(၁၅) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့ဩဝါဒ

(၁၅) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့ဩဝါဒ

CALL TO BE A DISCIPLE IS A CALL TO CONFRONT EVIL,

 NOT TO COLLUDE WITH EVIL – BE DISCIPLE, NOT A DEVOTEE

 

တပည့်တော် ဖြစ်ဖို့ခေါ်ခြင်းသည် မကောင်းမှုများကို ရင်ဆိုင်ဖို့ဖြစ်သည်။

မကောင်းမှုများနဲ့အဆုံးသတ်ဖို့မဟုတ်ပါ-တပည့်တော်ဖြစ်ပါ၊ သာမာန်ကိုးကွယ်သူ သက်သက်မဖြစ်ပါစေနဲ့။

ကာဒီနယ်ချားစ်မောင်ဘို၏ဘြဝါဒ-ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ မြန်မာ

(၁၅) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့

 

 ပထမကျမ်း။  ။ အာမုတ် ရး၁၂-၁၅- ငါ့၏လူမျိူးတွေကို ပရောဖက်ပြုလော့

 

ဒုတိယကျမ်း။  ။ ဧဖက်ဘြဝါဒစာ ၁း၃-၁၄- ငါတို့သည် ရှေ့တော်မှောက်၌ သန့်ရှင်းမြင့်မြတ်၍ အပြစ်ကင်းစင်သူ များဖြစ်ကြစေရန် ကိုယ်တော်သည် ကမ္ဘာ မတည် မရှိမီကပင် ငါ့တို့ကို ရွေးကောက်ထားတော်မူခဲ့၏။

 

ဧဝံဂေလိကျမ်း။ ။ မာကု ၆းရ-၁၃ - ယေဇူး ကိုယ်တော်သည် တပည့်တော် တစ်ဆယ့်နှစ်ပါးကို အထံသို့ခေါ်၍ နောင်တ တရား ဟောကြားဖို့ရန်  စေလွှတ်မှု၏။

 

ချစ်လှစွာသော ညီအကို မောင်နှမအပေါင်းတို့ ,

 

ထာဝရဘုရားသခင်သည် သင်တို့ကို ကောင်းကြီးပေးပြီး ကာကွယ်စောင့်ရှောက် ပါစေ။

 

ထာဝရဘုရားရဲ့ မျက်နှာတော်အလင်းသည်၊ သင်တို့အပေါ်ထွန်းတောက်၍ ဂရုဏာ ကျေးဇူး ပြုတော်မူပါစေ။ ထာဝရဘုရားသည် သင်တို့ကို မျှော်ကြည့်၍  ငြိမ်းချမ်းခြင်း ပေးတော်မူပါစေ (တောလည်ရာကျမ်း ၆း ၂၄-၂၆)။ ဒီဆုတောင်းမေတ္တာ ကို အတူတကွ ရွတ်ဆိုဖို့ သင်တို့အားလုံးကို ယနေ့ဖိတ်ခေါ် ပါတယ်။ ကျွန်ုပ်တို့ကို ကောင်းကြီးပေးစေကြောင်း၊ စောင့်ရှောက်ပါစေကြောင်း၊ မျက်နှာတော်အလင်း ကျွန်ုပ်တို့အပေါ် ထွန်းတောက်တော်မူပါစေကြောင်းနဲ့ ငြိမ်းချမ်းခြင်း ပေးတော်မှုပါစေ ကြောင်း ဘုရားရှင်ကို အတူတကွ တောင်းဆိုကြရအောင်။

 

ဒုက္ခဆင်းရဲခံစားနေရတဲ့ တိုင်းပြည်ထဲ ငြိမ်းချမ်းခြင်းအတွက်၊ အကျဉ်းထောင်ထဲ ရောက်နေတဲ့ သူတွေ အတွက်၊ ထွက်ပြေးတိမ်းရှောင်နေရသူတွေအတွက်၊ “ကိုယ်တော်ဘုရား ကျွန်ုပ်တို့ဆီ မျက်နှာတော် လှည့်တော်မှု၍ ငြိမ်းချမ်းခြင်းပေးပါ” လို့ ကျွန်ုပ်တို့ရဲ့ဒူးတွေ မညောင်းပဲ ဆုတောင်းရမယ့် နေ့များစွာ လိုနေပါတယ်။ ကျွန်ုပ်တို့ရဲ့ ဆုတောင်းသံတွေ စတင်ခဲ့တာ ကြာပါပြီ။ ကပ်ရောဂါ စဖြစ်တဲ့ ၂၀၂၀ မတ်လ ကတည်းက ကျွန်ုပ်တို့ရဲ့ ဒူးတွေထောက်ပြီး အထူးဆုတောင်းခဲ့ကြပါတယ်။ ပဋိပက္ခတွေကနေ ကယ်တင်ဖို့၊ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်များ ကို ကယ်တင်ဖို့၊ ကိုဗစ်ကပ်ရောဂါ တတိလှိုင်းကနေ ကယ်တင်ဖို့ ဒီနေ့ ကျွန်ုပ်တို့ ဆက်လက် ဒူးထောက်ပြီး ဆုတောင်းနေဆဲပါ။ ဒီရောဂါဟာ ကူးစက်မြန်နေပါတယ်။ ထောင်သောင်း များစွာသောလူတွေ ကူးစက်နေပါပြီ။ နေရာတော်တော်များများမှာ လော့ဒေါင်းတွေချနေပါပြီ။ “ကိုယ်တော်ဘုရား ကျွန်ုပ်တို့ဆီ မျက်နှာတော်လှည့်တော်မှု၍ ငြိမ်းချမ်းခြင်းပေးပါ” လို့ ကျွန်ုပ်တို့ရဲ့ ဒူးတွေ ထောက်လျက် ဆုတောင်း နေကြပါတယ်။

