သခင်ယေဇူးမိုးကောင်းကင်တက်ကြွပွဲနှင့် ကမ္ဘာ့ဆက်သွယ်ရေးတနင်္ဂနွေနေ့ ကာဒီနယ်ချာစ်းလ်ဘို၏ တရားတော်

သခင်ယေဇူးမိုးကောင်းကင်တက်ကြွပွဲနှင့် ကမ္ဘာ့ဆက်သွယ်ရေးတနင်္ဂနွေနေ့ ကာဒီနယ်ချာစ်းလ်ဘို၏ တရားတော်

သခင်ယေဇူးမိုးကောင်းကင်တက်ကြွပွဲနှင့် ကမ္ဘာ့ဆက်သွယ်ရေးတနင်္ဂနွေနေ့ ကာဒီနယ်ချာစ်းလ်ဘို၏ တရားတော်

သခင်ယေဇူး၌ ညီအစ်ကိုမောင်နှမတို့၊ လူသားများနှင့် သတ္တဝါ၊ သစ်ပင်ပန်းပင်အပေါင်း၊ ကောင်းကြီးမင်္ဂလာ ခံစားရပါစေ။ ဒီကမ္ဘာလုံးကြီး
ကောင်းကြီးခံစားရပါစေ။ ကျွန်ုပ်တို့ ဒီနေ့ မုန့်တော်နဲ့ နှုတ်ကပတ်တော် ဝေမျှခြင်းမှာ ပါဝင်ကြတဲ့ သင်တို့အားလုံး ဘုရားရှင် ကျေးဇူးတော်နဲ့ ပြည့်ဝကြပါစေ။
အသက်ရှင်တဲ့ဘုရား၊ ချစ်တဲ့ဘုရား၊ လွတ်မြောက်ချမ်းသာစေသော ဘုရားရှင်၊ သင်တို့နှလုံးသားတိုင်းကို အေးချမ်းပါစေ။
ဒီနေ့တနင်္ဂနွေနေ့ - ပွဲ(၂)မျိုး (၂)စားကို ကျင်းပနေတယ်။ ၁။ သခင်ယေဇူးမိုးကောင်ကင်သို့၊ တက်ကြွတဲ့ပွဲကြီး။ ၂။ ကမ္ဘာဆက်သွယ်ရေးပွဲနေ့ကြီးဖြစ်ပါတယ်။
သခင်မိုးကောင်းကင်ကို တက်ကြွတော်မူတယ်။ သခင်ယေဇူးဝမ်းမြောက် ဝမ်းသာစွာနဲ့ ဆိုနိုင်ပြီ။ “ လုပ်ငန်းတာဝန်ပြီးမြောက်ပါပြီ” အခု အဖ ခမည်းတော်ထံ ပြန်ကြွတော်မူပြီ။ ဒါပေမဲ့ စွန့်လွတ်အနစ်နာ ခံမှုကြီးကို ပေးလိုက်ရတယ်။ ဘုရားဖြစ်စေကာမူ၊ ပင်ကိုယ်ဘုရား အဆင်းသဏ္ဍန် စွန့်ပြီး၊ ကျွန်တစ်ဦးကဲ့သို့ လက်ခံခဲ့တယ်။ ဒီသိုးငယ်တော်ဟာ အရက် အစက်ခံရတယ်။ ကားစင်ကိုသယ်ဆောင်ရပြီး၊ တံကျင်မှာ အသေသတ် ခြင်းကို ခံယူတော်မူတယ်။ ကျွန်ုပ် သောကြာနေ့ကြီးမှာ ဒီဒုက္ခလမ်းကို လျောက်လမ်းခဲ့တယ်။ စနေနေ့ကြီးမှာ စောင့်မျှော်နေ ကြပြီ၊ တတိယ နေ့မှာ သေခြင်းနဲ့ ပုပ်သိုးခြင်းကို အောင်မြင်ပြီး ရှင်ပြန်ခဲ့တယ်။ ကျွန်ုပ်တို့ ပျော်ရွှင်ကြတယ်။ ရက်(၄၀) တပည့်တမန်များနဲ့နေ။ တာဝန် လုပ်ငန်းပြီး၊ ပြည့်စုံအောင်မြင်ပါပြီဆိုတဲ့ စိတ်ကျေနပ်မှုနဲ့ အဖမည်း တော်ဘုရားစီ ပြန်လည်ကြွတော်မူတယ်။ မင်္ဂလာရှိတဲ့ ပွဲနေ့ကြီးပါ။
- ဒီနေ့ရဲ့ ကျင်းပတဲ့ပွဲ အမှောင်ထုကို အလင်းရောင်ခြည်က အောင်မြင် တဲ့ပွဲ၊ သေခြင်းအပေါ် အသက်ရှင်ခြင်းက စိုးမိုးတဲ့ပွဲ။ စိတ်ပျက်လက် ပျက်ခြင်းကို မျှော်လင့်ခြင်းက အနိုင်ယူတဲ့ပွဲ၊ အကောင်းက အဆိုးကို ဖိနှိပ်တဲ့ပွဲ- နတ်ဆာတန “ကို ဘုရားရှင်က အုပ်စိုးတဲ့ပွဲ ဖြစ်ပါတယ်။
