မေလ ၄ ရက်၊ ၂၀၂၀၊ တနင်္လာနေ့၊ ပါစကားကာ စတုတ္ထပတ်

မေလ ၄ ရက်၊ ၂၀၂၀၊ တနင်္လာနေ့၊ ပါစကားကာ စတုတ္ထပတ်
- ယောဟန် 10:11-18

- တမန်တော်ဝတ္ထု 11:1-18)
♥ ရှင်ပေထရု၏ရူပါရုံ - ဘုရားသခင်ဖန်ဆင်းထားသောအရာအားလုံးသန့်ရှင်းတယ်။

1. ဤသို့ဖြင့် လူမျိုးခြားတို့သည်လည်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ခံယူရရှိကြသည်ကို တမန်တော်တို့နှင့် ဂျူဒေးယပြည်တွင်ရှိကြသော ညီအစ်ကိုတို့သည် ကြားသိကြ၏။
- 2. သို့ဖြစ်၍ ပေတရုသည် ဂျေရုဆလင်မြို့သို့ ရောက်လာသောအခါ အရေဖျားလှီးခြင်းကို လက်ခံအားပေးသော သူတို့သည် သူ့ကိုဝေဖန်အပြစ်တင်ကြ၍၊
- 3. သင်သည် အဘယ်ကြောင့် အရေဖျားလှီးခြင်း မခံသောသူတို့ထံသို့သွား၍ သူတို့နှင့်အတူ စားသောက်ခဲ့သနည်းဟုဆိုကြ၏။
- 4. သို့သော် ပေတရုက ဖြစ်ပျက်သမျှကို အစီအစဉ်အတိုင်း သူတို့အား ရှင်းပြလျက် ဆိုသည်ကား၊
- 5. ငါသည် ဂျော့ပါမြို့၌ ဆုတောင်းလျက်နေစဉ် မိန်းမောလျက် ရူပါရုံတစ်ခုကိုမြင်ရ၏။ ထောင့်လေးထောင့်မှ ချုပ်ကိုင် ထားသော ရွက်ထည်စကြီးတစ်ခုနှင့် တူသောအရာတစ်ခုသည် ကောင်းကင်မှချလိုက်သကဲ့သို့ ဆင်းလာ၏။ ထိုအရာသည် ငါ့ထံသို့ကျလာ၏။
- 6. ငါသည် ၎င်းကို သေချာစွာကြည့်သောအခါ တိရစ္ဆာန်များ၊ သားရဲများ၊ တွားသွားသတ္တဝါများနှင့် လေတွင်ပျံဝဲသော ငှက်များကို တွေ့မြင်ရ၏။
- 7. ထို့နောက် ပေတရု၊ ထလော့၊ သတ်၍စားလော့ဟု ငါ့အား ပြောဆိုနေသော အသံတစ်ခုကိုလည်း ငါကြားရ၏။
- 8. သို့သော်လည်း ငါက မဖြစ်နိုင်ပါ၊ သခင်ဘုရား။ အကြောင်းမူကား မစင်ကြယ်သော၊ ညစ် ညူးသောအရာတစ်စုံတစ်ခုမျှ တပည့်တော်၏ ပါးစပ်အတွင်းသို့ မဝင်ဖူးပါဟု ပြန်ပြောခဲ့၏။
- 9. သို့ရာတွင် ကောင်းကင်မှအသံက ဘုရားသခင် သန့်ရှင်းစင်ကြယ်စေပြီးသော အရာကို ညစ်ညူးသည်ဟူ၍ သင်မဆို လေနှင့်ဟု ထပ်မံဖြေဆိုလေ၏။
- 10. ဤကဲ့သို့ သုံးကြိမ်တိုင်တိုင်ဖြစ်ပြီးလျှင် ၎င်းတို့အားလုံးကို ကောင်းကင်သို့ ပြန်လည်ဆွဲတင်သွားလေ၏။
- 11. ထိုအချိန်၌ပင် ဆီဇားရိယမြို့မှ ငါ့ထံသို့ စေလွှတ်သော လူသုံးဦးတို့သည် ငါတို့ရှိသောအိမ်သို့ ရောက်လာကြ၏။
- 12. ဝိညာဉ်တော်သည်လည်း ငါ့အား လူမျိုးခွဲခြားခြင်းမပြုဘဲ သူတို့နှင့်အတူ လိုက်ပါသွားရန် မိန့်တော်မူခဲ့၏။ ဤညီအစ်က ိုခြောက်ဦးသည်လည်း ငါနှင့်အတူ လိုက်ပါခဲ့ကြ၍ ငါတို့သည် ထိုသူ၏အိမ်သို့ ဝင်ခဲ့ကြ၏။
- 13. ထိုသူကလည်း ကောင်းကင်တမန်တော်တစ်ပါးသည် သူ၏အိမ်တွင်ရပ်လျက် ဂျော့ပါမြို့သို့လူစေလွှတ်၍ ပေတရုဟု ခေါ်သောစီမွန်ကို ခေါ်ဖိတ်လော့။
- 14. သူသည် သင်နှင့် သင်၏မိသားစုအားလုံး ကယ်တင်ခြင်းရစေမည့် သတင်းစကားကို သင်တို့အား ဟောပြောလိမ့်မည်ဟု မိန့်ဆိုသည်ကို မြင်ခဲ့ရကြောင်း ငါတို့အား ပြောပြခဲ့၏။
- 15. ငါသည်လည်း သူတို့ကို စတင်၍ ဟောပြောသည်နှင့် ဝိညာဉ်တော်မြတ်သည် အစကနဦးက ငါတို့အပေါ်သို့ ဆင်းကြွသကဲ့သို့ သူတို့အပေါ်သို့လည်း ဆင်းကြွတော် မူခဲ့၏။
- 16. ထိုအခါ ငါသည် သခင်ဘုရား၏ နှုတ်တော်ထွက်စကားတို့ကို ပြန်လည်သတိရခဲ့၏။ ကိုယ်တော်က ယောဟန်သည် ရေဖြင့်ဆေးကြောခဲ့၏။ သင်တို့မူကား ဝိညာဉ် တော်မြတ်အားဖြင့် ဆေးကြောခြင်းခံရလိမ့်မည်ဟု မိန့် တော်မူခဲ့၏။
- 17. ငါတို့သည် ယေဇူးခရစ်တော်သခင်ကို ယုံကြည်သောအခါ ငါတို့အား ဘုရားသခင် ပေးသနားတော်မူခဲ့သည့် တူညီသော ကျေးဇူးတော်ကို ကိုယ်တော်သည် သူတို့အားလည်း ပေးတော်မူပါလျှင် ငါသည် မည်ကဲ့သို့သောသူဖြစ်၍ ဘုရားသခင်ကို တားဆီးနိုင်ပါမည်နည်းဟု ဆိုလေ၏။
- 18. သူတို့သည်လည်း ဤစကားကိုကြားသောအခါ တိတ်ဆိတ်သွားကြလေ၏။ ထို့နောက် သူတို့က ဘုရားသခင်သည် ထာ၀ရအသက်ပေးသော နောင်တ တရားကို လူမျိုးခြားတို့အားလည်း ပေးသနားတော်မူပေသည် ဟုဆိုကြ၍ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလေ၏။
===================

