++မယ်တော်သခင်မကောင်းကင်ဘုံသို့ပင့်ဆောင်ခံရခြင်း++ Aug 15. 2021

++မယ်တော်သခင်မကောင်းကင်ဘုံသို့ပင့်ဆောင်ခံရခြင်း++ Aug 15. 2021

"ကောင်းကင်၌ကြီးစွာသောနိမိတ် လက္ခဏာဟူမူကား မိန်းမတစ်ဦးသည် နေကို ၀တ်ဆင်လျှက်၊ လကို ခြေဖြင့်နင်းလျက်၊ ကြယ်တစ်ဆယ့်နှစ်လုံးဖြင့်ပြီးသော သရဖူကို ဆောင်းလျှက်၊ ပေါ်လာ၏" (ဗျာဒိတ်ကျမ်း ၁၂း၁)။ မယ်တော်သခင်မ ကောင်းကင်ရွှေပြည်တော်သို့ ၀ိညာဉ်နဲ့ခန္ဓာပါတစ်ပါတည်း ပင့်ဆောင်ခြင်းခံရတဲ့ပွဲတော်ကို ဘယ်အချိန်က အစပြုခဲ့သလဲဆိုရင် တမန်တော်များ လက်ထက်မှ ရှေးဦးအသင်းတော်ထဲမှာ ကတည်းက အစပြုခဲ့ပါသည်။

မယ်တော်ဟာ ဒီလောက အသက်တာကုန်ဆုံးချိန်ရောက်နေစဉ်မှာ မယ်တော်ရှင်ကို နောက်ဆုံး ဂါရဝပြုကြဘို့အတွက် တမန်တော်တွေဟာ မိမိတို့သာသနာပြုခြင်း ခရီးစဉ်ရောက်ရာအရပ်ကနေ ပြန်ကြလာခဲ့ကြပြီး မယ်တော်ရှင်ရဲ့ အနားမှာအလျှိုလျှိုနဲ့ ရောက်ရှိလာခဲ့ကြပေမယ့် တမန်တော်ရှင်သောမတ်စ်ဟာ အိန္ဒိယပြည်ထိအောင် သာသနာပြုခဲ့တဲ့ တမန်တော်ဆိုတော့ အေဝးဆုံးတစ်နေရာမှာ ရောက်ရှိနေခဲ့လို့ သင်္ဂြိုလ်ခြင်းကို မမှီဖြစ်ခဲ့ရပါတယ်။ ဒါနဲ့ တမန်တော် ရှင်သောမတ်စ်အရောက်မှာ မယ်တော်ရှင်ရဲ့ ရုပ်ကလပ်ကို ဂါရဝပြုဘို့အတွက် မယ်တော်ကို မြှပ်နှံတဲ့ နေရာမှာ မွေးကြိုင်တဲ့ပန်းများနဲ့သာ ပြည့်နေတာတွေ့ကြရပါတယ်။ ဂျူးလူမျိုးတွေရဲ့ ထုံးတမ်းအရဆိုလျှင် အမွှေးနံ့သာရေများနဲ့သာ အလောင်းကို လိမ်းကျံပေးလေ့ ရှိပါတယ်။ ပန်းများချခြင်း အေလ့အထ လုံးဝမရှိခဲ့ပါ။ အဖြစ်အပျက်ကထူးဆန်းပြီး သင်္ချိုင်းတွင်းမှာ မယ်တော်ရှင်ရဲ့ အလောင်းမရှိတော့ပဲ မွှေးကြိုင်တဲ့ ပန်းများနဲ့သာပြည့် နေတယ်ဆိုတော့ "ကိုယ်ခန္ဓာ ရှင်ပြန်ထမြောက်မည့်အကြောင်း"ဆိုတဲ့ တပည့်ကြီး သံဃာတော်တို့ စီရင်ရေးထားကြသော ယုံကြည်ခြင်းအချုပ်ရဲ့ ဧကဒဿမမြောက် ယုံကြည်ရာ အချက်ဟာ ပိုမိုခိုင်မြဲလာခဲ့ပါတော့တယ်။ ခရစ်တော်ရှင်ရဲ့ တပည့်သာဝကကြီးများဖြစ်ကြတဲ့ တမန်တော်များဟာ "မယ်တော်ရှင်ရဲ့ ခန္ဓာဟာ ၀ိညာဉ်နဲ့တစ်ပါတည်း ကောင်းကင် ရွှေပြည်တော်သို့ ပင့်ဆောင်ခြင်း ခံခဲ့ရပါတယ်" ဆိုတဲ့ ယုံကြည်ရာအချက်ကို နှုတ်တိုက် သင်ကြားလာခဲ့ကြပါတယ်။

