ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချာစ်းလ်ဘို ၏ဩဝါဒ၊ August 8. 2021

ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချာစ်းလ်ဘို ၏ဩဝါဒ၊ August 8. 2021

" ခရစ်တော်သည် မျှော်လင့်ခြင်း မုန့်တော်၊ ကုသခြင်းမုန့်တော်ဖြစ်၏

လက်ဝါးကားတိုင်ပေါ်တွင် ချိုးဖဲ့ခံရပြီး ကြေကွဲသောသူများအတွက်ဝေမျှခြင်းပေးသော မုန့်တော်ဖြစ်၏ "

(၁၉) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့

ပထမကျမ်း။ ။ ၁၉း ၄-၈- ဘုရားသခင်သည် ဧလိယကို ကျွေးမွေး၏၊ ဟိုးရပ်နယ်သို့ ခရီးပြုခြင်း၌ ခွန်းအားတန်ခိုးပေးတော်မူ၏။

ဆာလံ။ ။ ၃၄း ၂-၃၊ ၄-၅၊ ၆-၇၊ ၈-၉- ဘုရားသခင်၏ ကောင်းမြတ်ခြင်းအတွက် ချီးမွမ်း ဆုတောင်းခြင်း။

ဒုတိယကျမ်း။ ။ ဧဖက် ၄း၃၀- ၅း ၂- တစ်ဦးကို တစ်ဦး သနားကြင်နာ၍ ညှာတာကြလော့။

ဧဝံဂေလိကျမ်း။ ။ ယောဟန် ၆း၄၁-၅၁ - ငါသည် ကောင်းကင်မှ ဆင်းသက်လာသော မုန့်ဖြစ်၏။

ခရစ်တော်၌ ချစ်ခင်ရပါသော ညီအကို မောင်နှမအပေါင်းတို့-

ခရစ်တော်၏ လွတ်မြောက်စေသော နာမတော်၌၊ ချစ်ခြင်းမေတ္တာ၌၊ အသက်ရှင် ခြင်းတို့၌ နူက်ဆက်ပါတယ်။ သုံးပါးတစ်ဆူးဘုရားရဲ့ ချစ်ခြင်းမေတ္တာသည် တန်ခိုးကြီးသော လက်တော်ကို ဆန့်တန်းလျက် သင့်တို့အပေါ် သက်ရောက် ပါစေ။ ငြိမ်းချမ်းခြင်းနဲ့ ကုသခြင်းတွေလည်း သင့်တို့အတွက် သယ်ဆောင် ပေးပါစေ။

တိုင်းသူပြည်သားကောင်း တစ်ယောက်အနေနဲ့ ဘုရားသခင်ရဲ့ သနားကြင်နာခြင်းထံ ညွှတ်တွား အပ်နှံကြစို့။

ဆာလံဆရာနဲ့အတူ မျှော်လင့်ချက်နဲ့ ရွတ်ဆိုကြရအောင်။ “အကျွန်ုပ် သည် သေခြင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းအတွင်း၌ လျှောက်လှမ်းရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ရွံ့ပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ ကိုယ်တော်၏ လှံတံတော် နှင့် တောင်ဝှေးတော်တို့သည် အကျွန်ုပ်ကို နှစ်သိမ့်မှုပေး ပါစေ။ (ဆာလံ-၂၃း ၄)။”

