အကယ်၍ သင်ဟာ အနာဂတ်​ အတွက်​ မသေချာ​ မရေရာမှုတွေ ရှိနေတဲ့အခါ ဒီကျမ်းချက်လေးတွေကို သတိယ ထောက်ရှု​ လိုက်ပါ။

အကယ်၍ သင်ဟာ အနာဂတ်​ အတွက်​ မသေချာ​ မရေရာမှုတွေ ရှိနေတဲ့အခါ ဒီကျမ်းချက်လေးတွေကို သတိယ ထောက်ရှု​ လိုက်ပါ။

အကယ်၍ သင်ဟာ အနာဂတ်​ အတွက်​ မသေချာ​ မရေရာမှုတွေ ရှိနေတဲ့အခါ ဒီကျမ်းချက်လေးတွေကို သတိယ ထောက်ရှု​ လိုက်ပါ။

တခါတလေ ကျွန်ုပ်တို့ဘဝမှာ ဝေဖန်ပိုင်းခြားဖို့ခက်ခဲ့တဲ့အချိန်တွေရှိပါတယ်။ အနာဂတ်မှာဘာတွေဖြစ်လာမလည်းဆိုတာ မသိတော့ စိုးရိမ်ပူပန် မှုတွေရှိလာတတ်ပါတယ်သတင်းကောင်းကတော့ ကျွန်ုပ်တို့ဟာတယောက်တည်း မဟုတ်ဘူး​ဆိုတာကို​ကျမ်းစာတော်မြတ်မှာ​ ထပ်ခါထပ်ခါ​ ဖေါ်ပြ အားပေးနေပါတယ်။ ဒီလိုအချိန်မျိုးမှာ ဘုရားသခင်က​ စီမံထိန်းချုပ် ကွပ်ကဲ​ ပေးနေပါတယ်ဆိုတာ ကျွန်ုပ်တို့ကို သတိပေးနေတဲ့ ထောက်ရှု​ရမယ့်ကျမ်းချက်တချို့ကို​ ဖေါ်ပြလိုက်ပါတယ်။

၁။ (ဖိလိပ္ပိ 4:6-7)​
အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်း ပန်လိုသောအရာများတို့ကို ဘုရား သခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရား သခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။

၂။ (မာတေး 6:26)​
မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင် ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။

(ပညာအလိမ္မာကျမ်း 3:5-6)
ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။

၃။ (ဟေဗြေဦး 13:5)​
သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲ ခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထားဟု ဂတိတော်ရှိ၏။

၄။ ယေရမိ 29:11
တဖန်မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကိုအကျိုးနည်းစေခြင်းငှာ ကြံစည်သော အကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။

၅။ ၁ ရှင်ပေတရု 5:6-7
ထိုကြောင့် ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီသော လက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။

၆။ ဖိလိပ္ပိ 1:6
သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည်၊ ယေရှုခရစ်၏နေ့ရက်တိုင်အောင် ပြီးစီး လျက်ပြုတော်မူမည်ဟု ငါသဘောကျ၏။

ဘာသာပြန် ဖာသာရ် ဂျော့ချ် ရွှေထွန်း

Source: Radio Veritas Asia Editorial Board

Add new comment

3 + 14 =