(၂၁) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားစ်လ်ဘို၏ ဩဝါဒ၊

(၂၁) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားစ်လ်ဘို၏ ဩဝါဒ၊

"ယေဇူးခရစ်တော်၌ နှစ်သိမ့်မှုပေးသော ထာ၀ရနှုတ်ကပတ်တော်ရှိသည်။

စိန်ခေါ်မှုကာလတွင် အချင်းချင်းအားပေး နှစ်သိမ့်ခြင်းဖြင့် သူ့၏အသံကို နားထောင်ကြစို့။"

(၂၁) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့

ပထမကျမ်း။ ။ ယောရှုမှတ်စာ ၂၄း ၁-၂က၊ ၁၅-၁၇၊ ၁၈က - ယောရှုနှင့် လူအပေါင်းတို့သည် ဘုရားသခင်ကို အစေခံမည်ဟု ကြွေးကြော်ကြသည်။

ဆာလံ။ ။ ၃၄း၂-၃၊ ၁၆-၁၇၊ ၁၈-၁၉၊ ၂၀-၂၁ - ထာ၀ရဘုရားသည် ဖြောင့်မတ်သောသူတို့၏ အော်ဟစ်သံကို နားညောင်း တော်မူသည်။

ဒုတိယကျမ်း။ ။ ဧဖက် ၅း၂၁-၃၂ - ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသည်နည်းတူ ခင်ပွန်းနှင့် ဇနီးတို့သည် အချင်းချင်း ချစ်ကြလော။

ဧဝံဂေလိကျမ်း။ ။ ယောဟန် ၆း၆၀-၆၉ - ယေဇူးခရစ်တော်၌ အသက်နှင့်ဆိုင်သော စကားရှိသည်ကို စီမွန်ပေတရုက ယုံကြည်ဝန်ခံသည်။

ခရစ်တော်၌ ချစ်ခင်လေးစားရသော ညီအစ်ကို မောင်နှမ၊ သားသမီးအပေါင်းတို့-

ထာ၀ရအသက်နှင့် ဆိုင်သော စကားကို ပိုင်ဆိုင်ထားသော ခရစ်တော်ဘုရားရှင်ရဲ့ ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ပျော်ရွှင်ခြင်းများ သင်တို့နှင့်အတူ ရှိပါစေ။ သူရဲ့ နှစ်သိမ့်အားပေးမှုတွေ သင်တို့ရဲ့ နှလုံးသားထဲမှာ၊ အချင်းချင်း ကူညီဖေးမမှုတွေ အကြားမှာ၊ တိုင်းပြည့်ရဲ့ နေရာအနံ့မှာ၊ ဖြစ်ပျက်လာမယ့် ဘ၀တွေထဲမှာ ပဲ့တင်ထပ်နိုင်ပါစေ။ အသက်နှင့်ဆိုင်သော သူ့စကားတွေအားဖြင့် အနာတရဖြစ်နေတဲ့ ဝိညာဉ်တွေအတွက် နှစ်သိမ့်မှုနဲ့ ကုသခြင်းတွေ ခံယူကြစို့။ ခက်ခဲတဲ့ အချိန်ကာလမှာ ကျွန်ုပ်တို့ကို ကောင်းသောသိုးထိန်းက အဖော်ပြု၊ လမ်းညွန်ပေးဖို့ ဆက်လက်ဆုတောင်းကြပါစို့။

ကိုဗစ်ကပ်ရောဂါ ဆိုးကျိုးတွေ ဖြေးဖြေးလျော့နည်းလာမှုအတွက် ကျေးဇူးတင်ကြရပါမယ်။ ဒါပေမယ့် လုပ်ဆောင်မှုတွေ လျော့ချဖို့ မဟုတ်သေးပါ။ များစွာသော တခြားမကောင်းဆိုးဝါးတွေကို အတူတကွဖြေရှင်း ကြရဖို့ ရှိပါသေးတယ်။

လူသားချင်း စာနာထောက်ထားမှု၊ ကျန်းမာရေးအတွက် ကူညီထောက်ပံ့မှုတွေ၊ ရှေ့တန်းက လုပ်ဆောင် ကူညီနေသူတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု စင်တာတွေမှာ စေတနာ့ဝန်ထမ်းတွေကို ကျေးဇူးအထူး တင်ကြရပါတယ်။ မြန်မာပြည်သူများဟာ ရက်ရောပေးကမ်းမှုကို အကောင်းဆုံး လက်တွေ့သက်သေ ပြနေကြပါတယ်။ အတိဒုက္ခရောက်နေသူတွေဆီကို အထိရောက်ဆုံး ကူညီနေတာတွေ တွေ့ရပါတယ်။ စီးပွားရေး အဖွဲ့စည်းပေါင်းများစွာကလည်း ကိုယ်တက်နိုင်တဲ့ဖက်က ကျန်းမာရေး စောင့်ရှောင်ရေး စင်တာများကို ဖွင့်လှစ်ကြပါတယ်။ ဘုရားသခင်က သူတို့ကို အဆပေါင်းများစွာ ကောင်းကြီး ပြန်ပေးမှာပါ။

ကိုဗစ်ကြောင့် သေဆုံးကြရတဲ့ ပြည်သူ ၁၃၀၀၀ တို့ကို အောက်မေ့သတိရကြပါတယ်။ သူတို့ထဲမှာ- အယောက်တစ်ရာကျော်က စာရေးဆရာများ၊ အနုပညာရှင်များ၊ တီထွင်ဖန်တီးရှင်များ ဖြစ်ပါတယ်။ တိုင်းပြည်ဟာ ပိုမိုဆင်းရဲလာတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အချိန်မတိုင်ခင် သေဆုံးမှု တွေကြောင့်ပဲ ဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့် အတိဒုက္ခရောက်နေတဲ့ မိသားစုဝင် ၃၆၀၀၀၀ တွေကို ကူညီပံ့ပိုး နေကြတယ်။ ဒီကပ်ရောဂါဆိုးကြီး အဆုံးသတ်သွားဖို့ နဲ့ ကျွန်ုပ်တို့ ပြည်သူတွေ စိန်ခေါ်မှု များစွာကနေ လွတ်မြောက်ဖို့ ဘုရားသခင်ထံ ကျွန်ုပ်တို့ ဒူးထောက်ပြီး ကုသခြင်းတွေပေးပါလို့ ဆုတောင်းကြပါတယ်။