အခုရက်ပိုင်း တရားဟောပြောရတာ ခက်ပါတယ်။ စိန်ခေါ်မှု အလုပ် တခုဖြစ်နေတယ်။ ဒါပေမယ့် မျှော်လင့်ခြင်း အကြောင်းပြောဖို့ အချိန်ခါ လည်း ဖြစ်ပါတယ်။ မှောင်မိုက်ချိန်ကို ကျိန်ဆဲနေဖို့မဟုတ်ပဲ၊ မျှော်လင့် ခြင်း မီးအိမ်များ ထွန်းညှိဖို့ တစ်ယောက်နဲ့ တစ်ယောက် အားပေး ကြရမယ့် အချိန် ဖြစ်ပါတယ်။ နေ့လည်ခင်းမှာ အမှောင် ဆိုတာ မရှိပါဘူး။ ဒါပေမယ့် မျှော်လင့်ခြင်းမီးအိမ်က မွန်းကျပ်တဲ့ ညအမှောင် တွေကို ပထုတ်ပြီး ထွန်းလင်းတောက်ပချိန်ပဲဖြစ်ပါတယ်။ မျက်ရည် စက်များကို တစ်ယောက်နဲ့ တစ်ယောက် သုတ်ပေးရမယ့် အချိန်ဖြစ် ပါတယ်။ ကပ်ရောဂါ ကြောင့် ချစ်ခင်ရတဲ့ မိသားစုဝင်တွေ ဆုံးရှုံးနေ ကြတယ် မောင်နှမ တွေဆီ အလည်ပတ်သွားရမယ့် အချိန်မှာဖြစ်နေတယ်။ နှလုံးသားတွေ အကျယ်ကြီး ဖွင့်ဟ ထားပြီး ရောဂါကူးခံရ ခြင်းတွေ ကြားရတယ်။ နှုတ်ဆက်ချိန်တောင်မရပဲ ကွယ်လွန်သွားကြတဲ့ ချစ်ခင်ရသော မောင်နှမတွေအကြောင်း ကြားရတဲ့အခါ၊ ငြိမ်သက်စွာ ငိုကြွေးရမယ့် အချိန်လည်း ဖြစ်ပါတယ်။ သေသွားကြတဲ့ သူတွေဟာ ကိုယ့်မိသားစု ဝင်အဖြစ် သဘောထားပြီး ဝမ်းနည်းငိုကြွေးရမယ့် အချိန်လည်း ဖြစ်ပါတယ်။

စိန်ခေါ်မှု အလွှာပေါင်းစုံကြောင့် ကျေးဇူးတော်ခံစားရတဲ့ ဘုရားသား သမီးတွေ ရဲ့ ကြေကွဲ နာကျင်မှုတွေလည်း ရှိနေပါတယ်။ ကျွန်ုပ်တို့ ဘယ်လို တုန့်ပြန်ကြမလဲ။ ငိုကြွေးမြည်တမ်းတ ဝမ်းနည်း ညည်းညူ နေဖို့ပဲလား။

ပထမကျမ်းစာထဲမှာ ပရောဖက် ဧလိယက မျှော်လင့်ချက်ပျက်သုဉ်းစွာ ပြောထားတာကတော့ - “တော်ပါပြီ၊ ကိုယ်တော်ဘုရား တပည့်တော် အသက်ကို သိမ်းပိုက်ပါတော့- ဘိုးဘေးတွေ ထက် တပည့်တော် အကောင်းဆုံး မလုပ်နိုင်ပါဘူး ကမ္ဘာပျက်နေပြီးလား မေးစရာတွေ ဖြစ်လာ တယ်။ ဧလိယလိုပဲ ယုံကြည်ခြင်းမှာ စုံစမ်းခြင်း ခံနေကြရ ပါတယ်။

ဒီနေ့ဖတ်ရတဲ့ ကျမ်းစားတွေက အကျဉ်းအကျပ် အတိဒုက္ခတွေကို အတိ အလင်း ပြောပြနေပါတယ်။ ကျမ်းစာထဲမှာ ဧလိယက တောကန္တာရ ထဲမှာ သူ့ဘ၀ကို သိမ်းပိုက်ဖို့ ဘုရားထံ ဆုတောင်းတယ်။ ဂါမဲလ် (Carmel) မြောက်ဖက်ခြမ်းမှာ ပရောဖက် ဘာလ် (Baal) နဲ့ ရဟန်း ၄၀ သူတို့ အရှုံးပေးခဲ့ရတယ်။ ဒီလိုချိန်မှာ ဘုရားသခင်ရဲ့ နှစ်သိမ့်အားပေးမှု တွေရခဲ့ပါတယ်။ ဒါပေမယ့် သူ စိတ်ဓာတ်ကျခဲ့ပါတယ်။ သိမ်ငယ်ခဲ့ တယ်။ မျှော်လင့်ချက် ကင်းမဲ့နေခဲ့တယ်။ စိတ်ဖိစီးမှုတွေ ဖြစ်နေခဲ့တယ်။ ဒီခံစားချက်တွေကို ကျွန်ုပ်တို့ သိကြပါတယ်။ ဒီခံစားချက်လို တချို့ ဖြစ်ရပ်တွေကိုပဲ ကျမ်းစာရဲ့နောက်တစ်နေရာမှာ တွေ့ရပါသေးတယ်။ ဟာဂါ