 

မှန်ပါတယ် ညီအကိုမောင်နှမအပေါင်းတို့ အလွှာပေါင်းစုံ၊ နည်းမျိုး စုံသော စုံစမ်းနှောက်ယှက်ခြင်းတွေ ကြုံတွေ့နေရပါတယ်။ ဒါပေမယ့် ဘုရားသခင်ဟာ ထိုစုံစမ်းခြင်းတွေကြားမှာ အတူရှိနေပါတယ်။ အသက်ရှင်သော ဘုရားဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ လက်တွေ ဆက်လက်မြှောက်ထားပြီး အချင်းချင်း ဆုတောင်းပေး ကြရအောင်။ ကျွန်ုပ်တို့ခံစားနေရတာ သဘာဝဘေးဒုက္ခ နဲ့ လူလုပ်တဲ့ ဒုက္ခဆင်းရဲ ခြင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် အသက်သခင် ထာဝရဘုရားသခင်ဆီ လှည့်ပြီး “ကိုယ်တော်ဘုရား ကျွန်ုပ်တို့ဆီ မျက်နှာတော် လှည့်တော်မှု၍ ငြိမ်းချမ်းခြင်းပေးပါ” လို့ ဆုတောင်း ကြရအောင်။

 

ဒီနေ့ အဓိက ကျမ်းချက် ဘုရားက တပည့်တော်ကြီးတွေကိုခေါ်ပြီး မကောင်းဆိုးဝါး တွေကို ရင်ဆိုင် တိုက်ခိုက်ဖို့ ဖြစ်ပါတယ်။ မကောင်းဆိုးဝါးတွေနဲ့ အဆုံးသတ်ဖို့ မဟုတ်ပါ။ အားယူစရာကောင်းတဲ့ ကျမ်းချက်တွေကတော့-

 

 ၁. ပရောဖက် အာမုတ် - သိုးကျောင်းသား အာမုတ်ကို ခေါ်ပြီး လူတွေဟာ မကောင်းဆိုးဝါးတွေကို စွန့်လွှတ်ရန် သတိပေးဖို့နဲ့ ပရောဖက်ပြုဖို့ စေလွှတ်တယ်။ အာမုတ်က၊ ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်းမဟုတ်ပဲ၊ နွားကျောင်းသား၊ သဖန်းသီးကိုဆွတ်သောသူသာ ဖြစ်တယ်လို့ ဆင်ခြင်ပေးပါတယ်။ ထာဝရဘုရားသည် “သင်သွားလော့၊ ငါ၏လူမျိုးတွင် ပရောဖက်ပြုလော့”ဟု မိန့်တော်မူပါတယ်။ ကျွန်ုပ်တို့ အားလုံးဟာ အားနည်းကြပါတယ်။ အထူးသဖြင့် ဒီချိန်ဒီအခါ မြန်မာပြည်မှာ ဝိညာဉ်ရေးရာမှာ၊ ခန္ဓာကိုယ်ရေးရာမှာ၊ စိတ်ဓာတ်ရေးရာမှာ အားနည်းကြပါတယ်။ ဒါပေမယ့် ဘယ်တော့မှ အရှုံးမပေးဖို့နဲ့ အကောင်းဆုံးကို လုပ်ဆောင်နေဖို့ ဘုရားသခင်က ကျွန်ုပ်တိုကို တောင်းဆိုနေပါတယ်။

 

