ဖာသာရ် John ထွန်းထွန်းနိုင် (မန္တလေး) သာမန်ကာလ (၁၆) ကြိမ်မြောက် တနင်္ဂနွေနေ့ သြဝါဒ ၂၄၊ ၇၊ ၂၀၂၂

        ဒီနေ့ဇူလိုင်လ၂၄ရက်နေ့(၁၇)ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့မှာဖတ်ရှု့ရတဲ့ရှင်လုကာ ဧဝိဂေလိကျမ်

းဖော်ပြချက် မှာတော့တပည့်တော်တစ်ဦးက”သခင်ဘုရားယောဟန်သည်သူ၏တပည့်များကိုဆုတောင်း

ရန်သင်ကြာပေးသကဲ့ သို့တပည့်တော်တိုကိုလည်းသင်ပေးတော်မှုပါ” လို့လျှောက်ထားခဲ့ပါတယ်။

အဲ့ဒီအခါမှာတော့သခင်ယေဇူးက တပည့်တော်တွေကိုကောင်းကင်ဘုံ၌မေတ္တာကိုသင်ကြာပေးခဲ့ပါတယ်။

    ခရစ်ယာန်တစ်ယောက်ဘဝအသက်တာမှာနေ့စဉ်ကြာနေကြအကျွမ်းတဝင်ဖြစ်နေတဲ့စကားလုံးတွေ

ကတော့ ဆုတောင်းခြင်းပဲ့ဖြစ်ပါတယ်။ အလွယ်တကူပြောရရင်တော့ဆုတောင်းခြင်းဆိုတာလူနဲ့ဘုရား

ရှင်ဆက်သွယ်မူပြု တဲလမ်းကြောင်းပါပဲ။ ဒီလိုဆက်သွဘ်မှုမှာမှန်ကန်ဆုံနဲ့အကောင်းဆုံဆက်သွယ်မှု

ဖြစ်ဖို့လမ်းညွန်အဖြစ်သခင်ခရစ် တော်ကကောင်းကင်ဘုံ၌မေတ္တာကိုသင်ကြားပေးခဲ့ပါတယ်။ အသင်း

တော်ကနေအသင်ရေးသားပြုစုထားသောမေတ္တာ ဆိုခြင်းကတော့ဘာသာတူတွေကိုဆုတောင်းတက်

အောင်လွယ်ကူဆုံလမ်းညွန်မှုပဲဖြစ်ပါတယ်။ ဆုတောင်းပုံဆု တောင်းနည်းကတော့အမျိုးမျိုးရှိပါတယ်။

ဘယ်နည်းနဲ့ဆုတောင်းမှုပြုသည်ဖြစ်စေကျွန်ုပ်တို့ရဲ့နေစဉ်ဆုတောင်း ခြင်းကဘုရားရှင်ကိုနှလုံးသာမှာထိ

တွေ့ခံစားဘုရားရှင်နဲ့ပိုမိုနှိးကပ်လာစေဖို့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ ဆုတောင်းခြင်းအတွက်လွယ်ကူရိုး

ရှင်းတဲ့နောက်ထပ်နည်းလမ်းတစ်ခုကတော့ကိုယ်တော်မြတ်စက္ကရမင်တူးရှေ့မှာတိတ်ဆိတ်ငြိမ်သက်စွာ

တရားရှ့မှတ်ဆုတောင်းခြင်း(သို့)စိတ်ငြိမ်စွာဆုတောင်ခြင်းဖြစ်ပါတယ်။ ဒီဆုတောင်း နည်းကတော့

ကိုယ်တော်ရှင်နဲ့စားပြောရင် ရင်းနှီးစွာဆုတောင်းခြင်းပဲဖြစ်ပါတယ်။ ဆုတောင်းခြင်းမှာကိုယ်တစ်ဦး

တည်းကဘုရားရှင်အားစကားပြောဆုတောင်းခြင်းမဟုတ်ဘဲ့ဘုရားရှင်ကကိုယ်အားပြောနေတဲ့အကြောင်း

ကိုလည်းနာထောင်ခြင်ပဲဖြစ်ပါတယ်။ ဒီလိုမျိုးဘုရားကျောင်းထဲကိုယ်တော်မြတ်ရှေ့တော်မှာ(သို့)စိတ်ငြိမ်

