Covid 19 ကြား ဝိညာဉ်ခွန်အား (ဒု - ရာဇဝင် ၂၀ : ၁ - ၁၂)

Covid 19 ကြား ဝိညာဉ်ခွန်အား (ဒု - ရာဇဝင် ၂၀ : ၁ - ၁၂)

Covid 19 ကြား ဝိညာဉ်ခွန်အား (ဒု - ရာဇဝင် ၂၀ : ၁ - ၁၂)
"""""'""""""""""""""""""""""""""""""""""
Fr. Camillus Suan SDB

လူ့သမိုင်းမှာတစ်ကမ္ဘာလုံးမကြုံဖူးမဆုံဖူးတဲ့ဒီကပ်ဆိုးကြောင့်ဘယ်မှသွားလို့မရကိုယ့်အိမ်ထဲမှာပဲနေနေရလို့ဒုက္ခရောက်တယ်အဆင်မပြေဘူးလို့ခံစားရပေမဲ့ခံသာတာကတော့ကိုယ်ချစ်တဲ့မိဘညီအစ်ကိုမောင်နှမတွေဆွေမျိုးမိတ်ဆွေတွေဖြစ်နေလို့တော်သေးတယ်။တကယ်လို့သေသွားပြီးငရဲများရောက်နေရင်ဘုရားကိုမချစ်တဲ့လူတွေကိုလဲမချစ်တဲ့လူဆိုးလူမိုက်တွေနဲ့ထာဝရနေရမှာလဲကြောက်စရာပင်။သင်္ခါရတရားတွေတွေ့ကြုံရင်ဆိုင်ရတဲ့အချိန်မှာထာဝရတရားတွေလဲတစ်ခါတစ်လေစဥ်းစားဘို့ကောင်းတယ်။

ဒါကြောင့်ဒီ Covid-19ကြားဝိညဥ်ခွန်အားရရှိနိုင်ဘို့ ရာဇဝင်ချုပ်ဒုတိယ ၂၀း၁-၁၂)ကိုအတူတကွထောက်ရှုသုံးသပ်ဘို့ရွေးချယ်ထားတယ်။
ဒီကျမ်းပိုဒ်မှာ(ဖြစ်နိုင်ရင်ဒီကျမ်းပိုက်ကိုကိုယ့်ဖတ်စေချင်တယ်)

ဘုရားရှင်သီးခြားရွေးချယ်ထားတဲ့လူမျိုး၊ဘုရားရဲ့လူမျိုးဂျူးတွေနဲ့သူတို့ရဲ့ဘုရင်ယောရှဖတ်ကိုရန်သူတွေဖြစ်တဲ့မောဘလူမျိုး၊အမ္မုန်လူမျိုး၊ဧဒုံလူမျိုးတွေကလာဝိုင်းတော့ကြောက်ကြတယ်။ကြောက်ကြတော့ဘာလုပ်ကြလဲ -

၁။ထာဝရဘုရားကိုဆုတောင်းမည်ဟုစုဝေး၍ထာဝရဘုရားကိုရှာလေ၏ (၄)
ကျွန်တော်တို့လည်းသူတို့လိုဒီလိုကပ်ဆိုးတွေ၊ဒုက္ခအခက်အခဲတွေရင်ဆိုင်တွေ့ကြုံတဲ့အချိန်မှာကြောက်တာနဲ့ပဲမပြီးသွားဘဲ၊ဘုရားမြတ်ရှင်ရဲ့မျက်နှာတော်ကိုရှာပြီး၊မိသားစုဘုရားစင်ရှေ့မှာဆုဝေးပြီး၊ဘုရားကိုပိုပြီးချဥ်းကပ်တဲ့၊ဘုရားနှင့်ပိုနည်းစေတဲ့အချိန်သမယအဖြစ်အသုံးပြုကြရအောင်။

