မယ်တော်မြတ်၏ နာကျင်ခြင်း (၇) ချက်

မယ်တော်မြတ်၏ နာကျင်ခြင်း (၇) ချက်

ချစ်သောညီအစ်ကို မောင်နှမတို့ (Sep 15)ရက်နေ့သည် မယ်တော်၏ ဝမ်းနည်းကြေကွဲခြင်း ပွဲနေ့ဖြစ်ပါသည်။

The Seven Sorrows of Mary .

မယ်တော်မြတ်၏ နာကျင်ခြင်း (၇) ချက်

1.The prophecy of Simeon ( Luke 2:25-35)

(၁) ရင်၀ယ်ပိုက်ထွေး သားတော်လေး၏အနာဂတ္တိစကား

စီမေအုံသူမြတ် ဟောကြားချက်မှာနှလုံးတော်ကို သံလျှက်ထိုးဖောက်ငိုကြွေးရမှာ အမိမယ်တော်ပါ။

2. The flight into Egypt (Matthew 2:13-15)

(၂) သူငယ်ကိုသတ် ဟေရုဒ်အမိန့်

သားတော်အသက် ချမ်းသာရရေးထွက်ပြေးခဲ့ရ အီဂျစ်ပြည်သို့စိုးရိမ်ထိတ်လန့် ပူဆွေးခဲ့ရမယ်တော့်ရင်၀ယ်

3. Loss of the Child Jesus for three days (Luke 2:41-50)

(၃) သားတော်အသက် (၁၂) နှစ်ချိန်ကျောင်းဗိမာန်မှာ ဆရာများနှင့်ကျန်ရစ်ခဲ့စဉ် ပျောက်သောသားအတွက် နှလုံးမီးတောက် ခံစားရသူ

မယ်တော်သာတည်း။

4. Mary meets Jesus on his way to Calvary (Luke 23:27-31; John 19:17)

(၄) ရက်စက်ကြမ်းကြုတ် အသေဆုံး အတွက်ရုပ်ပျက်ဆင်းပျက် ကားတိုင်ကိုထမ်းနှလုံးသည်းချေ ပျက်လုမတတ်ငိုကြွေးခဲ့ရ မယ်တော့်ဘ၀။

5. Crucifixion and Death of Jesus ( John 19:25-30)

(၅) အနှိိုင်းမဲ့တဲ့ ေ၀ဒနာဒုက္ခ

ခံစားရင်းဖြင့် ကားတိုင်အထက်အသက်တော်စွန့် ချစ်မြတ်သားအတွက်ပဲကြွေနှလုံး လစ်ဟာသူမှာ မယ်တော်ရှင်သာ။

6. The body of Jesus being taken from the Cross (Catholic pre fulfillment Psalm 130;Luke 23:50-54; John 19:31-37)

(၆) နံဘေးတော်ကို လှံဖြင့်ထိုးဖောက်သေဆုံးရုပ်လောင်း ကားတိုင်ထက်မှချယူထွေးပိုက်၀မ်းနည်းပူဆွေးခြင်း မယ်တော့်ရင်၀ယ် အပြည့်ကွယ်။

7. The burial of Jesus (Catholic pre fulfill Isaiah 53:8;

Luke 23:50-56; John 19:38-42)

(၇) ချစ်သားအလောင်း သင်္ဂြိုဟ်သည့်အချိန်မိခင်နှလုံး၀ယ် ခံစားခဲ့ရ

ပူဆွေးခြင်းတွေမည်သူတွေးတောဝံ့မည်နည်း ။

Crd!

 

စက်တင်ဘာ (၁၅) ရက်

၀မ်းနည်းခြင်းကြေကွဲခြင်းမယ်တော်ပွဲ

စက်တင်ဘာလ (၁၄) ရက်နေ့သည်တံကျင်တော် ၏အောင်မြင်ခြင်းပွဲနေ့ကျင်းပပြီး၊ စက်တင်ဘာလ (၁၅) ရက်နေ့သည် အမိ မယ် တော်၏၀မ်းနည်းကြေကွဲခြင်းပွဲတော်ကိုကျင်းပပါသည်။ အဘယ်ကြောင့် ဆိုသော်ဤပွဲတော်နှစ်ခုမှာဆက်စပ်နေပါသည်။တစ်ပါးတည်းသောသားတော်ယေ ဇူးသခင် ကားတိုင်ပေါ်တွင်တွဲလွှဲခံနေရသည့်ဖြစ် အင်ကိုကား တိုင်တော်၏ခြေတော်ရင်း၌မတ်တပ်ကြည့်နေသောအမိမယ်တော်၏နှ လုံးတော်သည်ထိုးယိုပေါက်ခွင့်ဖောက်ခံရသည်သို့ခံစားခဲ့ ရသည်။ ဤပွဲတော်သည်ယေဇူးသခင်အားဂျေရူးစလင်ဘုရား ကျောင်း ဗိမာန်တော် တွင်မိုးဇယ်၏ဥပဒေအတိုင်းပူဇော်ရန် ရောက်လာစဉ် ဤသားတော်ကြောင့် အမိမယ်တော်၏နှလုံးသည်သံလျက်ဖြင့်ခွင်းဖော က်ခြင်းကိုခံရလိမ့်မည်ဟု သက်ကြီးဝါကြီးဆီမေအုံမှမိန့်ကြားခဲ့သောဗျာဒိတ်တော်များအနက်တစ်ပါးဖြစ်သည်။ (ရှင်လုကာ ၂း၂၅-၃၂) အမိမယ်တော်တွင်ဒဏ်ရာ ဒဏ်ချက် (၇) ချက်ရှိပါသည်။

