ဘုရား၏နှုတ်ကပါတ် တရားတော်အား အာဂုံဆောင်ခြင်း

ဘုရား၏နှုတ်ကပါတ် တရားတော်အား အာဂုံဆောင်ခြင်း

(၁) သမ္မာကျမ်းစာဖတ်ရှု့ ခြင်းနှင့် ဖတ်ရှုရာ၌ လုပ်ဆောင်ရမည့်အချက်များ

မည်သူမဆို အရှင် ဘုရားသခင်နှင့် ရင်းနှီး ကျွမ်း၀င်လျှင် အကောင်းဆုံး အစပြုခြင်းမှာ သမ္မာကျမ်းစာ ဘုရားနှုတ် ကပါတ်တော်ကို ဖတ်ရှုရန် ဖြစ်သည်။ သမ္မာကျမ်းစာဖတ်ရှုခြင်း၌ ဘုရားအား ပုဂ္ဂိုလ် (လူသား) တစ်ဦး အနေဖြင့် ကျွန်ုပ်တို့တွေ့ရပြီး ကျွန်ုပ်တို့အတွက်သူ၏ နည်းလမ်းများနှင့် စီမံကိန်းများကို ကျွန်တော်တို့ သိရှိလာကြသည်။ ကျွန်ုပ်တို့ မည်သို့ အသက်ရှင်နေထိုင် ရမည်ကိုလည်း သမ္မာကျမ်းစာ တော်က သင်ကြားပေး၏။ သို့သော်လည်း ခရစ်ယာန် ဘ၀အသက်တာကိုနေထိုင်ရန် ကျွန်ုပ်တို့ လိုအပ်သော အရာတိုင်းကိုတော့ဖြင့် သမ္မာကျမ်းစာက မပေးပါချေ။ သမ္မာကျမ်းစာကို အာဏာ အပြည့်အဝဖြင့် အနက်ဖွင့် ပေးသော အသင်းတော်၏ လမ်းညွှန်ချက်ကိုတော့ ကျွန်ုပ်တို့ သိထားဖို့ လိုအပ် ပါသေး၏။

သမ္မာကျမ်းစာက ကျွန်ုပ်တို့အား မည်သို့သော အကျိုး ကျေးဇူးများကို ပြုလုပ်ပေးသနည်း ဆိုတာကို စဉ်းစား ကြည့်ပါ။ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား တည် ဆောက် ခိုင်ခံ့စေပြီး ခရစ်တော်၌ အမွေစား၊ အမွေခံ ခွင့်ကိုပေးပါသည်။ (တမန် ၂၀း၃၂)

ကျွန်ုပ်တို့အား သင်ကြားပြသရန် ရည်ရွယ်သည်။ ထို့ကြောင့် ကျမ်းစာကပေးသော အားပေးမှုဖြင့် ကျွန်ုပ်တို့သည် မျှော်လင့်ခြင်း ရရှိနိုင်ပါသည်။ (ရော ၁၁း၄) သမ္မာကျမ်းစာတော် မှန်သမျှကို သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော် အားဖြင့်ရေးသားပြုစုထား သဖြင့် ထိုကျမ်းစာတော်သည် သမ္မာ ကျမ်းစာတော်ကို သွန်သင်ခြင်း၊ ဆုံးမ သြဝါဒပေးခြင်း အပြစ်ကိုဖော်ပြ ခြင်း၊ အမှားများကိုပြုပြင်ခြင်း ၊လျောက်ပတ်စွာ အသက်ရှင်နေထိုင်တတ်ရန် လမ်းညွှန်ခြင်းတို့ အတွက် အသုံး၀င်လေသည်။ သို့ဖြစ်၍ ထာ၀ရဘုရား၏ အမှုတော် ဆောင်သည် ကောင်းမြတ်သည့် အမှု အမျိုးမျိုး တို့ကို ဆောင်ရွက်ရန် လိုအပ်သည့် ပြင်ဆင်မှု ရှိပြီးလျှင် အရည်အချင်းများနှင့် ပြည့်၀ စုံလင်၍ လာပေအံ့။ သမ္မာကျမ်းစာသည် ကျွန်ုပ်ခြေရှေ့က မီးခွက်ဖြစ်၍၊ ကျွန်ုပ်သွားရာ လမ်း၏ အလင်းဖြစ်ပါ၏။ (ဆာလံ ၁၁၉း ၁၀၅)