ဒီခမ်းနားကြီးကျယ်တဲ့ အောင်မြင်ခြင်းဟာ ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှာ ပြည့်နှက်နေပါစေ။ ဒီလိုအောင်မြင်ခြင်းစိတ်ဓာတ်ဟာ၊ တခြားအချိန် ကာလများထက် Covid အချိန်မှာ ပိုလိုအပ်ပါတယ်။ ဃသလင်
ကြောင့် တကမ္ဘာလုံးရှိ လူသားများ အစစအရာရာ တံ့သွားတယ်။ ဒီလတွေ ရက်တွေမှာ စိတ်အားငယ်စရာ၊ အမေ ဝင်ထု၊ မုန်းတိုင်းကြီးဖြတ်ကျော် ကြရတယ်။ အမှောင်ထုကျ၊ ညတွေမကုန်မခန်းသေးပါဘူး။ ဒါပေမဲ့ ခရစ်ယာန်တိုင်း ယုံကြည်ပါတယ်။ God is not a God who does not understand our suffering. ဘုရားက ကျွန်ုပ်တို့ရဲ့ ဒုက္ခဆင်းရဲခြင်းကို နားမလည်တဲ့ ဘုရားမဟုတ်ပါဘူး။ ဒို့ရဲ့ ကြေကွဲမှု၊ ဒို့ရဲ့မျက်ရည် ကို နားလည်တယ်။ ဟေဗြဲ ၂၁၈မှာ ရေးသားတဲ့အတိုင်း “စုံစမ်း နှောက်ရှက်ခြင်းကို ကိုယ်တိုင်ခံ၍ ဒုက္ခဆင်းရဲခြင်း၌ ကျင်လည်သော ကြောင့် စုံစမ်းနှောက်ရှက်ခြင်းအမှုနှင့်
တွေ့ကြုံသော သူတို့ကို မစခြင်းငှါ၊ တက်နိုင်တော်မူ၏”
- Covid ရက်တွေကို ကျွန်ုပ်တို့ ယုံကြည်ခြင်းခရီးစဉ် အဖြစ် ဆက်လက်လျောက်လှမ်းကြရအောင်။ Covidသည် သမိုင်းအဖြစ်နဲ့သာ ကျန်ရစ်ပြီး၊ ဘုရားရှင်တတ်စွမ်းနိုင်တဲ့အတွက် သူ Covid ဟာ ပျောက် ကွယ်သွားရမှာပါ။
ဒီမစ္ဆားတရားကို သင်တို့အားလုံးအတွက် ပူဇော် ပေးပါမယ်။ အထူးသဖြင့် စိတ်ပူပန်သောကကြီးနေသူများ၊ မနာမကျန်း ဖြစ်နေသူများ၊ မိသားစုမှာ အကျပ်အတည်းရင်ဆိုင် နေရသူများ၊ စားဝတ်နေရေးခက်ခဲသူများအတွက် အထူးပူဇော် ဆုတောင်း ပေးပါမယ်။ ပေါင်မုန့် (၅)လုံးနဲ့ လူ(၅)ထောင်ကို ကြွေးမွေးတဲ့သခင်၊ သူရဲ့ မဟာမေတ္တာတော်လက်ကို
ဆန့်ပြီး၊ ကုသပါစေ။ လိုအပ်ရာများကို ဖြည့်ဆည်းပေးပါစေ။ သခင်၌ အားထားကြရအောင်။ အမှောင်ထု
ပျောက်ကွယ်သွားမှာပါ။ ရှည်လျားသော ညဟာ အာရုဏ်ဦးနဲ့ အဆုံးသတ်မှာပါ။ နီးကပ်နေပါပြီ။

- ဒီလိုမျိုး မိုးကောင်းကင်တက်တော်မူတဲ့ သခင်ယေဇူးခရစ်တော်ကို ကျေးဇူးတင်ကြပါတယ်။ ကိုယ်တော်ရဲ့ ကယ်တင်ခြင်းဝေဒနာနဲ့ အောင်မြင်သော ရှင်ပြန်ခြင်းနဲ့ ကျွန်ုပ်တို့ကို ကယ်ခဲ့ပါတယ်။ မိုးကောင်း ကင်တက်ကြွလို့ မိုးတိမ်ထဲပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ ကျွန်ုပ် တို့နဲ့ အတူတူရှိပြီး သင်တို့နဲ့ ကျွန်ုပ်တိ ကို တာဝန်ပေးအပ်ထားခဲ့တယ်။ ကျွန်ုပ်တို့ အားလုံးဟာ သူရွေးချယ်ထားတဲ့ တပည့်တော်များ ဖြစ်ကြပြီး။ တာဝန်က ရိုးရိုးရှင်းရှင်းလေးပါ။
