မေလ ၁၀ ရက်၊ ၂၀၂၀ တနင်္ဂနွေနေ့၊ ပါစကားလ ပဉ္စမပတ်

Cardinal Charles Bo

မေလ ၁၀ ရက်၊ ၂၀၂၀ တနင်္ဂနွေနေ့၊ ပါစကားလ ပဉ္စမပတ်

ဘုရားရှင်ရဲ့ ကောင်းကြီးမင်္ဂလာ၊ ညီအစ်ကိုမောင်နှမ- မိတ်ဆွေများအပေါ် သက်ရောက်ပါစေ။ Online မှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ ကိုယ်တော်ရဲ့ အသက်မုန့်တော်ဖဲ့ဝေခြင်းမှာ ပါဝင်တဲ့- မိသားစုများ ခန္ခာကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံးပျော်ရွှင်ခြင်း၊ ဂရုဏာမေတ္တာပွားများ နိုင်ပါစေ။

ဒီနေ့ ကျမ်းစာက၊ ခွန်အားယူစရာကြီးပါ။ သခင်ယေဇူး ကျွန်ုပ် တို့အားလုံး တစ်ဦးစီကို ရည်ရွယ်ပြီး အားပေးနေတယ်။ “Have faith in God, have faith in me” စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့် ဘုရားသခင်ကို ယုံကြည်ကြလော။ ငါ့ကိုလည်းယုံကြည်ကြလော့။  သခင်ယေဇူး တပည့်တော်ကြီးများနှင့် ညစာစားပြီးပြီ။ သူတို့ရဲ့ခြေကို ဆေးပေးတယ်။ ဘယ်လိုအစေခံရမလဲဆိုတာ သက်သေပြတယ်။ မကြာခင် Judas က ရောင်းစားတော့မယ်။ ရှင်ပေတရူးလည်း သခင့်ကို ငြင်းပယ် မယ်ဆိုတာ ကြိုတင်သတိပေးထားတယ်။ သခင်လည်းသွားရတော့မယ်။

““စိတ်မပူကြနဲ့ ဘုရားကိုယုံ ငါ့ကိုလည်းယုံ”” ပြောတဲ့စကားက- ပျော်ပွဲစား ထွက်နေတုံး မိန့်ဆိုခဲ့တာ မဟုတ်ဘူး။ သခင်ယေဇူးရဲ့ အဖြစ်ကို ကြည့်ပါ။ သခင်နဲ့တပည့်တွေ ညစာစားပြီးချိန် ကြာသပတေးညနေ၊ (၂၄)နာရီအတွင်း ကားစင်ပေါ်အသတ်ခံရတော့မယ်။ မကြာခင် အဖမ်းခံရမယ်။ တရားစီရင် ခံရတော့မယ်။ ရက်ရက်စက်စက်နှိပ်စက် ညှဉ်းပန်းခြင်းခံရမယ်။ အသက် ထွက်ရတော့မယ်။ စိတ်ပူရမယ်ဆိုရင်၊ မည်သူက စိတ်ပူရဆုံးဖြစ်မလဲ။ သခင်၊ သူကပူရမယ်။ သူဘာလုပ်လဲ။ ငြိမ်းချမ်းဘို့ပြောတယ်။ အခြေအနေ ကို စိတ်ငြိမ်အောင် လုပ်ပေးတယ်။ သခင်ကို ရောင်းစားဘို့ Judas Iscariot ထွက်သွားပြီး။ ကြည့်နေတဲ့ တမန်တော်ကြီးတွေကို ““ငါသွားရမဲ့ နေရာ မင်းတို့မလိုက်နိုင်ဘူး။ မစိုးရိမ်နဲ့ အဖအိမ်မှာ နေရာအခန်းတွေ အများကြီးရှိတယ်။””