ရှေးဦးအသင်းတော် လက်ထက်ကစပြီး အသင်းတော်အတွင်း နေရာတော်တော်များများမှာ ဒီပွဲတော်ကို ကျင်းပလာခဲ့ကြပြီး ဖြစ်ပါတယ်။ (၅)ရာစု အရောက်မှာတော့ "မယ်တော်သခင်မ ကောင်းကင်ရွှေပြည်တော်သို့ ၀ိညာဉ်နှင့်ခန္ဓာပါ တစ်ပါတည်း ပင့်ဆောင်ခံရခြင်း" ဆိုတဲ့ ယုံကြည်ရာအချက် ပွဲတော်ဟာ တရားဝင်ကြေငြာခြင်း မရှိခဲ့ပေမဲ့ ခရစ်ယာန် ဘာသာဝင်တွေအထဲမှာ သဘောပေါက်ပြီးသား ဖြစ်နေပါတယ်။ အသင်းတော်ရဲ့ ရှေးဦးဖခင်ကြီးများနဲ့ အသင်းတော်ရဲ့ ဓမ္မသုခမိန်ကြီးများရဲ့ ရှေးဦး စာပေအရေးအသားများထဲမှာ ရှင်းလင်းစွာ ပါ၀င်နေကြောင်း တွေ့ရှိရပါတယ်။ ဥပမာ ပေးညွှန်ပြရမယ်ဆိုရင် ရဟန္တာသူတော်စင်သူတော်မြတ်ကြီး ရှင်ယောဟန်ဒါမာဆီန်း၊ ကွန်စတန်တင်မြို့မှ ရှင်ဂျေရ်မားနူစ်၊ အရှင်သူမြတ်တို့ရဲ့ အရေးအသားများနဲ့ ရှေးအကျဆုံး စာပေများအထဲမှာ တွေ့ရှိနိုင်ပါတယ်။ ဒါကြောင့် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဒွါဒဿမမြောက်ပီဦး အရှင်သူမြတ်မှ ဒီယုံကြည်ချက်ကို ၁၉၅၀ ခုနှစ် နိုဝင်ဘာ (၁)ရက်နေ့ ရဟန္တာ အပေါင်းပွဲတော်နေ့မှာ အများအတွက် တရားဝင် ထုတ်ပြန်ကြေငြာတော်မူ၍ ယုံကြည်ရာ အချက်အဖြစ် ပြဌာန်းတော်မူခဲ့ပါတယ်။ ကြေငြာပြဌာန်းချက်ကတော့ "ကျွနု်ပ်တို့သခင်ယေဇူး ခရစ္စတူး မွန််မြတ်သော တမန်တော်ကြီးများ ရှင်ပေတရူးနှင့် ရှင်ပေါလ်လူးတို့၏ အာဏာတော်နှင့် ကျွနု်ပ်တို့၏ ကိုယ်ပိုင် အခွင့်အာဏာဖြင့် မွန်မြတ်သော ဗျာဒိတ်တော်ကို ကြေငြာပြဌာန်းကြသည်မှာ ဘုရား၏ သန့်ရှင်းစင်ကြယ်သော မယ်တော် အစဉ်ကညာစင် ဖြစ်တော်မူသော မာရီယားသည် ကမ်ဘာမြေပေါ်၌ သူမ၏ဘဝအပြီး၌ ကောင်းကင်ဘုံသို့ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ပါ ယူဆောင်ခြင်းခံခဲ့ရကြောင်း" ဖြစ်သတည်းတဲ့။

