ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလ (၂၈) ကြိမ်မြောက် တနင်္ဂနွေနေ့ သြဝါဒ ၉၊ ၁၀၊ ၂၀၂၂

အောက်တိုဘာလ (၉) ရက် ၊ (၂၈)ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့

 ဒီတစ်ပါတ် တနင်္ဂနွေနေ့ဟာ ဝတ်ပြုကိုးကွယ်ခြင်းနှစ်ရဲ့ ၂၈ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့ပဲဖြစ်ပါတယ်။

ပထမကျမ်းစာမှာ စစ်သူကြီးနာမန်ဟာ ပရောဖက် ဧလိရှဲရဲ့ စကားကို နားထောင်ပြီး ဂျောဒန်မြစ်ထဲမှာ ၇

ကြိမ်တိုင် ရေထဲနှစ်လိုက်တဲ့အခါ နူနာရောဂါဝေဒနာကနေ ပျောက်ကင်းခဲ့ရတယ်ဆိုတဲ့အကြောင်းကို ကြား

နာရပါတယ်။ နာမန်က ဒီလို ရောဂါဆိုးကြီးကနေ ပျောက်ကင်းသွားခဲ့တဲ့အတွက် အံ့ဩဝမ်းသာဖြစ်ခဲ့ရ

တယ်။ ဘုရားရှင်တစ်ပါးတည်းသာ စစ်မှန်တဲ့ဘုရားဖြစ်ကြောင်း ထုတ်ဖော်ပြောပြီး ကျေးဇူးတင်ရှိခဲ့ပါတယ်။ 

ဧဝံဂေလိ ကျမ်းစာတော်မြတ်ထဲမှာလည်း  သခင် ယေဇူးက နူနာစွဲနေတဲ့ ရောဂါသည် ၁၀ ယောက်ကို ကုသ

ပေးခဲ့ ပါတယ်။ အဲ့ဒီ၁၀ ဦးထဲမှ လူမျိုးခြားဖြစ်သူ ဆမာရီတန် တစ်ဦးထဲသာ ကိုယ်တော့်ဆီပြန်လာပြီး

ကျေးဇူးတင်ကြောင်း လာပြောပါတယ်။ ကျန်တဲ့ ၉ ဦးလည်း ပျောက်ကင်းပေမဲ့ လူမျိုးခြား ၁ ဦးကတော့

ထူးထူးခြားခြား ကျေးဇူးမမေ့ဘဲ ကျေးဇူးတင်ကြောင်း လာပြောပါတယ်။ ဆမာရီတန်နှင့် ဂျူူးဆိုတာ ကမ္ဘာ့

ရန်ဖက်တွေလို မခေါ်မပြောကြတဲ့ အကန့်အသတ် တွေရှိတယ်။ ဂျူးတွေက ပြောမယ်ဆို အိမ်ရှင်နဲ့တူတယ်။

ဆမာရီတန်က ဧည့်သည်တွေ၊ ဒါပေမဲ့ အိမ်ရှင်တွေက ဘုရားကို ကျေးဇူးတင်ရမှန်းမသိတတ်ဘူး။ မိသား

စုအသိုင်းအဝိုင်းမှာလည်း ဒီလိုမျိုးတွေရှိတတ်တယ်။ သားသမီး တွေက မိဘတွေကို ကျေးဇူးတင်စကား

မပြောဖြစ်ကြတာတွေ ရှိတယ်။ မိဘက ချစ်လို့ပေးပေမဲ့ သားသမီးကို မေတ္တာလို့ မခံယူဘဲ တာဝန် တစ်ခု

လို့ ထင်မြင်ကြတယ်။ တချို့ဆို မိဘတွေပြန်ပြောတာရှိတယ်။ ကိုယ်မွေးထားတဲ့ သားသမီးပဲ ကျွေးရမှာ

ပေါ့။ ကျွေးမွေးရမှာ မိဘတာဝန်မှန်ပေမဲ့ မိဘတွေက ဝတ္တရားတစ်ခုအနေနဲ့ ကျွေးမွေးခဲ့တာမဟုတ်ဘူး။

မေတ္တာတွေ၊ အချစ် တွေနဲ့ ပေးခဲ့တာပါ။ ဒါကို တန်ဖိုးမထားဘဲ အလကားပေးရလို့ တန်ဖိုးမဲ့တယ်လို့

