ဖာသာရ် Richard လှမင်းဦး (မန္တလေး) မယ်တော်သခင်မမိုးကောင်းကင်သို့ပင်ဆောင်ခံရသောပွဲ တနင်္ဂနွေနေ့ သြဝါဒ ၁၄၊ ၈၊ ၂၀၂၂

 မယ်တော်က ဘာ့ကြောင့်ခန္ဓာရော၊ ဝိညာဉ်ရော မိုးကောင်းကင်ကို ပင့်ဆောင်ခြင်းခံရတာလဲ။ ဘုရား၏ထူးခြား

သောကျေးဇူးတော်ဖြင့် မယ်တော်သည်အပြစ်ရင်းမပါပဲ လောကထဲသို့မွေးဖွားခြင်းခံခဲ့ရပါတယ်။ အပြစ်ရင်း

တွေထဲကတစ်ခုက သေခြင်းဖြစ်တာကြောင့်အပြစ်ရင်းမပါပဲမွေးဖွားခြင်းခံရတဲ့ မယ်တော်သည် သေခြင်းကနေ

လွတ်မြောက်ခွင့်ကျေးဇူးတော်ကိုရရှိခဲ့ပါတယ်။ လူတွေအတွက်မယုံကြည်နိုင်စရာဖြစ်ပေမဲ့ ဘုရားအတွက်မဖြစ်

နိုင်တဲ့အရာဘာတစ်ခုမှမရှိတဲ့အကြောင်းတန်ခိုးလက္ခဏာတွေကို ဒီကမ္ဘာကြီးပေါ်မှာ ဘုရားကပေးထားပါတယ်။

ခန္ဓာကိုယ်မပုပ်မသိုးတဲ့ရဟန္တာတွေအများကြီးရှိပါတယ်။ ပြင်သစ်နိုင်ငံ လုဒ်မြို့မှာ ၁၈၅၈ ခုနှစ်မှာ မယ်တော်ရဲ့

ရူပါရုံထင်ရှားပြခြင်းကိုရရှိခဲ့တဲ့ ဘက်နက်ဒက်တားက သီလရှင်ကျောင်းကိုဝင်ရောက်ခဲ့တယ်။ ၁၈၇၉ ခုနှစ်မှ

ာ သူမ သေဆုံးခဲ့တယ်။ သူမသေဆုံးပြီး နောက်နှစ် ၃၀ အကြာ ၁၉၀၉ ခုနှစ်မှာ သူမကိုရဟန္တာတင်မြောက်နိုင်

ဖို့ သူမရဲ့သချိုင်းဂူကို ပြန်လည်တူးဖေါ်ခဲ့ကြတဲ့အခါမှာ ဘက်နက်ဒက်တားရဲ့ ကိုယ်ခန္ဓာက ပျက်စီးမှုလုံးဝမရှိပဲ

ပကတိအတိုင်းရှိနေတာကိုတွေ့ခဲ့ကြပါတယ်၊ ၁၉၁၉ ခုနှစ်မှာ တစ်ခါ အသင်းတော်မှတာဝန်ရှိသူများက သူမရဲ့

သချိုင်းဂူကိုနောက်တစ်ဖန်ပြန်လည်တူးဖေါ်ကြည့်ကြတဲ့အခါမှာလဲ ဒီအတိုင်းမပျက်မစီးပဲရှိနေတာကိုတွေ့ခဲ့ကြ

ပါတယ်။ ယနေ့အထိသူမရဲ့ရုပ်အလောင်းကို သီလရှင်ကျောင်းမှာ မှန်တလားနဲ့ထည့်ထားပြီး လူတိုင်းသွား‌ရောက်

ကြည့်ရှုနိုင်ပါတယ်။ နှစ်ပေါင်း ၁၃၁ ကျော်ကြာပြီး ဓါတုဗေဒဆေးပစ္စည်းလုံးဝအသုံးမပြုပဲနဲ့ ဒီကနေ့အထိဒီအတိုင်း

ပဲလှပစွာရှိနေတာကို တွေ့မြင်ရပါတယ်။ မသေနိုင်တဲ့ မပုပ်မပျက်နိုင်တဲ့ခန္ဓာကိုယ်ကို ဘုရားကကျွန်တော်တို့အတွက်

ပြင်ဆင်ပေးထားတဲ့ တန်ခိုးလက္ခဏာဖြစ်တယ်။ သြဂုတ်လ ၁၅ ရက် နေ့ရောက်တိုင်း နှစ်စဥ်ဖတ်ရှုကြားနာရတဲ့

ဧဝံဂေလိကျမ်းစာထဲက မယ်တော်သီဆိုတဲ့ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းခြင်း မာညီဖီကတ် နဲ့ ပက်သက်ပြီး ထူးခြား

တဲ့ဖြစ်ရပ်တွေဖြစ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်တုန်းက ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ်လ် II က လာတင်းအမေရိက