မယ်တော်သခင်မကို ဘာ့ကြောင့် ဒီလောက်မြင့်မြတ်တဲ့ဆုကို ဘုရားရှင်က ချီးမြှင့်တော်မူရတာလဲ။ မယ်တော်ရဲ့ အစဉ်ကညာဘဝ၊ သန့်ရှင်းဖြူစင်တော်မူခြင်း၊ ဆက်ကပ်ခြင်းဘဝ အသက်တာကိုမဆိုထားနဲ့ အမိအသင်းတော်ကြီးရဲ့ ရာစုအသီးသီး၊ သမိုင်းစာမျက်နှာမှာ ဖတ်ရှုလိုက်ရင် ယနေ့ထိတိုင် ရန္တာသူတော်စင်သူတော်မြတ်တို့ရဲ့ ရုပ်ကလပ်တွေဟာ မပုပ်မပျက်ပဲ အသားအေရ စိုပြည်လျှက် အရှိကိုအရှိတိုင်း အိပ်စက်နေတဲ့အတိုင်းများစွာ ရှိနေပါတယ်။ ထာဝရအရှင်ဘုရားသခင်ဟာ မိမိရဲ့ ရဟန္တာ သူတော်စင်သူတော်မြတ်များကို ဝေနေယျသတ္တဝါ အများသူငါတို့ရဲ့ အရှေ့မှာ ထူူးခြားစွာ မပုပ်မပျက်စေပဲ ဂုဏ်ပြုလျက် တို့လူသားများကို တရားယူစေတော်မူတဲ့ ဘုရားရှင်ဟာ အပြစ်ကင်းစင်တော်မူတဲ့ ကညာစင်မိမိရဲ့ မယ်တော်ကို ပုတ်စပ်ဆွေးမြှေ့ခွင့် မပြုပဲ ကောင်းကင်ရွှေပြည်တော်သို့ ၀ိညာဉ်နှင့်ခန္ဓာပါ ပင့်ဆောင်သွားခြင်းဟာ ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။ သဘာဝလည်း ကျလှပါတယ်။ ခရစ်တော်ဘုရားရှင်ဟာ မိမိရဲ့ သွန်သင်ချက်ထဲက အကြီးမြတ်ဆုံးသော ယုံကြည်ရာအချက်ကို သက်သေပြ အကောင်အထည်ဖေါ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ သေခြင်းမှတစ်ဖန် ရှင်ပြန်ထမြောက်တော်မူပြီးတဲ့နောက် ခရစ်တော်ဘုရားရှင်ဟာ ၀ိညာဉ်နဲ့ ခန္ဓာအတူ ပေါင်းစပ်၍ မိမိကိုယ္ကိုမိမိ၊ မိမိရဲ့တပည့်သာဝကကြီးများကို အကြိမ်ကြိမ် ထင်ရှားပြတော်မူခဲ့ပြီး ကောင်းကင်ရွှေပြည်တော်သို့ မိမိရဲ့ဘုန်းတော်ဂုဏ်တော်နဲ့ တစ်ဖန် ကြွဝင်တော်မူတဲ့ ကိုယ်တော်ရှင်ဟာ မိမိရဲ့ နောက်တော်လိုက်တွေ အထဲက နောက်လိုက်တစ်ပါး အပါ၀င်ဖြစ်တဲ့ မယ်တော်ရှင်ကို စံပြအဖြစ် မိမိကဲ့သို့ မိမိနဲ့အတူ ကောင်းကင်ရွှေပြည်တော်မှာ ၀ိညာဉ်နဲ့ခန္ဓာပါပေါင်းပြီး စံမြန်းခွင့်ပြုတော် မူခြင်းဖြစ်ပါတယ်။ (သက်သာလောနိတ် သြဝါဒစာပထမစောင် ၄း၁၄) "ထိုနည်းတူ ယေဇူး၌ အိပ်ပျော်သော သူတို့ကိုလည်း ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။"

သမ္မာကျမ်းစာတော်မြတ်ထဲမှာလည်း ၀ိညာဉ်နဲ့ခန္ဓာပါ ကောင်းကင်သို့ချီဆောင်ခြင်းခံခဲ့ရတဲ့ ပုဂ္ဂိုလ်တစ်ချို့ ရှိတာတွေ့ရှိရပါတယ်။ (ကမ်ဘာဦး-၅း၂၄) "ဧနောက်သည် ဘုရားသခင်နှင့် အတူသြားလာ၏။ နောက်တဖန် သူသည် မရွိ။ အကြောင်းမူကား ဘုရားသခင်သည် သိမ်းယူတော်မူသောကြောင့်တည်း။" သိမ်းယူခြင်းဆိုတဲ့ ဝေါဟာရကို (ဟေဗြဲသြဝါဒစာ ၁၁း၅)ထဲမွာ ရှင်းပြပုံက "ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွှတ်၍ ဘဝ ပြောင်းရ၏။ သူသည် ဘဝမပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူ ဖြစ်သည်ဟု သက်သေခံခြင်းကိုရလေ၏။ ဓမ္မရာဇဝင်စတုထ္ထစောင် ၂း၁-၁၃)ထဲမွာ ပရောဖက်ဧလိယဟာ ဧလိရွဲကို နှုတ်ဆက်စဉ် အပိုဒ်ငယ်(၁၁) "ထိုသို့နှုတ် ဆက်လျှက်သွားကြစဉ် မီးရထားနှင့်၊ မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွါစေသဖြင့် ဧလိယသည် လေဗွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။" ခန္ဓာကိုယ်နှင့်အတူ တက်ကြွ ရှင်သန်ကြောင်းကို ဓမ္မသစ်ကျမ်းစာ၌လည်း တွေ့ရှိနိုင်ပါတယ်။ (ကောရိန္တုသြဝါဒ ပထမစောင် ၁၅း၂၃)" လူအသီးသီးတို့သည် မိမိတို့ အလှည့်အတိုင်း လိုက်ကြရလိမ့်မည်။ ခရစ်တော်သည် အဦးသီးသော အသီးဖြစ်တော်မူ၏။ ထို့နောက် သခင်ခရစ်တော် ကြွလာတော်မူသောအခါ တပည့်တော်ဖြစ်သော သူတို့သည် ရှင်ခြင်းသို့ ရောက်ကြရလိမ့်မည်။ (ရှင်မဿဲခရစ်ဝင်၃၇း၅၂-၅၃)" သင်္ချိုင်းတွင်းတို့သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျှက်ရှိသော သန့်ရှင်းသူတို့၏ အလောင်းများစွာ တို့သည် ထကြ၍ ကိုယ်တော်ထမြောက်တော်မူပြီးနောက် ထိုသူတို့သည် သင်္ချိုင်းတွင်းမှ ထွက်၍ သန့်ရှင်းသောမြို့ထဲသို့ ၀င်ပြီးလျှင် လူများစွာတို့အား ထင်ရှားကြ၏။"