၂. ဧဖက်ဘြဝါဒစာ-  ထာဝရဘုရားသည် ကျွန်ုပ်တို့ မွေးကတည်းကနေ သေသည့်တိုင်အောင် အတူရှိနေတယ်။ ကိုယ်တော်သည် ကမ္ဘာမတည်မရှိမီကပင် ငါတို့ကို ရွေးကောက်ထားတော်မူတယ်။ မကောင်းဆိုးဝါးတွေနဲ့ ဘယ်တာ့မှ အဆုံးမသတ်စေပါနဲ့။ ဝိညာဉ်ရေးရာတွေမှာ ကောင်းကြီးပေးနေဆဲပါ။ ငါ့ကို ခွန်အားပေးတော်မူသော အရှင်အားဖြင့် ငါသည် အရာ ခပ်သိမ်းတို့ကို တတ်စွမ်းနိုင်၏ ဟု ကြွေးကြော်လျက် ဘယ်တော့မှ အရှုံးမပေးကြပါနဲ့။ ‘I can do all things in Christ.’

 

၃. ရှင်မာကု- သွားကြ၍ ဧဝံဂေလိ သတင်းကောင်းကို ဟောပြောကြလော့၊ မကောင်းဆိုးဝါးများကို နှင်ထုတ်ကြလော့၊ သတင်းကောင်းကို ဟောပြောခြင်းဟာ ယနေ့တိုင် လုပ်ဆောင်သင့်တဲ့ အရာတစ်ခုပါ။ ငြိမ်းချမ်းခြင်းနဲ့ ပြန်လည် သင့်မြတ်ခြင်း တရားတွေကို ဟောပြော လုပ်ဆောင်ဖို့ အမြဲသင့်လျော်ပါတယ်။ ဒီလောကမှာ မကောင်းဆိုးဝါးရဲ့ လက်ချက်တွေကို ကြောက်မနေပဲ ဘယ်တော့မှ အရှုံးမပေကြပါနဲ့။

 

အာမုတ်ရဲ့ နာမည်က မြန်မာပြည်သူတွေအတွက် ပဲ့တင်ထပ်နေပါတယ်။ အာမုတ် ဟာ ဆင်းရဲသား တစ်ယောက်ပါ။ ပရောဖက်ပြုဖို့ ဘုရားက သူ့ကို ခေါ်တဲ့အခါ၊ သူ့မှာ လက်ချည်းဗလာ ဘာမှ လုပ်တက်သူ မဟုတ်ပါ။ လူအထင်ကြီးစရာ တကွက်မှလည်း မပိုင်ဆိုင်ခဲ့ပါ။ ငွေရေးကြေးရေး မချမ်းသာခဲ့ပါ။ သိုးကျောင်းသား တစ်ယောက်မျှသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားက သူ့ကို ခွန်အားကြီးသူ တစ်ယောက်ဖြစ်ဖို့ နဲ့ မတရားတဲ့ နန်းပလ္လင်၊ အာဏာခုံတွေကို ကန့်ကွက်ဆန့်ကျင့်ဖို့ စိန်ခေါ်ခဲ့တယ်။ မကောင်းဆိုးဝါး အာဏာတွေနဲ့ ယစ်မူးတဲ့သူတွေကို ဆန့်ကျင်တိုက်ခိုက်တယ်။ မကောင်းဆိုးဝါးကို ဆည်းကပ် အားပေးနေသူတွေကို ဝေဖန်ထောက်ပြတယ်။ သဘာဝသယံဇာတတွေ ခိုးယူဝှက်တဲ့သူတွေ၊ လမ်းမတွေ ပေါ် ဆင်းရဲသားတွေကို ရောင်းစားနေသူတွေကို ဝေဖန်ထောက်ပြတယ်။ မတရား သောနည်းနဲ့ ချမ်းသာကြွယ်ဝနေသူတွေ၊ အာဏာဆိုးတွေကို ကျိန်းမောင်းပြောဆို ထောက်ပြတယ်။

 

“စဉ်းလဲသော ချိန်ခွင်ကို သုံးလျက် ဆင်းရဲသောသူကို ငွေနှင့်၄င်း၊ ငတ်မွတ်သောသူကို ခြေနင်းတရံနှင့်၄င်း ဝယ်၍၊ ညံ့သော ဂျုံဆန်ကို ရောင်းလျက်၊ ငတ်မွတ်သောသူတို့ကို နှိပ်နင်း၍ ဆင်းရဲသော ပြည်သားတို့ကိုဖြတ်ခြင်းငှါ အလွန်အလိုကြီးသူတို့၊ ဤစကားကို နားထောင်ကြလော့။ ထာဝရဘုရားသည် ယာကုပ်၏ဘုန်းကို တိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ အကယ်စင်စစ် သူတို့ကျင့်ကြံ ပြုမူသမျှတို့ကို ငါသည်အစဉ်မပြတ် မမေ့လျော့” (အာမုတ် ၈း ၆-၇)။