ကျမ်းစာဓမ္မဟောင်း၊ ဓမ္မသစ်ထဲမှာ “Do not be afraid” မကြောက်နဲ့၊ မစိုးရိမ်နဲ့၊ စကားလုံးကိုရေတွက်ရင် ၃၆၅-ကြိမ်တွေ့ရတယ်။ တနေ့မှာ တကြိမ်၊ နေ့စဉ်ဘုရားရှင် သူ့သားသမီးများကို မိန့်ကြားနေတယ်။ ယုံပါ။ ယုံကြည်ပါ။ ငါ့ကိုယုံပါ။ အားကိုးအားထားပါ။ ဒီနှစ်ပါစကားပွဲကာလဟာ အမှောင်ထုထဲမှာ ကျရောက်ပြီး ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို စိန်ခေါ် နေတယ်။ ခြောက်သွေ့၊ စိတ်အားငယ်နေကြတဲ့ ကျွန်ုပ်တို့ရဲ့ သဲကန္တာရထဲ Covid ဖြတ်သန်းသွားချိန်မှာ သခင်ရဲ့စကားက အသက်ပေးစမ်းရေ စီးဆင်းသလို ဖြစ်ရပါတယ်။ Amen အာမင် ငါပြောမယ်။ ငါ့ကိုယုံကြည်သူများ၊ ငါပြုသော အမှုကို ပြုမယ်။ ဒါထက်တောင်မှကြီးသော အမှုကို ပြုနိုင်မယ်။ စိတ်မပူနဲ့ ဘုရားကိုယုံပါ။ ငါ့ကိုလည်း ယုံပါ။  လွန်ခဲ့တဲ့နှစ်(၂၀)လောက်တုံးက ရန်ကုန်-လာရှိုး Focal လေယာဉ်နဲ့ သွားတဲ့အချိန် ခရီးတဝက်မှာ ညာဘက် ပန်ကာ-ရပ်သွားတယ်။ Pilot ကြေငြာတယ်။ မစိုးရိမ်ပါနဲ့။၂ မစိုးရိမ်ပဲ နေမလား။ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်း အစိတ်စိတ်အမွှာမွှာဖြစ်စရာအကြောင်း အများကြီးရှိတယ်။ Covid ဟာ အသနားမဲ့ ရုပ်ပျက်ဆင်းပျက် သောင်းကျန်းနေတယ်။ လူပေါင်း(၄)သန်း ရောဂါထိနေတယ်။ (၂)သိန်းခွဲကျော် အသက်သေခဲ့ပြီး။ သေခြင်းဟာ နိုင်ငံပေါင်း(၂၀၀)မှာ မြူးတူးနေတယ်။ စိတ်အားငယ်စရာအများကြီး ရှိပါတယ်။ စီးပွားရေးပြိုကွဲနေပြီ။ သိန်းသန်းမက အလုပ်လက်မဲ့ဖြစ်နေပြီ နိုင်ငံခြားမှာ သန်းချီပြီး မိမိတို့ ဇာတိနယ်မြေကို ပြန်မလာနိုင်ကြသေးပါဘူး။

 

ဒီလိုသောက ဝေဒနာ၊ စိတ်ပူပန်းရှိနေတဲ့အချိန် သခင်ယေဇူးရဲ့ နှုတ်တော် ထွက်စကားလေးရောက်လာပါတယ်။ စိတ်ပူပန်ခြင်းမရှိကြနဲ့။ မစိုးရိမ်နဲ့။ မကြောက်နဲ့။ ခုနက-လေယာဉ်မောင်း Pilot က မစိုးရိမ်နဲ့မကြောက်နဲ့ ပြောပေမဲ့- သူလည်းကြောက်မှာပဲ ကိုယ်လည်း ကြောက်တာပဲ။ သူက ရိုးရိုးသာမာန်လူကို အရေးအကြောင်းဆို သူလည်းပဲ မတတ်နိုင်ဘူး။ ဒါပေမဲ့ အခုမစိုးရိမ်နဲ့၊ စိတ်ပူပန်ခြင်းမရှိကြနဲ့ မြွတ်ဆိုသူက ဘုရား၊ အားလုံး တတ်နိုင်တာမကဘူး။ အားလုံးကို ဖန်ဆင်းထားတဲ့ ဘုရားဖြစ်တယ်။

““ငါဟာလမ်း - ငါဟာ အမှန်တရား ငါဟာ အသက်ဖြစ်တယ်။ Abraham  ရဲ့ ဘုရား၊ မိုးဇယ်ရဲ့ဘုရား၊ ယာကုပ်ရဲ့ ဘုရားဖြစ်တယ်။ ယုံကြည်ခြင်း၊ အားထားခြင်း လမ်းမှာရှောက်ဖို့ ဖိတ်ခေါ်နေတယ်။

““သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်း ရှိလျင် ထိုတောင်ကိုနေရာမှရွေ့လော့ဟု ဆိုကြသော်၊ နေရာမှ ရွေ့လိမ့်မည်။ သင်တို့မတတ်နိုင်သော အမှုမရှိ”” (မာတေ ၁ရး၂၀)

တောင်၊ ထိုတောင်။ Covid ဟာ ကျွန်ုပ်တို့ လူ့မိသားစုကြီး ရှေ့မှာ မားမားမတ်မတ်ရပ်နေတဲ့တောင်။ ဒီတောင်ကြီးကို ဆုတောင်းမေတ္တာနဲ့၊ ရွေရုံမက၊ အရေပျော်စေရမယ်။ သေးငယ်လွန်းလို့ မမြင်နိုင်တဲ့ ပိုးမွှားက ဖြစ်နေတယ်။ တကယ့်သြဇာအာဏာရှိတဲ့ နိုင်ငံကြီးတွေကိုတောင် သိမ့်သိမ့် ခါပြီး ဖျက်ဆီးနေတယ်။ သူတို့ရဲ့ စီးပွားရေးကြွယ်ဝမှု၊ စစ်လက်နက်က မမြင်နိုင်တဲ့ သေးငယ်မှုန်မွှား- ပိုးကိုတောင် အရှုံးပေးရတယ်။ ဒါပေမဲ့ ဒီအလွန်အမင်း ဖျက်ဆီးနေတဲ့ ပိုးကို- ကျွန်ုပ်တို့ရဲ့- မုန်ညင်းစေ့ ပမာရှိတဲ့ ယုံကြည်ခြင်းနဲ့ တိုက်ခိုက်ကြရမယ်။

ယခုလတ်တလော လူ့ဘောင်ရဲ့ ရန်သူကို ဆုတောင်းခြင်းနဲ့ ကာကွယ် ဆေးထိုးကြရမယ်။

ဒီအပတ် မေလ (၁၄)ရက်နေ့ကို ရဟန်းမင်းကြီး Pope Francis အရှင်သူတော်မြတ်နှင့်အတူ ကမ္ဘာရှိဘာသာ ခေါင်းဆောင်များ အကြံပြုချက် အရ ဆုတောင်းတဲ့နေ့၊ ၀ါရှောင်ခြိုးခြံတဲ့နေ့၊ မေတ္တာနဲဂရုဏာ လုပ်ငန်းများ ပြုလုပ်တဲ့နေ့လို့ သတ်မှတ်ထားပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးကို ကယ်တင် ချမ်းသာပေးဘို့ ဘုရားရဲ့ သနားခြင်းကို တောင်းခံကြရမယ်ဖြစ်ပါတယ်။

ဘာသာပေါင်းစုံ အားလုံးပူးပေါင်းပြီး ကုသခြင်းရဘို့ ဆုတောင်း ကြွေးကြော် ကြရပါမယ်။

အကျွန်ုပ်အနေနဲ့ ခရစ်ယာန်များအားလုံး မေလ၊ ၁၄-ရက်ကို ဆုတောင်း အပ်တဲ့နေ့၊ မိုးကောင်းကင်တံခါးကို ခေါက်ပြီး- အထက်ဘုရားရဲ့ မစခြင်းကို တောင်းခံကြရအောင် Lord Tennyson ပြောခဲ့သလို --။ ““ဒို့စဉ်းစား တွေးခေါ်တာထက်၊ ဆုတောင်းခြင်းအားဖြင့် ထူးဆန်း အံ့ဘွယ်ရာတွေ ဖြစ်ပေါ်လာပါတယ်။””

ဒီအချိန်ဟာ စစ်ဖြစ်တဲ့အချိန်၊ ဆုတောင်းမေတ္တာနဲ့ စစ်ကိုအောင်မြင် ကြရပါမယ်။ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းဟာ ဒီတောင်ကို ရွေ့နိုင်တယ်ဆိုတာ သက်သေခံကြရအောင်။

