတွေရဲ့စိတ်ထားဟာလည် သဘာဝတရားလိုပဲ လိုအပါသူစီကို စီးဆင်းရတယ် နှိမ့်ချ လို့ နိမ်ကျအသွားပါဘူး။ လူစားတွေရဲ့ပတ်ဝန်းကျင်မှာတော့ မြင့်ရာကနေ နိမ်ရာကို ခနလေး ဆင်ပေးဖို့တောင် ခက်ခဲးတပ်ကြပါတယ်။ ဓမ္မိတ်ဆွေတို့ အမိမယ်တော်စီကနေ နှိမ်ချခြင်းပါရမီကို သင်ယူကြပါစို့။

Add new comment

2 + 1 =