 

ယနေ့တိုင် သင့်လျော်နေတဲ့ သတိပေးချက်ဖြစ်ပါတယ်။ ထာဝရဘုရားဟာ ဆင်းရဲသားများနဲ့ အားနည်းသောသူတွေကို ဘယ်တော့ ဘယ်တော့မှ မေ့လျော် မည် မဟုတ်ပါ။ အာမုတ်ရဲ့ စကားတွေဟာ မီးလျံလို ဝဲပျံနေဆဲပါ။ အပြစ်မဲ့သူတွေ အပေါ် ပြုမူတဲ့ မတရားမှုတွေကို ကျိန်ဆိုနေပါတယ်။ ဘုရားသခင်ရဲ့ တရားစီရင် ခြင်းတွေ ရောက်လာမှာပါ။ နှေးကောင်းနှေးမယ် ဒါပေမယ့် ဘယ်တော့ မစီရင်ပဲ မနေပါ။ အာမုတ်ဟာ စိန်ခေါ်မှုများစွာကို ကြုံတွေ့ ခဲ့ရပါတယ်။ ဘာဖြစ်လို့လည်း ဆိုရင် အာဏာဆိုးတွေကို ဝေဖန်ထောက်ပြဖို့ သတ္တိစွမ်းအားတွေ ရှိခဲ့လို့ပဲဖြစ်တယ်။ ဒါပေမယ့် ပရောဖက် အတုဖြစ်ပြီး၊ မိမိ လုံခြုံမှုရှိနေဖို့တွေကို ငြင်းဆိုခဲ့တယ်။ တပါးသူကို ထိခိုက်နစ်နာစေတဲ့ အာဏာဆိုးတွေထဲ အချီးမွမ်းခံခြင်း တွေကို  ငြင်းဆိုခဲ့ပါတယ်။ အမှန်တရားအတွက် ရပ်တည်ဖို့အတွက် များစွာ ပေးဆပ်ခဲ့ပါတယ်။

 

စံနမူနာကောင်းပြပေးတဲ့ ခေတ်သစ် အာမုတ်ရှိနေပါတယ်။ အိန္ဒိယနိုင်ငံက ဆင်းရဲသားတွေအတွက် အမှန်တရားဖက်က ရပ်တည်ပေးခဲ့တဲ့ ဘုန်းတော်ကြီး Father Stan Lourdusamy ဖြစ်ပါတယ်။ အာဏာရှိသူတွေက သူ့ကို ဖမ်းချုပ်ခဲ့ကြပြီး အသက် ၈၄ မှာ အကျဉ်းချခဲ့ကြတယ်။ ထိန်းသိမ်းချုပ်နှောင်မှု အောက်မှာပဲ အသက်ပေးသွားခဲ့ပါတယ်။ အပယ်ခံလူသားတွေအတွက် အသက် ပေးတဲ့ သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်။

 

ဘုရားသခင်ရဲ့ ပညတ်တော်များကို လိုက်နာသူများဟာ အာဏာဆိုးတွေကို ဆန့်ကျင်ပြီး၊ အမှန်တရားကို ပြောဆိုဖို့ နဲ့ ဆင်းရဲသားတွေကို ကူညီထောက်ပံ့ဖို့ ဘယ်တော့မှ မကြောက်တက်ကြပါ။ တချို့တွေက ပရောဖက်အတုတြွေဖစ်ပါတယ်။ တနပ်စာအတွက် ပရောဖက်လုပ်နေကြတယ်။ အသက်တွေ၊ ဝိညာဉ်တွေကို ပါတောင်းဆိုလာတဲ့ မကောင်းဆိုးဝါးတွေနဲ့ ပေါင်းပြီး လိမ်လည် လုပ်စားကြတယ်။ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ ပရောဖက်ဖြစ်ဖို့ထက် ဘုရားသခင်ကို သာမာန် ကိုးကွယ်သူဖြစ်ဖို့က ပိုလွယ်ကူပါတယ်။ သာမာန်ကိုးကွယ်သူတွေကို အာမုတ်က ဝေဖန်ထောက်ပြခဲ့ပါတယ်။

 

