ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၂၄ ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့ ဩဝါဒ ၁၇၊ ၉၊ ၂၀၂၃

သာမန်ကာလ (၂၄)ကြိမ်မြောက်တနင်္ဂနေ့ရှင်မာတေဦး ၁၈း၂၁ - ၃၅
ယနေ့ဖတ်ရတဲ့ကျမ်းစာတွေအားဖြင့် သူတစ်ပါးတွေကို ခွင့်လွှတ်ဖို့ ယေဇူးဘုရားရှင်ကသင်ကြားပေးပါတယ်။ ရှင်ပေတရူးက "သခင်ဘုရား၊ တပည့်တော်၏ညီအစ်ကိုသည်တပည့်တော်ကိုပြစ်မှားလျှင် အကြိမ်မည်မျှခွင့်လွှတ်ရပါမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လော"လို့ ပိုပိုလိုလို ယေဇူးဘုရားရှင်ကို မေးလိုက်ပါတယ်။ သူတို့အချိန်တုံးက ဘာသာရေးတွေသင်ပေးနေတဲ့ ရာဗီ လို့ခေါ်တဲ့ ဘာသာရေးဆရာတွေ သင်ပေးတာက (၃)ကြိမ်အထိ ခွင့်လွှတ်ဖို့သင်ပေးကြပါတယ်။ ကျနော်တို့ ခေတ်မှာလည်း လူတစ်ယောက်ကို သတိပေးရင် (၃) warning  ပေးလေ့ရှိကြပါတယ်။ warning  (၃) ခါပေးလို့မှ မရရင် အရေးယူခံရတာပဲ။ (၃)ခါဆိုတာ များနေပြီဆိုတဲ့သဘောပါပဲ။ အခု ယေဇူးဘုရားရှင်က လူတစ်ယောက်ကို ခွင့်လွှတ်တဲ့အခါ ခုနစ်ကြိမ် မကဘူး၊ အကြိမ်ခုနစ်ဆယ်ခုနစ်လီ ခွင့်လွှတ်ရမယ်လို့ ဖြေကြားလိုက်ပါတယ်။ ဆိုလိုချင်တာကတော့ သူကနောင်တရပြီး ခွင့်လွှတ်ဖို့ တောင်းပန်လာတဲ့အခါတိုင်း အခါတိုင်းမှာ ခွင့်လွှတ်ပါလို့မိန့်တော်မူတာပါ။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါရှိပြီလို့လည်း အမှတ်မထားပါနဲ့။ခွင့်လွှတ်ခြင်းနဲ့ ပတ်သက်လို့ ယေဇူးဘုရားရှင် မိန့်တော်မူတဲ့ ပုံဥပမာကတော့ဘုရင်အပေါ်မှာ တာလင် တစ်သောင်း အ‌ကြွေးတင်တဲ့အစေခံတစ်ယောက်ကို ဘုရင်ကအေကးပြန်ဆပ်ဖို့ အမိန့်ချပါတယ်။ ပြောလို့သာပြောရတာ တာလင် တစ်သောင်းကို သူ့ဘဝမှာဘယ်လိုလုပ် ပြန်ဆပ်နိုင်မှာလဲ။ တစ်တာလင် ဆိုရင်တောင် နှစ်ပေါင်း ၂၀ ရဲ့ လုပ်အားခနဲ့ညီမျှတယ်။ ယနေ့ သုံးနေတဲ့ ဒေါ်လာငွေနဲ့ ပြောရရင် တစ်တာလင်ဟာ ဒေါ်လာ ၃၄၈၀၀၀ နဲ့ညီမျှတယ်။ ဒါ တစ်တာလင်ရဲ့တန်ဖိုးကို ပြောတာနော်။ အခု ဘုရင့်ဆီ အေ<ကးတင်နေတာကတာလင် တစ်သောင်းဆိုတော့ ဒေါ်လာ ၃၄၈၀၀၀ ကို တစ်သောင်းနဲ့ မြှောက်၊ မြှောက်လို့ရတဲ့ဒေါ်လာငွေကို လျော်ရမှာဆိုတော့ တစ်သက်လုံး ပြန်ဆပ်နိုင်မှာ မဟုတ်ပါဘူး။