ထောက်ရှုချက်

" သင်သည် အဘယ်ကြောင့် အရေဖျားလှီးခြင်း မခံသောသူတို့ထံသို့သွား၍ သူတို့နှင့်အတူ စားသောက်ခဲ့သနည်း။"

♥မေး။ ။ အထက်ပါမေးခွန်းကိုပေထရုအားဘာ့ကြောင့်မေး ခဲ့တာလဲ။

- သာသနာတော်အစဦး အချိန်က ယေဇူးသခင်၏ တပည့်တော်အများစုသည်၊ ကယ်တင်ခြင်းဆိုတာ ဂျူးလူမျိုးတို့အတွက် သီးသန့်ပေးသော ဘုရားသခင်ရဲ့ ကောင်းချီးတော်အဖြစ်သာမြင်တွေ့ခဲ့ကြပြီး အခြားလူမျိုးများဆီမသွားခဲ့ကြပါဘူး။

- ဒီနေ့ တမန်တော်ဝတ္တုကျမ်းမှာ အရေဖြားလှီးခြင်းမခံထားတဲ့ လူမျိုးခြားတွေဆီ ပေထရုကသွားပြီးတရားဟော ခဲ့တဲ့အတွက် သူတို့နဲ့အတူစားသောက်တဲ့အတွက်အပြစ်တင်တာခံခဲ့ရပါတယ်။