“ကမ္ဘာအနှံ့အပြားသွားကြ။ ကောင်းသောသတင်းကို ဟောပြောကြေငြာ ကြ။ တမန်တော်တပည့်တော်ဖြစ်စေကြ။”
ကျွန်ုပ်တို့ဟာ ခရစ်တော်ရဲ့ အသံများဖြစ်ကြတယ်။ ဒီအသံစကားကို သန့်ရှင်းသော ဝိညာဉ်တော်အစွမ်းနဲ့ လုပ်ပိုင်ခွင့်အာဏာရရှိပါတယ်။ ဝိညာဉ်တော်ဘုရား ကျွန်ုပ်တို့ တစ်ဦးစီကို သခင်ယေဇူးရဲ့ သာသနာ လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ဘို့ ဖိတ်ခေါ်တယ်။ ဒီလုပ်ငန်းက ဘာလဲ။
Covid အချိန် ဒီလုပ်ငန်းက ကျေးဇူးတော်ဖြစ်သလို စိန်ခေါ်သံလည်းပါ ပါတယ်။
ကျေးဇူးတော်လို ဆိုရခြင်းဟာ - နှုတ်ကပတ်တော် သခင်ရဲ့ စကားကို ဖတ်ရှုဘို့၊ သုံးသပ်ဘို့၊ ဆုတောင်းဘို့၊ အခွင့်အရေးရရှိကြတယ်။ ဒုက္ခ အခက်အခဲရင်ဆိုင်နေရတဲ့ ကိုယ့်ညီအစ်ကိုမောင်နှမများအတွက် အရေး ပေးဘို့ အခွင့် အရေး အချိန်ပိုရရှိကြတယ်။ ကျွန်ုပ်အနေနှင့် ဝမ်းသာ ဂုဏ်ယူမိပါတယ်။ မြန်မာကက်သလစ်များဟာ ယုံကြည်ခြင်းမှာ အသက် ရှင်ပြီး၊ လက်တွေ့ရိုင်းပင်းကူညီစောင်မနေကြတယ်။ အသင်းတော်ရဲ့ ဂရုဏာလုပ်ငန်း ဆင်းရဲ့ သားတွေစီ လက်တွေ့ထိရောက် လုပ်ကိုင်နေ ကြပါတယ်။
စိန်ခေါ်သံလိုဆိုရခြင်းဟာ - အိမ်မှာနေ၊ ပိတ်ဆို့ခံရခြင်းဟာ ကိုယ်သွား နေကျ၊ ဆုတောင်းနေကျ၊ ဘုရားကျောင်းဗိမာန်များ တံခါးပိတ်ထား ခြင်းဟာ ကိုယ့်ယုံကြည်ခြင်းကို စိန်ခေါ်နေပါတယ်။ ခရစ်တော်သခင်ရဲ့ စိန်ခေါ်ခြင်းဟာ ကိုယ်ဟာ ကောင်းသောသတင်းရဲ့ တမန်တော်ဖြစ်ဘို့ ကိုယ်ရှိတဲ့နေရာမှာ လုပ်ဆောင်ဘ
ဖိတ်ခေါ်နေတယ်။ တစ်ဦးနဲ့တစ်ဦး ကောင်းသော သတင်းဖြစ်စေပါ။ Be the Good news to one another. Every family is a Church. ကျွန်ုပ်တို့ ကျေးဇူးတော်နဲ့ စိန်ခေါ်ခြင်းတွေကြားမှာ အသက်ရှင်နေရပါတယ်။ ကျွန်ုပ်တို့ရဲ့ အစွမ်း ခွန်အား၊
ကျွန်ုပ်တို့ရဲ့ ပျော့ကွက်အားနည်းချက်ကို သခင်သိပါတယ်။
- အထက်ကနဦးက၊ ကျွန်ုပ်ပြောခဲ့သလို ဒီတနင်္ဂနွေဟာ ပွဲ(၂)မျိုးပါ။ - သခင်မိုးကောင်းတက်ကြွပွဲ - ဒုတိယက World Communication Day 2020 ဒီလိုမျိုး နေ့ရက်ကြီးအတွက် ရဟန်းမင်းကြီး Francis သူတော်မြတ်က bococosos oposto coGoajos gados ofil ooissajosm “That you may tell your children + Grand children (Ex 10:2) Life becomes history