ဒီနေ့ဖက်ရှုရတဲ့ ကျမ်းစာတွေရဲ့ အဓိက ဆိုလိုရင်းကတော့- ဘုရားသခင်က ကျွန်ုပ်တို့ကို ဘယ်တော့မှ ပစ်မထားပါ။ ဘုရားသခင်အပေါ် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ပြသနေကြပါသလား။ ဒီမေးခွန်းကိုဖြေဖို့ ခက်ပါတယ်။ အထူးသဖြင့် မြန်မာပြည်သူတွေအတွက် ပိုခက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ခုနှစ်လအတွင်း သက်သေပြစရာ လက္ခဏာတွေ မတွေ့ခဲ့ရပါ။ စိန်ခေါ်မှုတွေ ရောက်လာတဲ့အခါ၊ ဘုရားအပေါ် ယုံကြည့်ခြင်း ပျောက်ဆုံးနေပါသလား။ ဒီမေးခွန်းကို ပထမကျမ်းစာထဲက ယောရှုက ရင်ဆိုင်ရပါတယ်။ မိုးဇက်သေပြီးနောက် အီဇရာအဲလ်လူမျိုးတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ယောရှုက ကာနန်ပြည်ကို အောင်နိုင်ခဲ့ပြီး မျိုးနွယ်စု ၁၂ မျိုးကို ခွဲဝေပေးပါတယ်။ သူ့လူတွေက ဘုရားအပေါ် ကျေးဇူးသိတက်ကြမယ်လို့ မျှော်လင့်ခဲ့ပါတယ်။

စစ်မှန်တဲ့ဘုရားကို ကိုးကွယ်ဝတ်ပြုမည့်အစား ရုပ်တုဆင်တုတွေကို ကိုးကွယ်လာကြတဲ့ လူထုကြီးကို ယောရှုက ထိပ်တိုက် ရင်ဆိုင်ရပါတယ်။ မိုးဇက်ကိုယ်တိုင် ထိုစိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ ဘုရားသခင်က အံ့ဩဖွယ်ရာများ ပြုလုပ်ပေးခဲ့ပေမယ့် လူတွေက ဆင်တုရုပ်တုတွေ၊ ရွှေချထားတဲ့ နွားရုပ် တွေကို ကိုးကွယ်ကြပါတယ်။

ဓမ္မဟောင်းကျမ်းထဲမှာ ယာဝေဘုရားက အီဇရာအဲလ်လူမျိုးကို စံနမူကောင်း ဖြစ်စေဖို့ ရွေးချယ်ခဲ့တယ်။ ဆင်တုရုပ်တုတွေ ကိုးကွယ်ဖို့မဟုတ်ပါ။ ကျမ်းစာက လူတွေဟာ ဘုရားသခင်ရဲ့ သတင်းကောင်းတွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ ဝေဖန်ထောက်ပြတယ်။ အကျင့်သီလ ပါတဲ့အသက်ရှင်မှု၊ တစ်ပါးသူအတွက် စဉ်းစားပေးတဲ့ အသက်ရှင်မှု၊ အထူးသဖြင့် မရှိဆင်းရဲသားတွေနဲ့ မုဆိုးမများအတွက် စာနာတက်မှုတွေကို ဘုရားက အလိုရှိပါတယ်။ ဘုရားရဲ့ ရွှေပုံသဏ္ဍန်နဲ့တူအောင် ဖန်ဆင်ထားတဲ့ လူသားတွေမို့ အားလုံးကို လေးစားဖို့ လိုပါတယ်။ စံနမူကောင်း ဖြစ်ဖို့ ခေါ်ဆိုရွေးချယ်တယ်ဆိုတာ ဒီအချက်ပဲဖြစ်ပါတယ်။ ပျင်းရိတဲ့ လူတွေဟာ အသက်ရှင်ဖို့ မရွေးချယ်ပဲ၊ ဆင်တုရုပ်တုကို ကိုးကွယ်ခြင်းအားဖြင့် သေခြင်းကို ကိုးကွယ်ကြပါတယ်။ စံပြအဖြစ် နေထိုင်မလား၊ ဆင်တုတွေ ကိုးကွယ်မလားဆိုတာ ဆိုတဲ့အကြား ဗျာများစရာဖြစ်လာပါတယ်။ စံပြဖြစ်ဖို့ဆိုတာ စိန်ခေါ်မှုတွေရှိပြီး အတ္တကြီးတဲ့ လူသားတွေကို တစ်ပါးသူအတွက် ဦးစားပေး စဉ်းစားတက်ဖို့၊ အများအကျိုးအတွက် စဉ်းစားတက်ဖို့ တွန်းပို့ပေးပါတယ်။

ကျမ်းစာက အခြေခံတောင်းဆိုထားတဲ့ အချက်တွေကို ဘုရားရွေးချယ်ထားတဲ့ လူမျိုးတွေက ပျက်ပြားစေခဲ့ပါတယ်။ ရုပ်၀တ္ထုကို ကိုးကွယ်ခြင်းက ပိုမိုလွယ်ကူပါတယ်။ ရုပ်တုဆင်တု ကိုးကွယ်ခြင်းဆိုတာ တောင်းဆိုခြင်း၊ ကတိကဝတ်ပြုခြင်း များများစားစားမရှိပါဘူး။

