ဘုရားသခင်ကို ကျွန်ုပ်တို့ရှာဖွေသည့်အခါအမှန်တကယ်ကျွန်ုပ်တို့၏ရှေ့၌ရှိပါသလော။

ဘုရားသခင်ကို ကျွန်ုပ်တို့ရှာဖွေသည့်အခါအမှန်တကယ်ကျွန်ုပ်တို့၏ရှေ့၌ရှိပါသလော။

ဘုရားသခင်ကို ကျွန်ုပ်တို့ရှာဖွေသည့်အခါအမှန်တကယ်ကျွန်ုပ်တို့၏ရှေ့၌ရှိပါသလော။

‘ဘုရားသခင်ကို ကျွန်ုပ်တို့ရှာဖွေသည့်အခါ အမှန်တကယ်ကျွန်ုပ်တို့၏ရှေ့၌ရှိသလော။ သို့မဟုတ် ကျွန်ုပ်တို့၏ နောက်၌ရှိနေပါသလော’ ဟုဆွီစ်လူမျိုးဓမ္မတွေးခေါ်ပညာရှင် Hans Urs von Balthasar က ဘုရားသခင်နှင့်စပ်လျင်း၍ အလေးအနက်ထားတွေးတောရန်မေးခွန်းမေးလာပါသည်။

သာသနာပြုခြင်းနှင့်စပ်လျင်း၍ ဤမေးခွန်းကိုထုတ်လိုက် ခြင်းဖြစ်သည်။ ခရစ်ယာန်များအနေဖြင့် သာသနာတော်ကြီးကသွန်သင်ညွှန်ကြားသည့်အတိုင်း အဘယ်မျှ ပြည့်ပြည့် ၀၀ဖြည့်ဆည်းလုပ်ဆောင်လေ့ရှိသနည်း။ မိမိတို့တတ်စွမ်းသလောက်ကြိုးစား၍ ဧ၀ံဂေလိတရားကိုဟောကြားလေ့ရှိသနည်း။

ယနေ့ (အာဒ်၀င်တူးကာလပထမပတ် တနင်္ဂနွေနေ့ ) ဖတ်ကြားထောက်ရူသော သံလုကာ (၂၁း၅-၂၈, ၃၄-၃၆) ၌ ယေဇူးသခင်နှင့်သူ၏တပည့်တော်ကြီးများ၏ အမေးအဖြေကိုကြားရ သည်။ ယေဇူးသခင်က တပည်တော်ကြီး တို့အား ‘နောက်ဆုံးသောအချိန်ကာလအတွက်အသင့်ရှိရန်၊ ကြုံလာမည့်နေ့ အတွက်ပြင်ဆင်ထားရန်’ ပွင့်လင်းစွာ ဖြင့်သတိပေးထားသည်။ ဤသတိပေးစကားသည် ကျွန်ုပ်တို့အားလည်း စိတ်လှုပ်ရှားစရာ၊ ထိတ်လန့်ကြောက်ရွံ့စေ သည်။ ထို့အတူ အဘယ်ကြောင့်ဤသို့သော ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဧ၀ံဂေလိကျမ်းစာကို ယနေ့အစပြုလိုက် သော အာဒ်၀င်တူး  တနင်္ဂနွေနေ့  ၌ဖတ်ရူခိုင်းသနည်းဟုတွေးမိနေပေမည်။ ဤ ကျမ်းချက်အစား ယေဇူးသခင်မွေးဖွား သည့်ဖြစ်စဉ်ပါသော ကျမ်းချက်ကိုဖတ်ကြားထောက်ရူက ပို၍မသင့်တော်ပါသ လောဟုလည်းတွေးနေမိပေမည်။ မေးသင့်သောမေးခွန်းဖြစ်ပါသည်။

ယနေ့ဧ၀ံဂေလိကျမ်းချက်သည် ကျွန်ုပ်တို့အား နှိမ့်ချခြင်းကိုသင်ကြားပေးသည်။ ကျွန်ုပ်တို့မသိသော အဖြစ် အပျက်များစွာရှိသည်။ ကျွန်ုပ်တို့၏အသက်တာမည်သည့်နေ့၊ မည်သည့်အချိန်၊ အဘယ်သို့ကုန်ဆုံးမည်ကိုမသိ။ ထို့ ကြောင့်ဖြစ်လာမည့်အခြေအနေအတိုင်းနက်ဖန်နေ့ကို လက်ခံရှင်သန်ရမည်။ မသိမတတ်သည်များကို ဂူဂဲလ်၌ခလုတ် တစ်ချက်နှိပ်ရုံဖြင့်အားလုံးသိနိုင်သည်။ အစဉ်အသစ်အဆန်းများတီထွင်ထုတ်လုပ်နေသောနည်းပညာကမ္ဘာကဲ့သို့ ကျွန်ုပ်တို့၏မသိနားမလည်မှုများကို အဖြေပေးနိုင်သူရှိသည်ကိုတွေးမိသလော။

