ဖာသာရ် Peter ကြည်မောင်  (မန္တလေး) သာမန်ကာလအဌမသီတင်းပတ် ကြာသပတေးနေ့ ဩဝါဒ ၃၀၊ ၅၊ ၂၀၂၄

RVA 30 May 2024

ဓမ္မိတ်ဆွေတို့ ဒီကနေကြားနာရတဲ့ ရှင်မာကုဧဝံဂေလိကျမ်းမှာ ဘာတီမေးဦး လိုအမည်ရတဲ့ မျက်မမြင်တယောက်က သခင်ခရစ်တော် ဂျေရီခိုမြို့ထဲးကြွချီလာတာကို ကြားတဲ့အချိန်မှာ ဒီပုဂ္ဂိုလ် ကြီးမြတ်တဲ့ ပရောဖက်၊ ဘုရားရဲ့သားတော် လူတွေကိုတရားဟေား တန်ခိုးလက္ခဏာတွေနဲ့ကုသပေးတာကို တဆင့်စကား တဆင့်နားနဲ့ကြားခဲ့သူဖြစ်မယ်။ ဒါကြောင့် သူကိုလည်း ကုသပေးနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့စိတ်နဲ့ သခင်ခရစ်တော်ကို အော်ဟစ်အကူအညီတောင်းခဲ့တာကို ကြားနာခဲ့ရတယ်။ Jesus, son of David, have mercy on me အဲ့မျက်မမြင်လို သူလို ဘုရားသခင်စီမှာတောင်းခံကြရမယ်။ လောကအလည် အမှောင်ဖုံးလွှမ်းချိန် လောကလူတွေ ကယ်တင်ကုသမှုမပေးနိုင်တော့တဲ့အချိန်၊ အမှောင်လောကကြီးက သင်ကို မျှော်လင်ချက်မဲ့အောင်လုပ်ထားချိန်မှာ ဘုရားကို သတိတရနဲ့သင့်ရဲ့ နက်ရှိုင်းတဲ့ နှလုံးသာကနေ သခင်ခရစ်တော်ကို ခေါ်တပါ အကူအညီတောင်းပါ။ သင်ဘဝအတွက် အဓိက အလိုအပ်ဆုံးအရာ၊ ဘုရားသခင်သင်ကိုလုပ်ပေးစေခြင်တဲ့အရာ ကို သင်ကိုယ်တိုင်က သိရမယ် အဲ့အရာကို တောင်ရမယ် မျက်မမြင်တောင်းခဲ့တဲ့အရာက ငါမြင်ခြင်တယ်။ သင်က တကယ်မျက်မမြင်တယောက်လား ဒါမှမဟုတ် မြင်လျှက်နဲ့ ကန်ရနေတဲ့သူလား၊ လောကမှာ အမုန်းပွါးနေသူ၊ သူတပါကို မနာလိုစိတ်ကြီးသူ၊ လောဘကြီးသူ၊ ကိုယ့်ကိုယ် ကို အမြဲမှန်တယ်။ သူတော်ကောင်းလို့ထင်နေသူ၊ မာန်မာနကြီးသူ ၊ ဘဝင်မြင်သူ၊ ကိုခြင်းစာတရားမရှိသူ၊ ခွင်မလွတ်နိုင်သူ၊ နာလည်မှု့မပေးနိုင်သူ၊ နှိမ်ချမှူမရှိသူ၊ အမှားအမှန်ကို မခွဲးခြားနိုင်သူ၊ တနှာရာဂ ကြီးသူတွေဟာ မြင်လျှင်နဲကန်းနေကြတဲ့သူတွေပါ။ သင်ရော ဘယ်နေရာမှာ ကန်းနေလဲး ကိုယ့်ဘဝမှာ ဘယ်နေရာမှာ ဘယ်လိုကန်း နေလဲ ဆိုတောင် မသိတဲ့လူလား။ ကန်းနေတာကို သိအောင်အရင်လုပ်ပါ။ သိရင် အဲ့အမှောင်ဘဝကနေ လွတ်မြောက်ခြင်စိတ် ပြင်ပြလာအောင်မွေးမြုူပါ၊ ဘုရားစီမှာ ဆုတောင်းပါ။ သန့်ရှင်သောဝိညာဉ်တော် ဘုရားက သင့်ကို ချင်ခြင်းမေတ္တာ၊ သီးခံခြင်း၊ နားလည်ပေးခြင်း၊ ခွင်လွတ်ခြင်း၊ နှိမ်ချခြင်းတွေ ရဖို့အလင်းပေးမယ်။ အဲ့အရာတွေက သင့်ဘဝ လွတ်လပ်တဲ့ ပူလောသ်မှု့ကင်းတဲ့ အလင်းထဲးကို ခေါ်ဆောင်လမ်းပြပါ လိမ်မယ်။

Add new comment

4 + 4 =