ဒို့ ယုံကြည်ခြင်းသမိုင်းအဖြစ်ကို ပြောကြတယ်။ ဘုရားဒို့ကိုချစ်တဲ့ အဖြစ် သမိုင်း- ပုံပြင်များ၊ God’s blind-love for hu man family. အချစ်မှာ မျက်စိမရှိ။ ဘုရားအချစ်၊ လူပေါ်ရှိတဲ့အချစ်ဟာ မျက်စိမရှိဘူး။
ဘုရားရဲ့ သမိုင်းအဖြစ်အစကပြောရရင်၊ လူအမျိုးသား/သမီးကို သူရဲ့ ဘုရားအဖြစ်ထဲပါဝင်စေချင်တယ်။ အာဒါန်နဲ့ဧဝ။ လူကပုံကန်တယ်။ ဒါပေမဲ့ ဘုရားကဆက်ပြီး အီသရေလကို အရေးပေးခဲ့တယ်။ ဖာရို အီဂျစ်ဘုရင်လက်အောက်၊ ကျွန “ဘဝက လွတ်မြောက်ဘို့ ပြုလုပ်ခဲ့တဲ့ သမိုင်းအဖြစ် “God's story is a tale of unconditional love.” အကန့်အသတ်မရှိတဲ့ ဘုရားရဲ့ အချစ်။ အမိဝမ်းထဲက ကျွန်ုပ်ကို ခေါ်တော်မူတယ်။ မွေးဖွားမိခင်က မေ့တောင်၊ ငါဘုရား သင့်ကို မမေ့ပါ ဘူး။ ဘုရားရဲ့ သမိုင်းပုံပြင်ဟာ မိဘမဲ့များ၊ မုဆိုးမများ ဆင်းရဲသား များကို အထူးစောင့်ရှောက်တော်မူပါတယ်။ “ဘုရားဟာ ကမ္ဘာကြီးကို ချစ်လွန်းလို့တပါးသောသားတော်ကို စေလွတ်ခဲ့တယ်။ စီရင်ဘို့မဟုတ်။ ကယ်ဆယ်ဘို့ဖြစ်ပါတယ်။”

ရှေးအယူအဆရှိတဲ့ ဘုရားဟာ ကြပ်တည်းခက်ထန်တယ်။ အမျက် ဒေါသကြီးတယ်။ ခလဲ့စားချေတယ်။ slodaodowa os sowo: Gozo wałowąsagocosm lype:worl8: opspoon Abba, Father, Our Fa ther in heaven.
သခင်ယေဇူးဟာ သင်တို့ကျွန်ုပ်တို့လိုပဲ ရိုးရိုးပုံပြင်အဖြစ်အပျက်လေး တွေ ပြောပါတယ်။ ဘာသာတရားရေး အထက်တန်းနေတဲ့ ဂျူးတွေကို ဘာပြောလဲ။ ဘုရားဟာ ကုံလုံကြွယ်ဝတဲ့ ကျမ်းမာတဲ့လူတွေအတွက် မဟုတ်ဘူး။ ဖျားတဲ့လူ၊ ဆင်းရဲသားတွေ အတွက်ပါ။ အများအပယ်ခံ အခွန်ခံ Zacchaeus အကြောင်းပြောတယ်။ ဆာမရီတန် အမျိုးသမီးစီ က ရေတောင်းတဲ့အဖြစ်။ ဒီအမျိုးသမီး ပုံပြင်အဖြစ်သမိုင်းက သူဟာ ကောင်းသောသတင်းရဲ့ တမန်တော်ကြီးဖြစ်သွားတယ်။ ဒါမျိုးသမိုင်း အဖြစ်ပုံပြင်ဟာ ကျွန်ုပ်တို့ကို ခွန်အားဖြစ်စေတယ်။
I
ရဟန်းမင်းကြီး Francis သူတော်မြတ် ပို့ပေးလိုက်တဲ့ သတင်းထဲမှာ ဘုရားသည် လူသားများနဲ့ အစဉ်ဆက်နွယ်ဆက်သွယ်နေတဲ့ သမိုင်း အဖြစ် ပုံပြင်များဖြစ်ပါတယ်။ ဘုရားသခင်ဟာသိကြားတမန်များတဆင့်၊ ပရောဖတ်များကတဖုံ- တန်ခိုးအံ့ဘွယ်များ ပြသခြင်းနဲ့ လူသားများနှင့် ဆက်သွယ်နေပါတယ်။ နောက်ဆုံးမှာ
သူရဲ့တပါးတည်းသော သားတော်သခင်ယေဇူးအားဖြင့် ဆက်သွယ်သတင်းပေးပါတယ်။ သခင် ယေဇူးဟာ မမြင်နို com sovanpå:consorop: OOCOO@GÈGE angzzascu:ulosuôn Christ was a wonderful story teller.