ကို ကြွရောက်ခဲ့တယ်။ အဲဒီအချိန်တုန်းက အုပ်စိုးနေတဲ့ အာဏာရှင်တွေ အားလုံးဆီကိုလဲ ကြွရောက်ခဲ့တယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ခရီးစဥ်ကို အာဏာပိုင်တွေက အသေးစိတ်ဆင်ဆာဖြတ်ထိန်းချုပ်ကြတယ်။ ပုပ်ရဟန်းမင်းကြီ

းစီစဉ်ထားတဲ့ခရီးစဥ်ထဲကနေ စာပိုဒ်တစ်ခုကို သူတို့တွေဆင်ဆာဖြတ် ဖယ်ရှားခဲ့ကြတယ်။ အဒီစာပိုဒ်ကို ဘယ်တုန်း

ကမျှ ဖတ် ခွင့်မပြုခဲ့ကြဘူး။ အာဏာရှင်တွေဖယ်ရှားခဲ့တဲ့စာပိုဒ်က ဒီကနေ့ဖတ်ရှုရတဲ့ ဧဝံဂေလိကျမ်းပိုဒ်ဖြစ်တယ်။

ကိုယ်တော်သည် လက်ရုံးတော်အားဖြင့် ခွန်အားတန်ခိုးကိုပြတော်မူ၍ စိတ်၌ မာနထောင်လွှားသောသူတို့ကိုကွဲလွင့်

စေတော်မူ၏။ ကိုယ်တော်သည်အင်အားကြီးမားသောသူတို့ကိုအရိုက်အရာမှချတော်မူ၍ နှိမ့်ချသောသူတို့ကိုချီး

မြှောက်တော်မူပြီး ကိုယ်တော်သည် ငတ်မွတ်သောသူတို့ကို ကောင်းသောအရာတို့နှင့် ပြည့်ဝစေ၍ ကြွယ်ဝသောသူ

တို့ကိုလက်ချည်းသက်သက်လွှတ်လိုက်တော်မူ၏။ ဒီကျမ်းပိုဒ်ကို ဖတ်ခွင့် သူတို့တွေပိတ်ပင်ခဲ့ကြတယ်။

မယ်တော်ရဲ့ဘဝမှာလဲ ဆိုးညစ်တဲ့အင်အားတွေကို ဘဝတစ်လျှောက်လုံးရင်ဆိုင်ခဲ့ရတယ်။ ဒီကနေ့ဖတ်ရှုရတဲ့

ဗျာဒိတ်တော်ကျမ်းထဲက အနီရောင်နဂါးကြီးက ထိုဆိုးညစ်တဲ့ အင်အားတွေကို ရည်ညွှန်းခြင်းဖြစ်တယ်။

ခေါင်းခုနှစ်လုံး ဦးချို ဆယ်ချောင်းနဲ့ ကြယ် ၁/၃ ကိုမြေပြင်ကိုပစ်ချနေတဲ့ အမြီးကြီးက လူတွေရဲ့ဘဝတွေကို

ဒုက္ခရောက်အောင် ဖျက်ဆီးနေတဲ့ မကောင်းမှုအင်အားတွေရဲ့ ကြောက်စရာကောင်းတဲ့ အစွမ်းကို ရည်ညွှန်း

ဖေါ်ပြနေတယ်။

 ကမ္ဘာကြီးထဲမှာ ထိုကဲ့သို့သော ကြောက်ရွံ့စရာတွေ၊ မျှော်လင့်ချက်ကင်းမဲ့မှုတွေရှိနေတဲ့အချိန်မှာ လူသားတွေ

ရဲ့ကယ်တင်ခြင်းကို ကျွန်တော်တို့ဘယ်လိုလုပ်ပြီး ယုံကြည်နိုင်ကြမလဲ။ အမိမယ်တော်က ယုံကြည်သူမျာ

းအတွက် စံနမူနာဖြစ်ပါတယ်။ မယ်တော်ရဲ့ဘဝက ယုံကြည်ခြင်းဖြင့် လျှောက်လမ်းတဲ့ဘဝခရီးဖြစ်တယ်။

တစ်ခါတစ်ရံမှာ မယ်တော်ကဲ့သို့ ဘဝဒုက္ခကားတိုင်ရဲ့ ခြေရင်းမှာရပ်နေတဲ့အချိန်မှာ သစ္စာရှိတဲ့ နောက်လိုက်

အဖြစ် ဆက်ပြီးဖြစ်နေအောင်ကြိုးစားရခြင်းက ခက်ခဲပြီးအထီးကျန်အဖေါ်မဲ့ ကိုယ်တစ်ယောက်တည်းဖြစ်

နေသလိုခံစားရတတ်ပါတယ်။ လောကကြီးထဲမှဦ ဆက်ပြီးဖြစ်နေတဲ့ လူတွေရဲ့ဆိုးဝါးတဲ့မကောင်းမှုတွေနဲ့

ရုန်းကန်ရတဲ့အခါမှာ မျှော်လင့်ချက်ကင်းမဲ့မသွားပဲ ဆက်လက်ပြီး သစ္စာရှိတည်တံ့နိုင်ဖို့ မယ်တော်၏ဆု

တောင်းပေးခြင်း ကျေးဇူးကို ရရှိကြပါစေ။

Add new comment

5 + 1 =