စိန်ခေါ်ခြင်း အခက်အခဲများနဲ့ ရင်ဆိုင်ကြရတဲ့အချိန် သမယမျိုးမှာ  လူသား တွေဟာ ဖန်ဆင်းရှင်စီ လက်မြှောက် အာရုံပြုကြတယ်။ အီဂျစ်ပြည်မှာ ကျွန်ဘဝနဲ့ လူမျိုးတုံးအသတ်ခံကြတဲ့အခါ ဣသရေလ လူမျိုးများ ဘုရားစီ ကြွေးကြော်ကြတယ်။ မိုးဇယ်ကို ဘုရားသခင်က “I am the Lord who hears the cry of the suffering people” ဘုရားဂတိက ရိုးရိုးနဲ့ရှင်းရှင်းပါပဲ။ “ I will be with you always” အာဗြဟံကို လည်း ဒီအတိုင်းမြွတ်ဆိုခဲ့တယ်။ ဒါကိုပဲ သခင်ယေဇူး မိုးကောင်းကင် မတက်ကြွခင်- မိန့်ကြားခဲ့တယ်။ ““ကမ္ဘာကုန်သည်အထိ သင်တို့နဲ့ အစဉ်ရှိနေတယ်။””

ဒီဂတိတည်တော်မူတဲ့ ဘုရားစီ ဒီအပတ်ကြွေးကြော်ကြရအောင်။ တစ်ဦး ချင်းစီဖြစ်ဖြစ် မိသားစုအလိုက်ဖြစ်စေ၊ အဖွဲ့အသင်းလိုက် ယုံကြည်ကိုးကွယ် ဘာသာ အစုလိုက်သော်၄င်း၊ ဘုရားစီ အာရုံပြုကြရအောင်။ ထာဝစဉ် ရှိတော်မူသော သမားတော်သခင် ထိခိုက်ဒါဏ်ယာရနေတဲ့ ကမ္ဘာရှကြီးကို ကုသပေးတော်မူပါ။ Covid ကြောင့် ကွယ်လွန်သေဆုံးရတဲ့ မိဘဆွေမျိုး များရဲ့ မျက်ရည်များကို သုတ်ပေးတော်မူပါ။ ဒီအပတ်ကို ဆုတောင်းတဲ့ အပတ်၊ ၀ါရှောင်ခြိုးခြံတဲ့အပတ်၊ ဆုတောင်းကြွေးကြော်ရမဲ့ ရက်သတ္တပတ် ဖြစ်စေကြရအောင်။

---------------------

ပဌမ ကြားနာရတဲ့ တမန်တော်ဝတ္ထုမှာ တမန်တော်ကြီးတွေ အခက်အခဲနဲ့ ရင်ဆိုင်ရတယ်။ တရားဒေသနာဟောပြောဘို့ကတဖက်၊ စားဝတ်နေရေး မေတ္တာတရားလုပ်ငန်းကတစ်ခု။ သူတို့စားဝတ်နေရေး မေတ္တာလုပ်ငန်း အတွက် ဦးပဉ္ဇင်းများကို ရွေးချယ်ကြတယ်။ (တမန် ၆း၁-၇)

ဒီနေ့ ကက်သလစ်တွေ ဘုရားစင်ရှေ့ မစုရုံးနိုင်ကြဘူး။ ရှေးခရစ်ယာန် အချိန်ကစပြီး- အဆက်မပြတ်ပြုကြတဲ့ ဆုတောင်းခြင်းရပ်စဲ သွားတယ်။ ကိုယ်တော်မြတ်စက္ကရမင်တူးနဲ့ ဝေးကွာနေရတယ်။ ယူကျုံးမရဖြစ်နေရတယ်။ သခင်ယေဇူးစီကို အာရုံပြုကြစို့။