သခင်ယေဇူးဟာ လူဘဝအဖြစ်အပျက် သမိုင်းပုံပြင်များပြပြီး၊ တရား ဟောပါတယ်။ သတင်းကောင်းကို အဖြစ်အပျက “ပုံပြင်နဲ့ ပြောခဲ့တယ်။ ကျွန်ုပ်တို့အားလုံးဟာ ဘုရားရဲ့ သမိုင်းပုံပြင်ထဲ ပါဝင်ကြတယ်။
- ရဟန်းမင်းကြီး Francis သူတော်မြတ်က ကျွန်ုပ်တို့ရဲ့ ဘဝပုံပြင် အဖြစ်များကို ဖေါ်ထုတ်ခိုင်းတယ်။
ကိုယ့်ဘဝအဖြစ်သမိုင်းကို ပြောရ မယ်တဲ့။ ကျွန်ုပ်တို့ရဲ့ ဘဝပုံပြင်တချို့က ဒါဏ်ယာထိထားတဲ့ အကြောင်း တချို့ပုံပြင်က စွန့်ပစ်ခံရတဲ့အကြောင်း တချို့ပုံပြင်က အချစ်မေတ္တာ မဲ့တဲ့ပုံပြင်များဖြစ်ကြတယ်။ ရဟန်းမင်းကြီးက အချက်တခု ဖိ တ်ခေါ် ထားတယ်။ ကိုယ့်ဘဝပုံပြင်ကို ဘုရားသခင်ရဲ့ သမိုင်းပုံပြင်ထဲထည့်ပြီး ပုံစံသစ်နဲ့ ပြန်လည်ရေးသားပြုစုကြပါ။ God has a story to tell about each one of us. ကျွန်တော်/မ နဲ့ပတ်သက်တဲ့ ဘုရားပုံပြင်ကို နားစွန့်သင့်တယ်။ ဘုရားရည်ရွယ်ချက်ကဘာလဲ။ ဘုရားကျွန်တော်/မ အတွက် ဘာစီမံထားပါသလဲ။ ဥပမာ ဆာမာရိတန် အမျိုးသမီး သူရဲ့ ဘဝပုံပြင်ကို သခင်ယေဇူးပုံစံအသစ်နဲ့ ပြန်လည်ပြုစုတဲ့အခါ ရွာထဲ ပြေးပြီး ရွားသာတွေနဲ့ ဝေမျှခဲ့တယ်။ ဘဝအဖြစ်မှန်က ကိုယ့်ရဲ့ အယူမှား၊ အစွဲမှား၊ လှည့်စားမှု အထုတ်ကြီးကို ဖြေချပစ်လိုက်တယ်။ ကိုယ်နဲ့ အမှန်တရားရဲ့ အကွာအဝေးဟာ ဘဝပုံပြင်လေးပဲဖြစ်ပါတယ်။ ကိုယ်နဲ့ ပတ်သတ်တဲ့ ပုံပြင်လေးပြောပြပါ။ ကျွန်ုပ်တို့ တစ်ဦးစီဟာ ဘုရားသခင်ရေးထားတဲ့
အချစ်မေတ္တာဖြစ်ပါတယ်။ ရှင်ပေါလူး ပျော်ရွှင် စွာနဲ့ ကြွေးကြော်ထားတယ်။ “သင်တို့သည် မှင်နှင့်ရေးထားသော စာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ရေး၍၄င်း၊ ကျောက်ပြားပေါ်၌ မရေးဘဲ အသားနှင့် ပြည့်စုံသော နှလုံးပြားပေါ်၌ ရေး၍၄င်း၊ ငါတို့ပြုစုသော ခရစ်တော်၏ ထင်ရှားစွာ ဖြစ်ကြ၏။” ဒီ မီဒီယာခေတ်ကြီး သိပ္ပံပစ္စည်းပေါများတဲ့ ခေတ်သစ်ကြီးမှာ၊ ရဟန်းမင်းကြီးက Facebook တို့ twitter တို့ Mobile Phones အကြောင်းမပြောဘူး။ သူသိတယ်။ ဖုန်းတွေက တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ပေးတယ်။ but they can not connect our heart. $c$:003:06:60:Şoşncula:o860: &ulopou Media səvimusosod 8m