ခရစ်တော်ဘုရားကလည်း ထိုကဲ့သို့ စစ်မှန်တဲ့ တပည့်တော်များကို လိုလား တောင်းဆိုပါလိမ့်မယ်။ ခရစ်တော်ဘုရားက ခေါ်နေခြင်းသည် သာမာန်ကိုးကွယ်သူ ဖြစ်ဖို့မဟုတ်ပါ၊ စစ်မှန်တဲ့ တပည့်တော်ဖြစ်ဖို့ပါ။ ဒီနေ့ကျမ်းစာထဲမှာ ခရစ်တော်က တပည့်တော်ကြီးတွေကို ခေါ်ပြီးငွေကြေး၊ ဖိနပ်တွေ မဆောင်ဖို့၊  အဝတ်အစား အပိုတွေမပါဖို့၊ မှာကြားပြီး အာဏာမဲ့သူ အဖြစ်နဲ့သာ စေလွှတ်ပါတယ်။ မေတ္တာ တရား အာဏာ၊ ဧဝံဂေလိ သတင်းကောင်း အာဏာတွေ၊ လက်ဗလာချည်း အဏာတွေ သာ ဆောင်ထားကြဖို့ မှာထားပါတယ်။ စစ်မှန်တဲ့ တပည့်တော် ဖြစ်ဖို့ဆိုတာ တောင်းဆိုမှုတွေ ရှိပါတယ်။ တပည့်တော်ဆိုတာ မကောင်းဆိုးဝါးနဲ့ ဘယ်တော့မှ အပေါင်းအဖော်မလုပ်ပါ။ အာဏာဆိုးနဲ့ မတရားစည်းစိမ်တွေကို ဘယ်တော့မှာ မရှာဖွေပါ။ ခရစ်တော်ဘုရားပြောနေတာကတော့ “မိမိ လက်ဝါးကား တိုင်ကို ထမ်းလျက် ငါ့နောက်သို့လိုက်လော”။ တပည့်တော်တစ်ပါးရဲ အာဏာမရှိ ခြင်းဟာ သူ့ရဲ့အာဏာပါပဲ။ သံပေါလူးပြောတာကတော့- ငါသည် အားနည်းသော အခါ၊ ခွန်အားနှင့် ပြည့်စုံသည်။ အတ္တဆန်တဲ့ လှည့်ဖျားမှုတွေကို စွန့်လွတ်ပြီး၊ ဘုရားသခင်ထံ အညံ့ခံ အရှုံးပေးတဲ့အခါ၊ ငါသည် ခွန်းအားနှင့်ပြည့်စုံသည်။ မြန်မာပြည်ဟာ- ဒီအဖြစ်မျိုးတွေနဲ့တူနေပါတယ်။ အာဏာဆိုးကြီးတွေနဲ့ ကြုံတွေ့ နေရတယ်။ စုံစမ်းနှောက်ယှက်ခြင်းက- ကလဲ့စားချေဖို့ ကျွန်ုပ်တို့ရဲ့ အတ္တတွေကို စိန်ခေါ် လှည့်စားနေပါတယ်။ မကောင်းဆိုးဝါးရဲ့ နည်းတွေကို အတုယူတဲ့ အခါ  ပျော်ရွှင်ဝမ်းမြောက်ခြင်းတွေကို  ဖြိုဖျက်တယ်။ ကောင်းတဲ့ လူတွေရဲ့ အကျင့်သီလတွေက တနေ့ ဧကန်မုချ အနိုင်ရပါလိမ့်မယ်။ ဘာကြောင့်လည်းဆို တော့ ဘုရားသခင်ဟာ ထို လူကောင်းတွေနဲ့ အမြဲချီတက်နေပါတယ်။

 

တပည့်တော်ဖြစ်ဖို့ ခေါ်တော်မူခြင်းဟာ မမွေးဖွားခင်ကတည်းကပင် ကောင်းကြီး မင်္ဂလာပေါင်းများစွာနဲ့ စတင်ခဲ့ပါတယ်။ သံပေါလူးက ဝမ်းသာစွာကြွေးကြော်သလို့- ကိုယ်တော်သည် ကမ္ဘာ မတည်မရှိမီကပင် ငါတို့ကို ရွေးကောက်တော်ခဲ့သည်။ ဝိညာဉ်ရေးရား၌ ကောင်းကြီးပေးခဲ့တယ်။ ငါ့ကို ခွန်အားပေးတော်မူသော အရှင်အားဖြင့် ငါသည် အရာ ခပ်သိမ်းတို့ကို တတ်စွမ်းနိုင်၏။

 

ဒါတွေဟာ စစ်မှန်တဲ့ တပည့်တော်ရဲ့ အာဏာတွေပါ။ ကုလသမ္မက အဖွဲ့ဝင်နိုင်ငံတွေဆီက ဝယ်ယူတဲ့ လက်နက် အာဏာတွေ မဟုတ်ပါ။ စစ်မှန်တဲ့ အာဏာကတော့ ခရစ်တော်က တပည့်တော်ဖြစ်ဖို့ ခရစ်ယာန်တိုင်းကို ပေးထားတဲ့ အကျင့်သီလကောင်း အာဏာဖြစ်ပါတယ်။ ခရစ်တော်ဘုရားက သူ့တပည့်တော် တွေကို အထူမှာထားတဲ့ အရာတြွေဖစ်ပါတယ်။ သတင်းကောင်းကို ဟောပြောဖို့နဲ့ မကောင်းဆိုးဝါးတွေကို နှင်ထုတ်ဖို့၊ ဖျားနာသူတွေကို ကုသပါဖို့ ခရစ်တော်ဘုရားက တပည့်တော်ကြီးတွေကို အကြိမ်ကြိမ်မှာထားပါတယ်။