ဒီအစေခံက ဘုရင်ငွေကို ဘာတွေများ သုံးဖြုန်းလို့ ဒီလောက်များများအေကးတင်သွားရတယ်လဲ မသိဘူး။ ဘာပဲဖြစ်ဖြစ် ဘုရင်ကတော့ စိတ်ဆိုးပြီးတော့ အ‌ကြွေးကိုမဖြစ်ဖြစ်အောင်ဆပ်ခိုင်းတယ်။ အိမ်ရော၊ ခြံရော ၊ ရှိသမျှ ဥစ္စာတွေလည်း ရောင်း၊ သူ့သားမယားပါကျွန်အဖြစ်နဲ့ ရောင်းပြီး အေကးဆပ်ခိုင်းတယ်။ ဒါတွေအကုန် ရောင်းချရင်တောင် တာလင်တစ်သောင်း ပြည့်မှာ မဟုတ်ပါဘူး။ဒါပေမဲ့ အဲဒီအစေခံက ဒူးတုပ်ပျပ်ဝပ်ပြီး "အကျွန်ုပ်ကို သည်းခံတော်မူပါ။ ရှိသမျှကို အကျွန်ုပ်
ပေးဆပ်ပါမည်" လို့ တောင်းပန်တဲ့အခါ ဘုရင်က သနားပြီးတော့ အေ<ကးတွေအားလုံးကို တစ်ပြားမှမပေးနဲ့တော့ဆိုပြီး အကြွေးမှ လွှတ်လိုက်ပါတယ်။ အဲဒီအစေခံက ထွက်သွားတဲ့အခါ လမ်းမှာသူ့အဖော်သားအစေခံတစ်ယောက်ကို တွေ့တဲ့အခါ လည်ပင်းညှစ်ပြီးတော့ "ငါ့ဆီက ချေးထားတဲ့ဒေနာရီတစ်ရာကို အခုချက်ချင်း ပေး"  ဆိုပြီး တောင်းပါတယ်။ သူ့အဖော်သားအစေခံကလည်း "ပြန်ပေးဆပ်ပါ့မယ်။ စိတ်ချပါ။ ခဏ သည်းခံစောင့်ပါအုံး" လို့ တောင်းပန်လည်း မရပါဘူး။ အကြွေမဆပ်မချင်း ထောင်ထဲချထားတယ် တဲ့။ သူ့အဖော်သားအစေခံက သူ့ဆီ အကြွေးတင်တာကဒေနာရီတစ်ရာနော်။ ဘုရင်က သူ့ကို ခွင့်လွှတ်လိုက်တဲ့အေကြွေးက တာလင် တစ်သောင်းနော်။ ဒေနာရီနဲ့ တာလင်နဲ့က ဘယ်လောက်များ ကွာခြားသလဲဆိုတော့ ဒေနာရီ ၆၀၀၀ ပေးမှတစ်တာလင်နဲ့ပဲ ညီမျှသေးတာ။ တစ်နေ့လုပ်အားခ ဒေနာရီတစ်ပြားရတယ်ဆိုတော့ သူ့ကိုသူ့အစေခံအဖော်သားက ပြန်ဆပ်ရမည့်ငွေ ဒေနာရီတစ်ရာက ရက်ပေါင်းတစ်ရာ အလုပ်လုပ်ခကိုပေးလိုက်ရင် ကျေပါပြီ။ သူက ဘုရင့်ကို အ‌ကြွေးတင်ခဲ့တဲ့ တာလင် တစ်သောင်းကို တစ်နေ့လုပ်အားခဒေနာရီတစ်ပြားချင်း ပေးဆပ်သွားမယ်ဆိုရင် တစ်သက်လုံး အကြွေးကျေမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်း ၂၀ ရဲ့လုပ်အားခတွေ ပေါင်းမှ တာလင် တစ်ပြားပဲ ရအုံးမှာ။