ကမ္ဘာဦးကျမ်း ၂၈း၁၀-၂၂မှာယာကုပ် သူ့အစ်ကို ဧသောအသတ်ခံရမှာကြောက်လို့အိမ်ကနေထွက်ပြေးသွားလို့ညမိုးချုပ်တော့စားစရာလဲမရှိ၊တည်းခိုစရာလဲမရှိ၊သူ့နောက်ကအစ်ကိုဖြစ်သူကသတ်ဘို့လိုက်လာမှာလဲကြောက်၊ရှေ့မှာဘာတွေ့ကြုံရမလဲမသိဘဲဟင်းလင်းပြင်မှာကျောက်တစ်လုံးခေါင်းအုံးအဖြစ်အသုံးပြုလို့အိပ်နေတဲ့အချိန်မှာဘုရားရှင်နဲ့သူ့အိပ်မက်မှာတွေ့ဆုံစကားပြောလို့သူနဲ့ဘုရားနဲ့အနီးဆုံးအချိန်ဖြစ်နေသလိုဒီလိုဒုက္ခအခက်အခဲတွေရင်ဆိုင်ရတဲ့အချိန်ကကိုယ့်အတွက်ဘုရားနဲ့အနီးဆုံးအချိန်အဖြစ်အသုံးချရအောင်။

၂။ယောရှဖတ်သည်ဗိမ္မာန်တော်တံတိုင်းသစ်ရှေ့ပရိသတ်အလယ်၌ရပ်လျက်ဆုတောင်း၏(၅)
ဘုရင်ယောရှဖတ်ဟာသူ့နန်းတော်ကပလ္လင်ပေါ်ကနေဆုမတောင်းဘဲပရိသတ်နဲ့အတူဘုရားရဲ့ဗိမ္မာန်တော်ကိုချဥ်းကပ်လာတယ်။ဒီကိုရိုနာကပ်ဆိုးကြောင့်ဘုရားကျောင်းသွားလို့မရပေမဲ့ဘုရားရှိခိုးလို့မရတာမှမဟုတ်တာ။အိမ်တိုင်းမှာဘုရားစင်ရှိတယ်။မိသားဆုအတူတူချဥ်းကပ်ပြီးဘုရားစင်ရှိမှာရပ်ကြပြီးစိတ်မပူစေဘဲဒူးပူစေ၊နာစေပြီးအတူတူဒူးထောက်ဆုတောင်းရအောင်။

တစ်ဆက်ထဲမှာပဲဘုရားကျောင်းသွားလို့မရပေမဲ့ကယ်တင်ရှင်ယေဇူးခရစ်တော်ရှင်မိန့်ကြားခဲ့တဲ့စကား "ဟုတ်မှန်စွာကိုးကွယ်သူတို့သည်ခမည်းတော်ကိုစိတိဝိညာဥ်အားဖြင့်လည်းကောင်း၊သမ္မာတရားအားဖြင့်လည်းကောင်းကိုးကွယ်ဝတ်ပြုရမည့်အချိန်ကာလယခုပင်ရောက်လေပြီ(ရှင်ယောဟန် ၄း၂၃)ကိုပြန်လည်ကြားယောင်ပြီးဘုရားကိုမှန်မှန်ကန်ကန်ရှိခိုးကိုးကွယ်နိုင်ဘို့ကြိုးစားကြရအောင်။

ကျန်တစ်ဘက်မှာဘုရားကျောင်းကိုအမြဲတမ်းတက်တဲ့ဘာသာသူတစ်ချို့ကိုဒီကပ်ဆိုးအတွင်းမိမိအတွက်အထိအနာဆုံး၊ခံရအခက်ဆုံး၊အဆင်မပြေဆုံးအရာကဘာလဲလို့ဖုန်းနဲ့မေးကြည့်လိုက်တော့ ဘုရားကျောင်းမတက်ရတာ၊အခါတော်ရက်ကြီးတွေမှာကိုယ်တော်မြတ်မပင့်ရတာအနာဆုံးပါ။ကျန်တဲ့ဟာတွေကခံသာသေးတယ်လို့အားလုံးလိုလိုကဖြေကြားကြတယ်။သူတို့ဆက်ပြောတာကဒီကပ်ဆိုးကြီးကုန်သွားလို့၊ကျော်လွန်သွားလို့ပုံမှန်ဖြစ်သွားရင်တော့အရင်ကသိပ်ပြီးတန်ဘိုးမထားခဲ့တဲ့ဘုရားကျောင်းတက်တာနဲ့ကိုယ်တော်မြတ်ပင့်တာကိုတော့ပိုတန်ဘိုးထားမြတ်နိုးလာပြီးပတ်တိုင်းမပျက်မကွက်(တစ်ချို့နေ့တိုင်း)ကိုယ်တော်မြတ်ပင့်ဘို့စိတ်ဆုံးဖြတ်ထားတယ်လို့ပြောကြတယ်။