ရဟန်းသိက္ခာနဲ့ ကိုယ်တော်မြတ်ကို မဖန်ဆင်းခင်၊ သခင်က တပည့်တော် ကြီးများရဲ့ ခြေကိုဆေးတယ်။ အရင် ပဌမက၊ အချင်းချင်း အစေခံခြင်း ဖြစ်ကြမယ်။ ဒါကို အသင်းတော်နဲ့ ရဟန်းမင်းကြီးက ဦးဆောင်ပြုလုပ် နေတယ်။ ဒို့ရဲ့မုန့်ခွဲဝေခြင်းကို သနားဂရုဏာနဲ့ ဒုက္ခရောက်နေတဲ့ ညီအစ်ကို မောင်နှမများကို ပေးဝေနေတယ်။ ဘုရားစင်ဟာ လမ်းပေါ်မှာရှိတယ်။ မကြာခင် ဘုရားကျောင်းဗိမာန်ထဲမှာရှိတဲ့ ဘုရားစင်ရှေ့ ပြန်ရောက် ကြမှန်ပါ။ အဲဒါမတိုင်ခင်တော့ ဒို့ရဲ့မုန့်ခွဲဝေခြင်းဟာ သနားဂရုဏာဖြစ်တယ်။ ဘုရားစင်ဟာ Covid ကြောင့် ဒုက္ခသည်များဖြစ်တယ်။ Covid က ဘုရားကျောင်း တံခါးများပိတ်ထားနိုင်ပေမဲ့- ကျွန်ုပ်တို့ရဲ့ နှလုံးသားတံခါး ကိုတော့ မပိတ်နိုင်ပါဘူး။ ကျွန်ုပ်တို့ရဲ့ သနားခြင်းဟာ နေမင်းပမာ အားလုံးအပေါ်- ထွန်းလင်းနိုင်ပါစေ။

Covid ရဲ့စိန်ခေါ်ချိန်မှာ ခရစ်ယာန်များဟာ မေတ္တာဂရုဏာ လုပ်ငန်းနဲ့ ကောင်းသောသတင်းကို ဟောကြားနေကြပါတယ်။ ဒီအချိန်မှာ လိုအပ်တဲ့ နေရာမှာ အစားအစာဝေမျှ ပေးနေတယ်။ ဝတ်စုံချုပ်ပေးနေတယ်။ Quarantine  အတွက် နေရာပေးနေတဲ့ ပုဂ္ဂိုလ်များ၊ သူတော်စင်များ- KMSS လုပ်ငန်းများအတွက်၊ တဖန်အသိအမှတ်ပြု ကျေးဇူးတင်ချင်ပါတယ်။

- Covid ဟာ ဘုရားသခင် ကျွန်ုပ်တို့ကို အပြစ်ပေးဒဏ်ခတ်တာ မဟုတ်ပါဘူး။ တချို့က အထင်မှားစေအောင်ဟောပြောကြတယ်။ Covid ဟာ ကျွန်ုပ်တို့ရဲ့ မာနကြီး၊ စိတ်ကြီးဝင်နေတဲ့ ရလာတ်ဖြစ်တယ်။ Covid ဟာ သဘာဝနဲ့ လူပုဂ္ဂိုလ်ကို ဗဟိုလ်မထား အရေးမပေးချင်တဲ့၊ ရလာတ်ဖြစ်တယ်။ ရဟန်းမင်းကြီး Pope Francis က မူးမှားတယ်။ ထုံးနည်း မကျတာကို ဖေါ်ပြခဲ့ပြီ။ သဘာဝနဲ့ လူပုဂ္ဂိုလ်ကို နိုင်ငံတိုင်း အစိုးရမင်း များဟာ Corner-Stone အုတ်မြစ်ထောင့်ကျောက်အဖြစ် ထားကြမယ်။ ဒါပေမဲ့ သဘာဝနဲ့ လူပုဂ္ဂိုလ်ဟာ rejected corner-stone  အပယ်ခံရတဲ့ဟာ ဖြစ်သွားတယ်။ Covid က စိတ်ကြီးဝင် အထက်စီးနေတဲ့ ခေါင်းဆောင်များကို ကိုယ်ကျင့်တရားမှာ ချင့်ချင့်ချိန်ချိန် လုပ်ကြဘို့ သတိပေးနေတယ်။

-ဒုတိယ ကြားနာခဲ့ရတဲ့ ဆုံးမစာကျမ်းချက်က ( ၁ ပီတာ ၂ း ၄-၉) အပယ်ခံရတဲ့ ကျောက်ဟာ ထောင့်အုတ်မြစ်ဖြစ်တယ်။