မြင်ကြတဲ့သူတွေ အများကြီးရှိတယ်။ အလကား လက်ဆောင်အဖြစ်ရတဲ့ ပစ္စည်းထက် မိမိကိုယ်တိုင်

ချွေးနည်းစာနဲ့ စုဆောင်းဝယ်ယူထားတဲ့ ပစ္စည်းကို ပိုပြီး တန်ဖိုးထားတတ်တာ လူ့သဘာဝပါပဲ။ 

ဒါပေမဲ့ ဘုရားသခင်က ကျွန်ုပ်တို့ကို သတိပေးနေတယ်။ တချို့လက်ဆောင်တွေက တန်ဖိုးကြီးတယ်။

ကိုယ့်ဖက် က အားစိုက်မထုတ်ရပေမဲ့ တစ်ဖက်လူက အနစ်နာခံလိုက်ရတာတွေရှိတယ်။ ပေးသူဖက်ကို

ပြန်ငဲ့ကြည့်ပြီး ရတဲ့ အရာကို ကျေးဇူးတင်တဲ့စိတ်နဲ့ တန်ဖိုးထားရပါမယ်။ ဖေ့ဘုတ်ပေါ်မှာ တွေ့မြင်ဖူး

တဲ့ ဓါတ်ပုံလေးတစ်ပုံရှိတယ်။ ပုံထဲမှာ သူငယ်ချင်း ကလေးလေး ၂ ယောက်။ တစ်ယောက်က စက်ဘီး

စီးသင်နေတာကို ဘေးကသူငယ်ချင်းက လိုက်တွန်းပေးနေတဲ့ ပုံလေးပါ။ ထူးခြားတာက လိုက်တွန်းပေး

တဲ့ကလေးလေးက ဘောင်းဘီလျောကျပြီး ကျွတ်နေတာတောင် သူ့သူငယ်ချင်းအတွက် အနစ်နာခံပြီး

ကူပေးနေတာလေးက ချစ်စရာလေးပါ။ အဲ့ပုံလေးနဲ့ တွဲရေးထားတဲ့ စာသားလေးကတော့ မင်းကို အကူ

ညီပေးနေတာ သူ့မှာ အဆင်ပြေလွန်းလို့ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါကြောင့် သူပေးတဲ့ အကူအညီက သေး

သေးကြီးကြီး တန်ဖိုးထားပါ လို့ ရေးထားတယ်။ အတွေးတွေ အများကြီး ရရှိစေတဲ့ ဓါတ်ပုံလေးတစ်

ခုပါပဲ။ မိဘတွေအနေနဲ့ သားသမီးတွေကို ကူညီပေးနေတာ အဆင်ပြေလွန်းလို့ ဟုတ်ချင်မှဟုတ်မှာ။

ခါးက လုံခြည်လေးပေါင်ပြီး ပေးတာလည်း ဖြစ်နိုင်တယ်။ နားက နားကပ်လေးချွတ်ပြီး ဖန်တီးပေးတာ

လည်း ဖြစ်နိုင်တယ်။ တန်ဖိုးတွေ ကြီးလွန်းပါတယ်။ ဘုရားသခင်ဖက်ကလည်း ကျွန်ုပ်တို့ လူသားတွေ

ကို နေ့စဉ်နဲ့အမျှ ကျေးဇူးတော်တွေ ပေးတယ်။ ဒါတွေက ကျွန်ုပ်တို့က ရထိုက်လို့ ထိုက်တန်လို့ ပေးတာ

မဟုတ်ဘူး။ ဘုရားက ချစ်လို့ ပေးတာ အဲ့ဒီမေတ္တာ ကျေးဇူးတွေကို တန်ဖိုးထားဖို့လိုတယ်။ မြင်တတ်ရင်

အရာရာတိုင်းက ဘုရားရဲ့ ကျေးဇူးတော်တွေချည်းပါပဲ။ ဖိနပ်မရှိလို့ ထိုင်ညည်းနေမယ်ဆိုရင် ဖိနပ်စီးစရာ

ခြေထောက်မပါတဲ့သူကို အားနာဖို့ကောင်းတယ်။ ဟင်းမကောင်းလို့ စိတ် ညစ်နေမယ်ဆိုရင် ဗိုက်မှောက်

