ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၃၃) ကြိမ်မြောက် တနင်္ဂနွေနေ့ သြဝါဒ ၁၃၊ ၁၁၊ ၂၀၂၂

လူသားတွေအားလုံးတစ်ဦးတစ်ယောက်မကျန် ကယ်တင်ခြင်းရရှိဖို့က ဘုရားရှင်၏ အလိုတော်ဖြစ်ပါတယ်။ ဘုရားနဲ့အတူ ထာဝရကာလ အတူနေကြဖို့ဖြစ်တယ်။ ဒါပေမဲ့ဒီကမ္ဘာလောကကြီးမှာ အသက်ရှင်စဉ် ကိုယ်တော်ရှင်နဲ့ပေါင်းစပ်ဖို့ ဘယ်တုန်း ကမျှအချိန်မပေးခဲ့ဘူးဆိုရင် ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံမှာ ဘုရားနဲ့ထာဝရအဆုံးမရှိတဲ့ ကာလအထိနေနိုင်ကြမလဲ။ ကျဉ်း မြောင်းသောတံခါးမှ ဝင်ကြလော့။ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်တဲ့ တံခါးက ကျဉ်းမြောင်းတယ်။ အဲဒီလိုကျဉ်းမြောင်း အောင် ဘုရားကလုပ်ထားတာမဟုတ်ပါဘူး။ ကျွန်တော်တို့လူတွေအတွက် ခက်ခဲပြီး မလိုက်ကျင့်ချင်တဲ့အတွက် ကျဉ်းမြောင်း နေခြင်းဖြစ်တယ်။ တစ်ဖက်လူကို ခွင့်လွှတ်ပေးရခြင်းက ကျဉ်းမြောင်းတဲ့တံခါးဖြစ်တယ်။ လိုအပ်နေတဲ့သူတွေကိုငွေကြေးအား ဖြင့် ဖြစ်စေ မိမိရဲ့အချိန်ကိုပေးပြီးကူညီခြင်းက ကျဉ်းမြောင်းတဲ့တံခါးဖြစ်တယ်။ မိမိရဲ့အချိန်ဇယား အလုပ်နဲ့အစီအစဉ်တွေကို ဘေးချထားပြီး တစ်ဖက်လူရဲ့ဝေဒနာကိုနားထောင်ပေးခြင်းက ကျဉ်းမြောင်းတဲ့တံခါးဖြစ်တယ်။ တစ်ခြားလူတွေပို ရနိုင်ဖို့ မိမိက လျော့ပြီးယူခြင်းက ကျဉ်းမြောင်းတဲ့တံခါးဖြစ်တယ်။ အာဏာမရှိတဲ့သူ အခွင့်အရေးမရှိတဲ့သူတွေအတွက်ပြောဆိုပေးခြင်းက ကျဉ်းမြောင်းတဲ့တံခါးဖြစ်တယ်။ အမှားတွေကို အမှန်ဖြစ်လာအောင်လုပ်ခြင်းက ကျဉ်းမြောင်းတဲ့တံခါးဖြစ်တယ်။ သေမဲ့နေ့အတွက် ဘယ်လိုပြင်ဆင်ရမလဲဆိုတာ အရိပ်အမြွက် အကြံလေး ပေးပါလားဆိုရင်။ သေဖို့ရန်အတွက် ပိုပြီးအဆင် သင့်ဖြစ်နေအောင် ကိုယ့်ကိုယ်ကိုဘယ်လိုပြင်ဆင်ထားသင့်သလဲ။ သေခြင်းက ညအချိန်သူခိုးလာသလို ကိုယ်သတိမထားမိတဲ့ အချိန် အငိုက်မမိရအောင် ကျွန်‌တော်တို့ ဘယ်လိုအသက်ရှင်ကြမလဲ။ မပြီးပြတ်တဲ့အလုပ်တွေ တစ်ပုံတစ်ပင်ချန်ထားခဲ့ပြီး ဒီ လောကထဲနေထွက်သွားရတာမျိုးမဖြစ်ရလေအောင် ကျွန်တော်တို့တွေ ဘာလုပ်သင့်သလဲ။ ဒီမေးခွန်းကိုတုန့်ပြန်ပြီးဖြေဖို့အတွက် လိုအပ်တဲ့ ပထမအချက်က သေခြင်းအတွက်ပြင်ဆင်ဖို့ ကျွန်တော်တို့ပြုလုပ်တဲ့ဘယ်အရာမဆိုက (မကောင်းတဲ့အရာ၊ အကျိုးမ ပြုတဲ့အရာမဖြစ်စေဖို့ဆိုရင်) ဒီအချိန်၊ ဒီနေရာမှာရှိနေတဲ့သူတွေနဲ့ ရှင်သန်နေတဲ့အရာတွေနဲ့ မိမိကိုယ်ကို ဝေးကွာမနေစေဖို့၊ ကင်း ကွာမနေစေဖို့ဖြစ်ပါတယ်။ တစ်ခြားလူတွေနဲ့ ဘယ်လိုပုံစံနဲ့မဆို ကင်းကွာနေခြင်းက သေခြင်းအတွက် ကျွန်တော်တို့ပြင်ဆင်ခြင်း မပြုနိုင်ကြပါဘူး။ ဒါနဲ့ဆန့်ကျင်ဖက်က အမှန်ဖြစ်ပါတယ်။ သေခြင်းအတွက် ကျွန်တော်တို့ကိုပြင်ဆင်ပေးတဲ့အရာက သေခြင်းအ တွက် ကျွန်တော်တို့ကို လိမ်းကျံပေးတဲ့အရာက ရှင်သန်ခြင်းထဲကို ပိုပြီးနက်နက်ရှိုင်းရှိုင်း၊ ပိုပြီးနီးကပ်ရင်းနှီးစွာ၊ ပိုပြီးပြည့်ဝစွာဝင် ရောက်ခြင်းဖြစ်တယ်။ အသက်ရှင်သန်နေတုန်းမှာ ကျွန်တော်တို့ရှင်သန်နေထိုင်သင့်ခဲ့ကြတဲ့အတိုင်း ဘဝကိုစတင်ပြီးရှင်သန်ခြင်းက သေခြင်းအတွက် အဆင်သင့်ဖြစ်စေဖို့ပြင်ဆင်ခြင်းဖြစ်တယ်။ လူတော်တော်များများထင်ထားကြတာက ကမ္ဘာမြေကြီးတစ်ခုလုံးက လုံးဝပျောက်ကွယ်သွားမယ်။ အလွန်ကြီးမားတဲ့မီးနဲ့အရာအား လုံးဟာဖျက်ဆီးခံရပြီးကမ္ဘာပေါ်ကတစ်ခုမကျန်ပျောက်ကွယ်သွားမယ်ဆိုပြီးဖြစ်တယ်။ ဝိညာဉ်တွေသာလျှင် ကောင်းကင်သို့တက် သွားကြမယ်၊ ဒါဆိုကမ္ဘာကိုဘာအတွက်လိုအပ်အုံးမှာလဲ၊ လူ့တွေရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေအားလုံး၊ ဘာသာစကားတွေ၊ စာပေ၊ အနုပညာ၊ မြူးဇစ်၊ သိပ္ပံ၊ စီးပွားရေး၊ အားကစား၊ နည်းပညာတိုးတက်ခြင်းများ၊ ယခုအချိန်အထိတိုးတက်ပြီးသော၊ နောက်ဆက်လက် တိုးတက်မည်ဖြစ်သောအရာအားလုံးတို့က ၎င်းတို့အထဲမှာ မကောင်းခြင်းနဲ့အပြစ်တွေကိုထာဝရစုပ်ထုတ်ဖယ်ရှားပြီး ဒီအရာတွေအား လုံးတို့က ဘုရား၏ဘုန်းဂုဏ်တော်ကိုချီးမွမ်းနေတာဖြစ်တယ်။ ဘုရားနဲ့အတူရှိနေပြီး ကျွန်တော်တို့က ဒီအရာတွေအားလုံးကိုဆက်လက် ပြီး ခံစားနေကြမှာဖြစ်တယ်။ ဒီအရာတွေအပေါ် စမ်းသပ်လေ့လာမှုတွေဆက်လုပ်နေမယ်၊ နားလည်အောင်လေ့လာနေမယ်၊ နှစ်သက်မြတ် နိုးနေမယ်၊ အသိပညာကိုတိုးတက်အောင် ထာဝရကာလပြုလုပ်နေကြမှာဖြစ်တယ်။

Add new comment

3 + 0 =