Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖာသာရ် George ရွှေထွန်း (ရန်ကုန်) သာမန်ကာလ (၁၄)ကြိမ်မြောက် တနင်္ဂနွေနေ့ သြဝါဒ ၃၊ ၇၊ ၂၀၂၂
၁၄ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့
ဒီနေ့ဧဝံဂေလိကျမ်းစာတော်မြတ်မှာတော့ ရိတ်သိမ်းစရာများစွာရှိသဖြင့်ဘုရားရှင်၏နိုင်ငံတော်သည်လက်တစ်ကမ်းသို့ရောက်
ရှိနေပြီးဖြစ်ကြောင်းကြေငြာရန်မိမိတပည့်နောက်လိုက်များကို ခရစ်တော်စေလွှတ်တော်မူကြောင်းဖြစ်ပါတယ်။ နှုတ်တော်ထွက်
စကားတော်ကိုဟောဖပြာဖို့ အမှုတော်မြတ်အတွက် တပည့်တော်အပါး(၇၀)ကိုခန့်အပ်ခဲ့တဲ့ ယေဇူခရစ်တော်ကသူရွေးကောက်
တဲ့လူ(၇၀) ကိုတာဝန်(၂)ရပ်ပေးအပ်ခဲ့တယ်။ သူနံမည်နဲ့ဟောပြောရန်နှင်သူအဏာကိုအဿုံးချရန်ဖြစ်ပါတယ်။ ကိုယ်တော်ကသူ
တို့တွေအမှုတော်မြတ်ကိုဘယ်လိုဆောင်ရွက်ကြရမယ်းဆိုတာညွန်ကြာခဲ့တယ်။ မိမိတို့ဟာလူလိမ် လူညာမျာမဟုတ်၊ ရိုးသာသူ
များ၊ ရက်ရောသူများ၊ အေးအေးလူလူနေထိုင်တက်သူများအဖြစ်နှင့်လူတကာကိုအလုပ်အကျွေးပြုသူများဖြစ်ကြောင်း၊ ဘုရား
ရှင်ရဲ့နိုင်တော် အကြောင်းအားသွန်ခွန်စိုက်ကြေငြာရန်မှတစ်ပါးအခြားပို၍အရေးမပါတဲ့အရာများအပေါ်သွေဖည်၍မဟောပြောရန်
ခရီးအတွက်လိုအပ်ရာပစ္စည်းမှအပနှုတ်တော်ထွက်စကားတော်ကိုဟောပြောမှုနှင်မလိုက်ဖတ်သည်အရားများကိုမယူဆောင်ရန်၊
အမှုတော်မြတ်ဆောင်ရွက်ခြင်'အတွက်အဖိုးအခကိုမမျှော်လင့်ပဲအခမဲ့ဆောင်ရွက်ပေရန်ဖြစ်တယ်။ ကိုယ်တော်ကမိမိတပည့်တော်များ
ကိုသူတိုကိုယ်ပိုင်အစွမ်းအစပေါ်မိုခိုအားထားခြင်ထက် မိမိအပေါ်ယုံကြည်အားကိုးစေလိုတော်မူတယ်။
ယေဇူကိုယ်တော်ပြောတာက "ဝံပုလွေတို့အလယ်၌ သိုးငယ်များကဲ့သို့ငါစေလွှတ်၏" တဲ့။ သိုးငယ်ဆိုတာကျွနှ်ပ်တို့သိကြာတဲ့
အတိုင်းအကူအညီမရှိတဲ့တိရစ္ဆာန်ပါ။ အထူးသဖြင့်သိုးထိန်းအပေါ်မှိခိုရတယ်။ အဲဒါကမှတကယ်သတင်းစကားဖြစ်တယ်။
သိုးငယ်လိုပဲတပည့်တော်တွေဟာလမ်းကိုတွေ့ဖို့နှင်လိုအပ်တာရဖို့ဘုရားရှင်ထံမှိခိုရမှာဖြစ်ပါတယ်။ အမှုတော်မြတ်ကိုထမ်းဆောင်
ဖို့သွားကြရမှာ အရာဝတ္ထုတွေ၊ ပိုဆံတွေ၊ မိမိတို့ရဲံအရည်အချင်းတွေ၊ ပညာရေးကျောထောက်ခံအပေါ်အားထာကြရမှာမဟုတ်ပါဘူး
ဘုရားအပေါ်အားထားပြီးလုပ်ရမှာပါ။ နှလုံးသာရဲ့အနှက်ရှိုင်းဆုံနေရာက လူတွေကိုချစ်ပါ။ အစေခံပါ၊ တချိန်တည်းမှာပဲလောကီတန်
ဖိုးများနဲ့ဝေးဝေးနေပါ။ ကျွနှ်ပ်တို့ခွန်အားအတွက် ကျွနှ်ပ်တို့ရဲ့ဖခင်ဖြစ်သူဘုရားအပေါ်အမြဲအာကိုးတဲ့နာခံမူရှိသော သိုးငယ်ကလေးများ
လိုနေထိုင်ကြပါစို့။
နောက်တချက်အနေနဲ့သခင်ယေဇူးက ကျွနှ်ပ်တို့ကိုလူအများထံငြိမ်းချမ်းသာယာခြင်းဆောင်ညင်းပေးသူတွေဖြစ်စေခြင်ပါတယ်။
ဒီခေတ်အချိန်အခါမှာငြိမ်းချမ်းခြင်းအထူးလိုအပ်ပါတယ်။ ကမ္ဘာကြီးဖျားနေပြီ၊ မြန်မာပြည်ကြီးတေဒနာခံစားရင်အပျင်းဖျားနေပြီကုသ
ခြင်းလိုအပ်နေတဲ့အရေးပေါ်အခြေအနေရောက်နေပြီဧဝံဂေလိဝမ်းမြောက်စရာသတင်းကောင်းလိုအပ်နေတယ်။ အမုန်းတရားအဆိပ်
အတောက်တွေနဲ့မွမ်းကြပ်နေတဲ့ဒီမြေမှာချစ်ခြင်းမေတ္တာရှူရှိုက်ဖို့အရေးကြီးလိုအပ်နေပါတယ်။ မေတ္တာစေတနာသနာဂရုဏာပြသခြင်းသည်
သာသနာပြုခြင်၏နှလုံးသာပင်ဖြစ်ပါတယ်။
ညီကိုမောင်နှမအပေါင်းတို့ချစ်ခြင်းမေတ္တာနှလုံးသားမှာစီးဆင်းလာသောကူညီတက်တဲ့လက်တွေနဲ့ဆာလောင်နေသူတွေ၊ ဖျားနာနေသူတွေ
အချုပ်အနောင်ခံရသူတွေ၊ ခိုးကိုးရာမဲ့နေသူတွေအားလုံးကိုအဖော်ပြုပေးခြင်းဟာယနေ့သင်ရဲ့သာသနာပြုခြင်းပါပဲ။ ဆေးကြောခြင်းခံယူပြီး
သူတိုင်းသည်သာသနာပြုရန်စေလွှတ်ခံရသူဖြစ်ပါတယ်။ အားလုံးသာသနာပြုစိတ်အားထက်သန်ကြပါစေ။ စာနာမှုနဲ့သာသနာပြုနိုင်ကြပါစေ။
Add new comment