ဝိညာဥ်ရေးအခြေခံ အုတ်မြစ်များ

ဝိညာဥ်ရေးအခြေခံ အုတ်မြစ်များ

 ဝိညာဥ်ရေး (ဘာသာရေး ယုံကြည်ချက်များ ကို နေ့စဥ် ဘဝ အသက်တာ တွင် ကျင့်ကြံအားထုတ်ရေး) ကို အခြေခံ အုတ်မြစ်များဖြစ်သည့် Revelation { ဖန်ဆင်းရှင် ထာဝရ ဘုရားသခင် သည် ချစ်ခြင်းမေတ္တာတော် အားဖြင့် လူသားတို့ကို မိမိသည် ဖန်ဆင်းခံအရာသတ္တဝါ အာလုံး၏ မူလအစ ဖြစ်တော်မူကြောင်း၊ လူသားတို့ကို အပြစ်ရင်းမှ ကယ်နှုတ်၍ မိမိ၏ဘုရားအဖြစ်တော်၌ သား၊သမီး များအဖြစ် ပြန်လည် ပေါင်းစည်းခွင့်ကို ကိုယ်တော်ရှင်၏ နှုတ်ကပါတ်တော်(သမ္မာကျမ်းစာတော်မြတ်)၊ နှုတ်ကပါတ်တော်သည် လူ့အဖြစ်ကို ခံယူတော်မူသော သ္ခင်ယေဇူးခရစ္စတူး အားဖြင့် လူသားတို့ မမြင်မသိ နိုင်သောဘုရားရှင်ကို လူ့ဇာတိတော် အဖြစ် တစ်လုံးတစ်ဝတည်း ပြီးပြည့်စုံစွာ မြင်နိုင်သိနိုင် အောင် မိမိကိုယ်ကို ဖွင့်ဟ ပြသတော်မူ၍ ကယ်တင်ခြင်းလမ်းစဥ်ကို ကမ္ဘာလူသားတို့အားပေးသနားတော်မှု၍ သန့်ရှင်းသောဝိညာဥ်တော်ဘုရား၏ လမ်းညွှန်တော်မူခြင်း အောက်တွင် နှုတ်ကပါတ်တော် နှင့် ထုံတမ်းစဥ်လာများ အား ထိန်းသိမ်းကာကွယ်၍ လူသားတို့အား ဆုံမသွန်သင် ပေးတော်မူသောသန့်ရှင်းသော ကက်သလစ်အသင်းတော်(စကြဝဠာ နှင့်ဆိုင်သော)အားဖြင့် အစဥ်မပြတ် ကမ္ဘာလူသားများနှင့် ရင်းနှီးစွာ မိတ်သဟာယ ဖွဲ့ ခြင်း} ၊ Grace {ကမ္ဘာလူသားတိုင်းတွင် ဘုရားရှင် ဖန်ဆင်းတော်မူ ကတည်းကပင် လူ့သဘာဝ၊ လူ့ဗီဇ နှင့် ရောစပ် ပါဝင်နေသည့် လူသားများ၏ နက်နဲရာ ဖြစ်သော၊ လူသားတို့ သဘာဝလွန် နက်နဲရာများကို လက်လှမ်းမှီ သိရှိခွင့်ရနိုင်သော၊ လူသားတို့အား မြင့်မြတ်သောအလိုဆန္ဒ ကိုလှုံဆော်ပေးသော ဘုရားသခင်၏ မိမိကိုယ်ကို လူသားတို့နှင့် မိတ်သဟာယ ဖွဲ့ရာ ဆက်သွယ်ရေးလမ်းကြောင်း} ကျေးဇူးတော် နှင့် ကျေးဇူးတော် ၏လှုံ့ဆော်တော်မူခြင်းအားဖြင့် ဘုရားရှင်မိမိကိုယ်ကိုဖွင့်ဟ ပြသ တော်မူခြင်း(Revelation) ကို လူသားတို့သည် ဉာဏ်စွမ်းရှိ သမျှ၊ တတ်စွမ်းနိုင် သမျှ အကြွင်းမဲ့ ပုံအပ် ယုံကြည်ခြင်း (Faith) အားဖြစ် ဆေးကြောခြင်းမင်္ဂလာ ကို ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား၏ နာမ တော်မြတ် ( ခမည်းတော်၊သားတော်၊သန့်ရှင်းသော ဝိညာဥ်တော်) ၌ ခံယူပြီး ခရစ္စယာန် ဘဝ အသက်တာ ကို လျှောက်လှမ်းကြခြင်းဖြစ်သည်။

*** အတိုကောက်ပြောရလျင် ဝိညာဥ်ရေး ဆိုသည်မှာ ဘုရားရှင်၏ မိမိကိုယ်ကို ဖွင့်ဟ ပြသခြင်း( God's self-Revelation) ကို ကျေးဇူးတော်(Grace)၏ လှုံ့ဆော်တော်မူခြင်းအားလက်ခံတုံ့ပြန်ခြင်းဖြင့် ယုံကြည်ခြင်း (Faith) နှင့် ခံယူ ရရှိပြီး ဆေးကြောခြင်းမင်္ဂလာခံယူကာ ခရစ္စယာန် ဘဝအသက်တာ အားဖြင့် ကျင့်ကြံနေထိုင်ခြင်းဖြစ်သည်။***

တပည့်တော်ကြီးများ စီရင်ထားတော်မူသော ယုံကြည်ခြင်းအချုပ် မေတ္တာ သည် ကျွန်တို့ ခရစ္စယာန်များ၏ အခြေခံ ယုံကြည်ခြင်းတရားပင် ဖြစ်သည်။ ထို ယုံကြည်ခြင်းကို အခြေခံ၍ ကျွန်ုပ်တို့၏ ဘဝ အသက်တာ တွင် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဥ်တော် ဘုရား၏ ပဲ့ပြင်ဆုံးမလမ်းညွှန် တော်မူ သည့်အတိုင်း အသက်ရှင် ကျင့်ကြံနေထိုင် ခြင်းအားဖြင့် ဝိညာဥ်ရေးတိုးပွား အောင်ကြိုးစားကြပါစို့။

✍️စောကော့ကော်

Credit to John Thomas

Add new comment

3 + 14 =