 

ကျွန်ုပ်တို့ အယောက်တိုင်းကိုလည်း စစ်မှန်တဲ့တပည့်တော်ဖြစ်ဖို့နဲ့ တမန်တော်များ ဖြစ်ဖို့ခေါ်ခဲ့ပါတယ်။ တမန်တော်ဆိုတာ သာသနာလယ်ကွင်းထဲ စေလွှတ်ခြင်းခံရဖို့ ဖြစ်ပါတယ်။ နှစ်ပေါင်းများ အနာတရ ရနေတဲ့ မြန်မာပြည်၊ မျက်ရည်တွေထဲ နစ်မြုပ်နေတဲ့ မြန်မာပြည်မှာ သာသနာလယ်ကွင်းဆိုတာ ဘာဖြစ်မလဲ။ မြန်မာပြည် အတွက် တမန်တော်ဆိုတာ ဘာဖြစ်မလဲ၊ ဘာအတွက် စေလွှတ်ခြင်းခံရမလဲ၊ ဘယ်ကိုလဲ၊?

 

ကျွန်ုပ်တို့ရဲ့ သာသနာလယ်ကွင်း ၅ ခုရှိပါတယ်။

 

၁. သတင်းကောင်းကို ကြေငြာဖို့- ဟောပြောကြေငြာခြင်း

 

၂. ငြိမ်းချမ်းရေးကို မလိုလား၊ လက်မခံသူတွေကို ငြင်းပယ်ခြင်း

 

၃. ဖျားနာသူတွေကို ကုသခြင်း

 

၄. မကောင်းဆိုးဝါးတွေကို တိုက်ထုတ် နှင်ထုတ်ခြင်း

 

၅. နောင်တ တရားကို အသိပေး ကြေငြာခြင်း

 

မြန်မာပြည်မှာ အဓိကဦးစားပေး လုပ်ဆောင်ရမယ့် သာသနာလုပ်ငန်းတွေကတော့-

 

၁. သတင်းကောင်းကို ကြေငြာဖို့- ဟောပြောကြေငြာခြင်း- ဒုက္ခဆင်းရဲခံစားနေရတဲ့ ကျွန်ုပ်တို့ရဲ့ တိုင်းပြည်ဟာ သတင်းကောင်းတွေ လိုအပ်နေပါပြီ။ သတင်းကောင်းက ဘာတြွေဖစ်မလဲ။ ပရောဖက်လိုပဲ- သတင်းကောင်းဆိုတာကတော့ မရှိဆင်းရဲသား တွေ၊ အားနည်းသူတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်နေခြင်းတွေကို ရပ်တန့်ဖို့ ဖြစ်ပါတယ်။ ရွှေနိုင်ငံတော်ဟာ ကျွန်ုပ်တို့ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ တိုင်းပြည် ဟာ တစ်စုံတစ်ဦး၊ လူနည်းစုရဲ့ ကိုယ်ပိုင်ပစ္စည်းမဟုတ်ပါဘူး။ မြန်မာပြည်သူ လူထုကို ဘုရားသခင်က ပေးထားတဲ့ ကတိထားတဲ့ နယ်မြေဖြစ်ပါတယ်။ တိုင်းပြည် ရဲ့ သယံဇာတတွေဟာ ပြည်သူအားလုံးနဲ့ သက်ဆိုင်ပါတယ်။ သတင်းကောင်းကို ကြေငြာဟောပြောခြင်းဆိုတာကလည်း ကျွန်ုပ်တို့ အားလုံးရဲ့ တာဝန်ဝတ္တရား ဖြစ်ပါတယ်။

 