ဆာလံ ၈၄း၁-၂
ကောင်းကင်ဗိုလ်ခြေတို့၏အရှင်ထာဝရဘုရားသခင်၊ကိုယတော်စံပယ်တော်မူရာဌာနသည်မြတ်နိုးဘွယ်ကောင်းလှပါ၏။-ငါ၏ဝိညာဥ်သည်ထာဝရဘုရားသခင်၏နန်းတော်တို့ကိုမေ့မြောလုမတတ်တမ်းတပါ၏။
အထက်ကဖော်ပြခဲ့တဲ့ဘုရင်ကြီးယောရှဖတ်နှင့်ဆာလံရေးတဲ့စာဆိုတော်လိုဒီလိုဘုရားကျောင်းနဲ့ဝေးတဲ့အချိန်၊ကိုယ်တော်မြတ်ပင့်ယူလို့မရတဲ့အချိန်အခါမျိုးမှာဘုရားရှင်၏ဗိမ္မာန်တော်ဖြစ်တဲ့ဘုရားကျောင်းနဲ့ကိုယ်တော်မြတ်ဘုရားရှင်ကိုပိုမိုတောင်းတ၊တမ်းတပြီးပိုတန်ဘိုးထားမြတ်နိုးနိုင်ဘို့ကြိုးစားကြစို့။

၃။ဘုရင်ကြီးယောရှဖတ်၏ဆုတောင်းနည်း (၄)မျိုး

(၁) ဘိုးဘေးတို့၏အရှင်ထာဝရဘုရား၊ကိုယ်တော်သည်အဘယ်သူမျှမတားဆီးနိုင်အောင်ခွန်အား၊တန်ခိုးကြီးတော်မူသည်မဟုတ်လော (၆)။

ဒီလိုဒုက္ခအခက်အခဲတွေရင်ဆိုင်တွေ့ကြုံတဲ့အချိန်မှာဘုရင်ကြီးယောရှဖတ်လိုကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားဟာအရာရာအားလုံးတတ်စွမ်းနိုင်တဲ့ဘုရား၊အစွမ်းတန်ခိုးကြီးသောဘုရားဖြစ်တော်မူကြောင်းသူ့ရဲ့လက်ရုန်းတော်မကျသေးကြောင်းကိုသိမှတ်ဝန်ခံပြီးအားကိုးအားထားခြင်းနဲ့အပ်နှံဆုတောင်းရမယ်။
(၂)
ဤပြည်၌ နေဖူးသောသူတို့ကို ကိုယ်တော်၏လူ အီစ္စရာအဲလ်အမျိုးရှေ့မှ နှင်ထာတ်၍၊ ကိုယ်တော်အဆွေ အာဗြဟံ၏သားမြေးတို့အား၊ ဤပြည်ကို အစဥ်ပေးတော်မူသော အကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်တော်မူသည် မဟုတ်လော (၇)။

ဒီလိုဘဝအကျပ်ကြုံရတဲ့အချိန်မှာအခက်အခဲပြသာနာမှာပဲအာရုံစိုက်လို့ထွက်ပေါက်ရှင်မတွေ့ဘဲ ပျောက်သွားတာမျိုးlostမဖြစ်ဘဲ၊ကိုယ့်ဘဝတစ်လျှောက်မှာဘုရားမြတ်ရှင်သွန်းလောင်းပေးသနားတော်မူတဲ့၊ဘုရားရဲ့ကျေးဇူးတော်ကြောင့်ယခုအခြေအနေထိရပ်တည်နိုင်တဲ့စောင်မခြင်းကျေးဇူးတော်တွေကိုတစ်ခုပြီးတစ်ခုရေတွက်ပြီးကျေးဇူးတော်ချီးမွမ်းတတ်ရမယ်။

(၃)
အကျွနု်ပ်တို့အပေါ်မှာ ဓားဘေး၊ဒါဏ်ခတ်ခြင်းဘေး၊ကာလနာဘေး၊မွတ်သိပ်ခြင်းဘေးတစ်စုံတစ်ခုရောက်၍၊နာမတော်ဖြင့်သမုတ်သောဤအိမ်တော်၊ အထံတော်သို့ချဥ်းကပ်၍ ဆင်းရဲဒက္ခကြောင့်အော်ဟစ်ကြသောအခါ၊နားညောင်း၍ကယ်မတော်မူပါဟုလျှောက်ထားကြပါပြီ (၉)။

