ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလ (၁၉) ကြိမ်မြောက် တနင်္ဂနွေနေ့ သြဝါဒ ၇၊ ၈၊ ၂၀၂၂

သြဂုတ်လ (၇) ရက်နေ့၊ တနင်္ဂနွေနေ့

 ၁၉ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့ကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။ ဒီတစ်ပါတ်မှာ ထောက်ရှုရမယ့်

ဧဝံဂေလိ ကျမ်းစာကတော့ ရှင်လုကာ ၁၂ း ၃၅-၄၀  အထိကောက်နုတ်ထားပါတယ်။ ဘုရားရှင်ရဲ့ ကြွ

လာခြင်းကို နိုးကြားစွာနဲ့ စော်မျှော် ပြင်ဆင်ထားရှိကြဖို့ တိုက်တွန်းထားတဲ့ ကျမ်းစကားပဲဖြစ်ပါတယ်။

စောင့်မျှော်ခြင်းဆိုတာကို လူတိုင်းကြုံဖူးကြ ပါတယ်။ စောင့်ရတာ ပျော်ရွှင်ပြီး ရင်တထိတ်ထိတ်နဲ့ စောင့်

ရတာမျိုးရှိသလို၊ စိတ်မရှည်စွာနဲ့ မငြိမ်မသက် စောင့်ရတဲ့ အခိုက်အတန့်တွေလည်းရှိပါတယ်။ ဓမ္မဟောင်း

ကာလမှာတုန်းကဆိုရင် အီစရာအဲလ်လူမျိုးတွေ ကျွန်ဘဝက လွတ်မြောက် မယ့်အချိန်ကို မျှော်လင့်ချက်

ကြီးစွာနဲ့ စောင့်ဆိုင်းခဲ့ကြရတယ်။ ဓမ္မသစ်မှာလည်း ကယ်တင်ရှင်ကို မျှော်လင့်ခဲ့ကြရ ပြန်တယ်။ သမိုင်း

အဆက်ဆက်၊ ခေတ်အဆက်ဆက် စောင့်ခဲ့၊ မျှော်ခဲ့၊ တမ်းတခဲ့ကြရတာပါ။ သေချာတဲ့အရာတစ်ခုကို

စောင့်ရတာ ကိစ္စမရှိပေမဲ့ မသေချာ မရေရာတဲ့ အရာတစ်ခုကို မျှော်လင့်ချက်နဲ့ စောင့်နေဖို့က မလွယ်ပါ

ဘူး။ ဒီအတိုင်းပဲ ထိုင်စောင့်နေလို့လည်းမပြီးသေးဘူး။ လုပ်စရှိတာလေးတွေလည်း လုပ်ရတယ်။ မျှော်

လင့်ချက်လည်းထားရတယ်။

   မြန်မာပြည်သူတွေလည်း ယခုအချိန်မှာ နိုင်ငံတော် တည်ငြိမ်ပြီး ငြိမ်းချမ်းသာယာ မယ့်နေ့ကို မျှော်

လင့်ချက်တွေနဲ့ စောင့်နေကြပါတယ်။ တို့ပြည်သူတွေလည်း ဒီအတိုင်းတော့ ထိုင်စောင့်မနေကြပါဘူး။

လုပ်သင့်တာတွေလုပ်ရင်း စောင့်မျှော်ကြတယ်။ သတိနဲ့စောင့်ရင်း အသိလေးတွေရှိအောင် နေနေကြရ

တယ်။ ဒါပေမဲ့ တချို့ အရာတွေက အသိမပေးဘဲ ကြိုတင်အကြောင်းမကြားဘဲ ရောက်လာတတ်ကြ

တယ်။ သူခိုးလာမယ့် အချိန်ကို ဘယ်သူမှ ကြိုတင် မသိကြပါဘူး။ ဘယ်သူခိုးကမှလည်း ငါ ဒီည

မင်းတို့အိမ်လာခိုးမယ်နော်ဆိုပြီး ကြိုတင် သတင်းပေးပြီး မလာဘူး။ အိမ်ရှင် မသိတဲ့အချိန်၊ မထင်မှတ်

တဲ့အချိန်မှာ လာလေ့ရှိတာပါ။ ဘုရားသခင်က သူ့ရဲ့ ကြွလာခြင်းကို သူခိုးလာသလိုမျိုး ရင်တထိတ်ထိတ်

နဲ့ ကင်းစောင့်သလို စောင့်မျှော်ကြဖို့ ပြောတာမဟုတ်ပါဘူး။ မထင်မှတ် ထားတဲ့အချိန်မှာ လာတတ်တယ်

