(၁၃)ကြိမ်မြောက် သာမာန် တနင်္ဂနွေနေ့ ကာဒီနယ်ကြီး၏တရားဒေသနာတော်

(၁၃)ကြိမ်မြောက် သာမာန် တနင်္ဂနွေနေ့ ကာဒီနယ်ကြီး၏တရားဒေသနာတော်

(၁၃)ကြိမ်မြောက် သာမာန် တနင်္ဂနွေနေ့ ကာဒီနယ်ကြီး၏တရားဒေသနာတော်

28 June 2020      13 Sunday 2 Kings 4:8-11, 13-16      Rom 6: 3-4, 8-11    Mt: 10:37-42

ညီအစ်ကိုမောင်မနှမတို့

ပါစကားပွဲကာလနဲ့ ပွတွေအပြီးအခု (၁၃)ကြိမ်မြောက် ရိုးရိုးတနင်္ဂနွေနေ့ရောက်ပါပြီ။ ကျမ်းစာတော်ကို ရိုးရိုးလေးနဲ့သုံးသပ်ကြရအောင်။

၁။ “အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍၊ ငါနောက်သို့ လိုက်၊ ထိုသူသည် ငါနှင့်မထိုက်မတန်။ မိမိအသက်ကိုတွေ့သော သူသည်။ အသက်ရှုံးလိမ့်မည်။ ငါကြောင့် မိမိအသက်ရှုံးသောသူမူကား၊ အသက်ကို တွေ့လိမ့်မည်။” အခုတစ်မိနစ်လောက်စဉ်းစားကြရအောင်။ ကျွန်ုပ်တို့ခရစ်ယာန်ရဲ့ ပဌမရာစု မှာ သခင်ယေဇူး၊ အသက်တော်စွန့်ပြီး၊ မိုးကောင်းကင် တက်ကြွတယ်။ အဲ့ဒီအပြီး၊ ပဌမနှစ်(၅၀)မှာ သူရဲ့တမန်တော်ကြီး(၁၂)ပါး နောက်ဆုံးအပါးထိ၊ လူပေါင်း(၅)သိန်း၊ အမျိုးသား၊ အမျိုးသမီး၊ ခလေးလူငယ်၊ သာသနာရဲ့ အသင်းသူ/သားများ ဖြစ်ကြတယ်။ ဒါဖြစ်ဘို့ ကျွန်ုပ်တို့တတွေ တမန်တော် ကြီးများ ဘယ်လိုမျိုး ဒုက္ခအခက်အခဲတွေ့ရသလဲဆိုတာ စဉ်းစားလေ့ မရှိဘူး မိမိရဲ့ လက်ဝါးကပ်တိုင်ထမ်းလျောက်ခဲ့ကြတယ်။ သမိုင်းက ဘာပြောလဲ။

၁။ သံယောဟန် အသက်ရွယ်ကြီးပြီးမှ “ပတ်မော့” ကျွန်းစီပြည်နှင်ခံရတယ်။ ပွက်ပွက်ဆူနေတဲ့ ဆီဒယ်အိုးထဲ အကြော်ခံရပေမဲ့- တန်ခိုးကြောင့်လွတ်မြောက်ခဲ့တယ်။ ။ ၂။ သံပေတရူး နီဂိုးအင်ပယာအချိန်- ကားစင်နဲ့ဇောက်ထိုး အသတ်ခံ

ခဲ့ရတယ်။

၃။ အန္ဒြူး - Patrae နေရာ- ဂရိကိုလိုနီမှာ ကားစင်ပေါ်အသေခံခဲ့တယ်။ ၄။ ဂျိမ်း- Alphaeus ရဲ့သား ဗိမာန်တော်အမြင့်ကနေ၊ ပစ်ချခံရတယ်။

သေတဲ့အထိတင်းပုတ်တုတ်နဲ့ အရိုက်ခံခဲ့ရတယ်။ ၅။ Bartholomew - Armenia မှာ အသားအရည်တကိုယ်လုံး

