ဖာသာရ် David  တိုးဝေအောင်(မန္တလေး) အလွန်မွန်မြတ်သော်ကိုယ်တော်၏အသားတော်နှင့်သွေးတော်ပွဲနေ့ သြဝါဒ ၁၉၊ ၆၊ ၂၀၂၂

         ချစ်လှစွာသောညီအစ်ကိုမောင်နှမ အပေါင်းတို့ ဒီကဟာ အလွန်မွန်မြတ်သော်ကိုယ်တော်၏အသားတော်နှင်သွေးတော်မြတ်ပွဲနေကြီးကိုကျင်းပနေပါတယ်။ 

၁၆ရာစုနှစ် (AD) ၁၅၀၀ကျော်မှာ စပိန် သဘော်တစ်စင်ဟာ ပင်လယ်မှ ခရီးသွားရင်းနှစ်မြုတ်ခဲ့ပါတယ်။ သဘော်ပေါ်မှာပါတဲ့ ပစ္စည်းတွေဟိုဟို ဒီဒီ မြောလွင့်ရင်း

Ireland ကမ်းခြေမှာရှိတဲ့ရေငုတ်သမားတစ်ဦးစီကိုလှပတဲ့ ဗူးလေးတစ်ခုရောက်ရှိသွားခဲ့ပါတယ်။ ဒီဗူးလေးထဲမှာ လှပတဲ့ လက်စွပ်ကလေးတစ်ကွင်းကို တွေ့ရပါတယ်။

ဒီလက်စွပ်ရဲ့ အတွင်းဘက်မှာ ရေးထားတဲ့ စာလေးကတော့ ဒီထက်ပိုပြီးမင်းကိုပေးစရာငါမှာမရှိတော့ဘူး တဲ့။

        ဒီနေ့သခင်ခရစ်တော်ရဲ့ မွန်မြတ်သောအသားတော်နှင်သွေးတော်မြတ်ပွဲကြီးကို ကျင်းပချိန် ဒီစကားလေးကိုပြောနေသလိုခံစားရပါတယ်။ ကျမ်းစာမှာမတွေ့ရပေမဲ့

သခင်ခရစ်တော်ဘဝအားဖြင့်သက်သေပြနေတာကိုတွေ့ရပါတယ်။ ဒီထက်ပိုပြီးမင်းကိုပေးစရာငါမှာမရှိတော့ဘူး  မှန်ပါတယ်။ ကိုယ်တော်ရဲ့ အသားတော်နဲ့ သွေးတော်မြတ်

ဖြစ်တဲ့ ကိုယ်ာ်တော်မြတ်စက္ကရမင်တူး မှာ အားလုံးဟာရှိနေပြီသားဖြစ်ပါတယ်။ ဖခင်တစ်ဦးသေခါနီးအချိန်မှာ မိသားစုနဲ့ ခွဲခွါကာနီးအချိန်မှာ သားသမီးတွေကို အနားမှာ

ခေါ်ပြီမိမိရှာဖွေစုဆောင်ခဲ့တဲ့ဥစ္စာပစ္စည်းများကို အမွေအဖြစ်ခွဲဝေပေးလေရှိပါတယ်။ သခင်ခရသ်တော်လည်း ကျွန်ုပ်တိုအတွက် အသက်ပေးရုံမက ဒို့နဲ့ထာဝရရှိဖို့

ကိုယ်တော်မြတ်စက္ကရမင်တူး ကို ဖန်ဆင်ပေးခဲ့  ကျွန်ုပ်တို့အထဲမှာ အမြဲ့ရှိနေခဲ့တယ်။ ဒါဟာဘယ်သောအခါမှ ပျောက်ပျက်မသွားမဲ့ ပဠိဉာဥ်ပဲ ဖြစ်ပါတယ်။ 

ဒါကြောင့်ဘုရားရှင်ကျွန်ုပ်တို့အပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာဟာအင်မတန်မှကြီးမားပါတယ်။ ကယ်တင်ရုံတင်မက ဒို့နဲ့အတူရှိဖို့၊  ဝိညာဥ◌်ကာယခွန်အားပေးသနား

ဖို့အပြသ်ခွင်လွှတ်ခြင်းရရှိဖို၊ ကပ်ကမ္ဘာကုန်သည်တိုင်အောင် ကျွန်ုပ်တို့နဲ့ အတူရှိဖို့ကိုယ်တော်မြတ်ကိုပေးသနားခဲ့ပါတယ်။ တစ်ချို့ဆိုသံသယတောင်ဝင်ခဲ့ကြပါတယ်။

ကျွန်ုပ်တို့ကသာ တခါတရံ ပြုနေကြဖြစ်လို့ ရိုးသွားတတ်ကြတယ်။ ဘာမှမခံစာရသလိုဖြစ်ခဲ့ကြဒီထဲမှာ ကျွန်ုပ်တို့ ရဟန်းတွေလဲပါဝင်ကြ။ ဒါ​‌ကြောင့် ရဟန်းတော်မျာ

းမစ္ဆားဟောခါနီးတိုင်မှာ အမြဲသတိရ ရတဒ့ စာသားလေရှိပါတယ် အဲ့ဒါကတော့ ဤမစ္ဆားတရား ကိုသင့်ရဲ့ပထမဆုံးမစ္ဆား၊ နောက်ဆုံးသော မစ္ဆားတစ်ခုတည်းသေ

ာ မစ္ဆာအဖြစ်ပူဇော်ပါ။ ဒီလိုပါပဲ ကျွန်ုပ်တို့ဘာသာဝင်များလဲ ကိုယ်တော်မြတ်ကို ပင့်ယူချိန်တိုင်းမှာ ကျွန်ုပ်တို့ရဲ့ ပထမဆုံးသော ကိုယ်တော်မြတ်၊ နောက်ဆုံးသောကိုယ်တော်မြတ်

တစ်ခုတည်းသောသောကိုယ်တော်မြတ် ဆိုတာ အောက်မေ့ပြီး ကိုယ်တော်မြတ်ကိုပင့်ယူဖို့လိုပါတယ်။ ကျွန်ုပ်တို့ကို ထာဝရအသက်ဆီပို့မဲ့ ကိုယ်တော်မြတ် ဖြစ်တယ်ဆိူတာကိုအောက်မေ့ကြစို့။

  ဒါကြောင့်ဒီနေ့ ဘုရားရှင်က သူရဲ့ ဘဝ၊ အသက်၊ ခန္ဒာအသွေးသား အကုန်လုံးကို ကျွန်ုပ်တို့တွက်ပေးဆပ်ခဲ့သလို ကျွန်ုပ်တို့လဲ ဘုရားရှင်ပေါ်မှာ  ကျွန်ုပ်တို့ဘဝသက်တာ

ဖြင့်လုံးလုံး လျားလျားဆပ်ကပ်နိုင်ဖို့ကြိုးစားကြပါစို့။

Add new comment

7 + 1 =