ရှေးဦး ခရစ်ယာန်တွေဟာ ဘုရားအတွက်တရားအတွက် အသက်ပေး စတေးသွားကြတဲ့ ဓမ္မအာဇာနည်တွေရဲ့ ဓါတ်တော်မွေတော်များဖြစ်ကြတဲ့ အရိုးတော်၊ အံတော်၊ ဆံတော်တွေနဲ့ သူတို့ရဲ့ အသုံးဆောင်ပစ္စည်းတွေ နေရာတွေကို ရာဇဝင်အတိအကျနဲ့ တန်ဘိုးထားပြီး ထိန်းသိမ်း ထားခဲ့ကြပါတယ်။ ခရစ်တော်ဘုရားရှင်နဲ့ အမိမယ်တော် တမန်တော်ကြီးများရဲ့ အသုံးဆောင် ပစ္စည်း၊ နေရာ၊ ထိတွေ့ခဲ့တဲ့အရာစတဲ့ ဓါတ်တော်မွေတော်များမှာ ယနေ့ထိတိုင် အသင်းတော်အတွင်းမှာ ဓါတ်တော်မွေတော်များ အဖြစ်ရှိနေပါတယ်။ ခရစ်တော်ဘုရားရှင်နဲ့ မယ်တော်တို့ရဲ့အံတော်၊ အရိုးတော်တွေ ဟူ၍ ဘာမွ်မရွိ။ ဘာကြောင့်လဲဆိုတော့ ၀ိညာဉ်နဲ့ခန္ဓာပါသေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီး ခရစ်တော်ဘုရားရှင်ဟာ ကောင်းကင်ရွှေပြည်တော်သို့ တက်ကြွတော်မူတယ်။ အမိမယ်တော်ကိုလည်း ကောင်းကင်ရွှေပြည်တော်သို့ ၀ိညာဉ်နဲ့ ခန္ဓာပါအတူတကွပင့် ဆောင်တော်မူသောကြောင့် ဖြစ်တယ်။