- What is the rejected stone in Covid context?  နိုင်ငံတော်တော် များများဟာ နိုင်ငံသူ/သား တို့ရဲ့ ကျန်းမာရေးကို လစ်လျူရှုထားကြတယ်။ Covid က ရွဲ့ပြီး ဘာပြောချင်လဲ။

စစ်လက်နက်တွေပဲ အာရုံပြုနေကြတဲ့ နိုင်ငံတွေ၊ ဆရာဝန် အရေအတွက်ထက် တိုက်ခိုက်သတ်ဖြတ်ရမဲ့ စစ်သားတွေ ပိုများနေကြတဲ့ ကျွန်ုပ်တို့ ကမ္ဘာကြီး။ လူရဲ့ ကျန်းမာရေးကို ဦးစားပေးပါ။ ရဟန်းမင်းကြီးက အနစ်နာ ခံတဲ့ ကျန်းမာရေး ပညာရှင်များ ရှေ့တန်းမှာရှိတဲ့ အလုပ်သမားကို ချီးမွမ်း တယ်။ နိုင်ငံများများဟာ ဒါကိုအရေးမပေး၊ လျစ်လျူရှုထားကြပါတယ်။ ဒီအနစ်နာခံတဲ့သူများဟာ လူသားတမျိုးလုံးကယ်ဘို့အတွက် တိုက်ထောင့် ကျောက်ဖြစ်တယ်။

Covid အချိန်ဟာ ဆင်းရဲသား/သူများဟာ၊ သူဌေးသူကြွယ်နဲ့ အာဏာရှိသူ များရဲ့ ဒဏ်ခတ်ခြင်းခံရသလိုဖြစ်နေတယ်။ ရဟန်းမင်းကြီး Francis ဆင်းရဲသားများအတွက် ရပ်တည်ကာကွယ်ပေးပြီး- အနှိမ်ခံရတဲ့ ရွှေ့ပြောင်း သွားလာနေရတဲ့ အလုပ်သမားများအတွက် မကြာခင်က မြွတ်ကြားခဲ့တယ်။ ““အနှိမ်ခံရတဲ့ အလုပ်သမားများအတွက် ကျွန်ုပ်ကာကွယ်ပေးချင် ပါတယ်။ ဒီလိုမျိုးအခက်အခဲအချိန်ကို အခွင့်အရေးကောင်းလို့ သတ်မှတ်ပြီး- လူပုဂ္ဂိုလ်သိက္ခာနဲ့၊ အလုပ်ရဲ့ ဂုဏ်သိက္ခာကို ဗဟိုလ်အချက်အချာမှာ ထားကြရအောင်။”” ရဟန်းမင်းကြီး မိန့်မှာခဲ့သလို၊ ကျွန်ုပ်တို့ မြန်မာပြည်မှာ ရှိတဲ့ အစိုးရနဲ့ ပြည်သူပြည်သားများဟာ အဝေးရောက်နေတဲ့ အလုပ်သမား များကို ကြိုဆိုနိုင်ကြပြီး- အရေးပါတဲ့ ဒေါင့်ချုပ်၊ ကျောက်ကဲ့သို့ ဆက်ဆံ ပြုစုကြရအောင်။ သခင်ယေဇူး တဖန်ကျွန်ုပ်တို့ကို နှစ်သိမ့်စေတယ်။ ““သင်တို့ စိတ်နှလုံး ပူပန်ခြင်းမရှိစေကြနဲ့။ ဘုရားကို ယုံပါ။ ငါ့ခမည်းတော် အိမ်မှာ နေရာအခန်းအများကြီးရှိတယ်။ I go and prepare for them and for you ဒီလိုမျိုးအချိန် ထောင်သောင်းမကသော ရွေ့ပြောင်းနေကြတဲ့ အလုပ်သမားများ Migrant workers များကို သတိရတယ်။ နေစရာ၊ သွားစရာမရှိပဲ၊ နယ်စပ်မှာ ခိုးကိုးရာမဲ့သောင်တင်နေတယ်။