ကျွန်ုပ်တို့တိုင်းပြည်မှာ ဆင်တုရုပ်တုကို ကိုးကွယ်တဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ကျွန်ုပ်တို့ တိုင်းပြည်ဟာ ငြိမ်းချမ်းခြင်းတွေနဲ့ တိုးတက်ကြီးပွားဖို့ မွေးဖွားခဲ့ပါတယ်။ အာဏာရှိ လူတစ်ချို့က စံပြဖြစ်ရမည့် အခြေအနေတွေကို မှေးမိန် ပျက်ပြားစေပါတယ်။ သူတို့ကိုယ်ပိုင် ဆင်တု (ဘုရား)များ ဖြစ်တဲ့ အာဏာ၊ ပိုင်ဆိုင်မှု၊ အဆမတန် ကြွယ်၀ချမ်းသာမှု၊ မတရားသော စီးပွားရေးနည်းလမ်းများ၊ သဘာ၀ပတ်ဝန်းကျင်ကို ဖျက်စီးခြင်းတွေ ကို ဖန်တီးပြပါတယ်။ ရုပ်၀တ္ထုတွေကို ကိုးကွယ်ခြင်းက မေတ္တာနဲ့ကရုဏာတွေကို ဝါးမြိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စု ၇ ခု ကတည်းက ရုပ်၀တ္ထုကိုးကွယ်သူတွေက ငြိမ်းချမ်း၊ ၀ပြော တိုးတက်နေတဲ့ ကျွန်ုပ်တို့ တိုင်းပြည်ရဲ့ စံနမူကောင်းတွေကို ခိုးယူသိမ်းပိုက်ခဲ့ကြပါတယ်။ အိမ်မက်တွေဟာ လေထဲ မျောပါသွားခဲ့ပါတယ်။

ယောရှုရင်ဆိုင်ရတဲ့ စိန်ခေါ်မှုမျိုးကို ကျွန်ုပ်တို့ တိုင်းပြည်ကလည်း ရင်ဆိုင်နေရပါတယ်။ ကျွန်ုပ်တို့ တိုင်းပြည်ဟာ အာဏာကို ကိုးကွယ်ခြင်း၊ ဂုဏ်ဒြပ်တွေမက်ခြင်း၊ မတရားချမ်းသာခြင်း ကိုးကွယ်မှုတွေကို ကျော်လွှာနိုင်ပါ့မလား။ ဘုရားသခင်ကို ကိုးကွယ် အစေခံပါ့မယ်လို့ ယောရှုကို လူတွေက ကတိပေးပါတယ်။

ဓမ္မဟောင်းကာလမှာ အာဏာဆိုတာ ဘုရားသခင်ဆီက လာတယ်လို့ လုံးလုံးလျားလျား ယုံကြည်ထားကြပါတယ်။ ပရောဖက် ဟေရှာယ ပြောထားပါတယ်- “အကြောင်းမူကား၊ ငါတို့အဖို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်ကာ အံ့​ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာ၀ရအဖ၊ ငြိမ်သက်ခြင်း အရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်း ကို ခံတော်မူ လိမ့်မည်“ (ဟေရှာယ အနာကတ္တိကျမ်း ၉း၆)။

အုပ်စိုးခြင်းဆိုတာ ဘာအတွက်လဲ- သမ္မကျမ်းစာအရ အုပ်စိုးခြင်းဆိုတာ အစေခံခြင်းပဲ ဖြစ်ပါတယ်။

“ကိုယ်တော်သည် ဘုရားအဖြစ်တော်၌ ရှိသော်လည်း ဘုရားသခင်နှင့် တန်းတူညီတူအဖြစ် ကို ရယူအပ်သည်ဟု ထင်မှတ်ခြင်းမရှိဘဲ၊ မိမိ၌ ရှိသမျှကို စွန့်လွှတ်ပြီးလျှင် အစေခံဘ၀ကို ယူ၍ လူတို့၏ ပုံသဏ္ဍန်အတိုင်း မွေးဖွားခြင်းကို ခံတော်မူ၏“ (ဖိလိပ္ပိဘြဝါဒဟာ ၂း၆-၇)။

အစိုးရတိုင်းက ဘုရားဆီက လာတဲ့ အာဏာစက်လို့ မခံယူတက်သရွေ့တော့ ပြည်သူတွေကို အစေခံခြင်းဆိုတဲ့ သဘောသဘာ၀ကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ လုပ်သမျှက သမ္မာကျမ်းစာက ရှုပ်ချတဲ့ ရုပ်၀တ္ထုကိုးကွယ်ခြင်းတွေ ပဲဖြစ်နေမှာပါ။ စစ်မှန်တဲ့ အာဏာဆိုတာ “ပြည်သူတွေကို အစေခံခြင်း“ လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က မကြာခဏ ပြောပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေအပေါ် မတရား အာဏာ သုံးခြင်းမဟုတ်ပါ။

အစေခံခြင်းက ဆင်းသက်လာတဲ့ တရားသော အုပ်စိုးခြင်းဆိုတာ ဘာနဲ့တူမလဲ။ ဒုတိယကျမ်းစာထဲမှာ စိန်ပေါလ်က ရှင်းလင်းစွာ ပြောထားပါတယ်။ အစိုးရနဲ့ ပြည်သူတွေဆိုတာ မိသားစုနဲ့တူပါတယ်။ အထက်စီးက အုပ်ချုပ်တဲ့ အာဏာမျိုး မဟုတ်ပါ။ ရင်းနှီးဆက်ဆံရေးတွေတိုင်းမှာ အားဖြစ်စေတဲ့အရာတွေ ဖြစ်ပါတယ်။ မိသားစုတိုင်းမှာ အသင်းတော်အပေါ် ခရစ်တော်က ထားတဲ့ မေတ္တာတရားကဲ့သို့ မေတ္တာတရားနဲ့ ပေါင်းစည်းထားတဲ့ အရာတွေရှိပါတယ်။ စိန်ပေါလ်ပြောသလို ကောင်းသော လက်ထပ်ထိပ်မြားခြင်းဆိုတာ မေတ္တာတရား ပေါင်းစည်းခြင်းပဲဖြစ်ပါတယ်။ ကမ္ဘာဦးကျမ်းကို ကိုးကားပြီး ပြောတာကတော့- လက်ထပ်ထိပ်မြားခြင်း ဆိုတာ- လူနှစ်ဦးက တစ်ဦးတည်းဖြစ်လာပြီး၊ မျက်လုံးနှစ်လုံးက အမြင်တစ်ခုတည်းကို မြင်ခြင်းပဲ ဖြစ်ပါတယ်။