- (Hagger) တစ်ယောက် တောကန္တာရထဲမှာ စိတ်ဓာတ်ကျပြီး စိတ်ဖိစီးမှုတွေ ခံစားရတယ်။ ဒါပေမယ့် အဆုံးမှာ အသစ်သော လူမျိုးတော်အတွက် ကတိရရှိခဲ့တယ်။

-ပရောဖက် ယောန (Jonah) နိနေဝေမြို့ (Nineveh) သွားဖို့ ဝန်လေးပြီး စိတ်ပျက်ခဲ့တယ်။

-ယောဘတစ်ယောက်လည်း ကံမကောင်းခြင်း ကွင်းဆက်များစွာ ခံစားခဲ့ရတယ်။

ဒီလူတွေကို ကြည့်မယ်ဆိုရင် စိတ်ပျက်အားငယ်မှုတွေ စိတ်ဖိစီးမှုတွေ ခံစားကြရတယ်။ ဒီနေ့ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ ခံစားချက် ပေါင်းများစွာ ကို ခံစားနေကြရပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ ပိုပြီး ခံစားနေရ ပါတယ်။ အထက်က ပရောဖက်တွေဟာ ဘုရားသခင်ရဲ့ ကာကွယ် စောင့်ရှောက်မှုတွေ ရရှိကြပေးမယ့် နောက်ပိုင်းမှာ စွန့်ပစ်ခြင်းခံရတယ် လို့ ခံစားကြရတယ်။ ဒီလိုခံစားချက်တွေ နေ့တိုင်း ကျွန်ုပ်တို့ဘ၀တွေကို လာရိုက်ခက်နေပါတယ်။ ဧလိယကို ဘုရားရဲ့ သိကြားတမန်က အားပေး နှစ်သိမ့်တယ်။ ဒါပေမယ့် သူ့ဆီကို ဒုတိယအကြိမ် ပြန်လာတဲ့အခါ သူ့ကို တို့ထိပြီး အမိန့်ပေးတာကတော့- “သွားရမည့်ခရီးသည် အလွန် ဝေးသောကြောင့် ထ၍ စားဦးလော” သူထပြီး စားသောက်ပါတယ်။ အစားအစာကြောင့် ခွန်အားတွေ ပြန်ပြည့်လာတဲ့အခါ ရက်ပေါင်း လေးဆယ် ညပေါင်းလေးဆယ် ဘုရားကတိထားရာ ဟိုးရပ် (Horeb) တောင်ဆီ ခရီးပြုပါတယ်။ ဟာဂါ ( Haggar ) လည်းနှစ်သိမ့်မှု ခံစားရ တယ်။ ယောနလည်း စိတ်တည်ငြိမ်းအေးချမ်းမှု ပြန်ရပါတယ်။ သူဆုံးရှုံး ထားတဲ့ အရာများအားလုံး ပြန်ရရှိပါတယ်။ ဒီအဖြစ်ပျက်တွေကနေ ရရှိတဲ့ သင်ခန်းစာ ကတော့။ မှောင်မိုက်ခြင်းအဆုံးမှာ ဘုရားသိကြား တမန်တွေ ရှိနေတယ် ဆိုတာပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ လမ်းမတွေ ပေါ်မှာ ကပ်ရောဂါဆိုးကြီးက ပိုင်စိုးပိုင်နင်းနဲ့ လျှောက်သွားနေပါတယ်။ ကျွန်ုပ်တို့ မျှော်လင့်ချက်ကြီးစွာနဲ့ပဲ ဘုရားသိကြားတမန်တွေကို အကူညီ တောင်းဆိုနေကြပါတယ်။