၂. ငြိမ်းချမ်းရေးကို မလိုလား၊ လက်မခံသူတွေကို ငြင်းပယ်ခြင်း- ခရစ်တော် ဘုရားက သူ့တပည့်တော်ကြီး တွေကို မှာထားတာက- ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ပြန်လည်သင့်မြတ်ခြင်း နည်းနာတွေကို မရှာဖွေသူ၊ မလိုလားသူတွေကို ဆန့်ကျင် ငြင်းပယ်ဖို့ ညွန်ကြားပေးခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို မလိုလာသူတွေဟာ ဘုရားနိုင်ငံတော်နဲ့ မသက်ဆိုင်သူတြွေဖစ်ပါတယ်။ ခရစ်တော်ဘုရား ဟောထားတာ ကတော့- သူတို့ကို ဆန့်ကျင့်တဲ့ သက်သေအနေနဲ့ သင်တို့ ခြေမှာ ကပ်ပါလာတဲ့ မြေမှုန့် ကို ခါချကြပါတယ့်။ စစ်မှန်တဲ့ တပည့်တော်ရဲ့ တာဝန်ဝတ္တရားကတော့- ဆင်းရဲသားတွေဆီကနေ ခိုးယူနေသူတွေကို လက်မခံပဲ ဆန့်ကျင့် ငြင်းဆန်ဖို့ ဖြစ်ပါတယ်။

 

၃. ဖျားနာသူတွေကို ကုသခြင်း- မြန်မာပြည်သူတွေဟာ ရောဂါမျိုးစုံရဲ့ ဆိုးကျိူးတွေကို ခံစားနေကြရပါတယ်။ စစ်ရောဂါ၊ အိုးမဲ့အိမ်မဲ့ ရောဂါ၊ အစာရေစာ ငတ်ပြက်ခြင်း ရောဂါ၊ တောတောင်တွေထဲ အသက်လုနေရတဲ့ ရောဂါ၊ မတရား အကျဉ်းထောင်ချ ခြင်း ရောဂါတြွေဖစ်ပါတယ်။ ကျွန်ုပ်တို့ ပြည်သူတွေဟာ ဆိုးဝါးတဲ့ ဖျားနာခြင်း ရောဂါတွေ ဘယ်လောက်ခံစားနေရပြီလဲ။ အခုဆိုရင် ကိုဗစ် ကပ်ရောဂါဆိုးကို ခံစားနေရပါတယ်။ ဝိညာဉ်ရေးမှာလည်း အနာတရတွေ ရနေပါပြီ။ စိတ်ပိုင်ဆိုင်ရာ တွေမှာလည်းရောဂါ ကပ်စွဲနေပါပြီ။ ခန္ဓာကိုယ်ပိုင်ဆိုင်ရာတွေမှာ ထိခိုက်နစ်နာ မှုတွေ များနေပါပြီ။  အဖွဲ့လိုက်အစုလိုက် နာကျင်မှုရောဂါတွေ ခံစားနေရပါတယ်။ ထာဝရဘုရားက သူ့လက်တော်တွေ ဆန့်တန်းပြီး လူ့လောဘနဲ့ သဘာဝ ကပ်ဆိုးဘေးတွေကြောင့် အနာတရ ရနေတဲ့ ကျွန်ုပ်တို့ရဲ့ တိုင်းပြည်ကြီးကို ကုစားပေးဖို့ ဆုတောင်းခြင်းမှာ ပိုမို အားထုတ်ဖို့ လိုနေပါပြီ။ ခရစ်တော်ဘုရားက ဒီတိုင်းပြည်ကြီးကို လုံးလုံးလျားလျား ကုစားပေးမှာပါ။

 

၄. မကောင်းဆိုးဝါးတွေကို တိုက်ထုတ် နှင်ထုတ်ခြင်း- ကျွန်ုပ်တို့တိုင်းပြည်မှာ မကောင်းဆိုးဝါး ပူးကပ်ခြင်းတွေ အများကြီးရှိပါတယ်။ မကောင်းဆိုးဝါးတွေများနေပါတယ်။ အတ္တဆန်တဲ့ မကောင်းဆိုးဝါး၊ အာဏာရူး မကောင်းဆိုးဝါး၊ အလွဲသုံးစား အမြတ်ထုတ်ခြင်း မကောင်းဆိုးဝါး၊ ဖိနပ်တရံအတွက် ဆင်းရဲသားတွေကို ရောင်းစားတဲ့ မကောင်းဆိုးဝါး၊ စစ်သလင်း မကောင်းဆိုးဝါ၊ မတရားဖိနှိပ်ခြင်း မကောင်းဆိုးဝါးတွေ ဖြစ်ပါတယ်။ များစွာသော မကောင်းဆိုးဝါး လစ်တာနီတွေ ရှိနေပါတယ်။ တိုင်းပြည်အနေနဲ့၊ ပြည်သူတွေ အားလုံးအနေနဲ့ မကောင်းဆိုးဝါးတွေနဲ့ လိမ်လည် လုပ်စား နေသူတွေ ကို အတူတကွ ခုခံ မောင်းထုတ် နှင်ထုတ်ဖို့ လိုနေပါပြီ။

 