အင်မတန်ရှင်းလင်းတဲ့ ပုံဥပမာဖြစ်ပါတယ်။ အစိုးရတိုင်းအတွက်၊ တရားမျှတတဲ့ တိုင်းပြည်အတွက်၊ အစိုးရဆိုတာ ပြည်သူအထက်မှာ မရှိပါဘူး။ အစိုးရဆိုတာ မျက်လုံးတစ်လုံး၊ ပြည်သူက နောက် မျက်လုံးတစ်လုံး ဖြစ်ပါတယ်။ တစ်ခုတည်းကိုမြင်တဲ့ မျက်လုံးတစ်စုံပဲ ဖြစ်ပါတယ်။ တိုင်းပြည်ဆိုတာ တရားမျှတခြင်းအပေါ် တည်ဆောက်ရပါမယ်။ ကျန်တာ ရုပ်၀တ္ထုတွေသာ ဖြစ်ပါတယ်။ ရုပ်တုဆင်တုကိုးကွယ်မှုကြောင့် အီစရာအဲလ် လူမျိုးတွေဟာ အမှောင်ထုထဲ ကျရောက်ခဲ့ပါတယ်။

ဧဝံဂေလိကျမ်းစာက ယောရှုရဲ့အဖြစ်ပျက်တွေကို ပြန်ပြောပြ နေပါတယ်။ မိုးဇက်မသေခင်က ယောရှုကို သူ့ကို ဆက်ခံသူအဖြစ် တာဝန်ပေးခဲ့ပါတယ်။ ယောရှု ပရောဖက်ဖြစ်လာတာ သူ့အခွင့်အရေး ဖြစ်ပါတယ်။ အီစရာအဲလ်လူမျိုးကို အောင်နိုင်သူလူမျိုးအဖြစ် ကာနန်ပြည်ထဲ ဦးစီး ခေါ်ဆောင် နိုင်ခဲ့ပါတယ်။ ယောရှုကြုံတွေ့ခဲ့ရတဲ့ အဖြစ်မျိုးကို ခရစ်တော်သခင် ကြုံတွေ့ရပါတယ်။ သူသေရတော့မယ် ဆိုတာကို သိလိုက်ချိန်မှာ ယုံကြည်စိတ်ချမှုကို နှောက်ယှက်တဲ့ အဖြစ်မျိုးကို ခရစ်တော် ကြုံရပါတယ်။ ခမ်းနားတဲ့ ပဋိညာဉ်ပြုခြင်းကို ပြန်လည် ပြုလုပ်ဖို့ ယောရှုက လူစုံအစည်းဝေးကို ဆင့်ခေါ်ခဲ့ပါတယ်။

ဒီအတွက် ယောရှု ဒုက္ခနဲ့ ကြုံရပါတယ်။ ဂျူးလူမျိုးတွေမှာ နယ်မြေရှိလာတော့၊ တခြားလူမျိုးတွေကြား နေထိုင်ဖို့ စတင်ဖြစ်လာ ပါတယ်။ ယာဝေဘုရားအပေါ် သစ္စာစောင့်တည် နိုင်ကြပါ့မလား။ ဒါမှမဟုတ် အတုအယောင် ဘုရားတွေကို ကိုးကွယ်ခြင်းဖြစ် ဘုရားအပေါ် သစ္စာတရားကို ပျက်ကွက်ကြမလား။ တခြားလူမျိုးတွေ ကိုးကွယ်တဲ့ ဘုရားတွေကို ရွေးချယ်ကြမလား ဒါမှမဟုတ် စစ်မှန်တဲ့ ဘုရားကို အစေခံ ကိုးကွယ်ကြ မလားလို့ ရွေးချယ်ရတဲ့အခါ- လူတွေက “စစ်မှန်တဲ့ဘုရားကို အစေခံ ကိုးကွယ်ပါ့မယ့်” လို့ ပြောကြပါတယ်။

ဧဝံဂေလိကျမ်းစာထဲမှာ အထက်ကအဖြစ်ပျက်မျိုး တွေ့ရပါတယ်။ ပြီးခဲ့တဲ့ သုံးပတ်က ခရစ်တော်ပြောတဲ့ “မုန့်တော်” အကြောင်းတွေကို ကြားနာ ခဲ့ကြပါတယ်။ အစာရေဆာငတ်တဲ့ လူထုကို ကျွေးမွေးခဲ့တယ်။ “ငါသည် ကောင်းကင်မှ ဆင်းသက်လာသည့် အသက်ရှိသော မုန့်ဖြစ်၏” (ယောဟန် ၆း၅၁) လို့ အခိုင်အမာပြောခဲ့တယ်။ ခရစ်တော်က အသက်ရှင်သော ဘုရားအကြောင်း ဟောပြောခဲ့တယ်။ သူ့စကားတော်အတိုင်း လူသားတွေအကြားမှာ နေထိုင်အသက်ရှင်ခဲ့တယ်။ သူ့တပည့်တော်ကြီးများ နဲ့ ကျွန်ုပ်တို့အားလုံး “အသက်ရှင်သောမုန့်တော်” နောက် လိုက်ကြပါသလား။