လမှာ ရဟန်းမင်းကြီးက လမ်းညွှန်ပေးတယ်။ Not face book, but face to face stories with human beings. Face book မဟုတ်ပဲ၊ တစ်ဦး + တစ်ဦး face to face. မျက်နှာခြင်းဆိုင်ပြီး ဘဝပုံပြင်လေး ပြောကြပါ။ ထပ်တလဲလဲ ဆူဆူ ညံညံအသံဖြစ်နေတဲ့ media ဟာ ဒို့လူသားအချင်းချင်း ဝေးစေပြီး၊ Digital ရဲ့ ကျေးကျွန်များ ဖြစ်စေ တယ်။
ဘာဘီလုံမှာ အကျဉ်းကျွန်ခံရပြီး Media ရဲ့ ဝါသနာအိုးစွဲလန်းနေသူ၊ မစွန့်နိုင်၊ မဖြတ်နိုင်ဖြစ်နေရတယ်။ လှည့်ဖျားနေတဲ့ ပင်လယ်ကြီးကို ကျော်ဖြတ်ပြီး၊ ဂတိထားတဲ့ ကမ္ဘာသစ်ကို ရောက်ဘို့ မိုးဇယ်လို ခေါင်းဆောင်ကြီးကို ကျွန်ုပ်စောင့်မျှော်နေကြတယ်။
ရဟန်းမင်းကြီး မြွတ်ဆိုခဲ့သလို- “not all stories are good stories” ဘဝဖြစ်စဉ်တိုင်း ကောင်းတာမဟုတ်ပါဘူး။ ကျွန်ုပ် တို့ သား၊ မြေးတွေအတွက် ဘယ်ဘဝဖြစ်စဉ်ကောင်းများချန်ထားခဲ့မလဲ။ မီဒီယာ အစွဲအလန်း ကျွန်အဖြစ်ဟာ တိုးတက် ယဉ်ကျေးတဲ့နိုင်ငံများကိုတောင် စိုးမိုးနေတယ်။
မြန်မာ။ - သိမ်မွေ့ယဉ်ကျေးလှတဲ့ တိုင်းရင်းသားပေါင်းစုံလှပတဲ့ သက်တန့်နေရာ၊ တင့်တယ် ကျက်သရေရှိတဲ့
ကောင်းခြင်းပေါင်းစုံနဲ့ ဇွဲသတ္တိရှိကြတဲ့ မြေပေါ်မှာ မီဒီယာရဲ့ အညစ်အကြေး၊ မိလ္လာ၊ အိမ်သာ အနံ့ပုပ်များထွက်နေပါပြီ။ လူငယ် ၇၀% ၈၀% ရာခိုင်းနှုန်းဟာ အဆိပ် Cognac အရက်နဲ့တူတဲ့ အမုန်းတရားပုံပြင် စိတ်မထိမ်းချုပ်နိုင်တဲ့ အကြမ်းဖက်ဖြစ်စဉ် မထိမ်းနိုင်၊ မရှောင်နိုင်တဲ့ ကာမရာဂစိတ်! အပြာကားတွေ- အပျက်သဘောဆောင်တဲ့ ဝေဖန်မှုတွေ၊ မြန်မာတွေ ပြည်တွင်းမှာ၄င်း၊ ပြည်ပမှာ ချုံကွယ်ပြီး ဆဲရေးတိုင်းထွာနေသူများ အဆင့်အတန်း မရှိကြပါဘူး။ နိုင်ငံရေး ကဏ္ဍဘဲဖြစ်ဖြစ်၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး ဖြစ်ဖြစ်၊ တိုက်ခိုက်နေသူများပါတယ်။ ကျွန်ုပ်တို့ ရဲ့ အဆင့်အတန်းကို
ဖေါ်ပြနေပါတယ်။ လာမည့် သား၊ မြေး၊ မြစ်တွေ အတွက် ဘယ်အမွေ အနှစ် သမိုင်းအဖြစ်ကို ထားခဲ့ကြမလဲ။