ဘုရား၏နှုတ် ကပါတ်တရားတော်ကို ဖတ်ရှုခြင်းသည် ခရစ်ယာန်တို့၏ အသက်တာအတွက် အခြေခံ အုတ် မြစ် တစ်ခုဖြစ်ပါသည်။ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ မဖတ်ရှုပါက ကျွန်ုပ်တို့၏ ယခု အသက်တာနှင့် ထာ၀ရ ကယ်တင်ခြင်းနှင့် ဆိုင်ရာ အရေးကြီးသော အရာများစွာတို့ကို လွဲပေလိမ့်မည်။

အသင်းတော်၊ သာသနာတော်က သမ္မာကျမ်း စာတော်ကို မကြာခဏ ဖတ်ရှု့ခြင်းအားဖြင့် ခရစ်တော် ၏ surpassing knowledgeကို လေ့လာ ဆည်းပူးရန် ခရစ်ယာန်များ အားလုံးကို တိုက်တွန်း အားပေးပါ၏။ (DV.no25) သမ္မာကျမ်းစာက ဘာသာ၀င် ယုံကြည် သူတို့အား ဝိညာဉ် အာဟာရ ခွန်အားနှင့် အသက်ပေး ကြောင်းကို သိရှိစေပါသည်။နေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှုခြင်းသည် ဘုရားသခင်အား ယုံကြည်မှု နက်ရှိုင်း၊ ခိုင်မာစေပြီး ကျွန်ုပ်တို့၏ ဘ၀ အသက်တာ၌ သူ၏ တည်ရှိမှုနှင့် လုပ်ဆောင်ချက် တို့ကို သတိထား သိရှိစေပါသည်။

(၂)နေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှု့ရာ၌ လုပ်ဆောင်ရမည့် အချက်များ

သမ္မာကျမ်းစာကို နေ့စဉ် မပြတ် မှန်မှန် ဖတ်ရှု ခြင်းသည် ကျွန်ုပ်တို့ အများစုအတွက် ခက်ခဲသဖြင့် စိန် ခေါ်မှု ပင်ဖြစ်ပါသည်။ လူတော်တော် များများသည် သမ္မာကျမ်းစာကို စတင် ဖတ်ရှု့ပြီးနောက် အချိန် အတန်ကြာတွင် စိတ်ပျက်ပြီး ဆက် မဖတ်တော့ပဲ အရှုံး ပေးတတ် ကြပါသည်။ အချို့သော ပုဂ္ဂိုလ်များ အတွက် ပြဿနာမှာ တစ်စုံတစ်ခုကို ဖတ်ရှုရာတွင် ဇွဲ လုံ့လ ရှိရှိ ဖြင့် ဖတ်နိုင်သော စွမ်းရည် မရှိခြင်းပင်ဖြစ်သည်။ သို့ သော်လည်း တော်တော် များများ၏ပြဿနာမှာ သမ္မာ ကျမ်းစာကို တည်တည် တန့်တန့် ပုံမှန် နည်းလမ်းဖြင့် မည်သို့ ဖတ်ရှု့ရမည်ဟူသော လမ်းညွှန်မှု မရှိခြင်းပင် ဖြစ်သည်။

အောက်ပါ လက်တွေ့ ချဉ်းကပ်မှု အကြံပေးချက်များသည် သင့်အားနေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှုခြင်း၌ အကျင့် စွဲမြဲစေရန် အထောက်အကူဖြစ်ပါ လိမ့်မည်။