သခင်ယေဇူး သူငယ်တော်ဆင်းရဲစွာနဲ့ မွေးဖွားရတုန်းက မာရိယားဇူဇယ် ကြားရတဲ့ စကားက “No Room”  အခန်းမရှိဘူး။ တကမ္ဘာလုံးမှာရှိတဲ့ Migrant workers အလုပ်သမားတွေကို ပြောကြတယ်။ ““နေရာမရှိဘူး”” သူတို့ဟာ ကျွန်ုပ်တို့ရဲ့ ဆုတောင်းမေတ္တာနဲ့ အရေးပေးခံထိုက်သူများ ဖြစ်ကြတယ်။ သူတို့ အလုပ်သမားများရဲ့ လုပ်အားကြောင့်- နိုင်ငံများ ဌေးလာကြတယ်။ အခုကျတော့ အပယ်ခံရတဲ့ ကျောက်လိုပဲ- အိမ်ယာမဲ့ ဆေးကုသဘို့ လုံလုံလောက်လောက် မရှိဖြစ်နေပါတယ်။

ဒီအချိန်ကာလဟာ အထိမခံ- ကွဲလွယ်၊ ပျက်လွယ်တဲ့အခါ ဖြစ်ပါတယ်။ Covid ဟာ ဘာကိုမှမပြောင်းလဲပဲဲ ချန်ထားမှာ မဟုတ်ဘူး။ အမှောင်ထုရဲ့ ၀ါးမျိုခံရပြီး- ရှေ့ခရီဟာ ဘာမှမရှင်း မလင်းပါဘူး။ မပြောင်းလဲတာ တစ်ခု တော့ရှိတယ်။ သခင်ယေဇူး ဒီနေ့မိန့်ဆိုတဲ့ စကားတော် “I am the way, the truth and the light.” ငါဟာ လမ်း၊ ငါဟာ အမှန်တရား၊ ငါဟာ အလင်းဖြစ်တယ်။

ရှေ့မှာ သခင်ဟာ လမ်းဖြစ်တယ်။ ရှေ့မှာ အမှန်တရားရှိတယ်။ ဒို့ရှေ့မှာ အလင်းရှိနေတယ်။

Covid က ဒို့ ကမ္ဘာကြီးကို အနာဒဏ်ရာနဲ့ ချန်ထားမယ်။ ဒါပေမဲ့ သင်ခန်းစာတွေလည်းပဲ ချန်ထားမယ်။

ပဌမသင်ခန်းစာ -  ဒို့လူသားတွေ ချစ်ခြင်းမေတ္တာရဲ့ တန်ခိုးကို ပြန်လည် ရှာတွေ့ဖို့ လိုပါတယ်။ သခင်ယေဇူးဟောခဲ့တဲ့မေတ္တာ- ပြခဲ့တဲ့အချစ်။ ““အဖ ဘုရားဟာ လောကသားတွေကို ချစ်လွန်းလို့၊ တစ်ပါးတည်းသော သားတော်ကိုပေးခဲ့တယ်။ သခင်ဟာ အချစ်အတွက် နေခဲ့တယ်။ သေခဲ့တယ်။ လူသားတွေ ချစ်ခြင်းမေတ္တာဆီ ပြန်လာကြပါ။

ဒါဟာ Covid ရဲ့ သတင်းကောင်းစကား။

အချိန်ကာလ ကြာညောင်းအောင်- အမုန်းရဲ့ရောဂါပိုးဟာ လူသိန်းသန်းကို ဆင်းရဲ ဒုက္ခရောက်အောင်လုပ်ခဲ့တယ်။ စစ်ရဲ့ ဒုက္ခသည်သားကောင်- IDPs စစ်ရှောင်စခန်း။ စစ်ကြောင့်နိုင်ငံများစွာဟာ အသေအသတ် ခံကြရတယ်။

Message of COID is clear: Make no more weapons make ploughshares – let humanity live in the way of love - ““ဓါးလက်နက်များကို ထွန်သွားဖြစ်စေ။ လှံများကို တံစဉ်ဖြစ်စေ။ တပြည်နှင့်တပြည် စစ်မတိုက်။ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ။ (ဟေရှာယ ၁း၄)