♥မေး ။ ။ ဂျူးလူမျိုးတွေရဲ့အစားအစာဟာ အခြားလူမျိုးတွေရဲ့အစားအသာနဲ့ဘာကွာလဲ။

- ဒီနေရာမှာ ဂျူးလူမျိုးတွေ ရဲ့ စားသောက်ခွင့်ရှိတဲ့အစာ အကြောင်းနဲနဲပြောချင်ပါတယ်။ ဂျူးလူမျိုးတွေက စားမြုတ်ပြန် ပြီး ခွာကွဲတဲ့ တိရိစ္ဆာန် တွေရဲ့အသားပဲစားခွင့်ရှိပါတယ်။
- ကျန်တိရိစ္ဆာန်များက ညစ်ညူးတယ် မသန့်ရှင်းဘူး၊ စားတဲ့အခါညစ်ညူးခြင်းဖြစ်စေတယ်လို့ သွန်သင်ချက်ရှိတယ်။
- သွေးကိုလည်းစားခွင့်မရှိပါဘူး။ သွေးက အသက်ဖြစ်တယ်၊ အသက်ကဘုရားနဲ့ပဲဆိုင်တယ်။ ဒါကြောင့် လည်လှီးပြီး သတ်တဲ့ တိရိစ္ဆာန် တွေရဲ့အသား ကိုပဲစားရတယ်။ ဘုရားက အဲ့အတိုင်းပညတ်ထားပါတယ်။

- ပေထရုက ဂျူးဘာသာဝင်မဟုတ်တဲ့ လူတွေနဲ့အစာစားတဲ့အခါ အထက်က ပညတ်ကိုမလိုက်နိုင်တော့ပါဘူး။ ဟိုမှာသူများစားသလိုစားရတော့မှာပေါ့။
- ဒါပညတ်တော်ချိုးဖောက်ခြင်း၊ ညစ်ညူးသောအမှုကိုပြုခြင်းဖြစ်တယ်လို့ အခြားတပည့်တော်များက နားလည်ပြီး ပေးထရုကို ဆူပူအပြစ်တင်ကြတာဖြစ်ပါတယ်။

♥မေး။ ။ ပေထရုကအခြားတပည့်တော်များ သူ၏ လုပ်ရပ်ကို နားလည်လာအောင် ဘယ်လိုလုခဲ့ပါသလဲ။

ထိုအခါပေထရုက သူ့မြင်ခဲ့ရတဲ့ ရူပါရုံ အကြောင်းကို အထက်ပါကျမ်းအတိုင်းရှင်းပြပြီးဖြေရှင်းပေး ခဲ့ပါတယ်။

♥ မေး - ပေထရုရှင်းပြတဲ့အခါ သူတို့ ဘယ်လိုတုန့်ပြန်ခဲ့ကြပါလဲ။
ဖြေ။ ။ သူတို့သည်လည်း ဤစကားကိုကြားသောအခါ တိတ်ဆိတ်သွားကြလေ၏။ ထို့နောက် သူတို့က ဘုရားသခင်သည် ထာ၀ရအသက်ပေးသော နောင်တ တရားကို လူမျိုးခြားတို့အားလည်း ပေးသနားတော်မူပေသည် ဟုဆိုကြ၍ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလေ၏။

- ယေဇူးသခင်ယူဆောင်လာပေးတဲ့ကယ်တင်ခြင်းက လူမျိုးအားလုံးအတွက်ဖြစ်ပါတယ်။
- ကက်သလစ်ခရစ်ယန် သာသနာတော်ဆိုတာ ကမ္ဘာအရပ်ရပ်မှာ လူမျိုးအားလုံးနဲ့ဖွဲ့စည်းထားပြီး ယခုဆိုရင် အရေအတွက် သန်း နှစ်ထောင့်တစ်ရာ ကျော်နေပြီဖြစ်ပါတယ်။
- ပုပ်ရဟန်းမင်းကြီးက သာသနာတော်ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

* လူမျိုးအားလုံးကိုကယ်တင်ခြင်းပေးခဲ့သောဘုရားသခင်ကိုကျေးဇူးတင်ကြပါစို့။
* ကမ္ဘာတဝှမ်းရှိလူအားလုံးဆီ ကယ်တင်ခြင်းသတင်းကောင်းဟောပြောသက်သေခံပေးသူများကိုလည်း ကျေးဇူးတင်ကြပါစို့။
*****************

♥မေး။ ။ ဂျူးဘာသာကနေခွဲထွက်လာခဲ့တဲ့ ကက်သလစ်ခရစ်ယန်တွေ စားမြုတ်ပြန်ပြီးခွာကွဲတဲ့ သတ္တဝါ တွေရဲ့အသားကိုပဲစားရမယ်ဆိုတဲ့ပညတ်ကိုလိုက်ပါသလား။
- မလိုက်ပါဘူး
* ဘာ့ကြောင့်ပါလဲ။
- အထက်က ကျမ်းစာမှာ ပေထရုကို ဘုရားသခင်က အကုန်စားခွင့်ရှိကြောင်းဗျာဒိတ်ပေးခဲ့လို့ဖြစ်ပါတယ်။

"ဘုရားသခင် သန့်ရှင်းစင်ကြယ်စေပြီးသော အရာကို ညစ်ညူးသည်ဟူ၍ သင်မဆို လေနှင့်။"

Add new comment

4 + 10 =