နေကြရတဲ့သူတွေကို ဘယ်လိုနေရှာမလဲ စဉ်းစားကြည့်ပါ။ 

 နေ့တိုင်းနေ့တိုင်း အသက်ရှင်ခွင့်ရတယ်။ နိုးထခွင့်ရတယ်။ ဘုရားကို ခေါ်တခွင့်ရှိတယ်။ ကောင်းတဲ့ကျန်

းမာရေး၊ ကောင်းတဲ့လေ၊ ကောင်းတဲ့ရေ၊ အစားအစာတွေ ဘုရားသခင်ပေးထားတယ်။ စက္ကန့်နဲ့မလပ်ကျွန်ုပ်

တို့ကျေးဇူးတင်ရမှာက အသက်ရှုဖို့ လေကို ပေးထားတာပဲ။ ကိုဗစ်ကာလအတွင်းမှ လူတွေ အောက်ဆီဂျင်ရဲ့

တန်ဖိုးကို ပိုသိလာကြတယ်။ အရင်တုန်းက အလကားရှုခဲ့ရတဲ့ လေကို သိန်းပေါင်းများစွာ ပိုက်ဆံပေးပြီး

ရှုခဲ့ရတယ်။ ပိုက်ဆံရှိရင်တောင် လွယ်လွယ်နဲ့ မရနိုင်တဲ့ အခြေအနေမျိုးတွေကြုံရတဲ့အခါမှာ အရင်က အလ

ကားရခဲ့တဲ့အရာတွေက တန်ဖိုးကြီးလိုက်တာဆိုပြီး ကျေးဇူးတွေ တင်တတ်လာတယ်။ ပြန်စဉ်းစားကြည့်ရင်

ကျွန်ုပ်တို့ဘဝမှာ ကျေးဇူးတော်သာ အရာရာပါ။ ဘုရားကို ကျေးဇူးတင်စရာတွေ အများကြီးရှိတယ်။

  ဒီယနေ့ ဘုရားရဲ့ ကျေးဇူးတော်တွေကို ပြန်လည်ရေတွက်ကြည့်ရအောင်ပါ။ ကျေးဇူးသိတတ်သူသာ ဘုရား

ရဲ့ မေတ္တာ စေတနာကို ပိုပြီး သဘောပေါက်ကာ တန်ဖိုးထားတတ်တယ်။ အယောက်တိုင်းက မတူညီတဲ့

ကျေးဇူးတွေခံစားရပါတယ်။ သူကိုကျတော့ ကျန်းမာပျော်ရွှင်စေတယ်။ ငါ့ကိုကျတော့ အဲ့ဒါမပေးဘူး။

နာမကျန်းဖျားနာ ခြင်းတွေကို ပေးထားတယ် ဆိုပြီး ထိုင်ညည်းနေတဲ့သူတွေလည်း ရှိမှာပဲ။ သူများနဲ့

မတူတဲ့အတွက် သူများနဲ့ နှိုင်းဖို့မလိုပါဘူး။ သူများမှာ မရှိတဲ့ ကျေးဇူးတော်တွေကို ကိုယ်ခံစားရတာတွေ

လည်း ရှိပါတယ်။ နာမကျန်းမှုကို ဖြစ်စေတယ်ဆိုရင် ဒီဝေဒနာကို ခံထမ်းဖို့ ခွန်အားကိုပါ ဘုရားက

ထည့်ထားပေးပြီးသား။ ဒီလိုခံနိုင်ရည် ပေးတဲ့အတွက် ဘုရားကို ကျေးဇူးတင်လိုက်ပါ။ ဒီယနေ့ ကျွန်ုပ်တို့

တွေက ခံစားရတဲ့ ကျေးဇူးတော်တွေအတွက် ကျေးဇူးတင်နေကြသလို ကျွန်ုပ်တို့လိုမျိုး ထပ်တူထပ်မျှ

မခံစားရသေးတဲ့ ခက်ခဲဒုက္ခရောက်နေတဲ့ ညီအစ်ကိုမောင်နှမ တွေအတွက်လည်း ဘုရားသခင်ဆီမှာ ဆု

တောင်းကူပေးကြရအောင်။ ဘုရားရဲ့ ကျေးဇူးတော်များကို တန်ဖိုးထားပြီး ကျေးဇူးသိတတ်သူတွေ၊ ကျေးဇူး

ဖြန့်ဝေတဲ့သူတွေဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ။ 

Add new comment

15 + 3 =