အမိမြန်မာနိုင်ငံအတွက်ဆုတောင်းမေတ္တာ

Bishops form Myanmar (CBCM)

အမိမြန်မာနိုင်ငံအတွက်ဆုတောင်းမေတ္တာ

စကြာ၀ဠာတစ်ခုလုံးကို အံ့ဩဖွယ် ဖန်ဆင်းအုပ်ချုပ်တော်မူသော အိုအဖမြတ်စွာဘုရားသခင်၊

တပည့်တော်တို့၏ အမိမြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်စေရန် တောင်းလျှောက်ကြပါသည်။

အုပ်ချုပ်သူတို့၏အကြင်နာတရားအားဖြင့်လည်းကောင်း၊ တိုင်းသူပြည်သားအားလုံးတို့၏ ရိုးသားဖြောင့်မတ်ခြင်း အားဖြင့်လည်းကောင်း တပည့်တော်တို့၏ပြည်ထောင်စုကြီးကို စည်းလုံးခြင်းနှင့် တရားမျှတခြင်းတို့၌ တိုးတက်စေတော်မူပါ။

စိတ်ကောင်းနှလုံးကောင်းရှိခြင်းနှင့် မိမိလူမျိုးကို ချစ်မြတ်နိုးသော စိတ်ထားသည် မတူညီသော အယူအဆများ၊ အထင်အမြင် လွဲမှားမှုများနှင့် မုန်းတီးမှုများကို ကျော်လွှားအောင်မြင်နိုင်ကြောင်း တိုင်းသူပြည်သား အားလုံးတို့ကို သိမြင်နားလည်စေတော်မူပါ။

အတူတကွ လက်တွဲနေထိုင်ကြခြင်းဖြင့် ငြိမ်းချမ်းသာယာခြင်းရရှိကြပြီး အစဉ်ဖွံ့ဖြိုးတိုးတက်စေတော်မူပါ။

ကိုယ်တော်ရှင်မှတပါး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခိုလှုံအားကိုးစရာ မရှိပါသောကြောင့် ငြိမ်းချမ်းသာယာခြင်းကို ယခုအခါသမယ၌ ကြွယ်၀စွာ ပေးသနားတော်မူပါဟု နှိမ့်ချညွတ်တွားစွာ တောင်းလျှောက်အသနားခံကြပါသည်။

သဘာ၀ဘေးဥပါဒ်များဖြစ်ကြသော မီးဘေး၊ လေဘေး၊ ငလျင်ဘေး နှင့် ကပ်ရောဂါဘေး အန္တရာယ် အပေါင်းတို့မှ တပည့်တော်တို့ကို ကာကွယ်တော်မူပါ။ လူတို့၏ အမုန်းတရားမှ ဖြစ်ပေါ်လာသော ပဋိပက္ခ ဖြစ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းနှင့် စစ်ဘေးရန်တို့မှ ကင်းလွတ်ကြပြီး၊ မေတ္တာတရားပွားများသော တိုင်းနိုင်ငံတစ်ခု ဖြစ်လာစေတော်မူပါမည့်အကြောင်း တပည့်တော်တို့ တောင်းလျှောက်ကြပါသည်ဘုရား။ အာမင်။

Credit to CBCM OSC

Add new comment

1 + 3 =