(၁) နေ့စဉ် ပုံမှန် အချိန် သီးသန့် သတ်မှတ်ထားပါ။ (Set aside a regular time each day) သမ္မာကျမ်းစာ ဖတ်ရှု့ရန် အတွက် နေ့စဉ် သီးသန့် ပုံမှန် အချိန် သတ်မှတ်ထားရမည်။ အချိန် မည်မျှ ဖတ်ရှုရ မည်ကိုလည်း ရည်ရွယ် သတ်မှတ်ရမည်။ အချိန် သတ်မှတ်ချက်သည် သင့်အတွက် အစဉ်ပြေမှု ရှိရမည်။ ငါးမိနစ်မှ ဆယ်မိနစ် သို့မဟုတ် ၁၅ မှ ၂၀နှင့်ဖြစ်နိုင် ပါသည်။ နာရီ၀က်လောက်လည်း ဖြစ်နိုင်ပါသည်။ သမ္မာကျမ်း စာဖတ်ရှု့မည့် အချိန်ကို မိမိ၏နေ့စဉ် အချိန် ဇယားထဲတွင် ထည့်သွင်းထားရမည်။

(၂) နေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှု့ရန် သင့်ကို သင် အပ်နှံ ကတိပြုပါ။ သင် စိတ်အား တက်ကြွ၍ ဖတ်လိုသည့် စိတ်ရှိသည့် အခါမှာရော စိတ်မပါသော အချိန်၌ပါ ဖတ်ပါ။ မပျက်မကွက် ဖတ်ရှု့ပါ။ သင်၏ ဇွဲရှိမှု၊ သစ္စာရှိမှုက များစွာ အကျိုးဖြစ်ထွန်းစေလိမ့်မည်။

(၃) ၀တ်ပြု ကိုးကွယ် ဆုတောင်းမေတ္တာပြုသကဲ့သို့ ဖတ်ပါ။ တစ်ခုခု ရရှိရန် ရည်ရွယ်ချက်နှင့် မဖတ်ပါနှင့်။ ဘုရားနှင့် ပိုမို နီးကပ်စေရန်အတွက် ဖတ်ပါ။ ဘုရားက သင့်ကို တရားပေး၊ စကားပြောနေခြင်းဖြစ်သည်။ ပစ်မှတ်သည် သတင်း အချက်အလက်များ စု ဆောင်းရန် မဟုတ်ပဲ ဘုရား၏နှုတ်ကပါတ်တော်ကို ကမ္မဋ္ဌာန်းရှု၊ ဆင်ခြင် စဉ်းစားပြီး သင်၏ ဘ၀အသက်တာ၌ လက်တွေ့ လိုက်ကျင့်ရန်ဖြစ်သည်။

(၄) စနစ်တကျ ဖတ်ရှုပါ။ (Read Systematically) စီမံကိန်း သို့မဟုတ် အစီအစဉ် တစ်ခုကို ကိုးကား လိုက်နာရန် ဖတ်ရှုလျှင် အမြဲတမ်း အထောက်အကူဖြစ်ပါသည်။ သမ္မာ ကျမ်းစာဖတ်ရှုခြင်း အစီအစဉ် ကောင်းတစ်ခုသည် လက်တွေ့ အသုံးကျသော အချိန်ဇယားကို ပေးတတ်ပါသည်။ ၎င်းသည် သတ်မှတ်ထား သော အချိန်၌ သတ်မှတ်ထားသော အခန်းသို့ အတိုင်းအတာတစ်ခုကို အာရုံပြု ရန်လေ့ကျင့်ပေးပြီး ကျမ်းစာကိုရှေ့တိုး ဆက်လက် ဖတ်ရှုနေသည့်အတွက် တိုးတက်လျှက် ရှိနေသည် ဟူသော ခဲထားချက်နှင့် ခွန်အားကို ပေးပါသည်။ သမ္မာကျမ်းစာကို ရွေးချယ် ဖတ်ရှုသည့် အခါ အန္တရာယ် ထိခိုက်တတ်သည်။ နှုတ်ကပါတ်တော်အား out of context အဆက်အစပ် မရှိ၊ ကျိုးကြောင်း ဆက်စပ်မှု မရှိ၊ အဓိပ်ပါယ်ကောက်ခြင်း တို့မှ ကာကွယ် ပေးသည်။