ဒီနေရာမှာ စိန်ခေါ်မှုများရှိနေပါတယ်။ ကျွန်ုပ်တို့ တစ်ဦးစီတစ်ဦးစီဟာ အတ္တဆန်တဲ့ အနေအထားမှာ မွေးဖွားခဲ့ကြပါတယ်။ အတ္တစိတ်ဓာတ်၊ အတ္တလူသား၊ တစ်ကိုယ်ရည်ကောင်းစားရေး စိတ်ဓာတ်တွေဟာ မိမိကိုယ်ကို အထီးကျန်ဆန်စေသလို တစ်ပါးသူတွေကိုလည်း အခက်တွေ့စေပါတယ်။ ကျွန်ုပ်တို့ အသိုင်းအဝိုင်းမှာ ဖြစ်ပျက်နေတာတွေကို တွေ့မြင်နေရပါတယ်။

ဆာလံကျမ်းရေးသူဆုတောင်းသည်မှာ- “အိုဘုရားသခင်၊ အကျွန်ုပ်၌ ဖြူစင်သော နှလုံးသားကို ဖန်ဆင်းတော်မူပါ။ ခိုင်မာသော စိတ်ဓာတ်သစ်ကို အကျွန်ပ်၌ ထည့်သွင်းပေးတော်မူပါ” (ဆာလံ ၅၁း၁၀)။

ဝိညာဉ်ရေးနဲ့ ပြည့်စုံသူတွေက ဖြူစင်တဲ့ နှလုံးသားတစ်စုံ ပိုင်ဆိုင်ခွင့်ရဖို့ ဆန္ဒအပြည့်နဲ့ ကြွေးကြော်နေကြတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ရဲ့ နှလုံးသားတွေကို ဖန်ဆင်းပေးတဲ့ အရှင်ကို ကျွန်ုပ်တို့အထဲမှာ ကိန်းအောင်းဖို့ မိမိကိုယ်တိုင်က ခွင့်ပြုမှသာလျှင် ဖြူစင်တဲ့ နှလုံးသားကို ရရှိမှာပါ။ ကျွန်ုပ်တို့ ရဲ့မွေးရာပါ တစ်ကိုယ်ကောင်းဆန်မှုတွေကို ဖယ်ရှားပေးမယ့် အရှင်သခင်ကို အမှန်တကယ် ကိန်းအောင်းခွင့် ပြုရပါမယ်။

လူတစ်ယောက်ရဲ့ နှလုံးသားကို ဘုရားသခင်က ဘယ်လို စင်ကြယ်စေတာလဲ။ အပြင်ပန်း ဖိအားကိုသုံးပြီး စင်ကြယ်စေပါတယ်။ ဒီဖိအားတွေက ကျွန်ပ်တို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကို သတိပြုမိ လာစေပါတယ်။ ကျွန်ုပ်တို့ရဲ့ တစ်ကိုယ်ကောင်း ဆန်မှုတွေကို ကောင်းကင်ကမုန့်တော်ဖြစ်တဲ့ နှုတ်ကပါတ်တော် အားဖြင့် သန့်စင်ကြရအောင်။

ဘဝဟာ စုံစမ်းခြင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီစုံစမ်းခြင်းတွေကို ကျွန်ုပ်တို့ရဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းကပဲ ဖြစ်ပေါ်စေတာပါ။ သတ္ထုကနေ အရည်ဖြစ်ဖို့ တန်ဖိုးကြီးလှတဲ့ ရွှေ၊ ငွေသတ္ထုတွေကို အလွန်အားကောင်းတဲ့ မီးနဲ့ အပူပေးပြီး သန့်စင်ရသလိုပဲ ဘုရားသခင်ကလည်း ကျွန်ုပ်တို့ကို သန့်ရှင်းဖြူစင်စေဖို့၊ အပြစ်တွေကို ဖြေလျှော့ဖို့ နည်းမျိုးစုံ သုံးပြီးတော့မှ စမ်းသပ်နေပါတယ်။ ကျွန်ုပ်တို့ဆီမှာ သူ့ရဲ့ ရွှေပုံသဏ္ဍန်တော် ရောင်ပြန်ဟပ်စေဖို့ ဘုရားသခင်က ကျွန်ပ်တို့ကို အမြဲပြုပြင်ပေးပါတယ်။ “ငွေကို လုံ ဖြင့်လည်းကောင်း၊ ရွှေကို မီးဖြင့်လည်းကောင်း စမ်းသပ်စစ်ဆေးရ၏။ စိတ်နှလုံးကိုမူကား ထာဝရဘုရားသခင် စစ်ဆေးတော်မူ၏” (သူတ္တံကျမ်း ၁၇း၃)။

သခင်ခရစ်တော်က “ငါသည် ကောင်းကင်မှလာသော မုန့်တော်ဖြစ်၏။” ဖြစ်တယ်လို့ စိန်ခေါ်ခဲ့ပါတယ်။ သူဟာ ကောင်းကင်မှ ဆင်းကြွလာပြီး လူ့ဇာတိကို ယူတော်မူတဲ့ ဘုရားဖြစ်တယ်။ သူ့နောက်ကို လိုက်ပြီး သူရဲ့ တပည့်တော် အဖြစ်နေမှာလား။ ဒါမှမဟုတ် သူ့ကို စံနမူနာမထားပဲ အခြား ရုပ်တုဆင်တုတွေ ထုလုပ်ပြီး ကိုးကွယ်နေမလား။

တစ်ချို့တပည့်တော်ကြီးတွေက ကျင့်ဆောက်တည်ရမယ့် ပညတ်ချက်တွေကို ရရှိမှသာလျှင် ပိုပြီးနေသာထိုင်သာ ဖြစ်တယ်လို့ ခံစားရတယ်နဲ့ တူပါတယ်။ မိုးဇယ်က ဆီနေတောင် ပေါ်ကနေ ယူဆောင်လာပေးတဲ့ ပညတ်ဥပဒေလိုပေါ့။ ဘုရားသခင်ဟာ ကောင်းကင်မှာ ရှိနေပြီး၊ တပည့်တော်တွေက ပညတ်ဥပဒေတွေကို လိုက်နာတယ်ဆိုရင် အရာအားလုံး ပြီးပြည့်စုံမှာ ဖြစ်သလို သူတို့လည်း ခရစ်တော်ရဲ့ သဘောထားနဲ့ နေသားကျနိုင် ခဲ့ပါတယ်။