၁၉၁၇ခုနှစ် မေလ(၁၃) ရက်နေ့မှစပြီး ပေါ်တူကီနိုင်ငံ ဖါတီမာမြို့မှာ မယ်တော် အကြိမ်ကြိမ်ထင်ရှားပြခဲ့စဉ် မယ်တော်ရဲ့ မှာကြားတော်မူချက်ထဲမှာ (၁) ရုရှားပြည်က ကွန်မြူနစ်ဝါဒ ကမ်ဘာကြီးကိုဝါးမျိုခြင်း ဘေးမှ လွတ်မြောက်ဖို့အတွက် အပြစ်ကင်းမဲ့၍ အလွန်စင်ကြယ်တော်မူသော ငါ၏နှလုံးတော်၌ အပ်နှံပြီး စိပ်ပုတီးစိတ်ပြီး စ္ပိ္ပုတီး လက်နက်နဲ့တိုက်ဖျက်ကြဖို့၊ (၂) ဒုတိယကမ်ဘာစစ်ကြီး ပြီးဖို့ စိပ်ပုတီးစိတ်ပြီး ဆုတောင်းကြဖို့ အချက်များကို တွေ့ရပါတယ်။ အဲဒီ အချိန်ကစပြီး စိပ္ပုတီး စိတ်ဆုတောင်းခဲ့လို့ ဒီအချက် နှစ်ချက်စလုံးဟာ ပြည့်စုံခြင်းသို့ရောက်ခဲ့ပါပြီ။ ပထမအချက် ပြည့်တဲ့နေ့ကတော့ ၁၉၉၁ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာ UKraine, Russia နဲ့ Belarus မ်ားမွ ခေါင်းဆောင်ကြီးများဟာ တိတ်တဆိတ် ဆွေးနွေးခဲ့ကြပြီး ဆိုဗီယက်ယူနီယံကြီး ပြိုကွဲဖျက်သိမ်း ပစ်လိုက်ကြပါတော့တယ်။ Mr. Corbache's လက်ထက် ဒီဆိုဗီယက်ယူနီယံကြီးကို ပြိုကွဲဖျက်သိမ်းတဲ့နေ့ ဒီဇင်ဘာလ(၈)ရက်နေ့ဟာ "မယ်တော်သခင်မ အပြစ်မဲ့ သန္ဓေယူတော်မူခြင်း ပွဲတော်နေ့ကြီးပဲ ဖြစ်ပါတယ်။ ကမ်ဘာသူ ကမ်ဘာသားတွေရဲ့ စိပ်ပုတီးလက်နက်နဲ့ ဆုတောင်း ဖြိုခွင်းလိုက်ခြင်းကြောင့် ကွန်မြူနစ်ယူနီယံကြီး ပြိုကွဲသွားတာကို ကမ်ဘာက ရိပ်စားမိမယ်လို့တော့ ဘုန်းကြီးမထင်ပါ။ ဒါပေမဲ့ သမိုင်းစာမျက်နှာကတော့ မင်းတို့ ဆုတောင််ပြည့်ပြီဟေ့လို့ မီးမောင်း ထိုးပြနေပါတယ်။ ဒုတိယအချက် ဆုတောင်းချက်ပြည့်တဲ့နေ့ကတော့ ၁၉၄၅ ခု သြဂုတ်လ (၁၅)ရက်နေ့ဖြစ်ပါတယ်။ ဒီဆုတောင်းချက်က အရင်ပြည့်ပါတယ်။ ဂျပန်ဖက်ဆစ်တွေက ချွင်းချက်မရှိ လက္နက္ခ် လက်မှတ်ရေးထိုးပြီး မဟာမိတ်တွေကို အရှုံးပေးခဲ့လို့ မယ်တော်သခင်မ ကောင်းကင်ရွှေပြည်တော်သို့ ပင့်ဆောင်ခြင်း ခံရတော်မူတဲ့ ဒီပွဲတော်နေ့ကြီးဖြစ်တဲ့ သြဂုတ်လ (၁၅) ရက် နေ့မှာပဲ ဒုတိယကမ်ဘာစစ်ကြီး အဆုံးသတ်ခဲ့ပါတယ်။ ကမ်ဘာသူ/သားတွေဟာ စိတ်ပုတီးစိတ်ပြီး ကမ်ဘာကြီးနဲ့ရုရှားပြည်ကို အလွန်စင်ကြယ်တော်မူတဲ့ မယ်တော်ရဲ့ နှလုံးတော်ထဲအပ်နှံပူဇော်ခဲ့ပြီး ဆုတောင်းခဲ့တဲ့ ဆုကို မယ်တော်ရှင်ဟာ မိမိရဲ့ ကြီးမြတ်တဲ့ပွဲတော်နေ့ကြီးများမှာ တောင်းတဲ့ဆုများကို ပြည့်ပေးတော်မူခဲ့ကြောင်း တရားပေးလိုက်ရပါတယ်။

(ရှင်လုကာခရစ်ဝင် ၁း၄၈) "နောင်ကာလ၌ ခပ်သိမ်းသောလူအစဉ် အဆက်တို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟု ခေါ်ဝေါ်ကြလတ္တံ့။" မယ်တော်ရှင်ရဲ့ မေတ္တာအရိပ်အာဝါသအောက်မှာ ငြိမ်းချမ်းသော မေတ္တာကမ်ဘာလေးများ တည်ဆောက်နိုင်ကြပါစေလို့ ဘုန်းကြီး မေတ္တာပို့ပါတယ်။

ဘုန်းတော်ကြီး ဒိုမိနစ်ဂြိုလ်တု

Crd!

Add new comment

11 + 2 =