တဲ့နေရာမှာ ဘုရားရှင်နဲ့စကားပြောဆုတောင်းမှာတော့ကျွန်ုပ်တို့ရဲ့စိတ်ခံစားမှုအားလုံးကိုဘုရားသခင်စီမှာ

ဖွင်ဟဝန်ခံခြင်းပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ကျွန်ုပ်တို့ခံစားရတဲ့ကျေးဇူတော်ကြောင့်လက်ခံရရှိနေတဲ့

ပျော်ရွန်ခြင်းတွေကိုလည်း ဘုရားရှင်ထံပြောပြကျေးဇူးတင်ပြီးနောက်ထပ်ဆန့်ကျင့်ဘက်ခံစာမှုဖြစ်တဲ့ဒုက္ခ

အခက်အခဲ့တွေကအစဘုရားရှင်ထံမှာကိုယ်ရဲ့အရင်းနှီးရဆုံမိတ်ဆွေထံမှာရင်ဖွင့်သလိုမျိုးပြေပြဖို့လိုအပ်ပါ

တယ်။ နောက်ဆုံးစိတ်ခံစာရလွန်းလို ဝမ်းနည်းမှုတွေ့နေရင်တောင်ကိုယ်တော်ရှင်ရဲ့ရှေ့မှောက်မှာငိုကြွေးလိုက်

ပါ။ကိုယ်တော်ရှင်ကိုကျွန်ုပ်တိုံရဲ့ အားကိုးစရာဘုရားအဖြစ်ဆက်သွယ်တဲ့အခါမှာကိုယ်ရဲ့အရင်းနှိးဆုံ၊ အားကိုး

ထိုက်သောမိတ်ဆွေအဖြစ်အားကိုး ဆက်ဆံဖို့လိုပါတယ်။ ဆုတောင်းခြင်မှာပုံစံနည်းလမ်းအမျိုးအမျိုးရှိသလို

ဘယ်နည်းလမ်းကတော့အားလုံးအ တွက်အကောင်းဆုံးလိုဆိုလိုမရပါဘူ။ ဘာလိုလည်းဆိုတော့ဘုရားရှင်က

လူသားတွေကိုဆက်သွယ်ဖို့အတွက် လမ်ကြောင်းနည်းလမ်းများစွာဖွင်ပေးထာတဲ့အတွက်ဖြစ်ပါတယ်။

တစ်ယောက်အတွက်ဆုတောင်းနည်းတစ်ခု ကအဆင်ပြေပြီးအကောင်းဆူုဖြစ်ပေမယ်ံ။ နောက်တစ်ယောက်

အတွက်တော့အခြားဆုတောင်းနည်းကပိုပြီး အဆင်ပြေကိုက်ညီနေပါလိပ်မယ်။ ဆုတောင်းတဲ့အခါမှာတစ်

သတ်မှတ်တည်းပုံစံနဲ့ဆုတောင်းခြင်းမျိုမဟုတ်ဘဲ နည်းလမ်းများပြောင်းလဲဆုတောင်းသင်ပါတယ်။  

ဆုတောင်းခြင်းမှာပါဝင်သင်တဲ့အကြောင်းအရာအချက်တွေကတော့ဘုရားသခင်းအားကျေးဇူးတင်ခြင်း၊

အပြစ်များအတွက်နှောင်တယူခြင်း၊ ဆပ်ဖြေခြင်နဲ့လိုအပ်ချက်မျာတောင်လျှောက်ခြင်းတို့ဖြစ်ပါတယ်။

သမ္မာကျမ်း စာတော်မြတ်ဘုရားရှင်ရဲ့ နှုတ်ကပါဌ်တော်ကို ဖတ်ရှု့ကတရားထောက်ရှု့ပြီးဘုရားရှင်ကျွန်ု

တို့ကိုပြောလိုတဲ့အရာတွေကိုနားထောင်ပြီးဆုတောင်းကြရအောင်။ အခုပြောပြခဲ့တဲ့ဆုတောင်းတဲ့နည်း

လမ်းတွေကိုအသုံပြုပြီးဘုရား ရင်နဲ့အကောင်းဆုံဆက်သွယ်နေထိုင်ကာဘုရားရှင်ရဲ့သားသမီးကောင်းမျာ

းဖြစ်လာနိုင်ရန်ကြိုူစာကြပါစို့။                                                                                                              

Add new comment

1 + 3 =