ဒီအဆိုပြုချက်ဟာ ပေါင်မုန့်ငါးလုံး၊ ငါးနှစ်ကောင်နဲ့ လူငါးထောင်ကျော်ကို ကျွေးမွေးခဲ့တဲ့ ခရစ်တော်ရဲ့ တန်းခိုးတော်နဲ့ လျော်ညီပါတယ်။ ဒီအရာတွေကို ခရစ်တော်က သွန်သင်ခဲ့တဲ့အချိန်မှာ သခင်ခရစ်တော်ရဲ့ တရားတော်ကို လူအုပ်ကြီးက လက်မခံဘဲ ညီးညူနေခဲ့ကြတယ်လို့ ရှင်ယောဟန် ဧဝံဂေလိ ကျမ်းမှာ ဖော်ပြထားပါတယ်။ ထိုအချိန်မှာပဲ ခရစ်တော်နောက်လိုက်တဲ့ လူအရေအတွက်ဟာ ငါးထောင်ကနေ ၁၂ ယောက်အထိ တဖြည်းဖြည်း လျော့နည်းသွားခဲ့ပါတယ်။ အဲဒီ ၁၂ ယောက်ဟာ ဒီနေ့ သခင်ခရစ်တော် အထူး အာရုံစိုက်တဲ့ သူတွေပါပဲ။ “ပျက်စီးလွယ်တတ်တဲ့ မုန့်တော်” ကို “ကောင်းကင်မုန့်တော်” က စိန်ခေါ်ခြင်း ကြောင့် ဘုရားနဲ့ ဝေးကွာ သွားကြတာလား။

ထိုနှောက်ယှက်ခြင်းမျိုးတွေကို ကျွန်ပ်တို့ ရင်ဆိုင်နေ ကြရပါတယ်။ ဒါတွေဟာ ကျွန်ုပ်တို့ရဲ့ အခက်ခဲပြသနာတွေပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ခရစ်တော်ကို “ကိုးကွယ်စရာ ရုပ်တု” အဖြစ်သာ ရှာဖွေနေ ကြပါတယ်။ သခင်ခရစ်တော်က ကျွန်ပ်တို့ကို စိန်ခေါ်တဲ့အတိုင်း သူ့ကို စံနမူယူမယ်၊ ကိုယ်နဲ့နီးစပ်တဲ့ သူတွေကို ချစ်မယ်၊ အားနည်းတဲ့သူတွေနဲ့ စိတ်ပျက်အားငယ်တဲ့ သူတွေကို နှစ်သိမ့်ပေးမယ်ဆိုရင် ကျွန်ပ်တို့ရဲ့ စုံစမ်းနှောက်ယှက်ခြင်းဟာ “အသက်မုန့်တော်” အဖြစ် ပြောင်းလဲစေပြီး ကျွန်ုပ်တို့ရဲ့ စိုးရိမ်းမှုတွေကို ငြိမ်းသတ် ပေး ပါလိမ့်မယ်။

လွန်ခဲ့တဲ့ (၇) ခုနစ်လ လုံး ကျွန်ပ်တို့ရဲ့ အခက်ခဲတွေက ဘာတွေလဲ ကျွန်ုပ်တို့ကိုဘာတွေ ပြောနေသလဲ။ ဘုရားကို ဆန့်ကျင်တဲ့ ငြီးညူခြင်းတွေလား၊ ချန်ထားရမယ့် ခဏတာ စုံစမ်းခြင်းတွေလား၊ ကောင်းကင်မုန့်တော်ကို ယုံကြည်ဖို့ သင်ယူနေခြင်းလား၊ ဒါမှမဟုတ် ရှင်ပေတရု ပြောသလို “သခင်ဘုရား၊ တပည့်တော်တို့သည် မည်သူထံသို့ သွားရပါနည်း၊ ကိုယ်တော်၌ ထာ၀ရ အသက်နှင့်ဆိုင်သော စကားရှိပါ၏” (ယောဟန် ၆း၆၈)။

ဖြေဖို့တော့ မလွယ်လှပါဘူး။

လူအနည်းစုနဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ကျွန်ုပ်တို့ မြင်ခဲ့ပြီးပါပြီ။ သူတို့ဟာ ပျက်စီးလွယ်တဲ့ မုန့်တော်ကို ရှာဖွေနေကြပြီး သန်းပေါင်းများစွာသော လူတွေရဲ့ “ငြမ်းချမ်းခြင်းမုန့်တော်” ကို ချေပစ် ခဲ့ကြပါပြီ၊ “အသက်မုန့်တော်” ကို နင်းချေခဲ့ကြပြီ၊ သန်းပေါင်းများစွာသော လူတွေရဲ့ ချမ်းသာကြွယ်ဝမှုတွေ၊ အကျိုးခံစားခွင့်တွေကို ခိုးယူခဲ့ ကြပါပြီ။ များစွာသောလူတွေ သေကြေခဲ့ ကြရတယ်။ ဘဝတွေ ပျက်ကြရပြီး ဒုက္ခမျိုးစုံ ခံခဲ့ကြရပါတယ်။ လူတွေဟာ နာကြည်းခြင်းများစွာဖြင့် မျက်ရည်ကျခဲ့ ကြရပါတယ်။ ဒီအရာတွေ အားလုံးဟာ လက်တစ်ဆုပ်စာ လူတစ်စုက လူတွေရဲ့မျှော်လင့်ချက်ဖြစ်တဲ့ “အသက်မုန့်တော်” ကို ဖျက်ဆီးပစ်ဖို့ ရွေးချယ်ခဲ့ ကြလို့ပါပဲ။ ဘုရားသခင် သားသမီးတွေအတွက် အထူးဝမ်းနည်းပူဆွေး ရပါတယ်။