ဟုတ်ပါတယ် - ခက်ခဲတဲ့အချိန်ကြီးပါ ၊ ဒါပေမယ့် လူသားတွေအတွက် အကောင်းဆုံး တွေ ပြန်ရရှိမယ့် အချိန်တွေ ရှိလာမှာပါ။ ခရစ်တော် ယေဇူးက လက်ဝါးကပ်တိုင်ပေါ်မှာ လူသားတွေအတွက် ရွေးနှုတ် ကယ်တင်ခဲ့သလို၊ စွန့်ပစ်ခြင်းခံရတယ်လို့ ထင်ရတဲ့ ခံစားချက်တွေ ကြားကနေ -နာကျင်ခံစားမှုတွေ ၊ ဒုက္ခ အချိန်တွေကြားကနေ အကောင်းဆုံးကို ပြန်ရရှိ လာမှာပါ။ တစ်ခြား နည်းလမ်းအားဖြင့် ဘ၀နေထိုင်မှုတွေ အကောင်းဆုံးပြန်ရှိမယ့် အချိန်ရောက် လာမှာပါ။ နောက်ဆုံးမှာ ကျွန်ုပ်တို့ ဖြတ်ကျော်နိုင်ခဲ့တယ် အောင်နိုင်ခဲ့တယ်လို့ ပြောနိုင်တဲ့ အချိန်တွေ ရောက်လာမှာပါ။ ဘာလို့လဲဆိုတော့ - တစ်ယောက်နဲ့ တစ်ယောက်ရဲ့ နာကျင်ခံစားချက်တွေက ကျွန်ုပ်တို့ နှလုံးသားကို အရည်ပျော်စေပါတယ်။ တစ်ပါးသူရဲ့ နာကျင်ခံစားချက် အတွက် ငိုကြွေးနေ သရွေ့တော့ ခံစားပေးနေသရွေတော့ ကျွန်ုပ်တို့ ဘယ်တော့မှ ပျက်စီးခြင်း မရောက်ပါဘူး။ “ချစ်ခြင်းမေတ္တာသည် သေခြင်းထက် တန်ခိုးကြီးတော်မူ၏ (ရှောလမုန်သီချင်း ၈း၆)။”

ခရစ်တော်သခင်သည် မျှော်လင့်ခြင်း မုန့်တော်ဖြစ်တယ်။ ကုသခြင်း မုန့်တော်လည်း ဖြစ်တယ်။ ခရစ်တော်သခင်ဟာ အဖခမည်းတော် ဘုရားရဲ့ ချစ်ခြင်းမေတ္တာတော်ကို လက်ဝါးကပ်တိုင်မှာ ချိုးဖဲ့ခြင်းခံ ခြင်းအားဖြင့် ပြသခဲ့တယ်။ အနာတရဖြစ်နေတဲ့ လူသားတွေအတွက် ပေးဆပ်ခဲ့တယ်။

ဒီနေ့ ဖတ်ရတဲ့ ဧဝံဂေလိကျမ်းစာထဲမှာ - ခရစ်တော်က အောင်မြင် ခြင်းကို ကြွေးကြော်ပါတယ်။ “ငါသည် ကောင်းကင်မှာ ဆင်းသက်လာ သည့် အသက်ရှိသော မုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူသည် အစဉ် ထာဝရ အသက်ရှင်လိမ့်မည်။ သင်တို့၏ ဘိုးဘေးတို့သည် တောကန္တာရ ၌ မန္နာမုန့်ကို စားကြလျက် သေဆုံးခဲ့ကြ၏။”

ကျွန်ုပ်တို့ တိုင်းပြည်မှာ ကြီးမာတဲ့ ပဋိပက္ခတွေ ဖြစ်ပျက်နေပါတယ်။ ဓမ္မနဲ့ အ ဓမ္မအကြား၊ အရေးကြီးတဲ့အရာနဲ့ အရေးမကြီးတဲ့အရာတွေကြား၊ အမှန်တရားနဲ့ အလိမ်အညာတွေကြား၊ မကောင်းမှုဖက်က နေတဲ့ သူတွေ က သဲကန္တာရမှာ မန္နာမုန့် စားပြီး သေခဲ့ကြတဲ့ ဘိုးဘေးတွေနဲ့တူပါတယ်။

ဒါပေမယ့် အမှန်တရားကို ဆုတ်ကိုင်ထားတဲ့သူတွေကတော့ ကောင်းကင် က ဆင်းသက်လာတဲ့ မုန့်ကို စားသူတွေနဲ့ တူပါတယ်။ ပျက်စီးခြင်းသို့ မရောက်ပဲ အစဉ် ထာဝရ အသက်ရှင်ကြလိမ့်မယ်။ သဲကန္တာရထဲက မုန့်နဲ့ ကောင်းကင်က ဆင်းသက်လာတဲ့ မုန့်နစ်ခုကြားမှာ မတူတာတွေ ရှိပါတယ်။ သဲကန္တာရထဲက မုန့်က ခက်ထန်မှုတွေ၊ အတ္တတွေ၊ တကိုယ်ကောင်းဆန်ခြင်းတွေ၊ သနား ကြင်နာမှု ကင်းမဲ့ခြင်းတွေ၊ ပျက်စီးခြင်းတွေနဲ့ မှတ်သားခြင်းခံရပြီး အဆုံးသတ် ကြပါတယ်။

