မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်သမ္မာကျမ်းစာတမန်တော်လုပ်ငန်းတာဝန်လွှဲအပ်ခြင်းသတင်း

မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်သမ္မာကျမ်းစာတမန်တော်လုပ်ငန်းတာဝန်လွှဲအပ်ခြင်းသတင်း

 (5-1-2020) ရက်နေ့ က ရန်ကုန်မြို့ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံး၌ မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်သမ္မာကျမ်းစာတမန်တော်လုပ်ငန်းတာဝန်လွှဲအပ်ခြင်း အခမ်းအနားတစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်သမ္မာကျမ်းစာတမန်တော်လုပ်ငန်းတွင်(၈)နှစ်နီးပါးတာဝန်ယူလုပ်ဆောင်ခဲ့သောFr. Bosco Saw Lar Htoo မှ တာဝန်ခံသစ်ဖြစ်သော Fr. George Shwe Htun အားတာဝန်လွှဲအပ်ခြင်းဖြစ်ပါသည်။

အခမ်းအနားသို့ သာသနာအသီးသီးမှ တာဝန်ခံဘုန်းတော်ကြီးများစစ္စသာရ်များ သမ္မာကျမ်းစာ တမန်တော်လုပ်ငန်းတွင်ဆက်ကပ်လုပ်ဆောင်နေကြသောသာသနာအသီးသီးမှကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာသမ္မာကျမ်းစာတမန်တော်လုပ်ငန်းနာယက ဆရာတော်ကြီး Basilio Athaiဦးဆောင်ပြီး မစ္ဆားတရားပူဇော်ခြင်းဖြင့်အစပြုခဲ့ပါတယ်။

ဂိုဏ်းချုပ်ဆရာတော်ကြီးBasilioAthaiအမှာစကားပြောကြားရာ၌(၈)နှစ်နီးပါးတာဝန်ယူလုပ်ဆောင်ခဲ့သည့်Fr.Bosco အားလုက်ဆောင်ခဲ့သမျှကို မှတ်တမ်းတင်တယ်ကျေးဇူးတင်ကြောင်း ၊ဆရာတော်အနေဖြင့် မယ်မယ်ရ ရကူညီ ပံံ့ပိုးခဲ့ ရခြင်းမရှိတဲ့အတွက်အရမ်းကိုဝမ်းနည်းကြောင်း၊ သမ္မာကျမ်းစာသမားဟာ အမြဲတမ်း သမ္မာကျမ်းစာနဲ ့ကင်းလို့တော့မရဘူး ၊ဘယ်နေရာဘဲရောက်ရောက်သမ္မာကျမ်းစာအပေါ်သစ္စာရှိကြောင်း ၊ သမ္မာကျမ်းစာ အပေါ်သစ္စာရှိ တဲ့ပုဂ္ဂိုလ်တွေအိမ်မှာအဆူအဆဲခံပြီးလာတဲ့ပုဂ္ဂိုလ်တွေရှိချင်ရှိမယ်Community မှာ အငြိုအငြင်ခံပြီးလာတဲ့သူလည်းရှိမယ်သမ္မာကျမ်းစာအတွက်ကြိုးစားကြတယ်၊

သမ္မာကျမ်းစာအတွက်ကြိုးစားလုပ်ဆောင်တဲ့အတွက်ဂုဏ်ယူကြောင်း။Fr. Bosco ကိုကျေးဇူးတင်တယ်ကြိုးစားလုပ်ဆောင်ပြီးသမ္မာကျမ်းစာတမန်တော်လုပ်ငန်းအတွက်ချန်ထားခဲ့တဲ့အမွေအနှစ်တွေအများကြီးရှိတယ်Fr. George Shwe Htun အနေနဲ့အမွေခံပြီးဆက်လက်ကြိုးစားလုပ်ဆောင်ပြီးအများကြီးလည်းတိုးတက်လာမယ်လို့ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ဆရာတော်ဂျွန်မန်းဆိန်းဟီအမှာစကားပုသိမ်သာသနာအနေနဲ့ သမ္မာကျမ်းစာတမန်တော်လုပ်ငန်းအတွက်

ထဲထဲဝင်ဝင်တုံးတုံးတိုက်တိုက်ကြိုးစားလုပ်ဆောင်ဆက်ကပ်ခွင့်ရတဲ့အတွက်ဂုဏ်ယူတယ်၊Fr.မောရစ်ည ွန့်ဝေ  နဲ့ Fr. Bosco တို့ကိုလည်းကျေးဇူးတင်တယ်။ခုန Arch Bishop Athai ပြောသွားသလိုဘဲကိုယ့်သာသနာကို ပြန်ရောက် သွားတဲ့အခါသမ္မာကျမ်းစာလုပ်ငန််းကိုဆက်လက်လုပ်ဆောင်နေအုံးမှာပါ။သမ္မာကျမ်းစာဟာ ကျွန်တော်တို့အ သက်ဖြစ်တယ်လောက မှာအိုမယ်၊နာမယ် ၊သေမယ်မေ သဆေးဆိုတာ မရှိဘူး ကျွန်တော်တို့ မှာဘာလိုသလဲ၊ခွန်အားဘဲလိုတယ်ခံနိုင်ရည်ကျေးဇူးတော်၊ အလင်းကျေးဇူးတော်လိုတယ်

Energy ဘယ်ကရနိုင်သလဲ

1. Eucharist ကိုယ်တော်မြတ်စက္ကရမင်တူး

2. Bible သမ္မာကျမ်းစာ

3. Holy Spirit သန့်ရှင်းသောဝိညာဉ်တော်

ကိုယ်တော်မြတ်မဖူးလို့ကတော့သမ္မာကျမ်းစာမဖတ်ရှုလို့ကတော့ဝိညာဉ်တော်ဘုရားနဲ့မပြည့်ဝလို့ကတော့