ဒီအချိန်ဟာ ကျွန်ပ်တို့ရဲ့ ကိုယ်ချင်းစာတရားတွေ ပျောက်ရမယ့် အချိန်မဟုတ်ပါဘူး။ ကျွန်ပ်တို့ရဲ့ ကိုယ်ချင်းစာတရားကို အထူးမြှင့်တင်ရမယ့် အချိန်ပဲဖြစ်ပါတယ်။ ဒီစုံစမ်းခြင်းတွေအားဖြင့် ဘယ်အရာကို စံနမူနာထားရမယ်။ ဘယ်အရာက အတုအယောင် ဖြစ်တယ်ဆိုတာကို အထူး စဉ်းစားနားလည်ရမယ့် အချိန်ပဲဖြစ်ပါတယ်။ ကျွန်ပ်တို့ရဲ့ လူ့ကျင့်ဝတ်၊ လူ့ဂုဏ်သိက္ခာခရီးဟာ ရှည်လျားတဲ့ခရီးဖြစ်လို့ “အသက်မုန့်တော်” ဖြစ်တဲ့ ထာဝရနှုတ်ကပါတ်တော် အားဖြင့်သာလျှင် ဒီခရီးရှည်ကို ဆက်နိုင်မှာပါ။ ဒါမှသာလျှင် ယုံကြည်ခြင်း မပျက်စီးပဲ ဆက်လက်လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဘုရားရဲ့အချိန်ဟာ ကျွန်ုပ်တို့ရဲ့ အချိန်မဟုတ်ပါဘူး။ ကောင်းတဲ့လူတွေဆီ အကောင်းဆုံးအရာတွေ ဖြစ်ပေါ်လာတဲ့အခါ ဘုရားသခင် ကြွလာပါလိမ့်မယ်။

အဲဒီအချိန်ရောက်တဲ့အထိ သခင်ခရစ်တော်ရဲ့ နှုတ်ကပါတ်တော်ဖြစ်တဲ့ “မကြောက်ကြနဲ့ ငါသည်ကား ကမ္ဘာကုန်သည့် တိုင်အောင် သင်တို့နှင့်အတူ အစဉ်ရှိမည်” လို့ တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်အားပေး ကြရအောင်။ ကျွန်ုပ်တို့ရဲ့ စကားလုံးတိုင်းကို ကောင်းကင်ကလာတဲ့ မုန့်တော် ဖြစ်စေကြရအောင်။

"Jesus has the eternal words of consolation : Let us hear His voice in our mutual support during these challenging times"

21st Sunday of the Ordinary Time

Sermon Preached by Charles Cardinal Bo. SDB- Archbishop of Yangon , Myanmar

First Reading : Joshua 24:1-2a,15-17,18b -Joshua and the people declare that they will serve the Lord.

Responsorial Psalm: Psalm 34:2-3,16-17,18-19,20-21 The Lord hears the cries of the just.

Second Reading Ephesians 5:21-32 : Husbands and wives should love one another as Christ loves the Church.

Gospel Reading: John 6:60-69 -Simon Peter confesses his faith that Jesus alone has the words of the eternal life.

Dear Brothers and Sisters,

Peace and Joy of Jesus, the Lord- who has the words of eternal life. May His consoling words echo in our hearts, in our mutual support, in every corner of this nation, waiting for life to emerge. Let his eternal words, heal and console every wounded soul in this nation. We continue to pray, that the Good Shepherd accompanies us during these days of great challenges.

We are thankful that the severity of the covid spread is very slowly reducing. But there is no time for lowering the guards. We need to stand together because we face so many evil forces at the same time.

We are grateful once again to the greatest humanitarian witness of our health professionals, front line workers, volunteers in the care centres. Once again Myanmar people have proved themselves to be the greatest witness to their generous giving, so many people reaching out to the affected people, many businessmen setting up care centres. God will reward them hundredfold.

We remember with a very heavy heart, nearly 13000 of our country men and women who perished to this virus – among them more than 100 writers, artists and other creative persons. Our country is poorer because of their untimely death. We also support the families of nearly 360000 people infected and struggling with their lives. We pray to God that this pandemic may die out and our people can come out the multiple challenges. We pray on our knees : Give us Lord healing.

We turn to today’s readings. The central theme is : God never abandons us. Do we show faith in God? The answer to this question is very difficult, especially in today’s Myanmar. Not many signs in the last seven months. When challenges come, do we lose faith in God?

That is the question Joshua faces in the first reading : Joshua, the leader of the Israelite tribes after the death of Moses, conquered Canaan and distributed its lands to the 12 tribes. He expected people’s gratitude to God.

Joshua is confronted with the crowd, which at the slight temptation, was ready to worship any idols and not the true God. Moses faced the same challenge. Despite all the miracles Yahweh worked for the people, they worshipped an idol : the golden calf.

Yahweh of the Old Testament chose a race, the Israelites, who will live for an ideal, not an Idol. The Bible castigates domesticating God’s message by the people. God demands ethical life, a life of concern for others, especially the widows and orphans. Every human being made in God’s image, to be respected. That is the ideal they were called for. But the lazy population chose not to live, but to worship death through worship of idols. The conflict is ideal against and idols. The ideal challenges and forces selfish human beings into other centred, concerned about others, caring for the common good, the greater good for the greater number of people.

This radical demand of the Bible has been diluted in the history by those who are called to be chosen race. Idol worship is easier. Idol gives a compromised compromise without any commitment.

We have great experience of this idolatry in our country.

This nation was born with the great dream of peace and prosperity for all. That was the ideal. Yet powerful people diluted this ideal. Created their own idols : Power, possessions, extreme wealth at any cost, economic injustice, environmental injustice. So many idols in Myanmar. Idolatry has overtaken the great ideals of Metta and karuna. For the last seven decades these idol worshippers have robbed the ideal of a nation built on peace and prosperity for all. A dream became a nightmare.