၁) သူငယ်တော်နှင့်စပ်လျင်း၍သက်ကြီးဝါကြီးဆီမေအုံ၏မိန့်ချက် ကိုကြား ရသောအချိန် (ရှင်လုကာ ၂း၂၅-၃၂)

၂) သူငယ်တော်၏အသက်ကိုအာဏာရူးဟေရုဒ်၏လက်တော်မှကယ် တင်ရန်အီဂျစ်ပြည်သို့တိမးရှောင်ချိန် (ရှင်မာတေးဦ ၂း၁၉-၂၃)၊ ရှင်လုကာ ၂း၃၉)

၃) ယေဇူးသူငယ်တော်ဂျေရူးစလင်၌ပျောက်ဆုံးသွားပြီး၊ ဗိမာန်တော်၌ပြန်လည်ရှာဖွေတွေ့ရှိချိန် (ရှင်လုကာ ၂း၄၁-၄၉)

၄) လေးလံလှသောကားတိုင်တော်ကိုထမ်း၍ကာလ်ဝါရီတောင်ပေါ်သို့တက်ရောက်နေစဉ်လမ်းခရီး ၌ဆုံတွေ့ခဲ့ရချိန်၊

၅) ယေဇူးသခင်အားအာဏာသားတို့ကကားတိုင်ပေါ်တွင်သံမှိုများဖြင့်ရိုက်နက်ကတွဲလွှဲနေနေရချိန်၊

၆) ယေဇူးသခင်၏အသက်မဲ့ခနွာကိုကားတိုင်မှချချိန်၊

၇) ယေဇူးသခင်၏အသက်မဲ့ခနွာကိုအမိမယ်တော်၏ရင်ခွင်တော်၌ရှိနေချိန်စသည့်ဖြစ်စဉ်များဖြစ်ပါ သည်။ (ရှင်မာတေးဦ ၂၇း၃၂-၄၄၊ ရှင်မာကု ၁၅း၂၁-၃၂၊ ရှင်လုကာ ၂၃း၂၆-၄၃၊ ရှင်ယောဟန် ၁၉း၁၆-၂၇)

ကက်သလစ်သာသနာအနေဖြင့်ယေဇူးသခင်၏ကယ်

တင်ခြင်းလုပ်ငန်းတော်၌အမိမယ်တော်၏အခန်းကဏ္ဍာကိုမလိုသူများရာစုနှင့်ချီတိုက်ခိုက်ထိုးနက်ခဲ့သော်လည်းယနေ့တိုင်မားမားမတ်မတ်ဆုပ်ကိုင်လျှက်ကြည်ညိုမူပြုနေခြင်း၊ အရိုအသေပေးနေခြင်းမှာကျမ်းစာအထောက်အ ထား မဲ့စွာပြုလုပ်နေခြင်းမဟုတ်။ ထုံးတမ်းစဉ်လာအရင်းအမြစ်နောက်ခံမရှိဘဲမိုက် မဲစွာသွန်သင်နေ ခြင်းမဟုတ်။ ထို့ကြောင့်ယနေ့ထိတိုင်မယှိုင်မလဲဆုပ် ကိုင် ထားဆဲဖြစ်ပါသည်။ ထိုသို့တိုက်ခိုက်ထိုးနက်သူများလည်းတိုက်ခိုက် ထိုးနက် ရန်ရှာဖွေရာမှလက်ခံလာသူများလည်းမရှားပေ။ အချို့မှာသိသွား မည်ကိုစိုး၍ အမှန်တရားကိုစေ့စေ့ပေါက်ပေါက်မလေ့လာဘဲ၊ အပေါ်ယံရွှေမှုံန်ဖြူးသလော က်သာလေ့လာသည်များလည်းရှိပါသည်။ မည်သို့ပင်လေ့လာစေကာမူ အထောက်အထားသည်သမ္မာကျမ်းစာ၌ထင်လင်း

စွာရှိနေပါသည်။

Add new comment

3 + 2 =