ကောင်းကင်မှ ဆင်းသက်လာတဲ့ မုန့်ကတော့- အသက်ရှင်တဲ့ ဘုရား သခင်နဲ့ အတူ ရပ်တည်ကြတဲ့ လူတွေဖြစ်ပါတယ်။ ရောမအင်ပါရာကို ဆန့်ကျင်ခဲ့တဲ့ ခရစ်တော်ရဲ့ တိုက်ပွဲပါပဲ။ အကြမ်းဖက်မှုတွေက သူ့ကို ဆန့်ကျင် ပါတယ်။ သူ သေသည့်တိုင်အောင် တွန်းပို့ ဆန့်ကျင့်ခဲ့ပါတယ်။ သူပေးတဲ့ အမှန်တရား မုန့်တော်ကတော့ ထာဝရ တည်နေမှာပါ။ အဲ့ဒီ မုန့်တော်ကိုပဲ ကျွန်ုပ်တို့ ဒီနေ့ရှာဖွေနေတာပါ။ အခုတလော ဖြစ်ပျက် နေတာတွေက- မျှော်လင့်ချက် ပျက်သုဉ်းတဲ့ သဲကန္တာရ၊ အဆုံးမရှိတဲ့ ပဋိပက္ခ သဲကန္တာရ၊ လူသားတွေကို ကြေကွဲစေတဲ့ သဲကန္တာရလိုပါပဲ။ “ငါသည် အသက်ရှင်သော မုန့်ဖြစ်တယ်”လို့ ခရစ်တော်က အားပေး နှစ်သိမ့် ပေးနေပါတယ်။ လက်ရှိ သင်တို့ ခံစားနေရတဲ့ အရာတွေကို ငါကိုယ်တိုင် ဖြတ်သန်းလာခဲ့ရပါတယ်လို့ ပြောနေပါတယ်။ အားတင်း ထားဖို့ လိုပါတယ်။ နောက်ဆုံးတော့ ကျွန်ုပ်တို့ရဲ့ အောင်ပွဲက ခရစ်တော် ပဲဖြစ် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ “ငါသည်လမ်းဖြစ်၏၊ အသက် လည်း ဖြစ်၏၊ အလင်းလည်းဖြစ်၏။” ခရစ်တော်က ကျွန်ုပ်တို့နဲ့ အတူ ခရီးပြု နေပါတယ်။ သေခြင်းနဲ့ ဖျားနာခြင်း ရောဂါအားလုံး တနေ့ ပပျောက်သွား မှာပါ။ သေခြင်းနဲ့ ဖျားနာခြင်း ရောဂါအားလုံးကို ခရစ်တော်က အောင်နိုင်ခဲ့ ပါတယ်။ မှောင်မိုက်ခြင်းကို အောင်နိုင်ခဲ့တဲ့ ခရစ်တော်ပဲ ဖြစ်ပါတယ်လို့ သံပေါလူး ဂုဏ်ယူဝံ့ကြွားစွာ ပြောခဲ့ပါတယ်။ “အိုသေမင်း၊ သင်၏ အောင်ခြင်းကား အဘယ်မှာနည်း၊ အိုမရဏနိုင်ငံ၊ သင်၏ အဆိပ်ဆူးကား အဘယ်မှာနည်း။(ပထမ ကောရိန်တူ ၁၅း၅၅)။”

နောက်ဆုံးမှာ အသက်ရှင်ခြင်းက အနိုင်ရပါလိမ့်မယ်။ ဒါကတော့ ကောင်းကင်မှ ဆင်းသက်လာသော မုန့်တော်ရဲ့ သတင်းစကားပဲ ဖြစ်ပါတယ်။ ဒီမုန့်တော်ကို အတူတကွ မျှဝေကြစို့၊ ခရစ်တော်သည် ကျွန်ုပ်တို့၏ မျှော်လင့်ချက် ဖြစ်ပါစေ။ ခရစ်တော်သည် ကျွန်ုပ်တို့ကို ကုသခြင်းပေးတဲ့ မုန့်တော်ဖြစ်ပါစေ။

Add new comment

6 + 11 =