ဒီဆုတောင်းမေတ္တာဟာဆောလမွန်မင်းကြီးကဘုရားကျောင်းဗိမ္မာန်တော်တည်ဆောက်ပြီးနောက်အပ်နှင်းပြီးဘိသိက်ပေးတဲ့အချိန်မှာရွက်ဆိုတဲ့စကားကိုပြန်လည်အောက်မေ့သတိရလို့ဘုရားရှင်ဟာသူ့ရဲ့တည်မြဲတဲ့ကတိတော်ကြောင့်ဒုက္ခရောက်နေတဲ့သူ့ရဲ့လူမျိုးတော်ကိုကြည့်မနေပါဘူး၊ပစ်မထားပါဘူး၊ဘေးအန္တရာယ်အပေါင်းမှာကာကွယ်စောင့်ရှောက်နေမှာပါဆိုတဲ့လုံခြုံမှု၊ယုံကြည်စိတ်ချမှုကိုပေးတဲ့ဆုတောင်းမေတ္တာဖြစ်တယ်။ကျွန်တော်တို့လဲထိုနည်းတူဖြစ်ပါစေ။

(၄)
အိုအကျွနု်ပ်တို့၏ဘုရားသခင်၊ အကျွန်ုပ်တို့ကိုတိုက်အံ့သောဌာ လာသော ဤအလုံးအရင်းကြီးကိုအကျွနု်ပ်တို့သည်ဆီးတားခြင်းဌာ မတတ်နိုင်ပါ။ ကိုယ်တော်ကိုသာ မျှော်ကြည့်လျက် နေကြပါသည် (၁၂)။

ဘုရားရဲ့လူမျိုးတော်အစ္စရာအဲလ်လူမျိုးတွေလိုကျွန်တော်တို့တစ်ကမ္ဘာလုံးမှာရင်ဆိုင်နေရတဲ့ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးရဲ့ရန်ကိုကမ္ဘာပေါ်မှာနောက်ဆုံးပေါ်အကောင်းစစ်လက်နက်ပိုင်ဆိုင်ထားတဲ့အမေရိကန်နဲ့ဥရောပနိုင်ငံတွေကပါခုခံတိုက်ခိုက်လို့မနိုင်လောက်အောင်ဆိုးဆိုးဝါးဝါးသေကြေပျက်ဆီးမှုအများဆုံးဖြစ်နေတဲ့အချိန်မှာ ကိုယ့်အားနဲ့ကိုယ်မဟန့်တားမတားဆီးနိုင်၊မတွန်းလှန်မဖယ်ရှားနိုင်တဲ့အရာတွေနဲကြုံတွေ့တိုင်း ကိုယ်တော်ကိုသာမျှော်ကြည့်လျက်နေပါတယ်၊ကိုယ်တော်ကိုသာအားကိုးအားထားလျက်မျှော်ကြည့်ကြရအောင်။ဆာလံရေးတဲ့စာဆိုတော်ကလည်း ဒီလိုဆိုထားပါတယ် -
ဆာလံ ၃၄း၅-၆
ထာဝရဘုရားကိုမျှော်ကြည့်ကြလော့။အလင်းကိုရကြလိမ့်မည်။မျက်နှာရှက်ကြောက်ခြင်းနှင့်ကင်းလွတ်လိမ့်မည်။ဤဆင်းရဲသောသူ၏အော်ဟစ်ခြင်းအသံကိုထာဝရဘုရားသည်နားထောင်၍ခပ်သိမ်းသောဆင်းရဲခြင်းကကယ်လွှတ်တော်မူ၏။

ဒါကြောင့်ဒီလိုကပ်ဆိုး၊ဘေးဥပဒ်၊ဒုက္ခအခက်အခဲတွေနဲ့ရင်ရင်ရတဲ့အချိန်မှာထာဝရဘုရားရှင်ကိုပဲမျက်ခြည်မပြတ်မျှော်လင့်ကိုးစားကြပါစို့လို့အားပေးတိုက်တွန်းနိုးဆော်အပ်ပါတယ်။ဖတ်ရှုသူအပေါင်းဘုရားမြတ်ရှင်ကောင်းချီးပေးပါစေ။အာမင်။

Fr. Camillus Suan SDB

(Rev. Dr. JM Pau Pu ရဲ့ Nang Mah Bek Kong Mitsuan Uh Hi ကို အခြေခံပြီး ဆီလျော်အောင် သုံးသပ်ထားခြင်းဖြစ်ပါသည်။)

 

Add new comment

13 + 6 =