ရာစုပေါင်းများစွာ နုညံ့သိမ်မွေ့ကြပြီး- Media လွတ်လပ်တာနဲ့ ကျပ်တသောင်း (၂)သောင်း ဖုန်းလေးဝယ်ပြီး၊ စာရိတ္တ ပျက်ပြား၊ ယုတ်မာကြောင်း ကြေငြာနေကြတယ်။ နောက်လာမဲ့ မျိုးဆက်အတွက် Media က ဘာကောင်းကျိုးပြုမလဲ။
quo$:0€:88: Francis m - Fake news + false narratives coping Do005: :09Ufil ooşumso wos&:l
လုပ်ကြံထားတဲ့ သတင်းတွေဟာ လူအသိုင်းအဝိုင်းမှာ ပေါင်းသင်းဆက်ဆံရေးနှင့် လူသား အချင်းချင်း စည်းလုံးမှုကို ပျက်ပြားစေတယ်။ မကောင်းစိတ်နဲ့ လုပ်ကြံတဲ့သတင်း ပုံပြင်တွေဟာ အတွင်းကလီစာ ပုပ်သိုးနေပြီး၊ လာမဲ့ အနာဂါတ်မျိုးဆက်သစ် သား/သမီးအတွက် ဒါဏ်ယာနဲ့ ချန်ထား ကြတယ်။ လူငယ်ခလေး တွေတောင် မလွတ်လပ်တေ ဂူဘူး။ မကောင်း စိတ်ရှိတဲ့ သူတွေဟာ ခလေးသူငယ်များကို အမုန်းတရား၊ ယုတ်မာတဲ့ အကျင့်တွေ သင်ပြပေးနေတယ်။ သခင်ယေဇူး စိတ်သောကဝေဒနာနဲ့ ကြွေးကြော် ခဲ့တယ်။ “ဤသူငယ် တစ်စုံတစ်ယောက်ကို မှားယွင်းစေ သည်ထက်၊ လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ ပင်လယ်၌ ချခြင်းခံရလျင် ပို၍ ကောင်း၏။ (လုကား ၁၇၂)
- တကယ့် Covid ကတော့ ကာကွယ်ဆေး၊ ကုသဆေးနဲ့ ပျောက်ကွယ်သွားရလိမ့်မည်။ မီဒီယာ Covid ကတော့
လူငယ်များရဲ့ ကိုယ်ကျင့်သိက္ခာကို ဖျက်စီးတယ်။
အစွန်းရောက်တဲ့သူတွေရဲ့ အမုန်းစကား၊ အမုန်းတရားများဟာ ကျွန်ုပ် တို့ တိုင်းသူ/သားများရဲ့ မိသားစု စိတ်ဓာတ်ကို ဖျက်စီးစေပါပြီ။ တိုက်ကြ၊ ခိုက်ကြတာတွေ မြန်မာနိုင်ငံအနှံ့အပြားမှာ ဖြစ်နေတယ်။ တချိန်တုံးက ကျွန်ုပ်တို့အားလုံး ဒီမြေရဲ့ သားသမီးတစုတည်း ဖြစ်ခဲ့တယ်။
ဒါပေမဲ့ ဒီနေ့ မီဒီယာကြောင့် ကွဲကွဲပြားပြားဖြစ်နေပြီ။ ယုံကြည်ကိုးကွယ် မှုပေါ် အကြောင်းပြကွဲပြားနေကြတယ်။
ကိုယ့်ကိုးကွယ်ဘာသာ သာတာ၊ ပိုမြတ်တယ်၊ သာတယ်မှန်တယ်။ တိုက်ခိုက်ရန် မီးတို့နေကြ တယ်။ တိုင်းရင်းသား လူမျိုးပေါ် အခြေပြု၊ ကိုယ်ယဉ်ကျေးမှု၊ သာတယ်၊ မြတ်တယ် အကြောင်းပြု ကွဲပြားနေခြင်းတွေဟာ Facebook ရဲ့ အမှိုက်ပုံ၊ မြန်မာပြည် Media ရဲ့ အန်ထုတ်တဲ့ အန်ဖတ်တွေဖြစ်နေတယ်။
