၅။ *#Apologists #အသင်းတော်ယုံကြည်ခြင်းကိုကာကွယ်သူများအကြောင်း*

၅။ *#Apologists #အသင်းတော်ယုံကြည်ခြင်းကိုကာကွယ်သူများအကြောင်း*

အသင်းတော် ယုံကြည်ခြင်းကို ကာကွယ်ပြောဆိုသူ၊ ရေးသားသူများ Apologistsအေဒီ ၁၂၀ မှ အေဒီ ၂၂၀ ကြား အတွင်း အောက်ဖော်ပြပါ သတ်မှတ်ချက် ပြည့်မှီသည့် ခရစ်ယာန် စာရေးသူများကို Apologists ယုံကြည်ခြင်းအား ကာကွယ်ရေးသားသူများ Apologists ဟု ခေါ်ဆိုခဲ့သည်။ ထို Apologists များသည် ခရစ်ယာန် မဟုတ်သည့် နတ်ကိုးကွယ်သူများ အထူးသဖြင့် ခရစ်ယာန် မဟုတ်သည့် ရောမ အင်ပါယာပြည့်ရှင်နှင့် အုပ်ချုပ်ရေးမှူးများသို့ ခရစ်ယာန် ယုံကြည်ခြင်း အကြောင်းအား ကျိုးကြောင်းဆီလျော်စွာ ရှင်းပြခြင်း၊ မှားယွင်းသော စွပ်စွဲချက်များအား စနစ်တကျ ခုခံချေပပေးခြင်း စသည့် လုပ်ငန်းတာဝန်များအား မိမိကိုယ်ကို ထမ်းဆောင်ရယူကြသူများ ဖြစ်ကြသည်။

ကာကွယ်ရေးသားသူများ Apologists များ၏ လုပ်ငန်းတာဝန် ရည်မှန်းချက်မှာ ခရစ်ယာန် ဘာသာ ယုံကြည်ခြင်း ဟူသည်မှာ အဘယ်နည်း ဟူသည်ကို ကြားသိစေရန်နှင့် ခရစ်ယာန် အသင်းတော် ယုံကြည်ခြင်းများအား မတရားစွပ်စွဲချက်များ၊ ကောလဟာလများအား ခရစ်ယာန် ယုံကြည်ခြင်းဆိုင်ရာ သွန်သင်ချက်များနှင့် အလေ့အထ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းချပြခြင်းအားဖြင့် ချေပဖြေရှင်းရန် ဖြစ်သည်။ ခရစ်ယာန် ယုံကြည်ခြင်း ဟူသည်မှာ နိုင်ငံရေးအရ ဘေးဥပါဒ်ကင်းကြောင်း၊ နတ်ကိုးကွယ်သည့် ဘာသာများ Paganism ထက် နီတိရေးရာ အရကော၊ ယဉ်ကျေးမှုရေးရာ အရပါ သာလွန်ကြောင်း ကာကွယ်ရေးသားသူများ Apologists က သွန်သင်ရှင်းပြခဲ့သည်။

ကာကွယ်ရေးသားသူများ Apologists အစုအဝေးတွင် စိန့် ဂျက်စတင်း ဓမ္မအာဇာနည် St. Justin Martyr (မွေး - အေဒီ ၁၀၀ ခုနှစ်၊ ကွယ်လွန် ၁၈၅ ခုနှစ်)၊ တားရှန်း Tatian (ဒုတိယ ရာစု အလယ်) နှင့် တာတူလိန်း Tertullian (မွေး - ၁၆၀ ခုနှစ်၊ ကွယ်လွန် ၂၂၅ ခုနှစ်) တို့သည် အထင်ကရ ဖြစ်သည်။ ထိုရာစုနှစ် ကာလများတွင် ရောမ အင်ပါယာရှိ ပညာတတ် အသိုင်းအဝန်းသည် ခရစ်ယာန်များ စတင် ဖြစ်လာသည့် နှစ်ကာလများဟုလည်း ဆိုနိုင်ပေသည်။ စိန့် ဂျက်စတင်း ဓမ္မအာဇာနည် Justin Martyr သည် ကာကွယ်ရေးသားသူများ Apologists ထဲတွင် အထက်မြက်ဆုံးသူဟု ဆိုနိုင်ပေသည်။

