ဝိညာဥ်ရေး နှင့် ဘာသာတရားကိုင်းရှိုင်းမှု 

ဝိညာဥ်ရေး နှင့် ဘာသာတရားကိုင်းရှိုင်းမှု 

ဒီနေ့ခောတ် ကက်သလစ် အသင်းတော်ကြီးထဲမှာ ၁။(ဝိညာဥ်ရေးတော့ကျင့်ကြံ တယ် ဒါပေမဲ့ ဘာသာတရားကိုင်းရှိုင်းမှု ကိုတော့မလုပ်ဘူး) ဆိုတဲ့ လူ အမျိုး အစား ရယ်၊ ၂။(ဘာသာတရား တော့ ကိုင်းရှိုင်း တယ် ဒါပေမဲ့ ဝိညာဥ်ရေးကို မကျင့်ကြံဘူး) ဆိုတဲ့ လူစားမျိုးရယ်၊ ၃။ (ဘာသာတရား ကိုင်းရှိုင်း ပြီး ဝိညာဥ်ရေးကိုလည်း ကျင်ကြံအားထုတ်တယ်) ဆိုတဲ့လူမျိုးရယ် သုံးမျိုးသုံးစားရှိတယ်။

ပထမ ပုဂ္ဂိုလ် အမျိုးအစား က ခရစ္စယာန် တစ်ဦး ကျင့်ဆောင်ရမယ့် ချစ်ခြင်းမေတ္တာတရား၊ သည်းခံခြင်းတရား၊ ခွင့်လွတ်ခြင်းတရား၊ သခင်ယေဇူးခရစ္စတူး သွန်သင်ပေးတော်မူသော ကောင်းမြတ်ခြင်းတရားတွေကို နေ့စဥ် ဘဝ အသက်တာမှာ ကျင့်ကြံနေထိုင်တယ် သို့ပေမဲ့ အကြောင်း အမျိုးမျိုး ကြောင့် ဘုရားကျောင်းတတ် တရားမနား နိုင်၊ မနားချင်ကြဘူး(များသောအားဖြင့် အသင်းတော်ချမှတ်ထားတဲ့ ဥပဒေ တစ်ခုခု နှင့် မလွတ်ကင်း သူများ၊ အသင်းတော် တာဝန်ခံ ပုဂ္ဂိုလ်များ နှင့် အဆင်မပြေ သူများ၊ အသင်းတော် တာဝန်ခံများ၏ လိင်မှုဆိုင်ရာ ဂုဏ်အသေရည်ပျက်ပြားခြင်း ကြောင့် အသင်းတော်ကို စိတ်ကုန် နေသူများ နှင့် အသင်းတော်ကို အယုံအကြည် ပျက်နေသူများ)။ ထိုသူများသည် ဘုရားရှိခိုး ဆုတောင်းခြင်း၊ ဘုရားကျောင်းတက်ခြင်းကို ပုံမှန်မလုပ်ကြဘူး။ တစ်ချို့မှာ ဘုရားရှိခိုး၊ ဘုရားကျောင်းသွားတက်ရမှာ ကို ပျင်းရိတတ် ကြတယ်။ စက္ကရမင်းတူး တွေကို ခံယူ ဖို့ အထူးသဖြင့် အာပါတ်ဖြေခြင်း၊ ကိုယ်တော်မြတ်ပင့်ယူခြင်း မလိုအပ်ဘူး၊ အရေးမကြီးဘူး လို့ ထင်မြင်ယူဆ ကြတယ်။

ဒုတိယ ပုဂ္ဂိုလ် အမျိုးအစား က အပတ်စဥ် တနင်္ဂနွေနေ့ တိုင်း ဘုရားကျောင်းပုံမှန်တက်၊ စိတ်ပုတီးည စဥ် စိပ်၊ ဆုတောင်းမေတ္တာစာ နေ့စဥ်ဆို ပြီး ဘာသာရေးအမှုတွေမှာ ကိုင်းရှိုင်း၊ အသင်းတော် ကျင့်ဝတ် ၆ပါး၊ ပညတ်တော် ၁၀ပါး ကို အတတ်နိုင်ဆုံးလိုက်နာပြီး စက္ကာရမင်းတူးများကိုခံယူခြင်းတို့ကို ပြုလုပ်နေပေမဲ့ သူတစ်ပါးရဲ့အပြစ်တွေကို ခွင့်မလွတ်နိုင်ဘူး၊ သူတစ်ပါးကိုချစ်ခြင်းမေတ္တာ မပြနိုင်၊ ဘုရားတရားမရှိသူတွေကိုကဲ့ရဲ့၊ အလွန်တည်း အဆွဲကြီး၊ သူတစ်ပါး၏ အားနည်းချက်တွေကို သည်းမခံနိုင်၊ ဘုရားတရားနှင့်ပါတ်သက်လာရင်ကိုယ်သာလျင်အမှန် သူများကအမှား ဟု ထင်မြင်ယူဆ ကြတယ်။

တတိယ ပုဂ္ဂိုလ် အမျိုးအစား ကတော့ ပထမ နှင့် ဒုတိယ ပုဂ္ဂိုလ် အမျိုးအစား တို့ ရဲ့ အလယ်အလတ်လမ်းကို လျှောက်လှမ်းသူ ပါ။ ဘုရားတရားလည်းကိုင်းရှိုင်းတယ်ဝိညာဥ်ရေးလည်း ကျင့်ကြံတယ်။ အသင်းတော် ရဲ့ အကြောင်းကိုလေ့လာဆည်းပူတယ်၊ ကိုယ် မသိသေးသော ဘုရားနှင့်ဆိုင်တဲ့အကြောင်းအရာတွေကို လေ့လာဆည်ပူးတယ်၊ အကျင့်စရိတ္တ ကောင်းမွန်အောင် မိမိကိုယ်ကို သခင်ယေဇူး၏ နောက်လိုက် ပီသ အောင်ကြိုးစား ကျင့်ဆောင်တယ်။ သူတစ်ပါး စကားနှင့်နားမဆုံးဘဲ မိမိ၏ ကြိုးစားအားထုတ်မှုဖြင့် ဘာသာရေး၊ လူမှုရေး တို့ကိုအားကြိုးမာန်တက် လုပ်ဆောင်သူတွေဖြစ်တယ်။

မိမိကိုယ်ကို မိမိ မည်ကဲ့သို့သောပုဂ္ဂိုလ်ဖြစ်နေသလဲ ဆိုတာကို ဆင်ခြင်သုံးသပ်ပြီး တတိယ ပုဂ္ဂိုလ် အဖြစ် ရပ်တည် နိုင်သူ ဖြစ်အောင် ကြိုးစားကြပါစို့။

Add new comment

3 + 16 =