ရဟန်းမင်းကြီး Francis သူတော်မြတ်က ကျွန်ုပ်တို့ရဲ့၊ ဘဝပုံပြင် အဖြစ်အပျက်များသည် လူ့ဘောင်ကို တိုးတက်တည်ဆောက်ကြရမယ်။ သခင်ယေဇူးရဲ့ဘဝအဖြစ်ဟာ လူသားများကို ကယ်တင်တယ်လို့ ခရစ်ယာန်များ ယုံကြည်ထားတယ်။ သခင်ဟာ ဘဝ၊ သခင်ဟာ အသက်၊ သခင်ဟာသမိုင်းဖြစ်ပါတယ်။ ကယ်တင်ရှင်သခင်အားဖြင့် မြန်မာပြည်ရဲ့ ညစ်ညမ်းတဲ့ဖြစ်စဉ်၊ သမိုင်းဘဝကို သန့်စင်စေနိုင် ပါတယ်။ သူဟာ၊ အကောင်းအဆိုးကို ခွဲခြားပေးမယ်။ စီရင်ပြစ်ဒဏ် ချချက်ကို ကယ်ဆယ်ခြင်း၊ စောင်မခြင်းနဲ့ ခွဲခြားပေးမယ်။ ဒို့ရဲ့ အမျက် ဝသီ၊ အမုန်းဝသီကို သခင်ယေဇူးရဲ့ အကြွင်းမဲ့ ကျွန်ုပ်ပေါ်ထားရှိတဲ့ အချစ်နဲ့ သန့်ရှင်းစေပါလိမ့်မယ်။
- Media က တဆင့် ပေါက်ဖွားလာတဲ့ လူသားမဆန်တဲ့ အကျင့်၊ မေတ္တာတုံးပါးတဲ့စိတ်ဓာတ်တွေကို
ကျော်လွှားနိုင်ဘို့၊ မွန်မြတ်တဲ့ လှုံ့ဆော်အားပေးကို လိုအပ်ပါတယ်။ ရဟန်းမင်းကြီး Francis က လမ်းညွှန်ထားတယ်။ ကမ္ဘာဆက်သွယ်ရေးနေ့မြတ်မှာ ကျွန်ုပ်တို့ အားလုံး၊ ရဟန်းမင်းကြီးနဲ့အတူတူ၊ မယ်တော်မာရိယားထံ ဆုတေ ာင်း ကြရအောင်။ မြန်မာပြည်အတွက်သင့်တော်ပါတယ်။ “အိုမာရိယား၊ မိန်းမမြတ်၊ မိခင်၊ ကျွန်ုပ်တို့၏ ဖြစ်စဉ်ဘဝ ပုံပြင်များကို နားထောင် ပေးပါ။ နှလုံးထဲသိမ်းပိုက်ထားပေးပါ။ တပါးသူနားမထောင်ချင်တဲ့ ကျွန်ုပ်တို့ရဲ့ သမိုင်းဖြစ်စဉ်ကို သင်မရဲ့ သမိုင်းဖြစ်စဉ်ကဲ့သို့ နားဆင် ပေးပါ။ စိတ်ကူးအတွေးကို နာကျဉ်းစေသောဘဝ ချည်နှောင် အထူး အဖုများကို ကြည့်တော်မူပါ။ သင်၏ သိမ်မွေ့နုညံ့သော လက်တော်ဖြင့် ချည်နှောင်အထုံးများကို စည်းလုံးစေတော်မူပါ။ ဝိညာဥ “တော်နှင့် ပြည့်ဝ သော အမျိုးသမီး၊ ယုံကြည်အားထားရသော မယ်တော်၊ သားသမီး တို့ကို လှုံ့ဆော်ပေးတော်မူပါ။”
ဒီဆုတောင်းခြင်းကို ထပ်လောင်းပြီး တောင်းရအောင်။
အိုမာရိယားသခင်မ- ငြိမ်းချမ်းရေးသမိုင်းဖြစ်စဉ် ပုံပြင်များကို ဆောက်တည်ဘို့မစပါ။ ကောင်းသော အနာဂါတ်ကို လမ်းညွှန်သော ဘဝပုံပြင်များဖြစ်စေပါ။ မွန်မြတ်တဲ့ မြန်မာပြည်မြေမှာ တိုင်းသူပြည်သား အားလုံး တစ်စည်းတစ်လုံးဆောက်တည်ဘို့ လမ်းပြတော်မူပါ။ အာမင်။
ဘုရားရှင်၏ ကောင်းကြီးမင်္ဂလာ ခံစားရပါစေ။

 

ကာဒီနယ်ချားစ်လ်ဘို

Add new comment

16 + 3 =