ဆုတ်ခွါခံခဲ့ရတယ်။ ၆။ ဂျိမ်း - Zebedee သား ဂျေရုဇလင်မှာ ခေါင်းဖြတ်ခံခဲ့ရတယ်။ ။ ရ။ တောမတ်- အိန္ဒိယပြည်- Coromandel နေရာမှာ လှံနဲ့အထိုး သတ်ခံခဲ့ရတယ်။ ၈။ Philip - Heropolis မှာ ကြိုးဆွဲချ၊ အသတ်ခံခဲ့ရတယ်။ ၉။ Thaddeus - မသေမချင်း မြားခဲ့အပစ်ခံခဲ့ရတယ်။ ၁၀။ Simon Persia (အခု Iran) မှာ ကားစင်ပေါ် အသတ်ခံခဲ့ရတယ်။ ၁၁။ မာထေဦး- ကျောက်ခဲနဲ့အပစခံရပြီး၊ ခေါင်းဖြတ်ခံခဲ့ရတယ်။ ၁၂။ (၁၂)ပါးထဲမပါပေမဲ့ ရှင်ပေါလူး- ရောမမြို့အပြင်မှာ ခေါင်းဖြတ် အသေခံခဲ့တယ်။

ဘယ်လောက်အနစ်နာခံပေးဆပ်ခဲ့ကြသလဲ။ ဘာကြောင့် ဒီလိုမျိုး အသေခံ ကြသလဲ။ ဘာကြောင့်မို့ သူများအကဲ့ရဲ့ခံကြသလဲ။ အနစ်နာခံ၊ အငတ်ခံ။ ဒါပေမဲ့ တမြို့ပြီးတမြို့၊ တနေရာပြီးတနေရာ၊ ကောင်းတဲ့ သတင်းကို ကြဲဖြန့်နိုင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့- သခင်ယေဇူးရဲ့ စကားကို မြန်မာလိုဆို “ငန်းငန်းတက်ယုံတယ်။” ရှင်ပေါလူးပြောသလို Slaves to Christ.

“မိမိလက်ဝါးကပ်တိုင်ထမ်း” မိမိနော်။ အသီးသီးကိုယ့်၊ လက်ဝါးကပ်တိုင်၊ နေ့စဉ်အခက်အခဲ အဆင်မပြေမှုလေးတွေ- သီးခံထမ်း။ သခင်က သလက်ဝါးကပ်တိုင်ထမ်းခိုင်းတာ မဟုတ်ဘူး။ သူမွေးသလို ဆင်းဆင်းရဲရဲနွားစားခွက်ထဲမမွေးဖွားခိုင်းဘူး။ သူအသေခံသလို အသေမခံခိုင်းဘူး။

နေ့စဉ်နေ့တိုင်း - မိမိကြုံရတဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲလေးတွေ၊ သီးခံစိတ်ရှည်၊ ပူဇော်ပြီး အသက်ရှင်စေချင်တယ်။ Covid အချိန်တချို့ စိတ်ပျက်ပြီး၊ သက်သေတဲ့လူတွေများလာပြီ။ သည်းခံဘို့၊ စိတ်ရှည်ဘို့ သခင်က ဖိတ်ခေါ်နေပါတယ်။

၂။ “သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။” “အတွေ့အကြုံလေးတစ်ခုနဲ့ ရင်ဆိုင်ဘူးတယ်။ အသက်(၅၀)ကျော် အမျိုးသားတစ်ဦး- ဆံပင်ဖြူဖြူ၊ ရွှေရောင်သန်းနေပြီး၊ သတ်သတ်ရပ်ရပ် Suit ဝတ်စုံလေးဝတ်ထားတယ်။ သဘောကောင်းတယ်။ ရိုသေထိုက်တယ်။ သစ္စာရှိတယ်။ စရိုက်ကောင်းတယ်။ ဒါပေမဲ့ ဘယ်တော့မှ ဘုရားကျောင်း မတက်ဘူး။ ဘယ်ခရစ်ယာန် အဖွဲ့ အစည်းမှမဝင်ဘူး။ စကားပြောရင်းခင်မင်လာခဲ့တယ်။ တနေ့ကျတော့မေးဖြစ်တယ်။ ဘာကြောင့် ဘုရားကျောင်း မတက်တာလဲ။ လာပါလား။ ပြုံးပြီး၊ စဉ်းစားပြီး၊ လူငယ်လေးဘဝတုံးက အတွေ့အကြုံတစ်ခုကို ပြောပြတယ်။ သူမိသားစုငယ်ငယ်တုံးက ညီအစ်ကိုမောင်နှမများတယ်။ ဆင်းရဲတယ်။ ရုန်းကန်ခဲ့တယ်။ ဒါပေမဲ့ စားနိုင်၊ သောက်နိုင်ပါပဲ။ အသက် (၁ဝ)လောက် တုံးက မိသားစုနဲ့အတူ ဘုရားကျောင်းသွားတယ်။ Sunday School တက်တယ်။ အားရစရာသီချင်းဆို ပုံပြင်နားထောင် ကျမ်းစားပုံပြင် စိတ်ဝင်စားစရာကောင်းတယ်။ အရင်တုံးက မကြားစဘူးကြားရတယ်။ အတန်းအပြီးမှာ ဆရာမက ဘေးကိုဆွဲခေါ်ပြီး “ နောက်တခါ ဒီလိုဝတ်စားပြီး မလာနဲ့ ဘုရားဗိမာန်ဆိုတာ ရိုသေရတယ်။