(၅) ယုံကြည်ခြင်းနှင့်နှိမ့်ချခြင်း တို့ဖြင့် ဖတ်ပါ။ သမ္မာကျမ်းစာအားဖြင့် ဘုရားသခင်သည် မိမိ ကိုယ်ကို မိမိဖော်ပြပြီး သင့်ကို စကားပြောလိမ့်မည် ဟူသော တောင့်တမှု ရှိပါ။ ဘုရား၏နှုတ်ကပါတ် တရားတော် (ကျမ်းစာ) ကို သိပြီးဖြစ်သည်ဟု တင်ကူး မမှတ်ယူပါ နှင့်။

(၆) သမ္မာကျမ်းစာ တစ်အုပ်လုံးကို ဖတ်ပါ။ Read the entire Bible ကျမ်းစာသည် တစ်အုပ်လုံး အနေနှင့် ပေထက် အက္ခရာတင်ထားသော ဘုရား၏ နှုတ်ကပါတ်တော်ဖြစ်သည်။ ဘုရား၏ တရားတော် အ နေဖြင့် မိမိနှစ်သက်ရာ ကွက်ကြား၊ ကျိုကြား မဟုတ်ပဲ အားလုံးကို ခြုံငုံ၍ ဖတ်သင့်ပါသည်။ ကျွန်ုပ်တို့နှ်သက်သော ကျမ်းပိုဒ်နှင့် စာအုပ်ကိုသာရွေးချယ်ပြီး အ ခြား အပိုင်းတို့ကို လျစ်လျူရှု ချန်ထားရန် စိတ်ဆန္ဒ ရှိကြသည်။ ကျွန်ုပ်တို့အား အာမခံချက်ပေးသော ဘုရား၏ ကတိများကိုသာ ဖတ်ရှု့ပြီး၊ ခရစ်ယာန် ဘ၀အသက်တာနှင့် ထိုက်တန်စွာနေထိုင်ရန် လိုအပ်သည့် ခက်ခဲ သော တရားတော်၊ ပညတ်ချက်၊ တောင်းဆိုချက်များကိုမူ လျစ်လျူရှုရန် လွယ်ကူလှပါသည်။

ကက်သလစ် ခရစ်ယာန် ဘာသာ၀င်များ အ နေဖြင့် ဓမ္မဟောင်း Deuterocanonical ကက်သလစ် ကျမ်း၀င် စာအုပ်များ အပါအ၀င် ကျမ်း ၇၃စောင် စလုံးကို ဖတ်ရှု့ သင့်ပါသည်။ ၎င်း စာအုပ်တို့ကို ဂရိ စကား ပြော ဂျူးတို့က ဟေဘရူး ဘာသာစကားနှင့် မဟုတ်ဘဲ ဂရိ ဘာသာစကားနှင့် ရေးသားထား ခဲ့သည်။ ၎င်း ကျမ်းစာတို့သည်လည်း ဘုရားသခင်၏ နှိုးဆော်တော်မူချက်နှင့် ရေးသား ထားရန် ကျမ်းစာမြောက်သည်ဟု အသင်းတော်က သတ်မှတ် သင်ကြားပါသည်။ ကက်သလစ် ခရစ်ယာန် မဟုတ်သော အသင်းတော်များက မူကျမ်းစာတို့ကို Apocryphal ကျမ်းပယ်များဟုခေါ်ကာ ၎င်းတို့၏ ကျမ်းစာအုပ်တွင် အထူး အစီအစဉ်နှင့် ပုံနှိပ်ခြင်း မဟုတ်ပါက ထည့်သွင်းခြင်း မရှိချေ။

RVA ထုတ်လွှင့်ချက်မှ

 

Add new comment

16 + 4 =