လုပ်ဆောင်တဲ့နေရာမှာ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။

ArchBishopAthaiကိုကျေးဇူးတင်းကြောင်းဒီမှာရောက်ရ်ှိနေကြတဲ့သမ္မာကျမ်းစာအဖွဲ့သားများအားလုံးမိမိရောက်ရှိတဲ့နေရာဒေသမှာဆက်လက်ကြိုးစားလုပ်ဆောင်ကြပါလို့တိုက်တွန်းအားပေးလိုပါတယ်။

Fr. မောရစ် ညွန့်ဝေ မှသမ္မာကျမ်းစာတမန်တော်လုပ်ငန်းဆိုတဲ့ခရီးကိုကျွန်တော်တို့အားလုံးလျှောက်နေကြတယ်ကြမ်းတမ်းတဲ့ခရီးလမ်းဖြစ်တယ်ချောမွေ့မှာမဟုတ်ဘူး၊ အကွေ့အကောက်အနိမ့်အမြင့်တွေရှိပေမယ့်

နှုတ်ကပတ်တော်အပေါ်သစ္စာရှိစွာနဲ့အခုထက်ထိနှုတ်ကပတ်တော်ကိုချစ်မြတ်နိုးတဲ့စိတ်နဲ့ကျွန်တော်တို့လျှောက်လှမ်းခဲ့ကြတယ်ဆရာတော်များ ဘုန်းတော်ကြီးများစစ္စသာရ်များ ဘာသာဝင်များ အားလုံး ကိုလည်းကျွန်တော် အထူးဘဲလေးစားဂုဏ်ယူကြောင်းနှင့်Fr. George Shwe Htun အား ဝိုင်းဝန်းပြီးအားပေး ၍ အတူတကွ ဆက်လက်လုပ်ဆောင်သွားကြဖို့ရန် အားပေးတိုက်တွန်းစကားကိုပြောကြားခဲ့ပါတယ်။

Fr. Saw Bosco မှဖြတ်သန်းခဲ့တဲ့ခရီးစဉ်တလျှောက်အတွေ့အကြုံများကို အကျယ်တဝင့်ဝေမျှသွားပါသည်။တာဝန်ခံအသစ်Fr. George Shwe Htun ရင်တွင်းဖြစ်စကား ပြောကြားရာ ၌ဝိုင်းဝန်းဆုတောင်းပေးသူအားလုံးကိုအထူးကျေးဇူး တင်ကြောင်း ဆရာတော်ပြောတဲ့ သမ္မာ ကျမ်းစာ စာသံယောဇဉ်ဆိုတာဒုက္ခရဲ့မြစ်ဖျားခံရာ ရေသောက်မြစ်တစ်ခု။ဖြစ်ကြောငး် ကျွန်တော့်ရဲ့ဒီသမ္မာကျမ်းစာနဲ့ပတ်သက်ပြီးဖြစ်လာတဲ့အကြောင်းအရာကိုပြောရမယ်ဆိုရင်

ဘုရားသုံးဆူမှာနေတုံးကကျန်းမာရေးချူချာ တော်တော် လေးကိုဖြစ်နေတဲ့အချိန်ကျွန်တော်မရတော့ဘူးဆိုပြီးတော့အိမ်ပြန်တော့မယ်ဘုရားသခင်ကိုကြည့်ပြီးမျက်ရည်ကျခဲ့ကြောင်း၊

15မိနစ်လောက်နေတော့စိတ်သက်သာရာရသွားတယ်ဆရာတယောက်ရဲ့ကျမ်းစာကိုဖွင့်ဖတ်တဲ့ အခါ တွေ့ရတဲ့စာသားက" ငါမသေရသေး၊ အသက်ရှင်၍ဘုရားသခင်၏အမှုတော်များကိုကြားပြောရမည်"

ကျမ်းပိုဒ်ကိုဖတ်ကြားပြီးခွန်အားရလာတယ် ပြန်ကျန်းမာလာကြောင်း၊ခုနဆရာတော်ပြောတာနှုတ်ကပတ်တော်လုပ်ဆောင်ရင်ရှတယ်၊ ထိတယ်။ဒီလိုနဲ့ဘုန်းတော်ကြီးတစ်ပါးဖြစ်လာတယ်သမ္မာကျမ်းစာတမန်တော်လုပ်ငန်းမှာ

ပါဝင်လာတယ်ကျမ်းစာရဲ့အလယ်ဗဟိုစာမျက်နှာဆာလံကျမ်း 118:8 ကိုအရမ်းသဘောကျတယ်"လူကိုကိုးစားခြင်းထက်ဘုရားသခင်ကိုကိုးစား ခြင်းသည်သာ၍ကောင်း၏"

ဒီမှာရှိတဲ့သူအားလုံးကိုလည်းအားကိုးပါတယ်။ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါ။၎င်းနောက်လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခြ​င်းပြုလုပ်ကြပြီးမိတ်ဆုံနေ့လည်စာစားသုံးကာ

သမ္မာကျမ်းစာတာဝန်လွှဲအပ်ခြင်းအခမ််းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။

ဒီသတင်းကိုတော့ ဦးဆိုင်းရှန် ဖေ့ဘွတ်စ် စာမျက်နှာမှ ပြန်လည်ကိုးကားထားခြင်းဖြစ်ပါသည်။

Add new comment

2 + 2 =