ဒီခလေးက ခဏစဉ်းစားပြီး လေသံလေးနဲ့ ပြောတယ်။ “ဟုတ်ပါပြီ နောက်တခါမလာတော့ပါဘူး။” အဲ့ဒါနဲ့ပြီးသွားရော ဒီခလေးဘယ်တော့မှ ဘုရားကျောင်းမလာတော့ဘူး။ ဆရာမကတော့ စိတ်ကောင်းနဲ့ ပြောတာ ဖြစ်မှာပေါ့။ ဒါပေမဲ့ ဆရာမအနေနဲ့- ဒီညစ်ညစ်ပတ်ပတ်ဝတ်ထားတဲ့ခလေး ပုခုံးကိုင်ထားပြီး၊ သား ဒီနေ့လာလို့ ဝမ်းသာတယ်။ အခွင့်အရေးရတိုင်း လာခဲ့နော်။ သခင်ယေဇူးက သားသားကို ချစ်တယ် လို့ပြောလိုက်ရင် ဘယ်လောက်ခွန်အားဖြစ်စေမလဲ။ ဒီအဖြစ်အပျက်ကတော့ ဒီလိုပြီး သွားတယ်။ ဒီ အသက်(၅၀)ကျော် လူကြီး၊ ဘုရားကျောင်းထဲလာတာ နောက်ဆုံးတွေ့လိုက်တယ်။ ဘယ်တုံးကလဲဆိုတော့ ဗုဒ္ဓဟူးနေ့ သတ်သတ် ယတ်ယတ် ဝတ်ထားတယ်။ လက်လေးရှိခိုးပြီး Casket အခေါင်းတလား ထဲမှာ။

သူပြောတဲ့စကားကလေး“ဟုတ်ပါပြီ။ နောက်တခါ မလာတော့ပါဘူး” ကျွန်ုပ်တို့ စဉ်းစားစရာ။ တပါးသူကို၊ အချိန်မရွေး၊ နေရာမရွေးကြိုဆို လက်ခံနိုင်ကြပါ့မလား။ ။

၃။ “အကြင်သူသည် တပည့်တော်၏ မျက်နှာကို ထောက်၍ ဤသူငယ် တစ်စုံတယောက်အား၊ ရေတခွက်ကို မျှပေး၏။ ထိုသသည် အကျိုးကိုမရဘဲ မနေရာ”။

ဒီမေတ္တာတရား လုပ်ငန်းမှာ အမြဲပဲ Calcutta က - Mother မာသာထရေဇားကို သတိရတယ်။ ဘယ်လိုလုပ်ပြီး- ဖျားနာတဲ့လူတွေ၊

ရောဂါသည်တွေ၊ AIDS ရပြီး၊ နောက်ဆုံးအချိန်ရောက်တာတွေ၊ စိတ္တဇဆေးရုံတွေ- လမ်းဘေး ပစ်ထားပုံနေတဲ့လူတွေကို ကြည့်ရှုနိုင်လဲ။ Mother Teresa said that as she looked at each person for whom she was caring - she tried to imagine that she was tending the Lord Jesus' wounded body.

ဖျားနာ၊ ရောဂါသည်တိုင်းကို စောင့်ရှောက်ကြည့်ရှုတိုင်း၊ သခင်ခရစ်တော်ရဲ့ ကိုယ်ခန္ဓာကို၊ စောင့်ရှောက်ပေးတယ်ဆိုတာ ယုံကြည်လက်ခံပြီး ကြီးမားတဲ့ မေတ္တာနဲ့ လုပ်ကိုင်တယ်။ သူရဲ့ Sister တွေကိုဖြစ်နိုင်ရင် လက်အိတ် မဝတ်ခိုင်းဘူး။ သင်တို့ကိုင်တွယ်နေတာက သခင်ယေဇူးရဲ့ ခန္ဓာကိုယ် ဖြစ်တယ်တဲ့။