ယနေ့ယေဇူးသခင်သည် ကျွန်ုပ်တို့အား နှိမ့်ချသောနှလုံးသားမွေးမြူရန်ဖိတ်ခေါ်နေပါသည်။ ဤစိတ်ထား သည် တပည့်တော်ပီသရန်သရန်ပုံလောင်းခြင်းဖြစ်သည်။ ဤစိတ်ထားသည် ယေဇူးသခင်ကိုယုံကြည်ကြောင်းနှင့်သူ ၏ဒုတိယအကြိမ်ကြွလာမည့်အကြောင်းကိုသက်သေခံခြင်း၏အစဖြစ်သည်။ ဤသည်ကား အထက်ကဆိုခဲ့သော ဓမ္မ တွေးခေါ်ပညာရှင်ကြီး၏စိန်ခေါ်နေသောမေးခွန်းအတွက်အဖြေပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် အား ကျွန်ုပ်တို့၏ဘ၀၌ရှာဖွေမှုတိုင်း၏ရှေ့ဆုံး၌ထားရှိပါ။ သို့ပြုလျှင် ကျွန်ုပ်တို့သည် အစဉ်ဆန်းသစ်နေမည်ဖြစ် သည်။

ယခုနှစ် အာဒ်၀င်တူးကာလပထမပတ်တနင်္ဂနွေနေ့ ၌ နောင်တယူရန်၊ အကျင့်ပြောင်းလဲရန် ကျွန်ုပ်တို့ကိုခေါ် ဖိတ်နေသည်။ နှိမ့်ချသောစိတ်ထားသည် ကျွန်ုပ်တို့၏အားနည်းချက်ကို သိရှိလက်ခံနိုင်စေသည်။ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်လေးမြတ်ခြင်းတို့၌ ဆက်လက်လျှောက်လှမ်းရန်မှာ ကျွန်ုပ်တို့၏အာရုံများကို ယေဇူးသခင်ထံ၌ဆုံမှတ်ထားရမည်။ ယေဇူးသခင်သည် အထက်မှလည်းကောင်း၊ ဘေးဘက်၀ဲယာမှလည်းကောင်း ကြွလာမည့်သူဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်

- မိမိကိုယ်ကိုနှိမ့်ချရန်အသင့်ရှိပါသလော။

- ကျွန်ုပ်တို့၏ ဘ၀ ၀န်ထုတ်ကိုထမ်း၍လျှောက်လှမ်းရန်အသင့်ရှိပါသလော။

- ဘ၀၌ကြုံတွေ့ရသောအခြေအနေအားလုံးအတွက်ကျွန်ုပ်တို့၌အဖြေအားလုံးမရှိနိုင်သည်ကိုသိပါသလော။

အမိမယ်တော်ကဲ့သို့နှိမ့်ချမှသာ အသက်တာပြောင်းလဲသည့်ဖြစ်စဉ်ကိုအစပြုနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဘ၀အခြေအနေအားလုံးအတွက် အဖြေမရှိသည်ကို နှိမ့်ချသောစိတ်ရှိသူများကသိရှိလက်ခံနိုင်သည်။ ယေဇူးသခင်သည် နှိမ့်ချခြင်းနှင့်ပတ်သက်သောအမြင်သစ်ကိုကျွန်ုပ်တို့အားပေးတော်မူမည်။ ကျွန်ုပ်တို့သည် မြေအိုးဖြစ်ပြီး၊ ယေဇူးသခင်၏ချစ်ခြင်းဖြင့်အစဉ်ပုံလောင်းခြင်းကိုခံယူနေရသူများဖြစ်သည်။ ယနေ့အတွက် ကျွန်ုပ်တို့၏ဆု‌တောင်းကား ‘သခင်၊ နှိမ့်ချနိုင်စွမ်းသောကောင်းကြီးကိုပေးသနားတော်မူပါ။ သို့မှသာ ကိုယ် တော်နောက်တစ်ကြိမ် ဘုန်းတော်ဂုဏ်တော်အပြည့်ဖြင့်ကြွလာသောအခါ ကျွန်ုပ်တို့သည် ကိုယ်တော်၏ ဒုက္ခခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းကို ကောင်းစွာထောက်ရှုနိုင်ပေမည်ဘုရား .... အာမင်’ ဟုဆုတောင်းကြပါစို့။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3cWbz78

Add new comment

8 + 7 =