ဆိုတာကိုပဲ မီးမောင်းထိုးပြခြင်းသာဖြစ်ပါတယ်။ 

  သူခိုးလာမယ်ဆိုရင်လည်း မအိပ်ဘဲ စောင့်ကြမှာပဲ။ ကြိုသိနေတဲ့အရာတစ်ခုအတွက် ကြိုတင်ပြင်ဆင်

ထားကြတာ မဆန်းဘူး။ ဒါပေမဲ့ ဘုရားက သူ့ရဲ့ ကြွလာခြင်းကို ကြိုတင် အသိမပေးပေမဲ့ ကြိုတင်တော့

ပြင်ဆင်ထားစေချင်တယ်။ မဟုတ်ရင် အပျင်းကြီး အချိန်ဆွဲတဲ့ လူတွေတော့ ဒုက္ခရောက်ကုန်မှာ။ လူရဲ့

အကျင့်က အချိန်ရှိသေးရင် ရှိသလို ဆွဲတတ်တယ်။ ငါမှာ အချိန်ရှိသေးတာပဲ၊ ရသေးတယ် နောက်မှ

လုပ်မယ်ဆိုပြီး ဆွဲထားတဲ့ အလုပ်တွေက တို့လို့ တန်းလန်းတွေ အများကြီး။ အဲ့ဒီတော့ အချိန်ရှိပါသေး

တယ်ဆိုပြီး အေးအေးဆေးဆေးနဲ့ စိတ်အေးလက်အေးလုပ်နေလို့ မရဘူး။  ဗြုန်းစားကြီး သေခြင်းတရား

ဆိုတာ ရောက်လာခဲ့ရင် ကျွန်တော့်ကို မခေါ်နဲ့ဦး အဆင့်သင်မရှိသေးဘူးလို့ ပြောလို့ မရဘူး။ ခေါ်ရင်လိုက်

သွားရမှာပဲ။ ဒါကြောင့် အချိန်တိုင်း ပြင်ဆင်ထားရမယ်။ အချိန်ရှိပါတယ်ဆိုပြီး အချိန်ဆွဲနေရင် မပြင်မဆင်နဲ့

နောက်ကျကုန်မှာစိုးလို့ ဘုရားရှင်က သူ့ရဲ့ ကြွလာာခြင်းကို ကြိုတင် အသိမပေးဘဲ ထားတာပါလို့ တရားဆင်

ခြင်မိပါတယ်။

  ဘုရားရှင်က သူ့ရဲ့ ကြွလာခြင်းကို နိုးနိုးကြားကြားနဲ့ စောင့်နေတတ်တဲ့ အစေခံတစ်ယောက်နဲ့ ခိုင်းနှိုင်းပါ

တယ်။ သခင်မှာထားတဲ့အတိုင်း လုပ်စရာရှိတာတွေကို လုပ်ပြီး တာဝန်ကျေပွန်စွာ သစ္စာရှိစွာ ထမ်းဆောင်

တတ်တဲ့ အစေခံတစ် ယောက်ဟာ သူ့သခင် ဘယ်အချိန်လာလာ အမြဲတမ်း အဆင်သင့်ရှိနေမှာပါ။ ဒီလို

အစေခံမျိုးကို ဘုရားရှင်က မင်္ဂလာ ရှိ သော ငယ်သားကောင်း ၊ သစ္စာရှိသော ငယ်သားကောင်းဆိုပြီး

ချီးမွမ်းထားပါတယ်။ ကျွန်တော်တို့လည်းပဲ ဘုရားရှင်ရဲ့ ကြွလာခြင်းကို ဘယ်အချိန်ဘယ်အခါ အတိအကျ

မသိရပေမဲ့ လုပ်စရာရှိတာကို ဆက်လုပ်နေရမယ်။ ကောင်းတဲ့အရာ တွေကို ဆက်ကောင်းနေအောင် ကြိုးစား

ဖို့လိုတယ်။ ဘုရားရှင် ပေးထားတဲ့ ဘဝအသက်တာကို ဘုရားပေး တာဝန် တစ်ခု လို အသက်ရှင်ပြီး လုပ်စရာ

ရှိတဲ့ ကောင်းမှုတွေ၊ ပေးဆပ်ရမယ့် အစေခံခြင်းတွေကို ပုံမှန်အတိုင်း လုပ်ဆောင်ခြင်းအားဖြင့် ဘုရားရှင်ရဲ့

ငယ်သားကောင်းများ ဖြစ်လာပါလိမ့်မယ်။ အချိန်မနှောင်းခင် ပြင်ဆင်ရင်း ကောင်းသော အရာများဖြင့် ဘုရား

ရှင်ရဲ့ ကြွလာခြင်းကို စောင့်ကြိုပြင်ဆင်နိုင်သောသူများဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အားလုံး

ကို ဘုရားရှင် ကောင်းကြီးပေးပါစေ။

Add new comment

14 + 2 =