ဒုတိယ သင်ခန်းစာက သခင်ယေဇူးက အမှန်တရားဖြစ်တယ်။ ပီလာတူး မင်းရှေ့မှာ - အမှန်တရားဆိုတာ ဘာလဲလို့မေးတာမဖြေဘူး။ သူကိုယ်တိုင် အမှန်တရားဖြစ်တယ်။ သူရဲ့အမှန်တရားဟာ ဒီကမ္ဘာကြီးကို အထူးသနား ကြောင်းပြနေတယ်။ သူဟာ အလင်းဖြစ်တယ်။ Covid ရဲ့ အမှောင်ထုသေခြင်းနဲ့ ကမ္ဘာကြီးကို ဖျက်ဆီးရမ်းကားနေတဲ့အချိန်- နှုတ်ကပတ်တော်ရဲ့ အလင်းလိုပါတယ်။ ဒုက္ခကျရောက်နေသူများလွတ်မြောက်ဘို့ လိုအပ်ပါတယ်။ တကမ္ဘာလုံးရဲ့ ဒီကပ်ရောဂါဟာ အမှောင်ထုကို ဖယ်ရှားနိုင်ပြီး- လူလုပ်တဲ့ ပရောဂဆိုတာ- အမှန်တရားပေါ် လာနိုင်ပါစေ။ ရောဂါကပဲ အမှန်တရားဖေါ်ထုတ်နိုင်ပါစေ။ ကျမ်းစာရဲ့ အလင်းတော်အားဖြင့် ကမ္ဘာရဲ့ အနာဂါတ်ကို မြင်နိုင်စွမ်း ရှိနိုင်ပါစေ။

ဒီနေ့ရဲ့သတင်းကောင်းဟာ ခရစ်ယာန်မိသားစုများအတွက် နှစ်သိမ့်ခြင်းပေး တဲ့ အေးမြစေတဲ့ဆီမွေးဖြစ်ပါစေ။ မှန်ပါတယ်။ ဘုရားကျောင်းလာပြီး- စက္ကရမင်တူးများမခံယူနိုင်သေးပါဘူး။ မကြာခင် ပြန်လည်စုစည်းကြမှာပါ။ But till that time, invest your time in Jesus. အဲဒီပြန်လာရမဲ့ အချိန်ကို လက်မှိုင်ချပြီး- တွေးနေမဲ့အစား/ငေးနေမဲ့အစား သခင်ယေဇူးနဲ့ နေဘို့ အချိန်ယူပါ။ သူရဲ့သတင်းစကားနဲ့ မိသားစုများကို နှစ်သိမ်စေပါ။ ခွန်အား ဖြစ်စေပါ။ ကိုယ်တော်မြတ်ကို မပင့်ယူနိုင်ပေမဲ့- သခင်ရဲ့ သတင်းကောင်း၊ ကျမ်းစာကို ပိုဖတ်၊ ပိုဝေမျှသုံးဆောင်ကြရအောင်။

ဒီလဟာ ““မေလ”” မယ်တော်မာရိယားလ။ စိတ်ပုတီးစိတ် ဆုတောင်းခြင်း ဟာ မကောင်းဆိုးဝါးကို အောင်မြင်နိုင်တယ်။ ရဟန်မင်းကြီးက တကမ္ဘာ လုံးကို ကာကွယ်စောင့်ရှောက်ဘို့ ဒို့အမေထံ အပ်နှံထားတယ်။ သူမဟာ ဒို့ရဲ့မျှော်လင့်ရာ အစဉ်အမြဲ၊ ဒို့အတွက် ဆုတောင်းပေးနေတယ်။ ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြပေမဲ့- မိသားစုတစ်ခုကဲ့သို့ ဖြစ်နေပါတယ်။ ဆုတောင်းခြင်းနဲ့ အံ့ဘွယ်ရာများ ပြုလုပ်ကြမယ်။ သခင်၌ မျှော်လင့် ထားကြပြီး- မကြာခင် ဘုရားစင်ရှေ့- မစ္ဆားပူဇော်၊ ကိုယ်တော်မြတ် ပင့်ယူနိုင်ကြပါလိမ့်မယ်။

ကြားကာလအတွင်း သင်တို့အပေါ် ကျွန်ုပ်များစွာ ဆုတောင်းပေးပါတယ်။ ကောင်းကြီးလည်းပေးပါတယ်။

 

Photo credit: Zenit

Add new comment

15 + 5 =