တာလင် တစ်သောင်း ပြည့်ဖို့ဆို ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အမှန်ဆို ဒီလောက်များတဲ့အကြွေတွေ ဘုရင်က သူ့ကို ခွင့်လွှတ်လိုက်လို့ သူကအပျော်လွန်ပြီး သူ့အဖော်သားရဲ့ မဖြစ်စလောက်အကြွေးလေးကိုလည်း သူက ခွင့်လွှတ်ရမှာ။အခုတော့ မခွင့်လွှတ်တဲ့အပြင် အကြွေ မဆပ်မချင်း ထောင်ထဲချထားတယ်တဲ့။ တော်တော်ယုတ်မာတဲ့အစေခံပဲ။ သူတို့အချိန်က အကြွေး ပြန်မဆပ်နိုင်တဲ့သူကို အကြွေးရှင်ကထောင်ချပိုင်ခွင့်ရှိတယ်။ ထောင်ထဲမှာနေပြီးတော့ အပြင်က ကိုယ့်ဆွေမျိုးသားချင်းတွေက သူ့အတွက်ဝိုင်းပြီး အကြွေးဆပ်ပေးချင်ပေးကြ။ တကယ်လို့ တစ်သက်လုံးအကြွေမဆပ်နိုင်ရင်တစ်သက်လုံးထောင်ထဲမှာ နေရတော့မှာပေါ့။ ဘုရင်ကလည်း ဒီလို မခွင့်လွှတ်တတ်တဲ့အစေခံကို ပြန်ခေါ်ပြီး သူ့အပေါ်မှာ အကြွေးတင်တဲ့
တာလင် တစ်သောင်းကိုလည်း အကုန်အစင် ပြန်မဆပ်မချင်း ထောင်ထဲမှာ ချထားခိုင်းပါတယ်။ဘုရင်က အစတုံးကတော့ သူ့ကို တစ်ပြားမှ ပြန်မပေးနဲ့တော့ တဲ့။ အခုတော့ တစ်ပြားမကျန်မပေးမချင်း ထောင်ထဲက မထွက်ရလို့ အမိန့်ချပါတော့တယ်။ဒါကြောင့် ယေဇူးဘုရားရှင် ဆက်လက်မိန့်တော်မူတာက "သင်တို့သည်လည်းမိမိညီအစ်ကိုတို့၏အပြစ်ကို အတွင်းစိတ်နှလုံးမှ ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည်လည်း သင်တို့အသီးသီးကို ထိုနည်းအတူ စီရင်တော်မူလိမ့်မည်" တဲ့။ ဆိုလိုတာကသင်တို့က သူတစ်ပါးရဲ့အပြစ်ကို မခွင့်လွှတ်ဘူးဆိုရင် သင်တု့ိရဲ့အပြစ်တွေကိုလည်း ဘုရားကမခွင့်လွှတ်ဘူး တဲ့။ အဲဒါကို သဘောတူကြရဲ့လားတော့ မသိဘူး။ ကျနော်ကတော့ သဘောတူတယ်။ကျနော်တို့က သူများအပြစ်ကို မခွင့်လွှတ်ရင် ကျနော်တို့ အပြစ်ကိုလည်း ဘုရားက မခွင့်လွှတ်နဲ့၊ကြိုက်တယ်၊ သဘောတူတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတပါးရဲ့ အပြစ်ကိုမခွင့်လွှတ်တဲ့စိတ်ထားရှိသူဟာ ဘုရားဆီက ခွင့်လွှတ်ခြင်းနဲ့ မထိုက်တန်တဲ့အကောင်ပဲ။
တကယ်တမ်းတော့ သူတပါးကို ကျနော်တို့က ခွင့်လွှတ်ရတာဟာ ကျနော်တို့အတွက်တန်ပါတယ်။ ကိုယ့်မှာလည်း ဝန်ပေါ့သွားတယ်။ အငြိုးအတေးလည်း မရှိတော့ဘူး။ ဘုရားကလည်းကျနော်တို့ တစ်သက်လုံးလုပ်ခဲ့တဲ့အပြစ်တွေ အများကြီးကိုလည်း ခွင့်လွှတ်အုံးမယ်ဆိုတော့တန်တာပေါ့ဗျာ။နားဆင်သူအားလုံးအပေါ် ဘုရားသခင့် ကောင်းကြီးမင်္ဂလာများ ခံစားရပါစေ။

Add new comment

8 + 0 =