၅. နောင်တ တရားကို အသိပေး ကြေငြာခြင်း- အမိမြန်မာပြည်ကို ဘုရားသခင် စိုးမိုးတဲ့ နိုင်ငံတော်ဖြစ်စေချင်တယ်ဆိုရင် နောင်တ တရားနဲ့ စတင်ရမှာဖြစ်ပါတယ်။ ခရစ်တော်ဘုရားက သူ့ရဲ့  သာသနာလုပ်ငန်းစဉ်ကို ”နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်သည် နီးလာပြီ“ ဆိုတဲ့ ရိုးရှင်းတဲ့ စကားနဲ့ စတင်ခဲ့ပါတယ်။

 

 အယောက်တိုင်းရဲ့ နောက်တရခြင်း၊ အကျင့်ပြောင်းလဲ ခြင်းနဲ့ အတူ ကျွန်ုပ်တို့ ရင်ဆိုင်နေရတဲ့ ခက်ခဲမှုတွေ အားလုံးဟာ အဝေးလွင့်သွားမှာပါ။ နှစ်ပေါင်းများစွာ ဒီတိုင်းပြည်ကြီးထဲ နေထိုင်ခဲ့ ကြပါတယ်။ ဒါပေမယ့် လူနည်းစုသာ တိုင်းပြည် အတွက် လုပ်ဆောင်ခဲ့ကြပါတယ်။ နည်းပေါင်းစုံနဲ့ ခွဲခြားဆက်ဆံခြင်းတွေ ပြုလုပ်ခဲ့ ကြပါတယ်။ ကျွန်ုပ်တို့ နောင်တယူကြပြီး- “ကျွန်ုပ်တို့အားလုံးဟာ ဘုရားတဆူ တည်းက ဖန်ဆင်းတဲ့ ညီအကို မောင်နှမတွေပါ” လို့ လက်ခံသင့်ပါပြီ။

 

ကျွန်ုပ်တို့ဟာ အဖွဲ့အစည်းအလိုက် ပြောင်းလဲပြီး နောင်တယူဖို့လိုနေပါပြီ။ ဘာသာ ရေးမှာ ခွဲခြားခြင်းခံခဲ့ရပြီး လူတွေကို ညှင်းပန်းနှိပ်စက်တယ်။ ဘယ်ဘာသာ တရား ကမှ အမုန်းတရားတွေ၊ ညှင်းပန်း နှိပ်စက်ခြင်းတွေကို မသွန်သင်ပါဘူး။ ဝိညာဉ် ရေးမှာ အင်မတန်မှ ကြွယ်ဝတဲ့ ဒီနိုင်ငံဟာ ကျဉ်းမြောင်းတဲ့ ရှုထောင့်ကနေ လုပ်ဆောင်ခဲ့တဲ့ မတရားမှုတွေကို မေတ္တာတရားနဲ့ ပြန်လည်ပြီး စတင်ကုစားဖို့ လိုအပ်နေပါတယ်။

 

ခေါင်းဆောင်တွေရဲ့ နောင်တတရားကိုလည်း ကျွန်ုပ်တို့ လိုအပ်နေပါတယ်။ ဘုရားသခင်က ကျွန်ုပ်တို့အား ကြီးမားတဲ့ နိုင်ငံပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ခုနစ်ဆယ်လုံးလုံး လူတွေက အာဏာတွေကိုပဲ ရှေ့တန်းတင်ကြတော့ ကျွန်ုပ်တို့ ပြည်သူတွေက ငြိမ်းချမ်းခြင်း မခံစားခဲ့ကြရပါဘူး။ အာဏာကသာ အဓိက ဖြစ်နေခဲ့တယ်။ ထောင်နဲ့ချီ သေကျေပျက်စီး ခဲ့ကြရတယ်။ သန်းပေါင်းများစွာသော လူတွေဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရတယ်။ ပြည်ပကနေ ဖြစ်ပေါ်လာတဲ့ စစ်ကြောင့် မဟုတ်ပါဘူး။ ပြည်တွင်းမှာ ခိုက်ရန်ဖြစ်ပွားနေတဲ့ စစ်ကြောင့်ပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်အားလုံး နောင်တယူပြောင်းလဲကြပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတော်ကို တည်ဆောက်ဖို့ လိုနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်နဲ့ တပ်မတော် အားလုံးကို ရည်ညွှန်းပါတယ်။

 

 သခင်ယေဇူးရဲ့ တရားဟောတဲ့ ဦးဆုံးစကားတခွန်းက နောင်တရကြလော့- ပြုပြင်ကြလော့။ ဘုရားနိုင်ငံ သူတို့ထဲရောက်ပြီ။

 

 

 

Add new comment

1 + 15 =