The nation faces the same challenge as Joshua faced : Can this nation get out of idolatry of power, prestige and unjust wealth? The people promised Joshua : We will, and serve the Lord.

The Old Testament strongly believed all power to Government comes from God. The prophet Isaiah says :

For a child will be born to us, a son will be given to us; and the government will rest on His shoulders; and His name will be called Wonderful Counselor, Mighty God, Eternal Father, Prince of Peace. (Is 9:6)

But what is that government for: According to the Bible every government is for service.

“Although He existed in the form of God, did not regard equality with God a thing to be grasped, but emptied Himself, taking the form of a bond-servant, and being made in the likeness of men” (Philippians 2:6-7).

Every government that does not get its legitimacy from service to the people, has not drawn it legitimacy from God. The whole exercise is an exercise in idolatry, condemned by the Bible. Real power, as Pope Francis often cited, comes from service. Not imposing power on the innocents.

What does a government that derives legitimacy from service look like? St Paul gives a candid answer in the second reading, through is letter to the Ephesians. The government and the people are like a family. It is not hierarchy. That relationship is shown in a very energizing example. The family has the same love linkage and bondage as Jesus has for the Church. A good marriage, according to St Paul, is loving union. He quotes the Genesis impressing that in marriage, there are not two people, they are one, like two eyes and one vision.

That is a great metaphor. For any government, in any just country, the government is not above the people. The government is one of the eyes, the people the other eye. Two eyes and one vision. A nation built on justice. Anything else is idolatry. Israel fell into darkness because of idolatry.

The Gospel picks up the story of Joshua. Before Moses died, he appointed Joshua as his successor. Joshua became a prophet in his own right and led the Israelites victoriously into Canaan. The same crisis of confidence which Jesus faced is faced by Joshua. Sensing that he is soon to die, Joshua summons a plenary assembly of Israel for a solemn act of recommitment to the covenant.

Joshua was troubled. The Jews have a land and starting living among other people. Will they be faithful to Yahweh or will they fall victims to false Gods and enter into idol worship? Confronted with the choice of going over to the gods of other nations or serving the Lord, the people renew their allegiance, “We too will serve the Lord.”

A similar conflict is brewing in the Gospel. We have been dealing with “ bread narratives” f Jesus in the last three weeks: Jesus feeding the starving multitudes, his discourse on the heavenly manna, and “I am the living bread that came from heaven.” Jesus preaches a living God and his Word that became flesh and dwelt among us. Will his disciples, and we can follow this ‘Living bread’?

Here is the challenge : Each of us is born with a selfish nature — a self-will. Selfish men, egoistic men bring disaster on themselves and on others. We have seen this happening to all of us.

The psalmist prays :

Create in me a clean heart, O God, and renew a right spirit within me ( Psalm : 51:10)

Many spiritually-minded people either claim or desire to have a pure heart. But this can only take place when the Creator of our hearts is allowed to work in us. Rather, when we allow the Lord to work our innate rebellion — our selfish nature — out of us.

How does God purify a person’s heart? He uses external pressure. That demands first we become aware of our selfishness. Purify our selfishness through the ‘word that is the ‘bread from heaven’.

Life is full of tests. It’s the tests of life that bring our selfish nature to the surface. Just as in purifying a precious metal like silver or gold in a furnace with intense heat that reduces the metal to a liquid, so God uses various tests in our life to reduce and refine us.

God refines us so His image is reflected in us

The crucible is for refining silver and the smelter for gold, but the one who purifies hearts ⌊by fire⌋ is the Lord. (Proverbs 17:3)

Jesus throws a challenge. He is the “Bread that came from Heaven”. He is the God who comes down, descends to human level. Will you follow him? Become a disciple? Or a devotee, making him another idol? Not an ideal.

Some of the disciples, it seems, would feel more comfortable if they had been given a set of precepts to live by, such as the Law brought down from Sinai by Moses. God would remain in heaven and they would keep the laws and all would be well; they could be comfortable with this notion of God.

This discourse follows the miracle in which Jesus fed more than five thousand people with five barley loaves and two fish. As Jesus has been teaching these things, John’s Gospel describes a murmuring crowd unable to accept Jesus’ words. The number of people following Jesus dwindled from a crowd of more than 5,000 to only 12 people. And it is to these Twelve that Jesus now turns his attention. Will the go away because the ‘perishing bread’ is challenged by “ Bread from heaven;?

Same temptations we face. As so many difficulties. We are looking for a Jesus, to be just an idol. As he challenges us to live up to his ideal, of love of neighbour, concern for the weak and the vulnerable, our temptation is to make him just a ‘bread’ to quench our anxieties.

What are the difficulties of the last seven months and beyond tell us? Murmuring against God, temptation to leave, or to learn to believe in the ‘bread from heaven’ or as St Peter professed : “ where shall we go Lord, you have the Words of eternal life?”

Not easy to answer.

We have seen the selfish interests of a few, seeking the ‘bread that perishes’ has robbed millions of their bread of peace, their bread of life, their bread of prosperity. So many deaths, so much of brokenness, so much of human agony. So much of unceasing tears. All because a handful of men chose to rob our people of their ‘ the bread from heaven’ - God’s providential care for his children. Sorrow.

Yet this is not the time to lose our humanity, but to affirm our humanity, understanding through all the tests to discern what is ideal and what is idol. Our pilgrimage to human dignity is a long march and that could be only sustained through ‘the Words of Eternal life – the bread that came from heaven.” We shall not be shaken in our faith. God’s time is not our time. He comes at the hour when only best happens to the good people.

Till that time, let us console one another with the words of Jesus: Fear Not I am with you always. Let every word of us, become the ‘ Bread that comes from heaven'.

Add new comment

7 + 0 =