ဂျက်စတင်းသည် ယခင်က နတ်ကိုးကွယ်သူ Pagan ဖြစ်ခဲ့ပြီး အေဒီ ၁၃၀ ခုနှစ်ဝန်းကျင်တွင် ခရစ်ယာန် ဖြစ်လာခဲ့သည်။ စိန့် ဂျက်စတင်းသည် အေဒီ ၁၃၈ ခုနှစ်မှ အေဒီ ၁၆၁ ခုနှစ်ကြား နန်းတတက်ခဲ့သော ရောမ အင်ပါယာပြည့်ရှင် Emperor Antoninus အန်တိုးနီးနပ်စ် နှင့် မွေးစားသား နှစ်ဦးထံသို့ ခရစ်ယာန် ယုံကြည်ခြင်း အကြောင်း ကာကွယ်ရှင်းလင်း ရေးသားသော “First Apologia” ဟူသည့် ပထမဆုံး Apologist စာအုပ်ကို ပေးပို့ခဲ့သည်။ ထိုစာအုပ်အားဖြင့် စိန့်ဂျက်စတင်းသည် ခရစ်ယာန် ယုံကြည်ခြင်းနှင့် ဆင်ခြင်တုံတရား (Faith and Reason) အား ချိတ်ဆက်ရေးသားရန် ကြိုးပမ်းသည့် ပထမဦးဆုံး ခရစ်ယာန် တွေးခေါ်ပညာရှင် အဖြစ် သတ်မှတ်ခြင်း ခံရသည်။ အမှန်တရား လမ်းကြောင်း အချို့သည် နတ်ကိုးကွယ်သည့် ဘာသာ၏ တွေးခေါ်မှု Pagan philosophy တွင် ရှာတွေ့ နိုင်သော်လည်း ခရစ်ယာန် ဘာသာတရား တစ်ခုတည်း၌သာ ကျိုးကြောင်းဆီလျော်သော ယုံကြည်ရာ အချုပ် Rational Creed ရှိသည်ဟု စိန့် ဂျက်စတင်းက သွန်သင်ရေးသားလေ့ရှိခဲ့သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော် (Word of God/ Logos) ဖြစ်သော ယေဇူးသခင်သည် လူ့အဖြစ်ကို ယူတော်မူကာ လူသားအပေါင်းအား ကယ်တင်ခြင်း ပေးရန် ကြွလာတော်မူသည်ဟု စိန့် ဂျက်စတင်းက သွန်သင်ခဲ့သည်။ ခရစ်ယာန်များသည် ကိုယ်တော်မြတ် အခမ်းအနားတွင် လူ့သွေးသား သောက်သုံးနေသည်၊ လိင်ဆက်ဆံသည် ဟူသည့် နီတိမရှိသော ကျင့်ဝတ်များ Immorality ကျင့်ဆောင်နေသည် ဟူသည့် အခြေအမြစ်မရှိ စွပ်စွဲချက်များကိုလည်း စိန့်ဂျက်စတင်းက တုံ့ပြန်ရေးသားခဲ့သည်။ စိန့်ဂျက်စတင်း၏ ရေးသားချက် နောက်ဆုံး အပိုင်းများတွင် အသင်းတော်၏ ဆေးကြောခြင်း စက္ကရမင်တူ အခမ်းအနားနှင့် ကိုယ်တော်မြတ် အခမ်းအနား ဆိုင်ရာ ယုံကြည်ချက်များအား ရှင်းလင်း ရေးသားခဲ့သည်။ စိန့်ဂျက်စတင်း၏ ဒုတိယ စာအုပ်တွဲ Second Apologia တွင် ခရစ်ယာန်များအပေါ် မဟုတ်မမှန် စွပ်စွဲချက်များအား အဓိက ချေပရေးသားခဲ့သည်။

ရေးသားသူ မွန်ဆီညော် လောရန့်စ် J. Spiteri

ဘာသာပြန်သူ Lawrence Jangma Mung Song

Add new comment

9 + 8 =