အိန္ဒိယပြည် ဟိန္ဒူ- Mother Teresa ကို “ဘုရားမ”လို့ခေါ်ကြတယ်။

သူတို့ရဲ့ godess - Mother Teresa ရဲ့ အသုဘကို “State Funeral’ အစိုးရကိုယ်တိုင်၊ နိုင်ငံတော်အဆင့်နဲ့ သဂြိုလ်ခဲ့တယ်။ Mother ပြောခဲ့တယ်။ နေ့စဉ်ကြီးမား ကြီးကျယ်တဲ့ လုပ်ငန်းတွေ လုပ်ဘို့အခွင့်အရေးမရှိပေမဲ့- သေးငယ်တဲ့ အလုပ်ကို ကြီးမားတဲ့မေတ္တာနဲ့ လုပ်နိုင်ပါတယ်။ “ဤသူငယ်အား၊ ရေလေးခွက်ပေးရင်၊ အကျိုးမရဘဲ မနေရ။”

၄။ ဒီမှာ James ဆိုတဲ့အဖိုးကြီးတယောက်ရှိတယ်။ အသက် (၇၂)နှစ် မနက်တိုင်း၊ နေ့တိုင်း၊ ရာသီဥတုကောင်းရင် လမ်းစုံမှာ ရပ်ပြီး၊ ဘာလုပ်လဲ ဆိုတော- ဖြတ်သန်းလာတဲ့ မော်တော်ဆိုင်ကယ်သမားတွေကို လက်ပြပြီး Good Morning”” မင်္ဂလာပါ။ သူကိုယ်သူ ကောင်းသောသတင်းပေးတဲ့ သံအမတ်လို့ ယူဆပြီး- နံနက် ၇:၁၅ ကနေ ၉:ဝဝနာရီထိ လုပ်တယ်။ အသက်ကမငယ်တော့၊ လက်ကိုင်တုတ်လေးထောက်ပြီး၊ လုပ်နေတယ်။ သူမေးကြည့်တော့ သူ့နှုတ်ဆက်တာကို - အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုစေတနာရပြီး- ပြန်တုံ့ပြန်နှုတ်ဆက်ကြတယ်။ တရက်မှာတော့ သူရေတွက်ကြည့်တယ်။ အမျိုးသမီး ၁၈ဝ က ပြန်တုံ့ပြန့်လက်ပြတယ်။ အမျိုးသားကတော့ (၇၅)ယောက်ဘဲတဲ့။ ဒါမျိုးလုပ်တာ သူအဆိုအရ “အပျော်သဘော” ပါပဲ။ ဒါပေမဲ့ What I have found is if you are nice to people, welcoming to people, they respond to that and they are nice in return.

- ရေလေးတခွက် - တကယ့်ရေတခွက်လည်းဖြစ်တယ်။ သေးငယ်တဲ့အလုပ်၊ အပြုအမူလေးလည်းဖြစ်ပါတယ်။ ရေလေးတခွက် - သင်္ကေတ- It is Just a symbol . “မင်္ဂလာပါ”၊ Good morning- ရေလေးတခွက်၊ “နေကောင်းကြလား။” “ထမင်းစားပြီးပြီလား။” ရေလေးတခွက်၊

Bus ကားထဲ- သက်ကြီးတစ်ဦးနေရာ ဖယ်ပေးတယ်။ ကလေးချီထားတဲ့ မိခင်ကို နေရာပေးတာ- ကိုယ်ဝန်ဆောင် အမျိုးသမီးကို နေရာပေးတာ အားလုံး ရေလေးတခွက်၊ သေးငယ်တဲ့၊ ရိုးစင်လှတဲ့ အပြုအမူလေးတွေပါ။ ဒါပေမဲ့လေးနက်ပါတယ်။ တဖက်သား၊ အရေးပေး၊ ကြိုဆိုတာ ဘယ်လောက်တန်ဘိုးရှိပါသလဲ။

လူတွေ့တကိုယ်တည်း- Lonely, isolated ဖြစ်နေချိန် လူတွေ ကိုယ်စိတ်၊ ကိုယ်သောကနဲ့ ကြောက်ရွံ့နေချိန်မှာ- တဦးတယောက်ကူညီစိတ်၊ မေတ္တာစိတ်ပြတာဟာ တန်ဘိုးပါ။

Covid အချိန် တချို့ စိတ်အားငယ်ပြီး Committed suicide သတ်သေကြတဲ့အချိန် We need one another, we need to welcomes each other. “He who welcomes you, welcomes one. And who ever welcomes me, welcomes him who sent me”

အားလုံးမင်္ဂလာပါ။

Add new comment

7 + 7 =

Please wait while the page is loading